လောကဖြတ်သန်းလာသည့် မိတ်ဆွေ၊ ဟွမ်းဝမ်ယု
Vol. 37 Ch. 695
သို့ရာတွင်၊ ဟွမ်းဝမ်ယုက ခေါင်းခါ၍ ပြောလိုက်သည်။ “မဟုတ်ပါဘူး။ ညီအစ်ကိုချန်း၊ ကျွန်တော့ကိုခနလောက်ခွင့်ပြုပါဦး။ ကျွန်တော်တကယ်ပဲ မတွေ့ရတာ ကြာနေပြီဖြစ်တဲ့ မိတ်ဆွေတွေကို တွေ့လိုက်ရလို့ပါ။”
ဟွမ်းဝမ်ယုက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဆီသို့ အမြန်လျှောက်သွားလိုက်သည်။
ပိုင်ကျန်းဟောက်က ဟွမ်းဝမ်ယု၏အပြုအမူကို သတိပြုမိလျှင် အံ့ဩသွားပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ပြောပြလိုက်သည်။
“ဒါက အနောက်ပင်လယ်မဟာမိတ်ရဲ့ဒုခေါင်းဆောင်၊ ဟွမ်းဝမ်ယုပါ။
တာအိုရောင်းရင်းကျန်းနဲ့ရှန်းတို့ သူ့ကိုသိလား?”
အာ? အနောက်ပင်လယ်မဟာမိတ်?
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က အံ့ဩသွားခဲ့သည်။
ကြည့်ရသည်မှာ ဟွမ်းဝမ်ယုက မူလနက္ခတ်တာရာကျင့်ကြံရေးလောကတွင် ကောင်းမွန်စွာ နေထိုင်နေပုံရသည်။
ထိုအတွေးဖြင့် ဟွမ်းဝမ်ယုသည် ကျန်းချန်ရွှမ်နှင့် အခြားသူများ၏ရှေ့သို့ရောက်လာပြီဖြစ်သည်။
သူသည် လက်များကိုဆုပ်လိုက်ပြီး ပိုင်ကျန်းဟောက်အား နှုတ်ဆက်လိုက်သည်။
“တာအိုရောင်းရင်းပိုင်။”
ပြီးနောက် သူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အားကြည့်လိုက်သည်။
ထိုအချိန်တွင် နှစ်ဦးသားသည် ဟွမ်းဝမ်ယုနှင့် ခန့်မှန်းသည့်ကစားပွဲကို ကစားမနေတော့ပေ။
သူတို့သည် ပြုံးကာ လက်များကိုဆုပ်လိုက်ကြသည်။
“အစ်ကိုဟွမ်း၊ မတွေ့ရတာကြာပြီ။ အခြေအနေဘယ်လိုလဲ?”
ထိုစကားကိုကြားလျှင် ဟွမ်းဝမ်ယု၏နှလုံးသားက များစွာသောခံစားချက်များနှင့် ပြည့်သွားခဲ့သည်။
သို့ရာတွင် သူသည် တည်ငြိမ်သောအမူအရာကိုဆက်လက်ထိန်းသိမ်းထားကာ ပြုံးလိုက်လေသည်။
“တကယ်ပဲ အချိန်အတော်ကြာခဲ့ပြီ။”
စကားစမြည်ပြောကြပြီးနောက် ကျန်းချန်ရွှမ်က ပိုင်ကျန်းဟောက်ကို ပြောလိုက်သည်။
“တာအိုရောင်းရင်းပိုင်၊ အားနာပါတယ်။ ကျွန်တော်တို့ကိုခနလောက်ခွင့်ပြုပါဦး။”
ပိုင်ကျန်းဟောက်က ချက်ခြင်းပင် နားလည်သွားကာ ခေါင်းညိတ်၍ပြုံးလိုက်သည်။
“သဘောအတိုင်းပါ တာအိုရောင်းရင်းကျန်း၊ အကယ်၍ တစ်ခုခုလိုအပ်ရင် ကျွန်တော့်ကို ရှာလိုက်ပါ။”
ကျန်းချန်ရွှမ်က ချက်ခြင်းပင်ပြုံးကာ ခေါင်းညိတ်လိုက်သည်။
....
