ရှုမိသားစုအကြီးအကဲများအတွက် ကြီးမားသောရိုက်ချက်
Vol. 37 Ch. 701
“နောက်ပိုင်းမှာ ကိုယ်တို့ သူတို့ရဲ့အကြီးအကဲတွေကိုလည်း သွားမေးကြမယ်။”
“ဒါကောင်းတယ်။” ရှန်းရူယန်က အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
ရှန်းရူယန်က ရုတ်တရက် ပြုံးကာ ခေါင်းညိတ်လိုက်သည်။
ခနအကြာတွင်၊ သူမသည် ပြတ်သားစွာဖြင့် ရှေ့သို့လှမ်းလိုက်သသည်။
တစ်လှမ်း…နှစ်လှမ်း…သုံးလှမ်း…..
လှမ်းလိုက်သောခြေလှမ်းတိုင်းတွင် သူမ၏အရောင်အဝါက ပျံဝဲသွားသည်။
ရှန်းရူယန်က ခြေလှမ်းသုံးလှမ်းလှမ်းပြီးနောက် ယခင်က ရှင်းလင်းကာ တိမ်ကင်းမဲ့သည့် ကောင်းကင်က စတင်၍ နက်မှောင်သောတိမ်များရှိလာပြီး မုန်တိုင်းတစ်ခု အစပျိုးလာခဲ့လေသည်။
ငွေရောင်မိုးကြိုးများက ကောင်းကင်ပေါ်တွင် ဖြတ်သန်းသွားကာ ကံကြမ္မာဆိုး၏ ရှေ့ပြေးနိမိတ်အဖြစ် စုစည်းလာခဲ့သည်။
လွှမ်းမိုးနိုင်သည့် ကြောက်မက်ဖွယ်အာရုံက လူတိုင်းအပေါ်သို့ ကျရောက်လာခဲ့သည်။
အဝေးမှ ကြည့်နေသောသူများကိုပင် ထိုကြောက်လန့်စရာကောင်းသည့် အရောင်အဝါက သက်ရောက်သွားကာ သူတို့၏အမူအရာသည် ထိတ်ထိတ်ပြာပြာဖြစ်ကုန်ကြလေသည်။
“ဘာ.ဘာတွေဖြစ်နေတာလဲ?” သူတို့က အံအားသင့်သွားကာ မျက်နှာများက ထိတ်လန့်မှုဖြင့် ဖြူဖျော့သွားလေသည်။
ထိုအချိန်တွင်၊ လူတိုင်းက ထိုပြင်းထန်သည့် စွမ်းအားသည် ကောင်းကင်ပေါ်မှ ရှန်းရူယန်ထံမှ ထွက်လာခြင်းဖြစ်ကြောင်း ခံစားမိကြသည်။
သူမသည် ဖျက်စီးခြင်းအကြောင်းကိုယူဆောင်လာသည့် နတ်ဘုရားဖြစ်ပုံရကာ သူတို့၏နှလုံးသားထဲသို့ မဖော်ပြနိုင်သည့် ကြောက်ရွံ့မှုကို ထည့်သွင်းပေးနေသည်။
“ဝိညာဉ်….ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်။”
တစ်စုံတစ်ဦးက နောက်ဆုံး၌ ထိုစကားထွက်လာခဲ့လေသည်။
ထိုအခြေအနေသည် ထိုနေရာမှလူတိုင်းကို ရှင်းလင်းသွားစေခဲ့သည်။ အကယ်၍ သူတို့သည် ပြိုင်ဘက်၏အထောက်အထားကို မမှန်းဆနိုင်လျှင် သူတို့သည် မျှော်လင့်ချက်မရှိသော အရူးများ ဖြစ်ပေတော့မည်။
ရှုမိသားစုမှ ကျင့်ကြံသူများအပါအဝင်ပင်ဖြစ်သည်။ လူတိုင်း၏အမူအရာမှာအကြီးအကျယ်ပြောင်းလဲသွားကြသည်။
ရှုဟိုင်လုံ၏ မျက်နှာသည် ဖြူဆုတ်သွားခဲ့သည်။
ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်တစ်ဦးက မည်မျှကြောက်စရာကောင်းကြောင်း မည်သူမှ သူ့ထပ်ပို၍ မသိနိုင်ပါ။
ထိုအချိန်တွင်၊ သူသည် ၎င်းက အထင်လွဲမှုဖြစ်ကြောင်း ရှင်းပြနိုင်ရန် ဆန္ဒရှိနေသော်လည်း မလုပ်ရဲပေ။
ထိုပြောင်းပြန်လှန်ပစ်လိုက်သည့် အရာက အမှန်တကယ်ဖြစ်နေကြောင်း ရှင်းလင်းနေသည်။
ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်ရှေ့တွင် လစ်လျူရှုဟန်ဆောင်ခြင်းက သေလမ်းရှာခြင်းနှင့် ဆင်တူပေသည်။
ဝုန်း….
