ဆန်းကျယ်ရောင်ခြယ်ကျောက်တုံး ပေါ်ပေါက်လာခြင်း
Vol. 37 Ch. 696
ဟွမ်းဝမ်ယုပြောပုံအရ မူလနက္ခတ်တာရာကျင့်ကြံရေးလောကသည် နှစ်ထောင်ပေါင်းများစွာ ကြာသည်အထိ ပြင်ပချိန်းခြောက်မှုနှင့် ရင်ဆိုင်ရခြင်းမရှိပေ။
ပျက်စီးနေသည့် တက်ရောက်ခြင်းစင်မြင့်ကြောင့် ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူများအထက်သို့ မတက်နိုင်သည်မှလွဲ၍ ဤကျင့်ကြံရေးလောကသည် ပုံမှန်အတိုင်းတိုးတက်နေသည်။
ထိုနေရာတွင် အရေးကြီးသည့် ပြသနာမရှိပေ။
သေချာပါသည်။
ဟွမ်းဝမ်ယုအား အလွန်အံ့အားသင့်စေသည်မှာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်များ ဖြစ်သည်။
ထိုစုံတွဲသည် နှစ်ဦးစလုံး ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်ရှိသွားကြလေပြီဖြစ်သည်။
၎င်းသည် နောက်ဆုံး၌ သူတို့နှစ်ဦးက တာအိုဆွေးနွေးခြင်းစည်းဝေးပွဲ၌ စိတ်ဝင်စားမှု သိပ်မရှိသည်ကို နားလည်သွားစေသည်။
ပါမောက္ခများက အလယ်တန်းကျောင်းသားများရှိသည့်နေရာသို့ ဝင်လာသကဲ့သို့ဖြစ်နေပေလိမ့်မည်။
ကျင့်ကြံရေးနှင့် တန်ဖိုးရှိပစ္စည်းများအကြောင်း စိတ်ဝင်စားမှုနှင့် ဆွေးနွေးခြင်းများက သူတို့နှင့်သက်ဆိုင်ရန် ခက်ခဲပါသည်။
ဟွမ်းဝမ်ယုက ကျန်းချန်ရွှမ်ဆွဲထားသော ဆန်းကျယ်ရောင်ခြယ်ကျောက်တုံးနှင့် ကောင်းကင်ပျံသန်းခြင်း သလင်းကျောက် ပုံစံများအား ကြည့်နေသည်။
သူက မျက်မှောင်ကုပ်လိုက်ပြီး အနည်းငယ်စဉ်းစားလိုက်ပြီးနောက် သူ၏ခေါင်းကိုခါ၍ ပြောလိုက်သည်။
“ဒီလို ဆန်းကျယ်ကျောက်တုံးနဲ့ ကောင်းကင်ဘုံပျံသန်းခြင်းသလင်းကျောက်ကို ကျွန်တော် အနောက်ပင်လယ်မဟာမိတ်အဖွဲ့မှာ ရှိနေတဲ့နှစ်ပေါင်းများစွာအတွင်း တစ်ခါမှ မကြာဖူးဘူး။
ဒါမဲ့ ကျွန်တော်အဲ့ဒီပစ္စည်းနှစ်ခုကို အခုကစပြီး သတိထားကြည့်ပါ့မယ်။ အကယ်၍ သတင်းတစ်ခုခုရရင် ကျွန်တော် ချက်ခြင်းအကြောင်းကြားလိုက်ပါ့မယ်။”
“ကျေးဇူးတင်ပါတယ်။”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ဟွမ်းဝမ်ယု၏တုံ့ပြန်ချက်ကို ကြိုတင်မျှော်လင့်ထားပါသည်။
ဟွမ်းဝမ်ယုအား သတင်းများ၏ ရင်းမြစ်အဖြစ်ရလိုက်ရာ သူတို့၏ရှာဖွေမှုကိုအကူအညီဖြစ်စေသည်။
“ဒါနဲ့…”
ထိုအချိန်တွင်၊ ဟွမ်းဝမ်ယုက တစ်ခုခုကို စဉ်းစားမိသွားပုံရလေသည်။
သူသည် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့အားပြောလိုက်သည်။
“လရောင်မြို့မှာ လေလံပွဲကြီးတစ်ခုရှိတယ်။ ခင်ဗျားတို့ကြားပြီးကြပြီထင်တယ်။ ဟုတ်လား?”
