ရှုမိသားစုအကြီးအကဲများအတွက် ကြီးမားသောရိုက်ချက်
Vol. 37 Ch. 700
ကျန်းချန်ရွှမ်နှင့် သူ၏အုပ်စုတို့သည် လေးစွားစွာဖြင့် အမျိုးသမီးလေလံတင်ရောင်းချသူအား ခေါင်းညိတ်ပြလိုက်သည်။
သို့သော်လည်း နောက်ပိုင်းပစ္စည်းများက သူတို့၏စိတ်ဝင်စားမှုကိုမဆွဲဆောင်နိုင်ခဲ့ပေ။
ထိုနေရာတွင် ကောင်းကင်ဘုံပျံသန်းခြင်းသလင်းကျောက်၏ အရိပ်အယောင်ပင်မရှိပါ။
ထိုအခြေအနေသည် လေလံပွဲအဆုံးအထိဖြစ်သည်။
လူတိုင်း၏ငေးကြည့်ခြင်းကိုလျှစ်လျူရှုပြီး ကျန်းချန်ရွှမ်တို့အုပ်စုသည် လေလံခန်းမမှထွက်ခွာလာပြီး လရောင်မြို့၏အပြင်ဘက်သို့ဦးတည်ထွက်သွားလေသည်။
သူတို့၏ရန်သူများက သူတို့အား ဆန်းကျယ်ရောင်ခြယ်ကျောက်တုံးကို ယူသွားသည့်အတွက် အငြိုးထားနေချိန်တွင် ကျန်းချန်ရွှမ်က သူတို့အား အခွင့်အရေးပေးရန်ဆုံးဖြတ်လိုက်သည်။
အဆုံး၌ သူသည် ရှုမိသားစုက ဆန်းကျယ်ရောင်ခြယ်ကျောက်တုံးအား မည်ကဲ့သို့ရလာခဲ့သည်ကို သိချင်စိတ်ဖြစ်နေသည်။
သူသည် ထိုအခွင့်အရေးကိုသုံးကာ သူတို့အား သေချာစွာမေးနိုင်လေသည်။
သူတို့၏ထွက်ခွာခြင်းအား သတိပြုမိကြကာ သိချင်စိတ်နှင့် တွက်ဆမှုများကိုဖြစ်ပေါ်လာစေခဲ့သည်။
လူများက ကျန်းချန်ရွမ်နှင့် အုပ်စုသည် အဘယ်ကြောင့်ထိုသို့သောသတ္တိရှိနေကြောင်း နားမလည်နိုင်ကြပေ။
သူတို့သည် ရှုမိသားစုကိုဆန့်ကျင်ထားပြီး ယခုမူလရောင်မြို့မှ ထွက်သွားရန် ရွေးချယ်လိုက်သေးသည်။
သူတို့ သေချင်နေကြတာလား?
ရှုမိသားစုသည်ပင် ကျန်းချန်ရွှမ်နှင့် သူတို့အဖွဲ့အား လရောင်မြို့မှ ထွက်သွားမည်ဟု မမျှော်လင့်ထားမိကြပေ။
သူတို့သည် လရောင်မြို့တွင် အချိန်ကြာရှည်နေရန်ပင် စီစဉ်ထားခဲ့သည်။
နောက်ဆုံးတွင်…..
ရှုချွမ်ပင်းက ရှုဟိုင်လုံအားမေးလိုက်သည်။ “အကြီးအကဲဟိုင်လုံ၊ အဲ့ဒီလူတွေကတကယ်ပဲ လရောင်မြို့က ထွက်သွားဖို့ရွေးချယ်ခဲ့တယ်။ ကျွန်တော်တို့…….?”
သူသည် အဆုံးထိမပြောသော်လည်း၊ ရှုဟိုင်လုံနှင့် အခြားသူများသည် သူ့စကား၏နောက်ကွယ်မှ ဆိုလိုသည်ကို နားလည်ကြသည်။
ရှုဟိုင်လုံ၏မျက်လုံးက အေးစက်သွားသည်။
သူ၏အကြည့်က နေရာလပ်ကိုထိုးဖောက်သွားနိုင်ပုံရပြီး လရောင်မြို့မှ ပျံသန်းထွက်ခွာနေသော ကျန်းချန်ရွှမ်နှင့် အခြားသူများအပေါါသို့ကျရောက်သွားသည်။
ရုတ်တရက် သူက အေးဆေးစွာပြောလိုက်သည်။
“သေချာတာပေါ့။
သူတို့က သေချင်နေမှတော့၊ ငါတို့ကဘာလို့ တုံ့ဆိုင်းနေတော့မလဲ?
