← Chapters

လျှို့ဝှက်ညနယ်ပယ်၊ ဒါဟာအိပ်မက်လား? (၂)

Vol. 37 Ch. 705

လျှို့ဝှက်ညနယ်ပယ်၊ ဒါဟာအိပ်မက်လား? (၂)

Vol. 37 Ch. 705

"ဒါဆို အဲဒါဘာလဲဆိုတာ သွားကြည့်ရအောင်" ကျန်းချန်ရွှမ်က ပြုံးကာ ပြောလိုက်သည် ။

"လျှို့ဝှက်နယ်ပယ်ထဲသွားမဲ့ ဒီခရီးက ကျုပ်တို့ရဲ့ ရည်မှန်းချက်ကို အောင်မြင်အောင် ကူညီပေးနိုင်တာ ဖြစ်ကောင်းဖြစ်နိုင်တယ် ။"

စကားပြောနေစဉ် ကျန်းချန်ရွှမ် ၊ ရှန်းရူယန် နှင့် ဟွမ်းဝမ်ယု တို့သည် အလင်းထွက်ပေါ်လာရာ အရင်းအမြစ်ဆီသို့ ဦးတည်ကာသွားလိုက်ကြသည် ။

ထိုအချိန်တွင် ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ကျန်းဟန်ယွီတို့ကဲ့သို့သော သူများစွာလည်းပါပေသည်။

ရှင်းလင်းစွာပင်၊ ထိုနေရာတွင် ထူးခြားသော အခွင့်အလမ်းတစ်ခု သေချာပေါက် ရှိနေသည်ကို လူတိုင်းက သဘောပေါက်ခဲ့ကြသည် ။

သူတို့မမျှော်လင့်ထားသော အကျိုးအမြတ်များစွာ ရလာနိုင်သည်မှာ ဖြစ်နိုင်ပါသည်။

ဝှစ်...ဝှစ်...ဝှစ်

လူပေါင်းများစွာက ထိုလမ်းကြောင်းဆီသို့ အလျင်အမြန် သွားနေစဉ် အလင်းတန်းတစ်ခုက ကောင်းကင်ကို ဖြတ်သန်းသွားလေသည်။

အစပိုင်း၌ လူတိုင်းသည် စိတ်လှုပ်ရှားပြီး ထိုနေရာသို့ စိတ်အားထက်သန်စွာ သွားနေခဲ့ကြသည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ အချို့လူများသည် ထိုလမ်းကြောင်းသို့ မည်သို့ပင် သွားနေပါစေ၊ ၎င်းတို့နှင့် ထိုနေရာအကြား အကွာအဝေးမှာ လုံးဝလျော့နည်းမသွားကြောင်း တဖြည်းဖြည်း နားလည်လာကြပေသည် ။

ထိုသူတို့ထဲတွင် များစွာသော အခြေတည်ဝိညာဉ်ကျင့်ကြံသူများပင် ပါဝင်သည်။

သူတို့ မည်မျှပင် ရှေ့ရောက်နေပါစေ၊ မနီးကပ်သွားနိုင်ကြပါ။

ချက်ခြင်းပင်၊ လူအတော်များများက နားလည်သွားကြသည်။

ကြည့်ရသည်မှာ ပေါ်ထွက်လာသည့်လျှို့ဝှက်နယ်ပယ်သို့ လူတိုင်းဝင်နိုင်ကြပုံမပေါ်ပေ။

သူ၏နည်းလမ်းအတိုင်း ဝင်ခွင့်ရသော လူများအား စစ်ဆေးနေခြင်းဖြစ်သည်။

အချိန်အတန်ကြာလွန်ပြီးနောက် ကျန်းချန်ရွှမ်၊ ရှန်းရူယန် နှင့် ဟွမ်းဝမ်ယုတို့သည်လည်း ဤအရာကို သတိပြုမိခဲ့သည် ။

သို့ရာတွင် သူတို့သည် ထိုလျှို့ဝှက်နယ်ပယ်သို့ နီးကပ်ရန် ကြိုးစားနေသော်လည်း မနီးကပ်နိုင်သော သူများကဲ့သို့ ထိုနေရာသို့ ပျံသန်းရန် အချိန်များစွာ မလိုအပ်ခဲ့ပါ ။

မကြာမီ လျှို့ဝှက်နယ်မြေ၏ အဝင်ဝကို မြင်လိုက်ရပြီးနောက်၊ အံ့သြစရာကောင်းသည်မှာ သူတို့မှလွဲ၍ တခြားမည်သူမှ မရှိခဲ့ပါ။

၎င်းသည် ဖြစ်နိုင်ပါသလား...?