ဟွမ်းဝမ်ယုက ဆက်ပြောသည်။
“ကျွန်တော်စုစည်းမိသလောက်၊ လေလံပွဲက အရင်ကထပ်ကြီးမားလိမ့်မယ်။ ဒီလေလံပွဲကို ဦးဆောင်ကျင်းပတဲ့အင်အားစုတွေကလည်း အရင်က နှစ်ခုဖြစ်တဲ့ ချန်ခုန်းအထွတ်အမြတ်မြေနဲ့ ဝူဟမ်အထွတ်အမြတ်မြေတို့ ကနေတိုးသွားတယ်။ နောက်နှစ်ခုက ကူမင်နိုင်ငံကရှုအထွတ်အမြတ်မြေနဲ့ ယွီဟယ်နိုင်ငံက အပြာရောင်ပင်လယ် အထွတ်အမြတ်မြေတို့ဖြစ်တယ်။
အဲ့လိုအခြေအနေကို ကျွန်တော်တို့ သွားပြီး ကြည့်လို့ရတယ်။
နောက်ဆုံးတော့ ဆန်းကျယ်ရောင်ခြယ်ကျောက်တုံးနဲ့ ကောင်းကင်ပျံသန်းခြင်းသလင်းကျောက်တို့က နှစ်ခုလုံးက အထူးပစ္စည်းတွေပဲ။ ကျွန်တော်တို့ ဘယ်နေရာမှာမှ အလွယ်တကူရှာတွေ့မှ မဟုတ်ဘူး။
ခင်ဗျားတို့ ဘယ်လိုထင်ကြလဲ?”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ခေါင်းညိတ်လိုက်ကြသည်။
“ကျုပ်က အဲ့လေလံပွဲမှာ တကယ်အဖိုးတန်တဲ့ပစ္စည်းရှိလိမ့်မယ်လို့မထင်ထားဘူး။
ဒါမဲ့ အခုခင်ဗျားပြောလိုက်တော့၊ အခွင့်အရေးအနည်းနဲ့အများတော့ရှိတာပေါ့။ သွားကြည့်လိုက်တာ အရှုံးမရှိပါဘူး။”
........
လအနည်းငယ်ကြာသောအခါ၊
ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ဟွမ်းဝမ်ယုတို့က လရောင်မြို့သို့ရောက်သွားကြသည်။
၎င်းသည် လန်စန်းနိုင်ငံ၌ ချန်ခုန်းအထွတ်အမြတ်မြေနှင့် ဝူဟမ်အထွတ်အမြတ်မြေတို့ ပူးပေါင်းစီမံသော တစ်ခုတည်းသောမြို့ဖြစ်ကာ နိုင်ငံထဲတွင်အကြီးဆုံးမသေမျိုးမြိုတစ်မြို့ဖြစ်လာလေသည်။
ထိုမြို့သည် သိမ့်မွေ့သော လရောင်ဖြင့် လွှမ်းခြုံနေပြီး ဝိညာဉ်ချီဖြင့် ရစ်ပတ်နေကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကဲ့သို့ အတွေ့အကြုံရှိသော ကျင့်ကြံသူများအတွက်ပင် အသက်ရှုမှားလောက်စရာ ဖြစ်နေသည်။
မြို့ထဲသို့လျှောက်ဝင်သွားရာတွင်၊ သူတို့သည် မတတ်နိုင်ဘဲ ၎င်း၏ကြီးမားသောစကေးနှင့် လူထူထပ်သည့် လှုပ်ရှားမှုများကို လေးစားနေရတော့သည်။
ထိုလရောင်လင်းသောမြို့က တကယ်ပင် ကြီးမားသော မသေမျိုးမြို့အဖြစ်သတ်မှတ်နိုင်ပေသည်။
ထိုအရွယ်အစား၊ လူအရေအတွက်နှင့် အင်္ဂါရပ်များက သူတို့၏အနှစ်သာရကိုးပါး ကျင့်ကြံရေးလောကတွင်ပင် ရှားပါးပါသည်။
သူတို့အုပ်စုသည် လရောင်မြို့တွင်ကျင်းပသည့်လေလံပွဲအားလာရောက်ရာတွင်၊ ကျင့်ကြံသူများ၏ အရေအတွက်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် များပြားကြောင်း သတိပြုမိလိုက်သည်။
အကြည့်တစ်ချက်ဖြင့် အခြေတည်ဝိညာဉ်ကျင့်ကြံသူ တစ်ရာအောက်မလျော့ပေ။