သူတို့ လရောင်မြို့ကထွက်တာနဲ့ ငါတို့ သူတို့နောက်လိုက်မယ်။
သူတို့ဘာလုပ်မလဲဆိုတာသိချင်သေးတယ်။
သူတို့က ငါတို့ရှုမိသားစုကို စိန်ခေါ်ရဲလောက်အောင် ဘယ်သူကဒီလောက်ရဲတင်းစေနိုင်တာလဲဆိုတာသိချင်သေးတယ်။”
....
ခနအကြာတွင်၊
ကျန်းချန်ရွှမ်နှင့် အခြားနှစ်ယောက်က လရောင်မြို့မှ ထွက်လာခဲ့ပြီဖြစ်သည်။
သူတို့ပျံသန်းထွက်ခွာပြီးမကြာမီတွင်ပင် သူတို့သည် များစွာသောအင်အားကြီးသည့်အရောင်အဝါများက အနောက်မှ လိုက်လာနေကြောင်းကို ရှင်းလင်းစွာအာရုံခံမိလိုက်သည်။
ထိုအရာကိုမြင်လျှင် ကျန်းချန်ရွှမ်နှင့် အခြားသူများက ရပ်လိုက်ကာ လှည့်ကြည့်လိုက်သည်။
ကျန်းချန်ရွှမ်တို့ရပ်သွားသည်ကိုမြင်လျှင်၊ ရှုဟိုင်လုံနှင့် သူ၏လူများက လျှင်မြန်စွာလိုက်နေရာမှ၊ တစ်ခုခုလွဲမှားနေသည်ကိုသိပြီးနောက်ဆုတ်မိသွားသည်။
သို့ရာတွင် အရာအားလုံးက ထိုသို့ဖြစ်နေပြီဖြစ်ရာ ရပ်တန့်ရန် နောက်ကျသွားလေပြီဖြစ်သည်။
ထို့ကြောင့် ရှုဟိုင်လုံက ထိုနေရာတွင် ရှေ့တိုးသွားကာ စုစည်းလိုက်သည်။
အချိန်ခနလေးအတွင်းတွင်၊ အုပ်စုနှစ်ခုက မီတာရာကျော်အဝေးတွင် ရင်ဆိုင်လိုက်ကြသည်။
အခြေတည်ကျင့်ကြံသူများအနေဖြင့် ထိုအကွာအဝေးသည် မပြောပလောက်ပါ။
ရှုဟိုင်လုံနှင့် ရှုမိသားစုကျင့်ကြံသူများက တိုက်ပွဲအတွက်ပြင်ဆင်ထားပြီး ကျန်းချန်ရွှမ်တို့အုပ်စုအား ရင်ဆိုင်ရန် အသင့်ရှိပေသည်။
သို့ရာတွင် ထိုအချိန်၌ ကျန်းချန်ရွှမ်က အရင်စကားစပြောလိုက်သည်။
“ရှုမိသားစု ဟုတ်တယ်မလား?
မင်းလာပြီဆိုမှတော့ ငါတို့အရင်က ရင်ဆိုင်ရတဲ့ လေလံပွဲက အခုထိ မကျေသေးပုံပဲ။
တည့်ပဲပြောကြတာပေါ့ ငါ့မှာမင်းအတွက်မေးခွန်းတစ်ခုရှိတယ်။ အကယ်၍ ငါတို့နဲ့ ပူးပေါင်းပေးပြီး ဖြေပေရင် ဒီကိစ္စက ဖြေရှင်းပြီးသွားပြီလို့ မှတ်လိုက်မယ်။
မဟုတ်ရင်တော့ ဒီနေ့မင်းတို့အားလုံး သင်ခန်းစာကောင်းကောင်းရတော့မှာပဲ။”
ကျန်းချန်ရွှမ်၏စကားများသည် ရှုမိသားစုကျင့်ကြံသူများအား ကြောင်အသွားစေသည်။
ဘာတွေဖြစ်နေတာလဲ?
