← Chapters

ရှုခွင်းမင်၏ကျဆုံးခြင်း၊ ရှု မိသားစုက အနောက်ပင်လယ်မဟာမိတ်အဖွဲ့သို့လာရောက်ခြင်း (2)

Vol. 37 Ch. 703

ရှုခွင်းမင်၏ကျဆုံးခြင်း၊ ရှု မိသားစုက အနောက်ပင်လယ်မဟာမိတ်အဖွဲ့သို့လာရောက်ခြင်း (2)

Vol. 37 Ch. 703

ယခုမူ အခြေအနေက ထိန်းချုပ်လို့ မရတော့ဘဲ ပြိုလဲသွားခဲ့ပြီဖြစ်သည်။

ရှန်းရူယန်သည် ကစားနေရသည်ကို စိတ်မဝင်စားတော့ချေ ။

အကယ်၍ ၎င်းသည် ရှုမိသားစုနှင့်ရန်သူပြုလုပ်ရန်ရည်ရွယ်နေသလိုဖြစ်ခဲ့လျှင်ပင်၊ သူမသည်ရှုခွင်းမင်ကိုလုံးဝအနိုင်ယူရန်ဆုံးဖြတ်ခဲ့သည် ။

ဝုန်း....!

ရုတ်တရက် ရှုခွင်းမင်၏ ပါးစပ်မှ ပုဆိန်တစ်ခုပျံသန်းလာသည် ။

၎င်းသည် လေထဲတွင်ပို၍ ကြီးမားလာပြီး လျင်မြန်စွာဖြင့် အရွယ်အစားသည် ပေထောင်ပေါင်း များစွာ ဖြစ်လာသည် ။ ၎င်းသည် ရှန်းရူယန်၏ လျှပ်စီးငါးပါးမသေမျိုးဓားကို ပြင်းပြင်းထန်ထန် တိုက်မိသွားခဲ့သည်။

ဝှစ်....

သို့ရာတွင် မျှော်မှန်းထားသည့် ပြင်းထန်သော တိုက်ခိုက်မှု ဖြစ်မလာခဲ့ပေ။

ထိုအချိန်တွင် ရှန်းရူယန်၏ လျှပ်စီးငါးပါးမသေမျိုးဓားသည် ရှုခွင်းမင်၏ ပုဆိန်နှင့်တိုက်မိပြီး ၎င်း ၏ သွပ်ကြိုးကဲ့သို့ထက်ရှသည့် ဓားအလင်းသည် ပုဆိန်၏ ဆန်းကျယ်သော ရောင်ဝါအား ထောပတ်ကိုဓားနှင့်ဖြတ်လိုက်သကဲ့သို့ အလွယ်တကူဖြတ်သန်းသွားတော့သည် ။

ဂလောင်ဟူသောအသံနှင့်အတူ ပုဆိန်က ကျသွားတော့သည်။

ရှုခွင်းမင်သည် သူ၏အတွင်းထဲမှပင် တုန်လှုပ်သွားသည် ။

ကြောက်ရွံ့မှုသည် သူ့မျက်လုံးများထဲမှ ထွက်ပေါ်လာသည်နှင့် ပါးစပ်မှလည်း သွေးများ အန်ထွက်လာတော့သည် ။

သူက အော်လိုက်လေသည်။ “ညာတာပေးပါဦး၊ နတ်သမီး။" ကျွန်တော်.."

ကျီ....

သူ၏ အသနားခံမှုကို အပြီးမသတ်နိုင်မီ ရှန်းရူယန်၏ ဓားသည် သူ့ခန္ဓာကိုယ်အား ဖြတ်သန်း သွားတော့သည် ။

ရှုခွင်းမင် ၏ နဖူးပေါ်တွင်သွေးကြောတစ်ခုလျင်မြန်စွာပေါ်လာသည် ။

သူသည် မလှုပ်မယှက်ရပ်နေပြီးနောက် ခဏအကြာတွင် သူ၏လောင်ကျွမ်းနေသော ခန္ဓာကိုယ်သည် နှစ်ပိုင်းပြတ်ကာ ကောင်းကင်မှ ပြုတ်ကျသွားလေသည် ။

ဝိညာဉ်ချီ ဆူနာမီတစ်ခုက ကောင်းကင်ပေါ် ရုတ်တရက် လိမ့်တက်လာခဲ့သည် ။

သို့သော်လည်း မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည် ။

လူတိုင်းက အံ့အားသင့်စွာ ရပ်နေကြလေသည်။

သူတို့၏အတွေးများက တုန်လှုပ်နေခဲ့သည် ။

ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်တစ်ဦးသည် ဤကဲ့သို့ ကျဆုံးသွားခဲ့ရလေသည်။

