← Chapters

ဆန်းကြယ်ရောင်ခြယ်ကျောက်တုံးပေါ်ထွက်လာခြင်း (၂)

Vol. 37 Ch. 697

ဆန်းကြယ်ရောင်ခြယ်ကျောက်တုံးပေါ်ထွက်လာခြင်း (၂)

Vol. 37 Ch. 697

လေလံပွဲ၏ အချိန်အပိုင်းအခြားတိုင်းကို သက်ဆိုင်ရာအထွတ်အမြတ်မြေမှ အခြေတည်ဝိညာဉ် ကျင့်ကြံသူများက ဦးဆောင်ကျင်းပမည်ဖြစ်သည်။

သူမ၏ဆွဲဆောင်မှုရှိသောမျက်လုံးများသည် ပရိသတ်များအား ဝေ့ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

“လရောင်မြို့မှ လေလံပွဲမှာ ပါဝင်တဲ့ကျင့်ကြံသူများအားလုံးကိုကြိုဆိုပါတယ်။ ကျွန်မကတော့ ချန်ခုန်းအထွတ်အမြတ်မြေမှ ထျန်းချင်းပါ။ ကျွန်မက ပထမပိုင်းကို တာဝန်ယူကျင်းပသွားမှာပါ။

ထျန်းချင်းက စကားပြောပြီးသည်နှင့် လင်းလက်နေသော အလင်းတန်းများက စင်၏အပေါ်မှ ကျဆင်းလာကာ သူမ၏ရှေ့ရှိ လေလံပစ္စည်းစင်မြင့်ကို လွှမ်းခြုံလိုက်သည်။

အလင်းက ပပျောက်သွားသည်နှင့် လက်ဖဝါးအရွယ် ကျောက်စိမ်းပုလင်းက ထွက်ပေါ်လာခဲ့သည်။

နတ်သမီးထျန်းချင်းက ဝမ်းသာစွာကြေငြာလိုက်သည်။ “လေလံပွဲအတွက် ချန်ခုန်းအထွတ်အမြတ်မြေမှ ပထမဆုံးပစ္စည်းကတော့ “အခြေတည်ဝိညာဉ် ဖွဲ့စည်းခြင်းဆေးလုံးပဲဖြစ်ပါတယ်။”

“အခြေတည်ဝိညာဉ်ဖွဲ့စည်းခြင်းဆေးလုံး?”

နာမည်ကိုကြားသည်နှင့် ရွှေအမြုတေကျင့်ကြံသူများ၏ မျက်လုံးများမြင့်တက်သွားကာ သိသာစွာပင်စိတ်လှုပ်ရှားနေကြသည်။

သူတို့သည် ရှင်းလင်းစွာပင် ပထမဆုံးလေလံပစ္စည်းက ဤကဲ့သို့ တန်ဖိုးရှိသောပစ္စည်းဖြစ်လိမ့်မည်ဟုမထင်ထားကြပေ။

ထိုအချိန်တွင် လူအများစုသည် မတတ်နိုင်ဘဲ စိတ်လှုပ်ရှားသည့်အမူအရာများ ပြနေကြသည်။

နတ်သမီးထျန်းချင်းက အပြုံးဖြင့် ဆက်ပြောလိုက်သည်။ “အခြေတည်ဝိညာဉ်ဖွဲ့စည်းခြင်းဆေးလုံးရဲ့ဈေးနှုန်းက အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ ကနေစပါမယ်။ တိုးမြင့်လာတဲ့ဈေးနှုန်းဟာ ၁၀၀၀၀ အောက်မလျော့ရပါဘူး။”

“၂၀၀၀၀ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး။”

“၅၀၀၀၀ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး။”

လျှင်မြန်စွာပင် ဆေးလုံးအတွက် ဈေးနှုန်းက မြင့်တက်သွားခဲ့သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က အကြမ်းဖျင်းသာ ကြည့်လိုက်ပြီး စိတ်ဝင်စားမှုမရှိတော့ပေ။

ထိုအတိုင်းပင် အချိန်က တဖြည်းဖြည်း ကုန်လွန်သွားသည်။

၎င်းသည် ရှုအထွတ်အမြတ်မြေမှ အခြေတည်ဝိညာဉ်ကျင့်ကြံသူ ဦးဆောင်ကျင်းပသည့် တတိယအပိုင်း မတိုင်ခင်အထိဖြစ်သည်။

တစ်ခုခုကသူတို့၏အာရုံကိုဖမ်းစားသွားသည်။ ထိုကျင့်ကြံသူက ဘက်စကတ်ဘောအရွယ်အစား အရောင်များစွာ ပါဝင်သည့်ကျောက်တုံးကို ပြသလာသည်နှင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ အမူအရာက စိတ်ဝင်စားလာသည်။