ရုတ်တရက် ကျယ်လောင်သည့်ပေါက်ကွဲသံက မုန်တိုင်းထန်နေသည့် တိမ်တိုက်များကြားမှ ပဲ့တင်ထပ်လာခဲ့ကာ ရှုဟိုင်လုံနှင့် အခြား ရှုမိသားစုကျင့်ကြံသူများအား နီရဲသွားစေသည်။
သူတို့သည် မူးဝေသွားကာ သွေးများအန်ထွက်လာသည်။ ပြီးနောက် အားလုံးသည် ရှန်းရူယန်၏ တည်ရှိမှုကြောင့်သာဖြစ်ပေသည်။
သူသည် လှုပ်ရှားမှုတစ်ခုပင်မပြုလုပ်ရသေးပါ။
သို့သော် သူမသည်ရှုမိသားစုကျင့်ကြံသူများအား ဒဏ်ရာများစွာရစေခဲ့လေသည်။
“တာအိုရောင်းရင်း၊ ညှာတာပါဦး။”
သို့ရာတွင် ထိုအချိန်၌ အဝေးရှိကောင်းကင်ပေါ်မှ ပုံရိပ်တစ်ခုက ရုတ်တရက်ပျံသန်းလာလေသည်။
သူမရောက်မီတွင်ပင် တောင်များနှင့် ပင်လယ်များအားလုံးကစုဝေးလာသကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသည့် အရောင်အဝါရှိနေပေသည်။
ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်နောက်တစ်ဦးဖြစ်ကြောင်း ရှင်းလင်းနေပေသည်။
“အဘိုး။”
မူလက ဖျော့တော့နေကာ ဒဏ်ရာအကြီးအကျယ်ရနေသည့် ရှုဟိုင်လုံက အဝေးမှလာသော ပုံရိပ်ကို မြင်လျှင် ချက်ခြင်းပင် အံ့ဩဝမ်းသာသော အမူအရာကို ဖော်ပြလာခဲ့သည်။
ထိုပုံရိပ်သည် ရှုခွင်းမင်ဖြစ်ကာ ရှုမိသားစု၏ အကြီးအကဲဖြစ်သည်။
သို့ရာတွင် ရှန်းရူယန်သည် ရှုခွင်းမင်ရောက်လာခြင်းကို အာရုံမရှိပါ။
သူမက ရှုဟိုင်လုံနှင့်အခြားသူများအပေါ်တွင် ထုတ်လွှတ်ထားသည့် ဖိနှိပ်ခြင်းသည် မပျောက်သွားဘဲ ရှိနေသည်။
“အား…”
ရှုဟိုင်လုံနှင့် အခြားသူများက တစ်ဖန်ထပ်မံ၍သွေးများအန်ကြလေသည်။
ချဉ်းကပ်လာသည့် ရှုခွင်းမင်၏ အမူအရာက မဲမှောင်သွားကာ သူသည် ဒေါသထွက်စွာ ပြန်လည်ပြောဆိုလိုက်သည်။
“တာအိုရောင်းရင်းတို့၊ ခင်ဗျားတို့ရဲ့ ဒေါသကို ဒီဂျူနီယာလေးတွေအပေါ် ပုံချနေတာ အရမ်း မများလွန်းဘူးလား?”