ဂျူနီယာညီလေးယောင်နှင့် အဖြူရောင်ဝတ်ရုံလူကြီးသည် မတတ်နိုင်ဘဲပင့်သက်ရှိုက်မိလေသည်။

ရှုခွင်းမင်သည် ရှန်းရူယန်နှင့် မယှဉ်နိုင်ကြောင်း သိသော်လည်း ကွာဟချက်က ဤမျှလောက် ကျယ်ပြန့်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပါ။

ဓမ္မရတနာများ လဲလှယ်မှုတစ်ခုသာဖြစ်ပြီး ရှုခွင်းမင်က ကျဆုံးခဲ့ရသည် ။

ဒီနှစ်ယောက်က ဘယ်ကလာတာလဲ?

သူတို့သည် မူလနက္ခတ်တာရာကျင့်ကြံရေးလောကတွင် တစ်ခါမှ မကြုံဖူးပါ။

ဤအခိုက်အတန့်တွင်ပင် ဂျူနီယာညီလေးယောင်နှင့် အဖြူရောင်ဝတ်ရုံလူကြီးတို့က ပြဿနာကို သတိထားမိခဲ့ကြသည်။

သူတို့သည် မတတ်နိုင်ဘဲ တယောက်နှင့် တယောက် ကြည့်လိုက်ကြသည်။

ဝှစ်....!

သို့သော် ကျန်းချန်ရွမ် နှင့် ရှန်းရူယန် တို့သည် ထိုနေရာတွင်ကြာကြာနေရန်ရည်ရွယ်ချက်မရှိပါ ။

ရှန်းရူယန် သည် ရှုခွင်းမင် ၏ သိုလှောင်လက်စွပ်ကို ချွတ်လိုက်ပြီး ကျန်းချန်ရွှမ်၊ ဟွမ်းဝမ်ယုတို့နှင့်အတူ ထွက်သွားတော့သည် ။

ဖြန်း....

သူတို့သုံးဦး ထွက်သွားပြီးနောက် မကြာခင်တွင် မူလက တိတ်ဆိတ်နေသောနေရာသည် ရုတ်တရက် အသက်ဝင်လာခဲ့သည် ။

ကြည့်နေသောသူတို့သည် ထိန်းမနိုင်သိမ်းမရဖြစ်နေကြကာ ယခုဖြစ်ပွားသွားသည့်အရာကို ဆွေးနွေးနေကြသည်။

တစ်ချိန်တည်းမှာပင် မူလနက္ခတ်တာရာကျင့်ကြံရေးလောကတစ်ဝှမ်းသို့ သတင်းသည် လျင်မြန်စွာ ပျံ့နှံ့သွားပြီး ဂယက်ထသွားစေခဲ့သည် ။

ဝိညာဉ်ဖွဲ့စည်းခြင်း ကောင်းကင်သခင် ကျဆုံးခြင်းသည် မူလနက္ခတ်တာရာကျင့်ကြံရေးလောက တစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့သည် ။

၎င်းသည် နှစ်ပေါင်းထောင်ချီအတွင်း ပထမဆုံးအကြိမ်အဖြစ် ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူ တစ်ဦးက အခြားဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူ၏ လက်ထဲ၌ သေဆုံးခဲ့ရခြင်းဖြစ်သည်။

ထိုကဲ့သို့သော သတင်းကြောင့် ပို၍ ထိတ်လန့်တုန်လှုပ်သွားကြရသည်။

......

ရှု မိသားစုတွင်ဖြစ်သည်။

ရှု မိသားစု၏ ဝိညာဉ်ဖွဲ့စည်းခြင်း ဘိုးဘေးနှစ်ဦးအနက်မှတစ်ဦးဖြစ်သူ ရှုခွင်းထျန်း သည်သူ၏ ဆက်သွယ်ရေးကျောက်စိမ်းအဆောင်ထဲမှသတင်းကို ထိတ်လန့်တုန်လှုပ်စွာဖြင့်ကြည့်လိုက်သည် ။

ရှု မိသားစု ၏ ဝိညာဉ်ဖွဲ့စည်းခြင်း ဘိုးဘေးတစ်ဦး ဖြစ်သော သူ၏ ဝမ်းကွဲဖြစ်သည့် ရှုခွင်းမင်သည် အထူးသဖြင့် သူတို့မသိသောသူတစ်ဦး၏ လက်တွင်ကျဆုံးရလိမ့်မည်ဟု သူဘယ်တော့မှ မတွေးမိခဲ့ပါ ။

"ဟိုင်ရှန် ၊ ငါမှတ်မိတာမှန်ရင် ၊ အဲဒီလူသုံးယောက်ထဲကတစ်ယောက်က အနောက်ပင်လယ်မဟာမိတ်အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင်ပဲ ၊ ဟုတ်တယ်မဟုတ်လား?"

