ရှုမိသားစုအား အရှက်ခွဲခြင်း (၂)
Vol. 37 Ch. 699
ရှန်းရူယန်သည်လည်း ကောင်းသောစိတ်ခံစားချက်ရှိနေသည်။
မည်သို့ပင်ဖြစ်ပါစေ၊ သူတို့သည် ဆန်းကျယ်ရောင်ခြယ်ကျောက်တုံးအား ရရှိလိုက်ခြင်းက သူတို့ခရီးကို တန်သွားစေသည်။
အနည်းဆုံး သူတို့သည် တက်ရောက်ခြင်းစင်မြင့်အတွက် လိုအပ်သည့် ပစ္စည်းတစ်ဝက်ကို ရရှိသွားပြီ ဖြစ်သည်။
၎င်းသည် ကောင်းမွန်သောအစဟု သတ်မှတ်နိုင်သည်။
အခြားတစ်ဖက်၌မူ သူတို့၏ဘေးတွင်ရှိနေသော ဟွမ်းဝမ်ယုက သူ၏မျက်နှာတွင် အကူအညီမဲ့နေကာ ခါးသက်နေသည့်ပုံရှိနေသည်။
၎င်းသည် သူသည် ထိုကိစ္စကရှုမိသားစု၏ပုံမှန်အတိုင်းဆိုလျှင် သူတို့သည် သေချာပေါက် သူတို့သုံးဦး၏ နောက်ကြောင်းကို စုံစမ်းလိမ့်မည်ဖြစ်သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က မစိုးရိမ်သော်လည်း ဟွမ်းဝမ်ယု၏ အထောက်အထားက ပေါ်သွားမည်မှာ သေချာလုနီးပါးရှိသည်။ ဆိုလိုသည်မှာ သူသည် အနောက်ပင်လယ်မဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင်ဟူသော ရာထူးကိုစွန့်ကာ စုံတွဲနှင့် ပူးပေါင်းနိုင်သည်။
သူသည် ထိုကဲသို့လုပ်ရန် စိတ်မပါခြင်း သို့ ပြသနာရှိခြင်းမဟုတ်ပါ။
အဓိကအချက်မှာ ဆန်းကျယ်ကျောက်တုံးကိုရှာဖွေနိုင်ပြီး သူ၏မွေးရပ်မြေမှ တက်ရောက်ခြင်းစင်မြင့် ကို ပြင်ဆင်နိုင်ခြင်းသည် သူ ဆန္ဒရှိကာ မြင်ရန်မျှော်လင့်သည့်အရာဖြစ်သည်။
သူ၌ ရှုပ်ထွေးသောခံစားချက်များ ရှိနေရခြင်းအကြောင်းအရင်းက ယခင်က အနောက်ပင်လယ် မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ကျန်းဟန်ယွီက သူအား ကောင်းမွန်စွာဆက်ဆံကာ တန်ဖိုးထားသောကြောင့် ဖြစ်သည်။
အခြားသူများသည် ဒုခေါင်းဆောင်ဖြစ်လိုလျှင် အနည်းဆုံး အခြေတည်ဝိညာဉ်သတ္တမအဆင့်တွင် ရှိရသည်။
သို့ရာတွင် သူ ဟွမ်းဝမ်ယုသည် အခြေတည်ဝိညာဉ်ပဉ္စမအဆင့်သာရှိသေးကာ အနောက်ပင်လယ်မဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင်နေရာတွင် ရှိနေရလေသည်။
၎င်းသည် ကျန်းဟန်ယွီက သူ့အား မည်မျှအလေးထားကြောင်း သိသာနေပေသည်။
သူ၏မဟာမိတ်အဖွဲ့က ရှုမိသားစုမှ ပစ်မှတ်ထားခံရလျှင်……..
