← Chapters

ရှုမိသားစုအား အရှက်ခွဲခြင်း

Vol. 37 Ch. 698

ရှုမိသားစုအား အရှက်ခွဲခြင်း

Vol. 37 Ch. 698

အဖြူရောင်ဝတ်ရုံနှင့် အကြီးအကဲ၏စကားကိုကြားလျှင်၊ ဂျူနီယာယောင်ဟူခေါ်ခံရသည့် သက်လတ်ပိုင်းအရွယ်လူက ချက်ခြင်း သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။

“တကယ်ပဲ ရှုမိသားစုရဲ့ အမူအကျင့်က မြင်မကောင်းဘူး။ ကျက်သရေရှိတဲ့ ဝိညာဉ်ဖွဲ့စည်းခြင်းမိသားစုအနေနဲ့ သူတို့က ဒီလိုကျက်သရေမရှိတဲ့အလုပ်မျိုးလုပ်တာ ကျုပ်တို့ ဝိညာဉ်ဖွဲ့စည်းခြင်းအထွတ်အမြတ်မြေအားလုံးကို အရှက်ရစေတယ်။”

စကားပြောလိုက်ရင်း၊ ဂျူနီယာယောင်၏မျက်နှာပေါ်တွင် လှောင်ပြုံးဖစ်ခုပေါ်လာလေသည်။

“ဒီတစ်ကြိမ်တော့ အဲ့ဒီရှုမိသားစုဝင်က ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ တကယ် သိချင်နေပြီ။”

ခနအကြာတွင်၊ လေလံပွဲစင်ပေါ်မှ ရှုမိသားစုကျင့်ကြံသူသည် ရွေးချယ်စရာမရှိတော့ပဲ နှာခေါင်းကောက်နှင့် လူအား တွန့်ဆုတ်သောအကြည့်ဖြင့် ကြည့်လိုက်သည်။

ပူးပေါင်းလိမ်လည်ရန်ညှိထားခြင်းကြောင့် သံသယဝင်ခံရခြင်းနှင့် သူ၏မိသားစုမှညွှန်ကြားချက်အား မလိုက်နာခြင်းတွင် သူသည် အနောက်တစ်ခုကိုရွေးချယ်ခဲ့လေသည်။

နှာခေါင်းကောက်သည့်သူက အမြန်ပင် ရှုမိသားစုကျင့်ကြံသူ၏ အသံတိတ်သတင်းစကားကို နားလည်သွားခဲ့သည်။

သူသည် ရှုမိသားစု၏အကြည့်ကိုသိရသည်နှင် သူသည် ကျန်းချန်ရွှမ်တို့အုပ်စုအားကြည့်ကာ သူ၏မျက်နှာတွင် အေးစက်သည့် သရော်သည့်ပုံပေါ်နေလေသည်။

သူကရုတ်တရက်ပြောလိုက်သည်။

ကျုပ်ဒီပစ္စည်းကို ရဖို့ ဆုံးဖြတ်ထားတယ်။ ကျုပ် ၁.၁သန်း အဆင့်မြင့်ဝိညာဉ်ကျောက်တုံး သုံးမယ်။”

သူ၏စကားသည် ရှင်းလင်းသောချိန်းခြောက်မှုမပါသော်လည်း ရှိနေသောသူများက အရူးများ မဟုတ်ကြပါ။

သူတို့သည် စကား၏အောက်တွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်အားကြားနိုင်ကြပါသည်။ ထိုသန့်စင်ခြင်းကျောက်တုံးကို နိုင်သွားသောသူသည် ရက်စက်သည့်ရန်ငြိုးဖြင့်ရင်ဆိုင်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။

သို့သော် ကံမကောင်းစွာပင် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က သူ၏စကားကို သာမန်လေထွားသူ အဖြစ်သာ သတ်မှတ်ကြသည်။

ထိုအချိန်တွင် လေလံပွဲအတွက် ရှုမိသားစုမှထုတ်လာခဲ့သည့်ဆန်းကျယ်ရောင်ခြယ်ကျောက်တုံးကို ရှုမိသားစုအထွတ်အမြတ်မြေမှအကြီးအကဲများပင် ပြန်ယူသွားနိုင်တော့မည်မဟုတ်ပါ။

ကျန်းချန်ရွှမ်က အမှုမထားဘဲ ခပ်တည်တည်ဖြင့် ဖြည်းဖြည်းခြင်း လက်ငါးချောင်းကို စင်မြင့်ပေါ်သို့ ထောင်ပြလိုက်သည်။