နှစ်ဦးသားက သူတို့လိုအပ်သည့်အရာကို မမျှော်လင့်ထားသောနေရာတွင်လာတွေ့ခြင်းကြောင့် ကြောင်အနေကြသည်။

ဆန်းကျယ်ရောင်ခြယ်ကျောက်တုံး။

၎င်းသည် သူတို့ရှာဖွေနေသည့် ဆန်းကျယ်ရောင်ခြယ်ကျောက်တုံးပင်ဖြစ်သည်။

ထိုအပြင်၊ ၎င်းသည် သူတို့လိုအပ်သည်ထပ် နှစ်ဆပင်ပိုများနေသေးသည်။

“လူကြီးမင်းတို့၊ ကျွန်တော်က လေလံပွဲရဲ့တတိယအပိုင်းကို ဦးဆောင်ကျင်းပသွားမှာပါ။ ရှုအထွတ်အမြတ်မြေမှ ကျင့်ကြံသူသည် ပြောပြီးသည်နှင့် ဆန်းကျယ်ကျောက်တုံးကို မြှောက်လိုက်သည်။

“ဒီပစ္စည်းကတော့ ကျွန်တော်တို့ရှုမိသားစုကျင့်ကြံသူတွေရဲ့လှို့ဝှက်နယ်ပယ်က ပိုင်ဆိုင်တဲ့ပစ္စည်းပါ။ ဒါဟာ ပြင်းထန်တဲ့ ဓမ္မစွမ်းအင်တွေကူးနိုင်စွမ်းရှိပြီး ဓမ္မရတနာတွေနဲ့ စစ်မှန်ရတနာတွေကိုတောင် သန့်စင်နိုင်စွမ်းရှိပါတယ်။

ဒီပစ္စည်းက တရားဝင်နာမည်မရှိသေးပါဘူး။ ဒါမဲ့ ကျွန်တော်က သန့်စင်ခြင်းကျောက်တုံးလို့ ခေါ်လိုက်ပါ့မယ်။

ခြွင်းချက်မရှိမူလဓမ္မရတနာတွေ သို့ စစ်မှန်ရတနာကိုသန့်စင်ဖို့ စိတ်ဝင်စားရင် ဒီပစ္စည်းကိုဆုံးဖြတ်လို့ရပါတယ်။

စမဲ့ဈေးကတော့ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ ကစပါမယ်။ တိုးမြင့်လာတဲ့ဈေးနှုန်းတွေဟာ ၁၀၀၀ အောက်လျော့လို့မရပါဘူး။”

ရှုမိသားစုကျင့်ကြံသူက စကားပြောပြီးသည်နှင့်၊ အမျိုးမျိုးသောကျင့်ကြံသူများက စတင်၍ လေလံဆွဲကြတော့သည်။

“၂၀,၀၀၀ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး။”

“၃၀,၀၀၀ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး။”

“၄၀,၀၀၀ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး။”

ရှင်းလင်းစွာပင် မမြင်ဖူးသောပစ္စည်းအပေါ် စိတ်ဝင်စားကြသော်လည်း အများစုတော့မဟုတ်ပါ။

လေလံဈေးက အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၇၀,၀၀၀ ထိရောက်သွားသည်နှင့် လေလံတင်သူ လျော့ပါးသွားသည်။

ထိုအချိန်တွင်ကျန်းချန်ရွှမ်က ထ၍ ကြေညာလိုက်သည်။

“၁၀၀,၀၀၀ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး။”

ထိုလေလံဈေးကိုကြားလျှင်ဈေးမြင့်နေသည့်သူများက ရပ်တန့်သွားသည်။

သို့ရာတွင် လေလံပွဲစင်ပေါ်မှလူက အနည်းငယ်မျက်မှောင်ကုပ်လိုက်ပြီး ထပ်မံပြောလိုက်သည်။ “ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ကမ်းလှမ်းထားပါတယ်။ ဈေးထပ်မြင့်မဲ့သူများရှိသေးလား?”

