← Chapters

ရှုခွင်းမင် ကျဆုံးခြင်း၊ ရှုမိသားစုက အနောက်ပင်လယ်မဟာမိတ်အဖွဲ့သို့ ရောက်လာခြင်း

Vol. 37 Ch. 702

ရှုခွင်းမင် ကျဆုံးခြင်း၊ ရှုမိသားစုက အနောက်ပင်လယ်မဟာမိတ်အဖွဲ့သို့ ရောက်လာခြင်း

Vol. 37 Ch. 702

ရှုမိသားစု၏ အကြီးအကဲဖြစ်သူ ရှုခွင်းမင်သည် အစ၌ သန့်စင်ခြင်းကျောက်တုံးအကြောင်းကိုသိသောသူအား ဆွဲဆောင်၍ ခေါ်ထုတ်ရန် အစီအစဉ်သည် ပြောင်းပြန်ဖြစ်သွားသည်ကို သတိပြုမိလေသည်။

သူတို့သည် အမှန်တကယ်ပင် သူတို့၏ပန်းတိုင်သို့ရောက်ကာ ငါးကိုဖမ်းမိသော်လည်း ငါးအသေးမဟုတ်ဘဲ ရှိန်စရာကောင်းသည့် ငါးမန်းဖြစ်နေခဲ့သည်။

ချက်ခြင်းပင် ရှုခွင်းမင်သည် အခြားတစ်ဖက်မှ သန့်စင်ခြင်းကျောက်တုံးအကြောင်းကို သူတို့ထံမှ သတင်းနှိုက်နိုင်ရန် မည်မျှသိနေသည်ကို စဉ်းစားဆင်ခြင်လိုက်သည်။

ရှန်းရူယန်သည် ရှုခုန်းမင်၏ တုံ့ဆိုင်းနေခြင်းနှင့် တုံ့ပြန်မှုမရှိခြင်းကို မြင်လျင် အေးစက်စွာ ထေ့ငေါ့လိုက်သည်။

ခနအကြာတွင် ရှုမိသားစု၏ကျင့်ကြံသူသည် အော်ရန်အချိန်ပင်မရှိဘဲ သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်က အမြစ်ဖြုတ်ခံလိုက်ရသည်။

ထိုအချိန်တွင်၊ ထိုမြင်ကွင်းကိုမြင်သည့် လူတိုင်းက မတတ်နိုင်ဘဲ အံဩသွားကြရသည်။

ရှန်းရူယန်သည် တကယ်ပင် သူမပြောသည့်အတိုင်းလုပ်ပေသည်။

သူမ၏ချိန်းခြောက်မှုက ဟန်ဆောင်လိမ်ညာခြင်းမဟုတ်ပါ။

အကယ်၍ အရာအားလုံးမှားယွင်းသွားလျှင် ရှုမိသားစုဝင်များက တူညီသောကံကြမ္မာနှင့် တွေ့ကြုံရလိမ့်မည်။

ရှုခွင်းမင်က ရှန်းရူယန်သည် တကယ်ပင် သူ၏မိသားစုဝင်ကို သူ၏ရှေ့၌ပင် သတ်ရဲလိမ့်မည်ဟု

မမျှော်လင့်ထားခဲ့ပေ။

၎င်းသည် သူ့အားဒေါသထွက်သွားစေသည်။

သူသည် ရှန်းရူယန်နှင့် အခြားနှစ်ဦးကို အေးစက်စွာကြည့်လိုက်သည်။

“တာအိုရောင်းရင်းတို့ ခင်ဗျားတို့ ဒါက ဘာကိုဆိုလိုတာလဲ?

ခင်ဗျားတို့တကယ်ပဲရှုမိသားစု ကျင့်ကြံသူတို့သတ်လိုက်တယ်။ ခင်ဗျားတို့ တကယ်ပဲ ကျုပ်၊ ရှုခွင်းမင်က အနိုင်ကျင့်ဖို့ လွယ်တယ်လို့ ထင်နေတာလား? ကျုပ်တို့ရဲ့ ရှုမိသားစုကို အနိုင်ကျင့်ဖို့ လွယ်တယ်လို့ ထင်နေတာလား?”

“ဟမ်။”

ထိုစကားများကိုကြားလျှင် ရှန်းရူယန်၏ မျက်လုံများက ပို၍ အေးစက်သွားသည်။

ဝုန်း…

ကောင်းကင်က မိုးကြိုးနှင့် တစ်ဖန်ထပ်၍ မြည်ဟိန်းလာခဲ့သည်။ ပြီးနောက် ဤတစ်ကြိမ်တွင် ရှုမိသားစုကျင့်ကြံသူ သုံးဦးက ချက်ခြင်းပင် ပြာကျသွားတော့သည်။

သူမက ပြောလိုက်သည်။ “ရှင်နားလည်ရမှာတစ်ခုရှိတယ်။ ကျွန်မကရှင့်ကို မေးခွန်းမေးနေတဲ့သူ၊ ရှင်ညှိနှိုင်းရမဲ့သူ မဟုတ်ဘူး။ ရှင်နားလည်လား?