“အဆင့်မြင့်ဝိညာဉ်ကျောက်တုံး သန်းငါးရာ။”

ဝုန်း…

လေလံပွဲခန်းမတစ်ခုလုံးက စိတ်လှုပ်ရှားသွားကြသည်။

သေချာမသိသည့် သန့်စင်ခြင်းကျောက်တုံးအပေါ် အဆင့်မြင့်ဝိညာဉ်ကျောက်တုံးသန်းငါးရာ သုံးခြင်းသည် အလွန်ဖြုန်းတီးရာရောက်ပါသည်။

အဖြူရောင်ဝတ်ရုံလူအိုနှင့် ဂျူနီယာယောင်သည်ပင် နောက်သို့ဆုတ်သွားသည်။

“စိတ်ဝင်စားစရာပဲ။”

ဝတ်ရုံဖြူနှင့် အကြီးအကဲက မျက်နှာပေါ်တွင် အပြုံးဖြင့် ပြောလိုက်သည်။

“သူကဘယ်မိသားစုကလဲ ငါသိချင်တယ်။ ဒါမဲ့ ဒီတစ်ကြိမ်တော့ ရှုမိသားစုက တကယ် ပြသနာတက်ပြီပဲ။”

တကယ်ပင်။

ထိုအချိန်တွင် ရှုမိသားစုမှ ကျင့်ကြံသူသည် သူ၏စိတ်တည်ငြိမ်ခြင်းကို ဆက်မထိန်းထားနိုင်တော့ပါ။ သူ၏မျက်နှာသည် အလွန်ရှုံ့မဲ့နေသည်။

သို့ရာတွင်၊ ထိုအခြေအနေတွင် သူသည်ရွေးချယ်စရာမရှိဘဲ သူ၏ခံစားချက်များအား အကောင်းဆုံးကြိုးစား၍ ဖိနှိပ်ထားရလိမ့်မည်။

သူသည် နှာခေါင်းကောက်နှင့် လူဖက်သို့လှည့်လိုက်ပြီး သူ၏မျက်လုံးများက ရှင်းလင်းစွာပင် ဆက်လက်၍ လေလံဆွဲရန် အချက်ပြလိုက်သည်။

နှာခေါင်းကောက်နှင့် လူကလည်း အရိုးထဲမှ ကြက်သီးထခြင်းကို ခံစားလိုက်ရသည်။

သူ့အားဆန့်ကျင်၍ လေလံဆွဲနေသူက ဘာဖြစ်နေပါသနည်း?

ထိုအချိန်တွင် သူမပြောနိုင်ပါသလား?

သူသည်တကယ်ပင် ရှုမိသားစုအား ဆန့်ကျင်ရန် ကြိုးစားနေပါသလား?

“ခြောက်…. အဆင့်မြင့်ဝိညာဉ်ကျောက်တုံး သန်းခြောက်ရာ။”

ရွေးချယ်စရာမရှိဘဲ နှာခေါင်းကောက်သည့်သူက ဆက်လက်၍ လေလံဆွဲလိုက်သည်။

“အဆင့်မြင့်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင်။”

သို့ရာတွင် နှာခေါင်းကောက်သည့်သူနှင့် ရှုမိသားစုကျင့်ကြံသူတို့၏ အမူအရာအား ပြောင်းလဲသွားစေသည်မှာ ကျန်းချန်ရွှမ်က တည်ငြိမ်စွာဆက်လက်၍ လေလံဆွဲနေခြင်းပင်ဖြစ်သည်။

၎င်းသည် သူယခုအော်လိုက်သည့်ဈေးမှာ ဝိညာဉ်ကျောက်တုံး သန်းတစ်ရာနှင့်ယှဉ်နိုင်သော အဆင်မြင့်ဝိညာဉ်ကျောက်တုံး ဆယ်သန်းမဟုတ်ပါ။

၎င်းသည် နှာခေါင်းကောက်နှင့် လူအား ထိုအန္တရာယ်များသည့် ကစားပွဲကိုဆက်လက်၍ ကစားရန် တုံ့ဆိုင်းသွားစေသည်။

ကံကောင်းစွာပင် ထိုအချိန်တွင်၊ သူနှင့်ရှုမိသားစုကျင့်ကြံသူတို့၏နားထဲ အသံပို့ဆောင်ရေးတစ်ခု ရောက်လာခဲ့သည်။