မည်သူမှစကားမပြောကြတော့ပေ။

၎င်းသည် ကျန်းချန်ရွှမ်၏မျက်နှာတွင် အပြုံးတစ်ခုကိုဖြစ်ပေါ်သွားစေသည်။

ယခုပင် သူသည် ပိုက်ဆံများစွာသုံးရန်စီစဉ်ထားခဲ့သည်။

သို့ရာတွင် ကြည့်ရသည်မှာ သူက အတွေးများနေခြင်းဖြစ်ပေလိမ့်မည်။

စဉ်းစားကြည့်လျှင်အဓိပ္ပာယ်ရှိပါသည်။

မည်သူမှတွေ့ဖူးခြင်းမရှိသောပစ္စည်းတစ်ခုအတွက် ထိုဈေးသည် အလွန်ကောင်းမွန်နေပြီဖြစ်ပါသည်။

ကြည့်ရသည်မှာ သူ့တွင် ဆန်းကျယ်ရောက်ခြယ်ကျောက်တုံးအားရယူနိုင်ရန် ၉၀ ရာခိုင်နှုန်းရှိပေသည်။

သို့ရာတွင် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့အား မျက်မှောင်ကုပ်သွားစေသည်မှာ ရှုမိသားစု ကျင့်ကြံသူသည် မည်သူမှ ဆက်လက်၍ဈေးမမြင့်တော့သည်ကိုမြင်လျှင် သူသည် စင်အောက်မှ ကျင့်ကြံသူအားကြည့်လိုက်ခြင်းဖြစ်သည်။

ထိုကျင့်ကြံသူက နားလည်ကာ ချက်ခြင်းပင် ပြောလိုက်သည်။

“ ၁၂၀.၀၀၀ အဆင့်မြင့်ဝိညာဉ်ဝိညာဉ်ကျောက်တုံး၊ ကျုပ် ၁၂၀,၀၀၀ထိ ဈေးမြင့်မယ်။”

ထိုသူ၏အသံကိုကြားလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏မျက်နှာက ချက်ခြင်းမဲမှောင်သွားသည်။

ရှုမိသားစုကျင့်ကြံသူ၏ အမူအရာက အခြားသူများ အခြေတည်ဝိညာဉ် နောက်ဆုံးအဆင့် ကျင့်ကြံသူများပင် သတိမပြုမိသော်လည်း ဝိညာဉ်ဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်ဖြစ်သည့် သူတို့ထံမှ မဖုံးကွယ်နိုင်ပါ။

သူတို့ မသေချာသည်မှာ အခြားတစ်ဖက်က ထိုသို့ပြုလုပ်ရခြင်းမှာ ဝိညာဉ်ကျောက်တုံး ပိုများများရနိုင်ရန် အခွင့်အရေးဖန်တီးခြင်းလား သို့ အခြားရည်ရွယ်ချက်ရှိနေမည်လားကို မသေချာသေးပေ။

သို့မဟုတ် ဆန်းကြယ်ရောင်ခြယ်ကျောက်တုံးသည် ငါးစာပင်ဖြစ်နေနိုင်ပေသည်။

ထိုရည်ရွယ်ချက်များရှိသော်လည်း ဆန်းကြယ်ရောင်ခြယ်ကျောက်တုံးသည် ရှိနေလျှင် ပြန်သိမ်းသွား၍မရပါ။

ကျန်းချန်ရွှမ်က ပြတ်သားစွာ လေလံဆွဲလိုက်သည်။ “အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၁၅၀,၀၀၀။”

ရှုမိသားစုကျင့်ကြံသူသည် ကျန်းချန်ရွှမ်၏ ၁၅၀,၀၀၀ အဆင့်မြင့်ဝိညာဉ်ကျောက်တုံးဖြင့် လေလံဆွဲသည်ကိုကြားလျှင် ချက်ခြင်းကြေငြာလိုက်သည်။ “အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၁၅၀.၀၀၀ ရထားပါတယ်။ ထပ်ပိုပေးပြီး လေလံဆွဲမဲ့သူရှိသေးလား?”

“၂၀၀,၀၀၀ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး။”

မကြာမီ ခနက လေလံဆွဲသော နှာခေါင်းကောက်သောသူကပင် ထပ်ပြောလိုက်ကာ ဈေးထပ်မြင့်လိုက်သည်။

ထိုစိတ်လှုပ်ရှားနေသည့် ရှုမိသားစုကျင့်ကြံသူက ထပ်မံ၍ ကျန်းချန်ရွှမ်တို့အုပ်စုအား ကြည့်လိုက်လေသည်။

ယခုမူ သူတို့၏ဘေးမှ ဟွမ်းဝမ်ယုသည်ပင် တစ်ခုခုလွှတ်နေသည်ကို ခံစားမိလေသည်။

“တာအိုရောင်းရင်းကျန်း၊ တစ်ခုခုတော့ မူမမှန်နေဘူး။”

“ဟုတ်တယ်။”

ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်သည်။

“အဲ့ဒီမှာ တစ်ခုခုတော့ တကယ်မှားနေပြီ ဒါမဲ့ ဘာဖြစ်လဲ?