၎င်းသည်ဖြစ်နိုင်ပါသည်။ သို့သော် ဟွမ်းဝမ်ယုကမစိုးရိမ်ပါ။
အကြောင်းမှာ အနောက်ပင်လယ်မဟာမိတ်အဖွဲ၏ခေါင်းဆောင်ဖြစ်သူ ကျန်းဟန်ယွီသည်လည်း အခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ဦးဖြစ်သည်။
ထိုအခြေအနေမျိုးတွင် အကယ်၍ ရှုမိသားစုမှ အနောက်ပင်လယ်မဟာမိတ်အဖွဲ့အား ပစ်မှတ်ထားလိုလျှင် မထီမဲ့မြင်ပြု၍ မရပေ။
အများဆုံး သူတို့သည် အနောက်ပင်လယ်မဟာမိတ်အဖွဲ့အား ရှင်းပြချက်တောင်းခြင်း သို့ ဟွမ်းဝမ်ယုအားတောင်းခြင်းတို့ကိုသာပြုလုပ်နိုင်မည်ဖြစ်သည်။
သို့ရာတွင် ထိုအချိန်တွင် ဟွမ်းဝမ်ယုက အနောက်ပင်လယ်မဟာမိတ်အဖွဲ့မှ ထွက်ရန် အစပြုတော့မည်ဖြစ်သည်။
အကယ်၍ ရှုမိသားစုက ထိုကိစ္စအတွက် တစ်ခုခုလုပ်လိုလျှင်၊ သူတို့သည် အခွင့်အရေးများများ ရမည်မဟုတ်ပေ။
ဟွမ်းဝမ်ယု၏အတွေးကို နားလည်သကဲ့သို့ ကျန်းချန်ရွှမ်သည်သူ့အား နှစ်သိမ့်မနေတော့ပေ။ ထိုအစားသူသည် အားနာသည့်လေသံဖြင့်ပြောလိုက်သည်။
“ကျုပ် တကယ်အားနာပါတယ် အစ်ကိုဟွမ်း၊ ခင်ဗျားကိုဒီကိစ္စထဲပါစေမိပြီ။”
ထိုစကားကိုကြားလျှင် ဟွမ်းဝမ်ယုက သက်ပြင်းချလိုက်သည်။
သူက မတတ်နိုင်ဘဲ ခေါင်းကိုခါ၍ ပြုံးလိုက်သည်။
“ဒါက ဘာမှမဟုတ်ပါဘူး။ ကျုပ်က ဒီမှာ ဖြတ်သွားဖြတ်လာတစ်ယောက်ပါ။ ကျုပ်တို့ပြန်ရင်သာ ခင်ဗျားတို့ ကျုပ်ရဲ့ကျေးဇူးကိုမမေ့ဖို့ မျှော်လင့်ပါတယ်။”
ဟွမ်းဝမ်ယု၏စကားကိုကြားလျှင် ဟာသအနည်းငယ်စွက်နေသောကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ရယ်လိုက်ကြတော့သည်။
လေလံပွဲက ဆက်၍ကျင်းပနေသည်။
သို့ရာတွင် လေလံပွဲကြည့်စင်ပေါ်မှ ရှုမိသားစုကျင့်ကြံသူသည် အခြေအနေမကောင်းကြောင်း လူအများစုက ရှင်းလင်းစွာအာရုံခံမိကြလေသည်။
အထူးသဖြင့် အခြားလေလံတင်ရောင်းချသူနှစ်ဦးနှင့်စာလျှင် ရှုမိသားစု၏ကျင့်ကြံသူ၏အမူအရာက စိတ်ပျက်စရာကောင်းနေသည်။
ထိုကဲ့သို့ပင်၊ ရှုမိသားစုဦးဆောင်သည့် အပိုင်းက ပြီးဆုံးသွားသည်။
သို့ရာတွင် စင်ပေါ်မှ ဆင်းပြီး မကြာမီပင်၊ ရှုမိသားစုကျင့်ကြံသူသည် တာဝန်ရထားသကဲ့သို့ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဆီသို့ လျှောက်လာလေသည်။