၎င်းသည် သူတို့၏တင်းမာနေသော အာရုံကြောများအား ပြေလျော့သွားစေသည်။

ဇိမ်ခံသီးသန့်ခန်းထဲတွင် မာနနှင့်ပြည့်နေသော လူငယ်တစ်ဦးက သူ၏လက်ထဲမှ ကျောက်စိမ်းခွက်အား ချေမွလိုက်သည်။

ထိုလူသည် ရှုမိသားစု၏ တာဝန်ရှိသောသူ အခြေတည်ဝိညာဉ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူ ရှုဟိုင်လုံဖြစ်သည်။

ထို့အပြင်၊ သူသည် ရှုမိသားစုဝင်များအားလုံး အားကျရလောက်သည့် အထောက်အထားရှိသည်။

သူသည် မျိုးဆက်အမျိုးမျိုးထဲတွင် ရှုမိသားစု အကြီးအကဲ၏ တိုက်ရိုက်အမွေဆက်ခံသူဖြစ်သည်။

သူ၏ကျင့်ကြံခြင်းတွင် ခြွင်းချက်မရှိသောပါရမီသည် သူ့အား အထူးအာရုံစိုက်မှုရစေကာ အကြီးအကဲမှ သူကိုယ်တိုင် ပြုစုပျိုးထောင်ထားလေသည်။

သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်တွင်ရှိနေစဉ်ကပင် သူ၏အကြီးအကဲက သူ့အားတန်ဖိုးထားကာ ပြုစုပျိုးထောင်ပေးခဲ့ခြင်းဖြစ်သည်။

ယခုမူ ရှုဟိုင်လုံက ရှုမိသားစုမျိုးဆက်သစ်၏ ခေါင်းဆောင်ဖြစ်လာခဲ့လေသည်။

နှာခေါင်းကောက်သောသူနှင့် စင်ပေါ်မှ ရှုမိသားစုဝင်ထံသို့အသံသတင်းစကားက ရှုဟိုင်လုံထံမှ လာခြင်းဖြစ်သည်။

ယခုမူ အေးစက်ကာ ရက်စက်သောအမူအရာဖြင့် သူသည် သူ၏အနောက်မှအကြီးအကဲဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်သည်။ “အဲ့ဒီလူတွေရဲ့ အထောက်အထားကိုစုံစမ်းလိုက် သူတို့လရောင်မြို့မှာပဲ ကျန်ရှိနေတဲ့သက်တမ်းတစ်လျှောက်မနေနေသရွေ့ သူတို့ထွက်သွားတာနဲ့ သူတို့လမ်းပေါ်မှာသေသွားတာကိုလိုချင်တယ်။”

“ကောင်းပါပြီ။”

ရှုဟိုင်လုံ၏အမိန့်ကိုရလျှင် လူအိုကြီးက ချက်ခြင်း ဦးညွှတ်ကာ အမိန့်ကိုလက်ခံလိုက်သည်။ မကြာမီ သူ၏ပုံရိပ်က သီးသန်းခန်းထဲမှပျောက်ကွယ်သွားတော့သည်။

တစ်ချိန်တည်းမှာပင်၊ လေလံတင်သည့်နေရာတွင် ဈေးထပ်မြင့်ခြင်းမရှိတော့သဖြင့် ကျန်းချန်ရွှမ်ကနောက်ဆုံးတွင် ဆန်းကျယ်ရောင်ခြယ်ကျောက်တုံးကို ရသွားလေသည်။

ရှုမိသားစုသည် စည်းမျဉ်းများကို မလိုက်နာသော်လည်း သူတို့သည် များစွာသော မျက်မြင်သက်သေများ၏ရှေ့တွင် လေလံပွဲစည်းမျဉ်းများအား ဆန့်ကျင်ရလောက်အောင်မရဲပါ။ အထူးသဖြင့် အခြားအထွတ်အမြတ်မြေသုံးခုအားဖြစ်သည်။

အခြားအထွတ်အမြတ်မြေသုံးခုက သူတို့အား သေချာပေါက်ထိုသို့လုပ်ခွင့်ပေးမည်မဟုတ်ပေ။

ဆန်းကျယ်ရောင်ခြယ်ကျောက်တုံးကိုကိုင်ကာ ကျန်းချန်ရွှမ်က မျှော်လင့်ချက်ရှိလာလေသည်။

ဆန်းကျယ်ကျောက်တုံးထွက်ပေါ်လာခြင်းက ကောင်းကင်ဘုံပျံသန်းခြင်းသလင်းကျောက်သည်လည်း ထွက်ပေါ်လာနိုင်ပေသည်။အဆုံး၌ မျှော်လင့်ခြင်းက အန္တရာယ်မရှိပါပေ။

***

All Chapters