“များတယ်လား?” ရှန်းရူယန်အပေါ် သူစကားများက သက်ရောက်မှုမရှိပေ။
အေးစက်သည့် မဲ့ပြုံးဖြင့် သူမက ပြန်လည်ချေပလိုက်သည်။
“ရှင်က ရှုမိသားစုကအကြီးအကဲလား?
ရှင့်ရဲ့ဂျူနီယာတွေ အစပိုင်းက ကျွန်မကို စော်ကားတာကိုကော ရှင်ဘာလို့ထည့်မပြောရတာလဲ?
အဲ့ဒီအစား ရှင်က ကျွန်မကို အငယ်တွေကို အနိုင်ကျင့်တယ်လို့ ပြောဖို့ရွေးချယ်လိုက်သေးတယ်။
ဒါဆိုလည်းကောင်းပြီ။ ကျွန်မ ရှုမိသားစုရဲ့ အကြီးအကဲဖြစ်တဲ့ ရှင်နဲ့ကောင်းကောင်းလေး ဆွေးနွေးရဦးမယ်။”
ပြောပြီးသည့်နောက်၊ ရှန်းရူယန်သည် ရုတ်တရက် လက်နှစ်ချောင်းကို ထောင်လိုက်ကာ ဓားပုံစံဖွဲ့စည်းလိုက်ပြီး လာနေသည့် ရှုခွင်းမင်ဆီသို့ ပို့လွတ်လိုက်သည်။
ချက်ခြင်းပင် မိုးကြိုးများဖြင့်ရစ်ပတ်နေသည့် ကြောက်မက်ဖွယ်ကောင်းသောဓားအလင်းက ရှန်းရူယန်၏လက်ထဲမှ ထွက်လာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသည့်စွမ်းအားက သူမ၏ရှေ့ရှိနေရာလပ်ကိုဖြဲပစ်လိုက်ပြီး
အနက်ရောင် အက်ကွဲကြောင်းများကို ဖန်တီးလိုက်လေသည်။
ထိုအရာကိုမြင်လျှင် အဝေးမှ ကြည့်နေသည့် ကျင့်ကြံသူအားလုံးသည် ထိတ်လန့်မသွားဘဲ မနေနိုင်ခဲ့ပေ။
ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်က အမှန်တကယ်ပင် ဝိညာဉ်ဖွဲစည်းခြင်းကောင်းကင်သခင် ဖြစ်သည်။
ပုံမှန်တိုက်ခိုက်ခြင်းသည်ပင် အမှန်တကယ် နေရာလပ်ကို ဖြဲပစ်နိုင်သည့် စွမ်းအားကို သယ်ဆောင်ထားလေသည်။
“စီနီယာအစ်ကို ယန်..”
အခြားတစ်ဖက်တွင် ဂျူနီယာညီလေးယောင်က သူ၏ရှေ့မှမြင်ကွင်းကိုကြည့်ကာ မတတ်နိုင်ဘဲ တည်ငြိမ်သည့် အမူအရာရှိနေသည်။ သူသည် ဘေးမှ ဝတ်ရုံဖြူနှင့်လူအား လှည့်ကြည့်လိုက်သည်။
ဝတ်ရုံဖြူနှင့်လူက လေလံဆွဲပွဲတွင်ရှိနေသကဲ့သို့ စိတ်တည်ငြိမ်ခြင်း မရှိနေတော့ပေ။
ထိုအချိန်တွင် သူ၏အမူအရာသည်လည်း ဂျူနီယာညီလေးယောင်နှင့် အတူတူပင်ဖြစ်ကာ လေးနက်မှုနှင့် ပြည့်နေခဲ့သည်။
“ကြည့်ရတာ လူအိုကြီးရှုက တကယ်ပဲ နံရံကို ဝင်တိုးမိပြီထင်တယ်။”
ဝုန်း….