ရွှေအမြုတေအဆင့်၊ ကျီဖုအဆင့်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့် တို့အတွက်မူ ထိုထပ်ပင် များပြားသေးသည်။
ထို့အပြင် အချိန်ကုန်လွန်လာသည်နှင့် အမျှ လေလံပွဲသို့ဝင်ရောက်လာသည့် ကျင့်ကြံသူများက ဆက်လက်၍ တိုးပွားလာသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က လေလံပွဲ၏ ထောင့်တွင်အခြေတည်ဝိညာဉ်ကို ကျော်လွန်သောသူများ၏ အရောင်အဝါကိုပင် အာရုံခံလိုက်မိသည်။
အခြားသူများက သူတို့အား ဝိညာဉ်ဖွဲ့စည်းခြင်းနောက်ဆုံးအဆင့် ကောင်းကင်သခင်များဖြစ်ကြောင်း ခြေရာမခံနိုင်သော်လည်း သူတို့သည် ထိုတည်ရှိမှုများဝင်ရောက်လာသည်နှင့် သတိပြုမိကြသည်။
သူတို့သုံးဦးသည် သူတို့နှင့်ဝေးသော သီးသန့်ခန်းတွင်းရှိ သက်ဆိုင်သည့်ခုံများတွင် ထိုင်လိုက်လေသည်။
သက်လတ်ပိုင်းအရွယ်လူကြီးက စားပွဲ၏ထိပ်တွင်ထိုင်ကာ မျက်မှောင်ကုပ်လိုက်သည်။
သူသည် ဘေးမှ လူအိုအား လှည့်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“စီနီယာအစ်ကိုယန်၊ အခုလေးတင် တစ်ခုခုကို အာရုံမရလိုက်ဘူးလား?
သူက စီနီယာအစ်ကိုယန်ဟုခေါ်လိုက်သည့် ဝတ်ရုံအဖြူနှင့် လူက ကြားလျှင်၊ သူသည် မတတ်နိုင်ဘဲ မှိန်ဖျော့ဖျော့ပြုံးကာ ခေါင်းကိုခါလိုက်သည်။
“ ငါဘာမှ အာရုံမခံမိပါဘူး။ ဒါမဲ့ တစ်ခုခုကိုအာရုံခံမိရင်တောင်၊ အဲ့တာက အဲ့ဒီလူတွေတစ်ချို့ရောက်လာလို့ပဲဖြစ်ရမယ်။ ငါတို့ အဲ့တာကို အများကြီးစိုးရိမ်နေစရာမလိုပါဘူး။”
“ဒါမှန်တယ်။”
သက်လတ်ပိုင်းအရွယ်အမျိုးသားက သဘောတူလျှက် ခေါင်းညိတ်လိုက်သည်။
ဆင်တူသော မြင်ကွင်းက အခြားဘက်မှ သီးသန့်ခန်းတွင်လည်း ဖြစ်ပေါ်သွားခဲ့သည်။
.....
အချိန်က တဖြည်းဖြည်းကုန်လွန်လာသည်။
ရက်အနည်းငယ်ကြာပြီးနောက်၊ စူးရှသောခေါင်းလောင်းသံက မြည်လာခဲ့သည်။
လေလံပွဲတစ်ခုလုံးကချက်ခြင်းပင် ပွင့်သွားခဲ့သည်။
တစ်ဆက်တည်း ကျက်သရေရှိကာ လှပသော အခြေတညိဝိညာဉ်ကျင့်ကြံသူအမျိုးသမီးက ကောင်းကင်ပေါ်မှ တဖြည်းဖြည်း ဆင်းသက်လာခဲ့သည်။
သူမသည် ထိုလေလံပွဲ ပထမအကြီမ်၏ ဦးဆောင်သူဖြစ်ကာ အခြေတညိဝိညာဉ် အလယ်ဆင့် ကျင့်ကြံသူ ဖြစ်ပြီး နတ်သမီး ထျန်းချင်းဟု အမည်တွင်ကာ ချန်ခုန်းအထွတ်အမြတ်မြေမှ ကိုယ်စားပြုဖြစ်လေသည်။
ဟုတ်ပါသည်။
ဤလေလံပွဲသည်၊ ရှုအထွတ်အမြတ်မြေနှင့် အပြာရောင်ပင်လယ်အထွတ်အမြတ်မြေတို့ ပါဝင်လာခြင်းကြောင့် အပိုင်းလေးပိုင်းခွဲထားလေသည်။
***