ထိုမမျှော်လင့်ထားသော လှုပ်ရှားမှုက ရှုမိသားစု၏ဂုဏ်သတင်းနှင့် လက်တစ်ကမ်းမှ အခြေအနေအား သတိပြုမိကြသည့် အချို့သောသူများအား အံ့ဩသွားစေပြီး ထိုဇာတ်လမ်းအား ထုတ်ဖော်ပြသရန် ကြိုတင်မျှော်လင့်နေကြလေသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အနည်းငယ် မျက်ခုံးများပင့်လိုက်ကြကာ အခြားတစ်ဖက်မှ ရည်ရွယ်ချက်အား နားလည်ပြီးဖြစ်ကြသည်။
ထိုအချိန်တွင်၊ သူတို့သည် အခြားတစ်ဖက်မှ နီးကပ်စွာလျှောက်လာရန် မစောင့်တော့ပဲ သူတို့သည် အခြားတစ်ဖက်၏ မျက်နှာများကိုပင် ထောက်ထားရန် ရည်ရွယ်ချက်လည်းမရှိခြင်းကြောင့် သူတို့သည် တိုက်ရိုက်ပင် စိတ်မဝင်စားစွာဖြင့် ပြောလိုက်တော့သည်။
“အကယ်၍ ကျောက်တုံးကိုပြန်ယူဖို့လာတာဆိုရင် အဲ့လိုဖြစ်နိုင်မှာ မဟုတ်ဘူး။ရှုမိသားစုက လေလံတင်ရောင်းချဖို့ ရွေးချယ်ထားမှတော့ ရောင်းချဖို့ ပြင်ဆင်ထားရမှာပေါ့။
သို့မဟုတ်ရင် ရှုမိသားစုက ရှုံးနိမ့်တာကို လက်မခံနိုင်ဘူးလို့ ပြောမလို့လား? လိုချင်တာမရရင် အင်အား သို့ ချိန်းခြောက်မှုကို သုံးချင်လို့လား?”
ကျန်းချန်ရွှမ်က အသံကို မနိမ့်ထားပါ။ ထို့ကြောင့် ရှိနေသောလူတိုင်းနီးပါး သူ၏စကားများကို ကြားရလေသည်။
၎င်းသည် များစွာသောလူအုပ်ကြီး၏ အမူအရာများကို အမျိုးမျိုးဖြစ်သွားစေကာ လူအများစုက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား အံ့ဩကာ စိတ်ဝင်စားစွာဖြင့်ကြည့်နေကြသည်။
“သူတို့က တကယ်ပဲ အကြောက်အလန့်မရှိဘူးပဲ။” တစ်ချို့ကတွေးသည်။ “ လူအများကြီးရှေ့မှာ အဲ့လိုပွင့်ပွင့်လင်းလင်းပြောလိုက်တာဟာ ရှုမိသားစုရဲ့ ဂုဏ်သိက္ခာကို ချနင်းလိုက်တာပဲ။”
ဝတ်ရုံဖြူအကြီးအကဲနှင့် သူ၏ဂျူနီယာညီလေးယောင်တို့ပင် သီးသန့်ခန်းထဲမှနေ၍ ကျန်းချန်ရွှမ်၏ ရဲတင်းသောစကားများကိုကြားလျှင် နောက်ဆုတ်သွားကြသည်။
ဂျူနီယာယောင်က ပြောလိုက်သည်။ “ရှုမိသားစုကတော့ တကယ် အရှက်ကွဲတာပဲ။ သူတို့ရဲ့ အကြီးအကဲအိုကြီးက ဒါကိုကြားရင် ဘယ်လိုတုံ့ပြန်မလဲဆိုတာ သိချင်လိုက်တာ။”
အဖြူရောင်ဝတ်ရုံနှင့် လူအိုက ပြုံးကာပြောလိုက်သည်။
“တုံ့ပြန်မှုလား? ပြောဖို့တောင်မလိုပါဘူး။ ဒေါသတွေပဲထွက်နေမှာပေါ့။
ငါကအခု အဲ့ဒီနှစ်ယောက်ရဲ့ အထောက်အထားနဲ့နောက်ခံကို အတော်လေးစိတ်ဝင်စားနေတာ။ ငါတို့ သူတို့ရဲ့နောက်ကြောင်းကိုစုံစမ်းဖို့ ဘာလို့တစ်ယောက်ယောက်ကို မလွတ်ရတာလဲ?”