သူ စကားပြောအပြီးတွင်၊ ရှုခွင်းမင်က ကြီးမားသည့်မီးဖိုကြီးကို ယူထုတ်လာသည်။
မီးဖိုတစ်ခုလုံး၏အရောင်သည် ရွှေအိုရောင်ဖြစ်သည်။
အလင်းလည့်ပတ်သွားသည်နှင့် ၎င်းသည်ချက်ခြင်းပင် လူများအား မီးနှင့် ရေတို့မှ စိတ်ချရကာ ဓားနှင့် လှံတို့ဖြင့် မဖောက်ထွင်းနိုင်သော ပုံရိပ်ယောင်ကို မြင်စေသည်။ သို့ရာတွင် လူတိုင်းအံ့ဩသွားရစေရန် ရှန်းရူယန်၏ မိုးကြိုးဓားအလင်းက ရွှေအိုရောင်မီးဖိုနှင့် တိုက်သွားသည့်အချိန်တွင် မီးဖိုသည် ပြင်းထန်စွာ လှုပ်ခါနေတော့သည်။
ခနအကြာတွင် ၎င်း၏လင်းလက်နေသည့် အရောင်က ခနချင်းပျောက်ကွယ်သွားသည်။
ဂျူန်းဟူသောအသံမြည်သွားသည်။
မိုးခြိမ်းသံနှင့်အတူ ရွှေအိုရောင်မီးဖိုက ရှန်းရူယန်၏ဓားအလင်းကြောင့် မိုင်ပေါင်းထောင်ချီထိ လွင့်သွားလေတော့ကာ တဖြည်းဖြည်းနှင့် ကြီးမားသောအရာအဖြစ်ကြေမွသွားပြီး ဖုန်မှုန့်နှင့် အကျိုးအပဲ့များအဖြစ် ပြောင်းလဲသွားသည်။
ရှုခွင်းမင်ကိုယ်တိုင်ကပင် တိုက်မိခြင်းကြောင့် တုန်လှုပ်နေလေသည်။
သူ၏ရှေ့ပြေးတိုက်ခိုက်မှုသည် မထိန်းချုပ်နိုင်သည့် ပြန်လည်ဆုတ်ခွာရမှုအဖြစ် ပြောင်းလဲသွားကာ သူ၏ အရောင်က အစိမ်း၊ အနီနှင့် အဖြူကြားတွင် ပြောင်းလဲနေလေသည်။
နောက်ဆုံးတွင်၊ သူသည် မခံနိုင်တော့ဘဲ သွေးများအန်တော့သည်။
အရာအားလုံးသည် တိုက်ခိုက်မှုတစ်ခုတည်းကြောင့် ဖြစ်သည်။
သာမန်လက်တစ်ခုမှ ဖြစ်လာသည့် ပေါက်ကွဲမှုသည် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင် တစ်ဦးဖြစ်သော ရှုခွင်းမင်အား များပြားစွာဒဏ်ရာရစေခဲ့သည်။
၎င်းသည် မေးခွန်းတစ်ခုကိုဖြစ်ပေါ်လာစေသည်။ သူမ၏အင်အားအစစ်က မည်မျှကြောက်မက်ဖွယ်ကောင်းလိမ့်မည်နည်း?
များစွာသော ပွဲကြည့်နေသူများက သူတို့၏မျက်လုံးများပြူးကျယ်သွားကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ဂျူနီယာညီလေးယောင်နှင့် ဝတ်ရုံဖြူလူကြီးတို့က မတတ်နိုင်ဘဲ တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသည်။
သူတို့သည် အချင်းချင်း၏မျက်လုံးထဲတွင် အံအားသင့်ခြင်းများကို မြင်နေရလေသည်။
သိရမည်မှာ ရှန်းရူယန်ကြောင့် ဒဏ်ရာများစွာရသွားသော ရှုခွင်းမင်သည် သူတို့နှင့် အဆင့်တူလေသည်။
အခြားတစ်ဖက်မှ သူ့အား တစ်ချက်တည်းဖြင့် ဒဏ်ရာရအောင်လုပ်နိုင်ခြင်းသည် သူမက သူတို့နှင့် ရင်ဆိုင်သောအခါတွင်လည်း တစ်ချက်တည်းဖြင့် ဒဏ်ရာရစေနိုင်သည်ဟု ဆိုလိုနေသည်မဟုတ်ပါလား?