ရှုခွင်းထျန်း က သူ့အောက်၌ ရပ်နေသော သက်လတ်ပိုင်းလူတစ်ယောက်အား မေးလိုက်သည်။

ရှုမိသားစု ၏ လက်ရှိအကြီးအကဲနှင့် အခြေတည်ဝိညာဉ်၏ သတ္တမအဆင့်ရှိကျင့်ကြံသူသည် ၊ လေးစားစွာခေါင်းညိတ်ပြီး ၊

“ဟုတ်ပါတယ် ၊ ကျုပ်တို့ရဲ့စုံစမ်းစစ်ဆေးမှုအရ ၊ အဲဒီသုံးယောက်ထဲကတစ်ယောက်က အနောက်ပင်လယ်မဟာမိတ်အဖွဲ့ရဲ့ဒုတိယခေါင်းဆောင် ဟွမ်းဝမ်ယုပါ ။"

"ဟွမ်းဝမ်ယုလား, ဟမ်?"

ရှုခွင်းထျန်း ၏ မျက်နှာသည် မှောင်မိုက်နေသည် ။

"အနောက်ပင်လယ်မဟာမိတ်အဖွဲ့ကို ကျုပ်နာမည်နဲ့ စာတစ်စောင် ပို့လိုက် ၊ သူတို့ကို ရှုမိသားစုကို ဒီဖြစ်ရပ်အတွက် ရှင်းပြချက်တစ်ခု ပေးဖို့လိုတယ်လို့ ပြောလိုက်ပါ။ မဟုတ်ရင် အနာဂတ်မှာ ရှု မိသားစုနယ်မြေကို ဖြတ်သန်းသွားနိုင်ဖို့ကို မေ့ထားလိုက်လို့ပြောလိုက်။

ထားလိုက်ပါတော့ ။ ငါအနောက်ပင်လယ်မဟာမိတ်အဖွဲ့ကို ကိုယ်တိုင်သွားမယ် ။" ထိုသို့ဖြင့် ရှုခွင်းထျန်း၏ပုံရိပ်သည် ရှုမိသားစုမှ ပျောက်ကွယ်သွားခဲ့သည် ။

အနောက်ပင်လယ်မဟာမိတ်အဖွဲ့ ။

လက်ရှိ မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ကျန်းဟန်ယွီသည် ဂျူနီယာညီလေးယောင်နှင့် ဝတ်ရုံဖြူလူကြီး အပါအဝင် ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူအများအပြားကို ဧည့်ခံနေခဲ့သည်။

သူတို့သည် ထိုဖြစ်ရပ်တွင်ပါဝင်နေသည့် သုံးဦးထဲမှ မဟာမိတ်အဖွဲ့ဝင်ဖြစ်သူ ဟွမ်းဝမ်ယုနှင့် ပတ်သက် ၍ စုံစမ်းမေးမြန်းရန် လာရောက်ခဲ့ကြခြင်းဖြစ်သည်

ထိုကာလအတွင်း၌ ဟွမ်းဝမ်ယုသည် အနောက်ပင်လယ်မဟာမိတ်အဖွဲ့မှ တရားဝင် နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း ပြင်ပလောကကို အသိပေးထားပြီးသား ဖြစ်သည် ။

သို့သော်လည်း အားလုံးအံ့အားသင့်သွားစေရန် မဟာမိတ်ခေါင်းဆောင် ကျန်းဟန်ယွီက ဟွမ်းဝမ်ယု ၏ အဆိုပြုချက်ကို ပယ်ချခဲ့သည်။

ထို့အပြင် သူသည် ဟွမ်းဝမ်ယုအတွက်ဒုတိယခေါင်းဆောင်ရာထူးကို အမြဲတမ်း ထိန်းသိမ်းထားမည်ဟုဆိုခဲ့သည် ။

ထို့ကြောင့် အနောက်ပင်လယ်မဟာမိတ်အဖွဲ့သည် သဘာဝအလျောက် လူအများ အာရုံစိုက်မှု၏ ဗဟိုချက်ဖြစ်လာခဲ့သည် ။

ထိုအချိန်တွင် ကျန်းဟန်ယွီသည် ဝတ်ရုံဖြူလူကြီးနှင့် အခြားသူများအား စကားပြောနေခဲ့သည်။ ထိုအချိန်၌ပင် ဝေးလံသော ကောင်းကင်ယံမှ ရုတ်တရက် ကြမ်းတမ်းတဲ့ အရောင်အဝါတစ်ခု ရောက်လာခဲ့သည်။