သူတို့နှစ်ဦးစကားပြောနေစဉ်တွင် ရှုမိသားစု၏ လေလံတင်ရောင်းချသူ၏မျက်နှာက ဖြူဖပ်ဖြူလျော်ဖြစ်နေပြီဖြစ်သည်။
တကယ်ပင်။
သူသည် လေလံပွဲပြီးလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ထံမှ သန့်စင်ခြင်းကျောက်တုံးကို သွေးဆောင်ခြင်းဖြင့်ဖြစ်စေ ချိန်းခြောက်ခြင်းဖြင့်ဖြစ်စေ လိုအပ်သည်နည်းဖြင့် ရအောင်ပြန်ယူလာရန် အတွက် ရှုဟိုင်လုံထံမှ သတင်းစကားကိုရထားပေသည်။
သို့ရာတွင် ရှုမိသားစု၏လေလံတင်ရောင်းချသူ မထင်ထားသည်မှာ ကျန်းချန်ရွှမ်က လူအများရှေ့တွင် သူ၏ရည်ရွယ်ချက်အား ထုတ်ဖော်ပြောလိမ့်မည်ဖြစ်ကြောင်းဖြစ်သည်။
ထို့အပြင် တိကျပြတ်သားသောအပြုအမူဖြစ်သည်။
ထိုအကြောင်းကိုတွေးရင်း ရှုမိသားစု၏ လေလံတင်ရောင်းချသူသည် ဆက်လက်၍ မထိန်းထားနိုင်တော့ပါ။
သူ၏မျက်လုံးများက အရိုးထဲမှ ကြက်သီးထစေသော သတ်ဖြတ်ခြင်းရည်ရွယ်ချက်များဖြင့် လက်နေကာ သူသည် ကျန်းချန်ရွှမ်နှင့် အခြားသူများအား အေးစက်စွာဖြင့် တစ်လုံးချင်း ပြောလိုက်သည်။
“ဘယ်လိုလုပ်ပြီး ငါတို့ရှုမိသားစုကို အတင်းပြောရတာလဲ? ငါတို့ရှုမိသားစုက မင်းကို ဒီလေလံပွဲမှာ ဘာမှ မလုပ်ရဲဘူးလို့ တကယ်ထင်နေတာလား။”
“အင်း….”