သူတို့သည် ရင်ဆိုင်တိုက်ခိုက်ရန် စတင်ခဲ့ခြင်းဖြစ်သော်လည်း ယခုမူ ကျန်းချန်ရွှမ်က ပြသနာရှာနေပုံပေါ်နေလေသည်။
ထို့အပြင်၊ အခြားတစ်ဖက်က တည်ငြိမ်နေကာ ယုံကြည်ချက်ရှိနေသည်။ ဘာတွေဖြစ်နေပါသနည်း?
သူတို့သည် တကယ်ပင် သုံးဦးတည်းနှင့် သူတို့အားလုံးကိုရင်ဆိုင်နိုင်မည်ဟုထင်နေပါသလား?
အချို့သော ကျင့်ကြံသူများက အဝေးမှ သူတို့အားကြည့်နေကြရာ အချင်းချင်းစိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။
ကျန်းချန်ရွှမ်၏စကားလုံးများက အလွန်ရဲတင်းလှပါသည်။
သူသည် ယုံကြည်ချက်ရှိနေခြင်းလား။ မာနကြီးနေခြင်းလား?
ဘေးမှကြည့်နေသူများ ထပ်မံ၍ မတွေးနိုင်သေးခင်မှာပင်၊ ရှုဟိုင်လုံ၏အမူအရာက ရုတ်တရက် အေးစက်သွားသည်။
“ဘယ်လောက်မာနကြီးလိုက်လဲ။
ငါမင်းတို့ဘာပြောနေတယ်ဆိုတာကိုမသိဘူး၊ ဒါမဲ့ ငါက ရှုမိသားစုဟာ အဖိုးတန်တဲ့ရတနာတစ်ခုကို ဆုံးရှုံးသွားရပြီဆိုတာတော့ ငါသိတယ်။
အခုပဲ ရှုမိသားစုက နတ်ဘုရားအာရုံမှာကျွမ်းကျင်တဲ့ကျင့်ကြံသူတစ်ယောက်က ကောက်ချက် ချလိုက်တာ ရှုမိသားစုကပျောက်သွားတဲ့ပစ္စည်းက မင်းတို့ဆီမှာတဲ့၊
အခု ငါမင်းကိုမေးမယ်။ အဲ့ဒီပစ္စည်းကို ငါတို့လက်ထဲ လိမ်လိမ်မာမာနဲ့ပေးမလား။ မဟုတ်ရင် ငါတို့ကိုယ်တိုင်ပဲပြန်ယူရမလား?”
“အာ”
ရှုဟိုင်လုံ၏စကားများက ဘေးမှကြည့်နေသောသူများ၏အမူအရာအား ထူးဆန်းသွားစေသည်။
တကယ်ပင် ၎င်းသည် ရှုမိသားစု၏ပုံစံဖြစ်သည်။
တရားမျှတမှုမရှိလျှင်ပင် သူတို့သည် အကြောင်းပြချက်ကို ဖန်တီးလိမ့်မည်။
အလိမ်အညာကိုဖန်တီးခြင်းနှင့် အမှန်တရားကိုရှောင်လွဲကာ သူတို့သည်ကိုယ်တိုင် မှန်သောဘက် တွင်သာ ထားတတ်သည်။
ရှန်းရူယန်က ကျန်းချန်ရွှမ်အား ရုတ်တရက် လှည့်ကြည့်လိုက်သည်။
ရိုးရိုးသားသားပြောရလျှင်၊ သူမသည် ရှုမိသားစု၏အမူအကျင့်ကို ရွံ့ရှာနေပြီဖြစ်သည်။
ထိုသို့သောသူနှင့်ရင်ဆိုင်ခြင်းသည်၊ မည်သို့ပင်ပြောပါစေ၊ အသုံးမဝင်ပါ။
သူသည် ရယ်လိုက်ကာ ရှန်းရူယန်အားခေါင်းညိတ်ပြလိုက်သည်။
“သူတို့က သေချင်နေမှတော့ သူတို့အပေါ်ဘာမှယဉ်ကျေးနေစရာမလိုဘူး။”
***