ခနအကြာတွင်၊
သုံးဦးသားသည် တိတ်ဆိတ်သည့် ထောင့်နေရာတစ်ခုသို့ရောက်သွားကြသည်။
ဟွမ်းဝမ်ယုက လက်ကိုမြောက်ကာ အသံလုံအတားအဆီးတစ်ခုကိုပြုလုပ်လိုက်သည်။ ပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ကြည့်ကာ စိတ်မရှည်စွာဖြင့်ပြောလိုက်သည်။
“ညီအကိုကျန်း၊ နတ်သမီးရှန်း၊ ခင်ဗျားတို့ဘာလို့ မူလနက္ခတ်တာရာကျင့်ကြံရေးလောကကို ရောက်လာကြတာလဲ? ဘယ်လိုရောက်လာတာလဲ? ဒါထပ်။ ကျွန်တော်သမီး၊ လင်းအားကော? သူဘယ်လိုနေလဲ? ခင်ဗျားတို့သိလား?”
သူ၏မြန်ဆန်သည့် မေးခွန်းများက သူ၏နှလုံးသားထဲမှဂယက်များကို ထင်ဟပ်စေသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က သူ၏ခံစားချက်များကိုနားလည်ပါသည်။
ထို့ကြောင့်။
သူတို့သည်ဟွမ်းဝမ်ယုအား စိတ်တည်ငြိမ်စေရန် စောင့်ပြီးမှ အပြုံးဖြင့် တုံ့ပြန်လိုက်သည်။
“ခင်ဗျားရဲ့သမီး လင်းအာက အခု ကျုပ်တို့နဲ့အတူရှိတယ်။ သေချာတာပေါ့ ကျုပ်တို့နဲ့အတူဆိုတာက ဒီမူလနက္ခတ်တာရာကျင့်ကြံရေးလောကကို လာတာကို ဆိုလိုတာမဟုတ်ပါဘူး။ ကျုပ်တို့ကျန်းမိသားစုနဲ့အတူနေနေတာကို ပြောတာပါ။ ပြီးတော့ သူရဲ့ကျင့်ကြံခြင်းအဆင့်က အခြေတည်ဝိညာဉ်ကို ချိုးဖောက်နိုင်သွားပါပြီ။
ခင်ဗျားစိတ်ချလို့ရပါတယ်။ သူကောင်းကောင်းလုပ်နေပါတယ်။ ကျွန်တော်တို့ မူလနက္ခတ်တရာကျင့်ကြံရေးလောကကို လာရတဲ့အကြောင်းကတော့ ပြောရရင် ဇာတ်လမ်းအရှည်ကြီးပဲ။ တာအိုစည်းဝေးပွဲပြီးသွားမှ နေရာရှာပြီး အသေးစိတ်ပြောဖို့ အချိန်ရှာကြတာပေါ့။”
တကယ်ပင်၊
ထိုအခြေအနေအရ ထိုကိစ္စအား ဆွေးနွေးရန် နေရာကောင်းမဟုတ်ပါ။
ဟွမ်းဝမ်ယုက သူ၏သမီးသည် လုံခြုံနေပြီး အခြေတည်ဝိညာဉ်အဆင့်ကိုချိုးဖောက်နိုင်ပြီဟု သိရ၍ ဝမ်းမြောက်ကာ ကျေနပ်နေလေသည်။
သူသည် သူ၏သမီးက သူကဲ့သို့ တစ်နေ့တွင် အခြေတည်ဝိညာဉ်အဆင့်သို့ရောက်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထိုအကြောင်းကိုသိရသောအခါ သူသည် အလောတကြီးဖြစ်မနေတော့ဘဲ တဖြည်းဖြည်း စိတ်တည်ငြိမ်သွားလေသည်။
ထိုအချိန်တွင်၊ ကျက်သရေရှိသော ဇိမ်ခံသင်္ဘောနှစ်စင်းက ကောင်းကင်ပေါ်မှ ချဉ်းကပ်လာလေသည် တစ်စင်က တောင်ဘက်မှဖြစ်ကာ တစ်စင်းက မြောက်ဘက်မှဖြစ်သည်။
နှစ်စင်းလုံးသည် အခြေတည်ဝိညာဉ်စံသခင်များကို သယ်ဆောင်လာကာ များစွာသော နောက်ပိုင်းအဆင့်နှင့် အထွတ်အထိပ်အဆင့်များပါရှိပေသည်။
အဆုံးမဲ့ရောင်စုံအလင်းကျောက်တုံးများက သူတို့၏ခန္ဓာကိုယ်ပေါ်မှထွက်နေကြသည်။
မသေမျိုးတေးဂီတများနှင့် ပန်းများလည်း ပါရှိလေသည်။
သူတို့၏ခမ်းနားကြီးကျယ်သည့် ရောက်ရှိခြင်က ချက်ခြင်းပင်၊ အခြားရှိနေသည့် ကျင်ကြံသူများနှင့် တခြားစီဖြစ်နေသည်။