ရှုမိသားစုလေလံတင်ရောင်းချသူ၏ စကားကိုကြားလျှင် ကျန်းချန်ရွှမ်၏ မျက်လုံးက နောက်ဆုံးတွင် ကျဉ်းမြောင်းသွားခဲ့သည်။
သူ၏ခန္ဓာကိုယ်မှ အန္တရာယ်များသော အရောင်အဝါက ရုတ်တရက် ဖြည်းညှင်းစွာထွက်ပေါ်လာသည်။
ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်တစ်ဦးအနေဖြင့် ကျန်းချန်ရွှမ်၏ သည်းခံမှုသည် အကန့်အသတ် ရှိပါသည်။
အကယ်၍ လူပြက်က သူ့အားယင်ကောင်ကဲ့သို့နားတွင် အီနေကာ ဆက်တိုက်အနှောက်အယှက် ပေးနေလျှင် သူသည် သည်းခံတော့မည်မဟုတ်ပါ၊
သို့ရာတွင် ကျန်းချန်ရွှမ်မပေါက်ကွဲမီတွင်၊ အပြာရောင်ပင်လယ်အထွတ်အမြတ်မြေမှ အမျိုးသမီး လေလံတင်ရောင်းချသူက လေလံစင်မှ ချက်ခြင်းပင် အေးစက်စွာပြောလိုက်သည်။
“ရှုချွမ်ပင်း၊ အကယ်၍ လေလံပွဲရဲ့အစီအစဉ်တွေကို ဆက်အနှောက်အယှက်ပေးနေမယ်ဆိုရင်၊ ရှင့်ကို မောင်းထုတ်လို့ ကျွန်မကို အပစ်မတင်ပါနဲ့။”
စကားပြောရင်း အပြာရောင်ပင်လယ်အထွတ်အမြတ်မြေမှ အမျိုးသမီးကျင့်ကြံသူက အခြေတည်ဝိညာဉ်နောက်ဆုံးအဆင့် ကျင့်ကြံသူ၏ စွမ်းအားကြီးသောအရောင်အဝါကိုထုတ်လိုက်ကာ ကျန်းချန်ရွှမ်တို့နားရှိနေသည့် ရှုချွမ်ပင်းအားတားဆီးလိုက်သည်။
၎င်းသည် ရှုချွမ်ပင်း၏ ယခင်က သတ်ဖြတ်ခြင်းအမူအရာအား တောင့်သွားစေသည်။
ကျောက်တုံးနှင့်မာကြောသောနေရာကြားတွင်ဖမ်းချုပ်ခံလိုက်ရလျှင် သူသည် ထိုနေရာတွင်ပင် ရပ်နေပြီးနောက် ကျန်းချန်ရွှမ်နှင့် အဖော်များအား အေးစက်သည့်အကြည့်ဖြင့်ကြည့်ကာ ထွက်ခွာ သွားတော့သည်။
တစ်ချိန်တည်းမှာပင်၊ စင်ပေါ်မှ အမျိုးသမီးကျင့်ကြ့သူက ကျန်းချန်ရွှမ်တို့အုပ်စုအား တောင်းပန်သည့်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ကျွန်မရဲ့ တာအိုရောင်းရင်းတို့၊ ကျွန်မတကယ်ပဲတောင်းပန်ပါတယ်။
အခုလောလောဆယ်ဖြစ်ပျက်သွားတာအတွက် တကယ်ကို တောင်းပန်ပါတယ်။ အလျော်ပေးဖို့အတွက် အကယ်၍ ဒီနောက်ပိုင်းပစ္စည်းတွေကို လေလံဆွဲပြီး နိုင်သွားတဲ့အခါ ပစ္စည်းဈေးနှုန်းဘယ်လောက်မဆို ကျွန်မတို့က ၅၀ရာခိုင်နှုန်း လျော့ပေးပါ့မယ်။”
သူမစကားပြောပြီးနောက်၊ များစွာသောကျင့်ကြံသူများက မတတ်နိုင်ဘဲ ထိတ်လန့်သောအမူအရာများ ပြလာကြသည်။
သူတို့သည် အပြာရောင်ပင်လယ်အထွတ်အမြတ်မြေသည် ထိုသို့ပြုလုပ်လိမ့်မည်ဟု မထင်ထားပါ။
၎င်းသည် ချက်ခြင်းပင် ရှုမိသားစု၏လေလံပွဲနှင့် နှိုင်းယှဉ်မိစေသည်။
ထိုအချိန်တွင်၊ များစွာသောကျင့်ကြံသူများက အပြာရောင်ပင်လယ်အထွတ်အမြတ်မြေနှင့် အမျိုးသမီးလေလံတင်ရောင်းချသူအား ကောင်းမွန်သောထင်မြင်ချက်ရှိသွားကြသည်။
***