၎င်းနှင့်အတူလာသည်မှာ ဒေါသများနှင့် ပြည့်နှက်နေသော အော်ဟစ်သံတစ်ခုဖြစ်သည်။

"ကျန်းဟန်ယွီ၊ ဟွမ်းဝမ်ယုကို လွှဲပေးပါ ။

မဟုတ်ရင် ခင်ဗျားရဲ့ အနောက်ပင်လယ်မဟာမိတ်အဖွဲ့ဟာ အနာဂတ်မှာ ကျုပ် ရှုမိသားစုရဲ့ နယ်မြေကို ဖြတ်သန်းဖို့ မေ့ထားလိုက်တော့ ။"

ရှု မိသားစုမှ ရှုခွင်းထျန်း သည်သူ ၏အရောင်အဝါကိုဖုံးကွယ်ရန် မလုပ်ထားပေ။

သူ၏ စကားများ ကို အနောက်ပင်လယ်မဟာမိတ် အဖွဲ့ မှ လူတိုင်း ကြားခဲ့ ရ ပြီး ကျင့်ကြံရေးသမားများအား ဒေါသထွက်စေခဲ့သည် ။

သို့သော် ရှုခွင်းထျန်း၏ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကြောင့် မည်သူမှ သူ့ကို ပွင့်ပွင့်လင်းလင်း တုံ့ပြန်ရန် သတ္တိမရှိကြပေ ။

သူတို့၏ မဟာမိတ်ခေါင်းဆောင် ကျန်းဟန်ယွီသည် ဤသို့ခြိမ်းခြောက်မှုမျိုးကို ရင်ဆိုင်နေရချိန်တွင် တိတ်တိတ်ဆိတ်ဆိတ်နေမည် မဟုတ်ဟုယုံကြည်ခဲ့ကြသည်။

တကယ်ပင် ကျန်းဟန်ယွီသည် သူတို့ကို စိတ်ပျက်အောင်မလုပ်ခဲ့ပါ။

သူသည် အရင်ဆုံး အဖြူရောင်ဝတ်ရုံလူကြီးနှင့် အခြားသူများအား တောင်းပန်လိုက်သည်။

ထို့နောက် သူသည် လျှင်မြန်စွာအပြင်သို့ထွက်သွားပြီး ကြမ်းတမ်းစွာ ချဉ်းကပ်လာနေသည့် ရှုခွင်းထျန်းကို မြင်သည်နှင့် ချက်ချင်းပင် သူ၏ မျက်ခုံးမွှေးများကို တွန့်လိုက်ပြီး ပြောလိုက်သည် ။

"ငါ့အနောက်ပင်လယ်မဟာမိတ်အဖွဲ့မှာ လာရိုင်းပြနေတဲ့ ရှုခွင်းထျန်း၊ မင်းရူးနေပြီလား?

အကယ်၍ မင်းလုပ်နိုင်တယ်ဆိုရင် ၊ငါ့ကိုတိုက်ခိုက်မယ့်အစား မင်းရဲ့ဝမ်းကွဲကို သတ်ခဲ့တဲ့လူကို မင်းဘာကြောင့်မလိုက်တာလဲ?

အနောက်ပင်လယ်မဟာမိတ်အဖွဲ့နဲ့ ကျုပ်၊ ကျန်းဟန်ယွီက အနိုင်ကျင့်လို့လွယ်တယ်လို့ မင်းထင်နေလား ။"

သူစကားပြောနေစဉ် ကျန်းဟန်ယွီ ၏ ကိုယ်ပိုင် ရှိန်လောက်သည့် အရောင်အဝါက တက်လာကာ ရှုခွင်းထျန်းထံမှ ထွက်ပေါ်နေသော အရောင်အဝါ နှင့်တိုက်သွားသည် ။

ဝုန်း...ဝုန်း...ဝုန်း.....