ဟွမ်းဝမ်ယုက ချက်ခြင်းပင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ချန်ခုန်းအထွတ်အမြတ်မြေနှင့် ဝူဟမ်အထွတ်အမြတ်မြေအကြောင်းနှင့် ထိုအထွတ်အမြတ်မြေနှစ်ခု၏ လုပ်ဆောင်ချက်များအား ရှင်းပြလိုက်သည်။
သူတို့သည် ဟွမ်းဝမ်ယုက ထိုသို့ရှင်းပြခြင်းသည် ရှိနနေသောသူများ၏အခြေအနေကို နားလည်ရန်ဖြစ်ကာ မူလနက္ခတ်တရာကျင့်ကြံရေးလောက၏တည်ဆောက်ပုံနှင့် လန်စန်းနိုင်ငံတို့ အကြောင်းကို လျှင်မြန်စွာနားလည်နိုင်ရန်ဖြစ်သည်။
ထိုအချိန်တွင် ချန်ခုန်းအထွတ်အမြတ်မြေနှင့် ဝူဟမ်အထွတ်အမြတ်မြေတို့မှ ကျင့်ကြံသူများ ရောက်ရှိပြီးနောက် တာအိုဆွေးနွေးခြင်းစည်းဝေးပွဲက တရားဝင်စတင်တော့သည်။
စင်ပေါ်သို့ပထမဆုံးတက်သည့်သူများသည် အထွတ်အမြတ်မြေမှကျင့်ကြံသူများဖြစ်ကြသည်။
ပြီးနောက် လန်စန်းနိုင်ငံမှ ထင်ရှားသောအခြေတည်ဝိညာဉ်ကျင့်ကြံသူများဖြစ်ကြသည်။
နောက်ဆုံးတွင် လန်စန်းနိုင်ငံမှ လေလွင့်ကျင့်ကြံသူများဖြစ်ကြသည်။
သို့ရာတွင် အခြေတည်ဝိညာဉ်သို့ ရောက်နိုင်သောသူများသည် သာမန်ဟု ငြင်း၍မရပါ။
လေလွင့်ကျင့်ကြံသူများဖြစ်လင့်ကစား ထိုကျင့်ကြံသူများ၌ သူတို့၏ထူးခြားသောစွမ်းအားနှင့် လုပ်နိုင်စွမ်းများရှိသည်။
....
ထိုဆွေးနွေးပွဲက လပေါင်းများစွာကြာမြင့်လေသည်။
ထိုအချိန်အတွင်း၊
ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည်လည်း စင်ပေါ်သို့တက်ကာ သူတို့၏အမြင်များကိုပြောကြသည်။
ဟွမ်းဝမ်ယုနှင့် ပိုင်ကျန်းဟောက်တို့လည်း အပါအဝင်ဖြစ်သည်။
ဆွေးနွေးပွဲပြီးဆုံးသောအခါ အခြေတည်ဝိညာဉ်ကျင့်ကြံသူများအကြား လေလံပွဲဖြစ်လေသည်။
ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် ကြည့်ကာ ထိုအဆင့်လေလံပွဲက သူတို့အတွက် အဓိပ္ပာယ်မရှိကြောင်း သိလိုက်ရသည်။
ထိုသူများထုတ်လာသည့်ပစ္စည်းများသည် သူတို့အာရုံစိုက်ရလောက်အောင် တန်ဖိုးမရှိနေပါ။
ချန်ခုန်းအထွတ်အမြတ်မြေနှင့် ဝူဟမ်အထွတ်အမြတ်မြေတို့မှ အခြေတည်ဝိညာဉ်အထွတ်အထိပ် ကျင့်ကြံသူများ ထုတ်လာသောပစ္စည်းများသည်ပင် သူတို့အာရုံစိုက်ရလောက်အောင်မရှိပါ။
ဟွမ်းဝမ်ယုက သူတို့၏ပစ္စည်းများအပေါ်စိတ်ဝင်စားမှုမရှိသည်ကို သတိပြုမိလေသည်။
၎င်းသည် သူ့အား ပဟေဠိဖြစ်စေသည်။
အကယ်၍ ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် လဲလှယ်ရန် မှန်ကန်သည့်ပစ္စည်းမရှိလျင် နောင်တရခြင်း၊ စိတ်ပျက်ခြင်းတို့ကို ပြရမည်ဖြစ်သည်။
သို့ရာတွင် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က အစမှ အဆုံးထိ အလွန်တည်ငြိမ်နေပါသည်။
၎င်းသည် အလွန်ထူးဆန်းပေသည်။
လူများစွာယူဆောင်လာသည့်ပစ္စည်းများထဲမှ တစ်ခုတစ်လေပင် သူတို့၏အာရုံစိုက်မှုကို မဆွဲဆောင်နိုင်ခြင်းဖြစ်ပါသလား?