ကျွန်မရှင့်ကို လွှတ်လမ်းပေးပြီးပြီ။ ရှင်ကမဖမ်းဆုပ်ခဲ့ဘဲ မတွေးသင့်တဲ့အတွေးတွေတွေးနေခဲ့တာ။ အခုမှ ဘယ်သူ့ကို ပြသနာရှာမလို့လဲ?”

ပို၍ပြင်းထန်လာသော အခြေအနေက လူတိုင်း၏အသက်ရှုသံကို ထိန်းထားသည်။ ထိုပြသနာသည် အန္တရာယ်များသော အဆင့်သို့ ရောက်လာလေသည်။

“စီနီယာအစ်ကိုယန် ကျွန်တော်တို့..?”

အခြားတစ်ဖက်တွင် ဂျူနီယာညီလေးယောင်က ဝတ်ရုံဖြူနှင့် လူကိုကြည့်ကာ တည်ငြိမ်သောအမူအရာဖြင့် မေးလိုက်သည်။

သို့ရာတွင်၊ ဝတ်ရုံဖြူနှင့်လူက ခေါင်းကိုခါလိုက်ပြီး မေးလိုက်သည်။

“ဂျူနီယာညီလေးယောင်၊ ကျုပ်နဲ့ လူအိုကြီးရှုမှာ ဘယ်သူက ပိုသန်မာတယ်လို့ထင်လဲ?”

ဂျူနီယာညီလေးယောင်က ကြားလျှင် သူသည် အတွင်းစိတ်မှ နားလည်သလောက်ဖြေလိုက်လေသည်။

“သေချာပေါက် ခင်ဗျားက သန်မာမှာပေါ့၊ ကျွန်တော်နဲ့ဆို သူနဲ့အတူတူပဲဖြစ်လိမ့်မယ်။”

ထိုစကားကိုကြားလျှင်၊ ဝတ်ရုံဖြူလူအိုက ရယ်လိုက်လေသည်။

“ဂျူနီယာညီလေးယောင်၊ မင်း ငါ့ကိုအတော်လေးမြင့်မြင့်မှန်းထားတာပဲ။

တကယ်တော့ ငါ့စွမ်းအားက လူအိုကြီးရှုထပ် နည်းနည်းမြင့်ကောင်းမြင့်နိုင်တယ်။

ဒါမဲ့ ဒါက မထင်ရှားဘူး။ စွမ်းအားကွာခြားမှုက မင်းထင်သလောက် မကြီးဘူး။

ဒါမဲ့ အဲ့ဒီက တာအိုရောင်းရင်းကိုကြည့်လိုက်။ သူက ဘယ်လောက်သန်မာလဲ?”

ဤတစ်ကြိမ်တွင် ဝတ်ရုံဖြူလူအိုက ဂျူနီယာညီလေးယောင်၏အဖြေကိုမစောင့်တော့ဘဲ ဖြေလိုက်သည်။

“ကွာခြားချက်က လောကတွေလောက်ခြားတယ်။ သူက သူရဲ့စွမ်းအား အားလုံးကိုတောင် မထုတ်ပြ ရသေးတာကို မပြောသေးနဲ့။

ဒါမဲ့ သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲကနေပြီး ရှင်းလင်းနေတာက သူက လူအိုကြီးရှုကို လက်တစ်ဖက်မြောက်ရုံနဲ့ သတ်နိုင်တယ်။

အဲ့ဒီအခြေအနေမှာ ငါတို့ ရောက်သွားရင်ကော ငါတို့ဘာလုပ်နိုင်မယ်လို့ မင်းထင်လို့လဲ?

အဲ့အချိန်မှာ၊ သူမက ငါတို့ချန်ခုန်းအထွတ်အမြတ်မြေအတွက်နဲ့ ညှာတာပေးမယ်လို့ ထင်လို့လား?

ဒါ့အပြင် သူမက လူအိုကြီးရှုကို လွတ်လမ်းပေးထားပြီးသားပဲ၊ သူကသာ မဖမ်းဆုပ်နိုင်ခဲ့တာ၊ ဒါကြောင့် သူက ဘယ်သူ့ကိုအပြစ်တင်နိုင်မှာလဲ?”