သူတို့ယူထုတ်လာပြီးမှတော့၊ သူတို့ရည်ရွယ်ချက်က ဘာလဲဆိုတာ ကျုပ်ဂရုမစိုက်ဘူး။ ပြန်ယူသွားဖို့တော့ မစဉ်းစားနဲ့တော့။”

စကားပြောရင်း အေးစက်သည့်အပြုံးတစ်ခုက သူ၏မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။

ပြီးနောက် သူသည် ထပ်မံ၍ပြောလိုက်သည်။

“ကျုပ် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၁သန်းနဲ့ လေလံဆွဲမယ်။”

“ဘာ?”

ကျန်းချန်ရွှမ်က ပြောလိုက်သောအခါ လူအများစုက မတတ်နိုင်ဘဲ ထိတ်လန့်သည့်အမူအရာများ ပြနေကြသည်။

ဝိညာဉ်ကျောက်တုံး တစ်သန်း? မည်သို့သော ရည်ရွယ်ချက်ဖြစ်ပါသနည်း?

အကယ်၍ သာမန်ဝိညာဉ်ကျောက်တုံးနှင့်လဲမည်ဆိုလျှင်ပင် ၎င်းသည် သန်း ၁၀၀ ဖြစ်ပေလိမ့်မည်။

မည်သူက ထိုမျှလောက်ဖောဖောသီသီသုံးကာ လေလံဆွဲလိမ့်မည်နည်း?

အစ၌ လူတိုင်းက တစ်သိန်းဖြင့် လေလံဆွဲသည်ကိုပင် ချဲ့ကားသည်ဟုထင်နေခဲ့သည် သို့သော် မည်သူမှ တစ်သန်းထိရောက်သွားမည်ဟု မထင်ထားကြပေ။

မမျှော်လင့်ထားပဲ တစ်စုံတစ်ဦးက အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၁သန်းအထိ မြင့်လိုက်သည်။

စင်ပေါ်မှ ရှုမိသားစုကျင့်ကြံသူသည်ပင် ယာယီကြောင်အသွားပြီး ထိုမျှလောက်မြင့်မားသော လေလံဈေးကို ကြိုတင်မမျှော်လင့်ထားမိပေ။

အကယ်၍ သူတို့၏လူသည်သာ ဆက်လက်၍ လေလံဆွဲနေလျှင် ကောင်းစွာသိမြင်နိုင်သောသူများက မူမမှန်သည်ကို သိမြင်သွားတော့မည်။

သို့ရာတွင်၊ လေလံပွဲမစမီက မိသားစုအကြီးအကဲက တင်းကျပ်စွာညွှန်ကြားထားသည်မှာ ထိုသန့်စင်ခြင်းကျောက်တုံးသည် စမ်းသပ်ရန်သာဖြစ်ပြီး အမှန်တကယ်ရောင်းချရန်မဟုတ်ဟု ပြောခဲ့သည်။

သေစမ်း။

အခုဘယ်လိုလုပ်တော့မလဲ?

အချိန်ခနအတွင်း လေလံပွဲကိုဦးဆောင်နေသော ရှုမိသားစုကျင့်ကြံသူက ချွေးစေးများ ပြန်လာတော့သည်။

သီးသန့်ခန်းတွင် အဖြူရောင်ဝတ်ရုံနှင့် လူအိုကြီးက အောက်မှ အခြေအနေကိုကြည့်ကာ မတတ်နိုင်ဘဲ ဘေးမှ သက်လတ်ပိုင်းအရွယ်လူအားထေ့ငေ့ါပြောလိုက်သည်။

“ဂျူနီယာညီလေး ယောင်၊ နှစ်ပေါင်းများစွာကြာတာတောင် ရှုမိသားစုက အရင်ကအတိုင်းပဲ ဖြစ်နေမယ်လို့ မထင်ထားဘူး။ သူတို့လုံးဝမပြောင်းလဲသွားသေးဘူး။

သူတို့က မသိတဲ့ပစ္စည်းတွေကို သုံးပြီး နားလည်မှုရနိုင်ဖို့ နည်းလမ်းဟောင်းတွေကိုသုံးနေသေးတယ်။

သူတို့က ငါတို့အထွတ်အမြတ်မြေတွေရဲ့ သိက္ခာကျရတဲ့အကြောင်းအရင်းပဲ။”

အထင်အမြင်သေးသောအသံဖြင့် သူကဆက်ပြောလိုက်သည်။

“ဒီတစ်ခေါက်တော့ထားလိုက်တော့ နောက်တစ်ခေါက်တော့ ငါတို့ ချန်ခုန်းအထွတ်အမြတ်မြေက ရှုမိသားစုနဲ့ ဒီလိုပွဲမျိုးကို ပူးပေါင်းကျင်းပလို့မဖြစ်တော့ဘူး။”

***

All Chapters