သိချင်စိတ်မှလွဲ၍ ဟွမ်းဝမ်ယုသည် မေးခွန်းများမေးခြင်းကိုထိန်းချုပ်လိုက်သည်။ လေလံပွဲက ပြီးဆုံးတော့မည့်အချိန်တွင်နောက်ထပ် လဝက်က ကုန်ဆုံးသွားခဲ့သည်။
ထိုအချိန်တွင်၊
ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ဟွမ်းဝမ်ယုတို့က သူတို့၏မိတ်ဆွေများကို နှုတ်ဆက်ပြီး ထိုင်၍စကားပြောရန်နေရာရှာလိုက်လေသည်။
ထိုအချိန်တွင် ဟွမ်းဝမ်ယုက မူလနက္ခတ်တရာကျင့်ကြံရေးလောကသို့ သူရောက်ရှိလာပုံနှင့် လက်ရှိအခြေအနေကို အရင်ပြောပြလေသည်။
တစ်ချိန်တည်းတွင် သူသည် သူ၏မွေးရပ်မြေနှင့် သမီးအား လွမ်းဆွတ်တမ်းတပုံများလည်း ပါဝင်သည်။
လွန်ခဲသောနှစ်များတွင် အနှစ်သာရကိုးပါးကျင့်ကြံရေးလောကသို့ပြန်ရန်လမ်းရှာနေခဲ့ကြောင်း ပြောသည်။
သို့ရာတွင် သူစိတ်ပျက်သွားရလောက်အောင်ပင် နှစ်ပေါင်းများစွာတိုင်အောင် သူသည် ပြန်ရန်လမ်းကို မရှာနိုင်သေးပေ။
ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ကလည်း တစ်ခုမှမဖုံးကွယ်ထားဘဲ သူတို့၏ကိုယ်ပိုင်အတွေ့အကြုံများကို မျှဝေကာ အနှစ်သာရကိုးပါးကျင့်ကြံရေးလောက၏အပြောင်းအလဲများအကြောင်းကိုလည်း ပြောပြလိုက်သည်။
လပေါင်းများစွာကြာပြီးနောက်၊ သူသည် ဟွမ်းဝမ်ယုက သူ၏ယခင်ကစိတ်နေစိတ်ထားအတိုင်းသာ ရှိနေပြီး များစွာမပြောင်းလဲသွားကြောင်းကို အတည်ပြုခဲ့ကြသည်။
သူသည် သူ့ကိုယ်သူ အနှစ်သာရကိုးပါးကျင့်ကြံရေးလောက မှကျင့်ကြံသူတစ်ဦးအဖြစ် မှတ်ယူထားသေးကာ နက္ခတ်တာရာကျင့်ကြံရေးလောကတွင် နှစ်ပေါင်းများစွာနေလာသော်လည်း သစ္စာရှိမှုက မပြောင်းလဲသွားသေးပေ။
၎င်းသည် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က သူတို့ ဤလောကသို့လာရသောအကြောင်းအရင်းအား ဟွမ်းဝမ်ယုနှင့် မျှဝေရသည့်အကြောင်းအရင်းဖြစ်သည်။
အဆုံး၌ တက်ရောက်ခြင်းစင်မြင့်ကိုပြုပြင်ရန်ကိစ္စသည် ပေါက်ကြားသွားလျှင်၊ မူလနက္ခတ်တာရာကျင့်ကြံရေးလောကမှ ဝိညာဉ်ကျင့်ကြံသူများကြား၌ ဂယက်ထသွားမည်ဖြစ်သည်။
ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် သူတို့၏လက်ရှိစွမ်းအားနှင့် မည်သည့်ဝိညာဉ်ကျင့်ကြံသူကိုမှ မကြောက်သော်လည်း ထိုအခြေအနေသည် အရေးကြီးကာ သူတို့၏ ဆန်းကျယ်ရောင်ခြယ်ကျောက်တုံး နှင့် ကောင်းကင်ဘုံပျံသန်းခြင်းသလင်းကျောက်ကိုရှာဖွေရာတွင် ပြသနာဖြစ်စေလိမ့်မည်ဖြစ်သည်။
ဟွမ်းဝမ်ယုဘက်မှ အနှစ်သာရကိုးပါးကျင့်ကြံရေးလောကအတွင်း သူမရှိသည့်အချိန်အတွင်း များစွာသော အတိဒုက္ခများနှင့် ကပ်ဘေးများ ဖြစ်သွားလိမ့်မည်ဟု ဘယ်တော့မှ မထင်ထားမိပေ။
***