အကြီးအကဲ၏စကားကြောင့် ဂျူနီယာညီလေးယောင်က တိတ်ဆိတ်သွားခဲ့သည်။

ထိုအချိန်တွင် ရှုခွင်းမင်၏မျက်နှာက ရှုံ့မဲ့နေလေသည်။

သူသည် အခြေအနေများက ဤမျှလောက်ပြင်းထန်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူ၏မိသားစုမှ မိသားစုဝင်လေးဦးကို လူအများရှေ့တွင် သတ်ဖြတ်လိုက်ခြင်းသည် သူ့အား ပြန်ဆုတ်ရန် လမ်းမရှိဘဲဖြစ်စေခဲ့သည်။

သို့သော်သူပြန်မဆုတ်လျှင်…

ရှုခွင်းမင်က မတတ်နိုင်ဘဲ မျက်နှာများဖြူဖျော့နေသည့် ရှုဟိုင်လုံနှင့်အခြားသူများကိုကြည့်လိုက်သည်။

သူသည် ရှန်းရူယန်ယခုပင်ပြသခဲ့သော စွမ်းအားကို ပြန်ခေါ်လိုက်သည်။

ရှုခွင်းမင်က တောင်းပန်ရန် ပြုလိုက်စဉ်တွင် များစွာသော ကြောက်မက်ဖွယ်မိုးကြိုးသွားများက ရုတ်တရက် ရှုဟိုင်လုံနှင့် အခြားသူများအပေါ်တွင် ပေါ်ထွက်လာသည်။

ဝုန်း…..

ချက်ခြင်းပင် ရှုချန်ပင်း၊ ရှုဟိုင်လုံနှင့် အခြားသူများသည် ဖုန်မှုန့်အဖြစ်ပြောင်းလဲသွားကာ ရှုခွင်းမင်နှင့် မြင်တွေ့နေရသည့် အခြားသူများအား ထိတ်လန့်သွားစေသည်။

ဂျူနီယာညီလေးယောင်နှင့် ဝတ်ရုံဖြူလူအိုတို့၏အမူအရာများသည်လည်း အကြီးအကျယ် ပြောင်းလဲသွားကြသည်။

မကောင်းတော့ဘူး။

တစ်ခုခုတော့ အကြီးအကျယ်ဖြစ်တော့မယ်။

ထိုအတွေးက သူတို့၏စိတ်ထဲဖြတ်သွားပြီးသည်နှင့် ရှန်းရူယန်က စကားစတင်၍ ပြောလိုက်သည်။

“ကောင်းပြီ။ ရှင်ဘာမှပြောနေစရာမလိုတော့ဘူး။

ကျွန်မ ရှင့်ရဲ့အလောင်းကောင်ဆီကနေပဲ သတင်းယူလိုက်တော့မယ်။”

စကားပြောပြီးသည်နှင့်၊ ဓားအလင်းက လင်းလက်သွားပြီး အဆုံးမရှိသော မိုးကြိုးများက ရုတ်တရက် ရှုခုန်းမင်အား ပစ်လိုက်လေသည်။

“မင်း….”

ရှုခွင်းမင်၏မျက်နှာတွင် မယုံကြည်နိုင်မှုများ ပေါ်လာခဲ့သည်။

သူမက မည်သို့ လုပ်ရဲသနည်း? မည်သို့လုပ်ရဲသနည်း?

ဝုန်း…

ချက်ခြင်းပင် အဆုံးမရှိဝိညာဉ်အလင်းများက ရှုခွင်းမင်၏ ခန္ဓာကိုယ်မှထွက်လာခဲ့သည်။

သူ၏အရေပြားတစ်လက်မ,မကျန်၊ ဆံပင်တစ်ချောင်းမကျန်၊ အလင်းဖြင့် လင်းလက်နေသည်။

သူသည် သူ့ကိုယ်သူလောင်ကျွမ်းကာ လွတ်မြောက်ရန်နှင့် ရှင်သန်နိုင်ရန်မျှော်လင့်နေခြင်းမှာ သိသာနေသည်။

ပတ်ဝန်းကျင်မှ ဝိညာဉ်ချီများသည် သူ့ထံသို့လိမ့်တက်လာနေကာ သူ၏ အသက်ရှင်သန်နိုင်ရန်အတွက် အခွင့်အရေး ဖြစ်နိုင်ချေကို တိုးမြင့်နေကြောင်း သိနိုင်သည်။

သူသည် သူ၏ခန္တာကိုယ်ကို လုံးဝလောင်ကျွမ်းပစ်လိုက်မှသာ ယနေ့တွင် ရှင်သန်နိုင်မည်ကို သိပေသည်။

ထိုအချိန်တွင် သူသည် နောက်တနှင့်ပြည့်နေခဲ့သည်။

အကယ်၍ သူသည် ဤကဲ့သို့ဖြစ်မည်ကိုသိခဲ့လျှင်၊ သူသည် လာခဲ့မည်မဟုတ်ပါ။

သို့မဟုတ် သူသည် လက်အောက်ငယ်သားများကို ကယ်နိုင်ရန် ကြိုးစားခဲ့မည်မဟုတ်ပါ။

***

All Chapters