မိုးကောင်းကင်တွင် ပဲ့တင်သံကြီးများ မြည်နေပြီး ပတ်ဝန်းကျင်ရှိ ဖြတ်သွားသော ကျင့်ကြံရေးသမားများအား ထိတ်လန့်တုန်လှုပ်စေခဲ့လေသည်။

"ဒါက... ဒါက? ရှု မိသားစုရဲ့ ဘိုးဘေးဖြစ်သူ ရှုခွင်းထျန်းနဲ့ အနောက်ပင်လယ်မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် ကျန်းဟွမ်ယွီတို့ပဲ။"

မကြာမီတွင်ပင် သူတို့နှစ်ဦး၏ အထောက်အထားများအား မှတ်မိသွားခဲ့ကြသည်။

မကြာသေးမီက ရှုခွင်းမင် သေဆုံးမှုအဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် အချို့က ဆက်စပ် မိသွားကာ သူတို့ ၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး ရှုခွင်းထျန်း နှင့် ကျန်းဟန်ယွီ တို့အကြား အဓိကတိုက်ပွဲတစ်ခု ဖြစ်လာတော့မည်လားဟု တွေးမိခဲ့ကြသည် ။

အကယ်၍ ထိုသို့ဖြစ်ပါက ၎င်းသည်အမှန်တကယ်ဖြစ်လိမ့်မည်...

ရှုခွင်းထျန်း သည် ကျန်းဟန်ယွီထံမှ ထိုကဲ့သို့ ခိုင်မာသော ရပ်တည်ချက်ရှိလိမ့်မည်ဟု အစက မမျှော်လင့်ခဲ့ပါ ။

ထိုအချက်က သူ၏ အမူအရာကို မဲမှောင်သွားစေခဲ့သည် ။

ကျန်းဟန်ယွီ၏ စကားများကို လျစ်လျူရှုပြီး ရှုခွင်းထျန်းက သူ့ကို စေ့စေ့ကြည့်ပြီး စကားလုံးတိုင်းကို တမင်တကာ ပြောလိုက်သည် ။

"ကျန်းဟန်ယွီ၊ မင်း ဟွမ်းဝမ်ယု ကို လွှဲပေးမှာလား ၊ မလွှဲပေးဘူးလား ။

ဒါမှမဟုတ် မင်းရဲ့ အနောက်ပင်လယ်မဟာမိတ်အဖွဲ့က ငါ့ရဲ့ ရှု မိသားစုနဲ့ အဆုံးမဲ့စစ်ပွဲတစ်ခု တကယ်ပဲ ဖြစ်ချင်တာလား ။"

ဖူး...!

ကျန်းဝမ်ယွီသည် မာနထောင်လွှားပြီးအထင်သေးသော မျက်နှာကိုထုတ်ဖော်ပြသခဲ့သည် ။

"အဆုံးမဲ့စစ်ပွဲလား ။

ရှုခွင်းထျန်း, မင်းကတကယ်ပဲ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတာပဲ။ မင်းတစ်ယောက်တည်းနဲ့လား ။ မင်းရဲ့ ရှု မိသားစုနဲ့လား ။

ရှုခွင်းထျန်း ၊ မင်းငါ့ကို အဆုံးမရှိတဲ့ စစ်ပွဲတစ်ခုနဲ့ ခြိမ်းခြောက်ဖို့ သတ္တိရှိလားဆိုတာ ငါကြည့်ပါရစေ။"

စကားပြောပြီးပြီးချင်းတွင်ပင် ကျန်းဟန်ယွီသည် ရုတ်တရက် လက်နှစ်ဖက်နှင့်စည်းတံဆိပ်ကို ဖွဲ့စည်းခဲ့သည်။

ဝုန်း! ဝုန်း! ဝုန်း!

ချက်ချင်းပင် လေဟာနယ်သည် တုန်လှုပ်သွားခဲ့သည်။

ထို့နောက်တွင် ရုတ်တရက် သူ့ပတ်ဝန်းကျင်၌ လေဆင်နှာမောင်းများ ထွက်ပေါ်လာခဲ့ပါသည်။ ထို့အပြင် တစ်ခုချင်းဆီက ရွှေရောင်နှင့် ငွေရောင်မိုးကြိုးသွားများနှင့် ဖြစ်ကာ ကြောက်မက်ဖွယ် ကောင်းသည့်စွမ်းအားကို ထုတ်လွှတ်နေခဲ့သည်။

ဂျုန်း...

အသံက မိုးကြိုးများလေထုထဲ လွင့်မျောသွားသလိုပင်ဖြစ်သည် ။

အဆိုပါ လေဆင်နှာမောင်းများသည် လျင်မြန်စွာဖြင့် တစ်ခုတည်းအဖြစ်သို့ပေါင်းစပ်သွားပြီး ပေတစ်ထောင်မှကြီးထွားလာကာ, ထို့နောက် ပေသုံးထောင်နှင့်နောက်ဆုံးတွင်ပေငါးထောင်ထိ ရောက်သွားပြီး, ရှုခွင်းထျန်းဆီသို့ တစ်ပြိုင်နက်တည်း ဖျက်ဆီးခြင်းအင်အားနှင့်အတူ ယိမ်းလာလေသည်။

***

All Chapters