ထိုသတိထားမိခြင်းသည် သူတို့၏စိတ်နှလုံးများကို ပြုံးရယ်နေရာမှ အရေးပေါ်အခြေအနေသို့ ရောက်သွားစေသည်။
သို့ရာတွင် ဂျူနီယာညီလေးယောင်နှင့် ဝတ်ရုံဖြူလူကြီးတို့နှင့် ယှဉ်လျှင် ရှုဟိုင်လုံ၊ ရှုချန်ပင်းနှင့် အခြားရှုမိသားစုကျင့်ကြံသူများသည် ချောက်နက်ထဲသို့ ကျသွားသကဲ့သို့ ခံစားလိုက်ရလေသည်။
သူတို့သည် သူတို့၏အကြီးအကဲက ရှန်းရူယန်အား ဤမျှလောက်မြန်ဆန်စွာ ရှုံးနိမ့်သွားလိမ့်မည်ဟု မထင်ထားကြပေ။ သူတို့၏ အင်အားအပြည့်ကိုမသုံးရသေးသော်လည်း ရှန်းရူယန်၏စွမ်းအားက ရှုမိသားစု၏အကြီးအကဲထပ် သာလွန်နေသည်က ရှင်းလင်းနေပြန်သည်။
ယခုမူ ရှုမိသားစုဝင်များက သူတို့သည် ဤထိတ်တိုက်တွေ့မှုအား မည်သို့ ဖြေရှင်းရမည်ကို သိချင်နေသည်။
သို့ရာတွင် ရှန်းရူယန်က သူတို့၏စိုးရိမ်မှုများကို စိတ်မဝင်စားပါ။
မျက်နှာအမူအရာပျက်ယွင်းနေသော ရှုခွင်းမင်အားရင်ဆိုင်ကာ၊ သူမသည် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “ရှုမိသားစုအကြီးအကဲ၊ နားထောင်ကြတာပေါ့၊ ရှင့်မှာဒီကိစ္စကိုဖြေရှင်းဖို့ ဘယ်လိုစီစဉ်ထားလဲ။” ရှန်းရူယန်၏စကားကိုကြားလျှင်၊ ရှုခွင်းမင်၏မျက်နှာက ထပ်မံ၍ မဲမှောင်သွားသည်။
သူသည် စိုးရိမ်သွားခဲ့သော်လည်း အပေါ်ယံ၌မူ သူသည် ရှန်းရူယန်အား ကြည့်ကာ လေးနက်သည့်အသံဖြင့် မေးလိုက်သည်။
“မင်းက ဘာကိုလိုချင်တာလဲ”
ရှန်းရူယန်ကတည့်တိုးပြောလိုက်သည်။ “ကျွန်မကို ရှင်တို့ သန့်စင်ခြင်းကျောက်တုံးကို ဘယ်လိုရလာတာလဲဆိုတာပြောပြပါ။
ပြီးတော့ စေသနာနဲ့ သတိပေးလိုက်မယ်။ လှည့်စားမှုလုပ်ဖို့ မကြိုးစားနဲ့ မဟုတ်ရင် ရှင်တို့ ရှုမိသားစုမျိုးဆက်တွေအကုန် ချေမှုန်းခံရမယ်။”
စကားပြောပြီးနောက် ကောင်းကင်ပေါ်မှ မိုးကြိုးသွားများသည် ရှုဟိုင်လုံနှင့် အခြားသူများပေါ်တွင် စုစည်းလာပြီး တိုက်ခိုက်ရန် ချိန်ရွယ်ထားလေသည်။
ကြောက်မက်ဖွယ်ကောင်းသည့် အရောင်အဝါသည် ရှန်းရူယန်၏လုပ်နိုင်စွမ်းကို ရှင်းလင်းစေပြီး မည်သည့်အချိန်တွင်မဆို သူတို့အားလုံးကို ရှင်းလင်းပစ်ရန် ချိန်းခြောက်မှုဖြစ်စေသည်။
၎င်းသည် လရောင်မြို့သို့လာသော ရှုမိသားစုဝင်များတစ်ဦးမှ ကြိုတင်မမျှော်မှန်းခဲ့ဖူးသော အရာဖြစ်သည်။
ရှုခွင်းမင်သည်ပင် နောက်သို့ဆုတ်သွားကာ ရှန်းရူယန်က သန့်စင်ခြင်းကျောက်၏ နောက်ကြောင်းကို လိုက်နေသည်ကို အံ့ဩသွားခဲ့သည်။
***