ထိုအချိန်တွင် သုံးဦးသားသည် မေးခွန်းတစ်ခုတည်းကို တွေးမိလိုက်သည်။ သူတို့သည် လျို့ဝှက်နယ်မြေ၏ အဝင်ဝသို့ ပထမဆုံးရောက်လာသောသူများဖြစ်နိုင်ပါသလား?

ဝုန်း!

ထိုအတွေးက သူတို့စိတ်ကို ဖြတ်သွားချိန်၌ပင် လျှို့ဝှက်နယ်မြေ၏ အဝင်ဝ၌ ရုတ်တရက် လမ်းပွင့်သွားသည်ကို မြင်လိုက်ရသည် ။

သူတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး တုံ့ဆိုင်းမှုမရှိတော့ဘဲ အားလုံး ထိုအဝင်ဝ လမ်းကြောင်းကို အမြန်ဆုံးဝင်ရောက်သွားလေတော့သည်။

ဝှစ်....!

အမြှေးပါးများကို ဖြတ်သန်းသွားသကဲ့သို့ ခံစားလိုက်ရသည် ။

ရုတ်တရက်၊ သူတို့၏ ပတ်ဝန်းကျင်က မြင်ကွင်းများသည် ပြင်းပြင်းထန်ထန် တုန်လှုပ်လာခဲ့သည် ။

....

ကျန်းချန်ရွှမ်သည် ထပ်မံကြည့်ရှုလိုက်သောအခါ သူသည် ရုံးခန်းတစ်ခုတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည် ။

ရင်းနီးနေသော ကွန်ပျူတာ, ပါဝါပွိုင့်, ကော်ဖီတစ်ခွက်, ရင်းနီးသောလုပ်ဖော်ကိုင်ဖက်များ, ကီးဘုတ်ပေါ်မှာစာရိုက်ခြင်း၏ ရင်းနီးနေသောအသံ...

ခြုံကြည့်လိုက်သော် ရင်းနီးသောခံစားချက်များအားလုံးက ရုတ်တရက်ဆိုသလို သူ့အပေါ်တွင် သက်ရောက်မှုရှိလာခဲ့သည်။

၎င်းသည် သူက ကောင်းသောအိပ်မက်တစ်ခုမှ နိုးထလာသည်နှင့်တူပြီး ကျန်းချန်ရွှမ်အား ခဏတာ ဦးတည်ချက်မဲ့ကာ စိတ်အနှောင့်အယှက်ဖြစ်သွားစေခဲ့သည် ။

"ကျန်း ၊ နိုးပြီပဲ ။

နင် မနေ့ညက ကောင်းကောင်း မအိပ်ရသေးဘူးနေမယ် ။ ကြည့်ပါဦး။ နင့်မျက်လုံးအောက်က မျက်တွင်းတွေချိုင့်နေပြီ။ ”ရင်းနှီးကျွမ်းဝင်နေသော အမျိုးသမီးအသံက သူ့နားကို ရောက်လာခဲ့သည် ။

သူသည် အသက် (၃၀) အရွယ်ရှိကာ ရင့်ကျက်ပြီး ဉာဏ်ရည်ထက်မြက်သော အမျိုးသမီး တစ်ယောက်ဖြစ်သည်။

သူမသည် ဟွားမိုင်ချင် ဖြစ်ပြီး ကုမ္ပဏီတွင် သူ၏ဆရာဖြစ်သည် ။

“ဟုတ်တယ် ၊ မနေ့ညက ကျွန်တော် ကောင်းကောင်းမနားခဲ့ရဘူးထင်တယ် ။ ကျွန်တော့်အတွက် ဖုံးထားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"လို့ ကျန်းချန်ရွှမ် က ဟွားမိုင်ချင်နှင့် စတွေ့ချိန်ကကဲ့သို့ သူ့၏ခေါင်းကို အနေခက်စွာ ပွတ်သပ်ရင်း ပြောလိုက်သည် ။

"အို၊ နင်ငါ့ကို ဘာလို့ ဒီလောက်ယဉ်ကျေးနေတာလဲ?"

ဟွားမိုင်ချင် က အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်ဟန်ဆောင်ကာ သူမ၏ အသံတွင် ချစ်ခင်မှုဖြင့် တုံ့ပြန်လိုက်သည် ။

"အကယ်၍ နင် ကောင်းကောင်းမနားခဲ့ရရင် နေ့လယ်ပိုင်းမှာ ကောင်းကောင်းအနားယူလိုက်ပါ။

မင်းက ငယ်သေးပေမယ့် ကျန်းမာရေးကို ဂရုမစိုက်ပဲမနေပါနဲ့ ။”

"ဟုတ်ပြီ ၊ ကျွန်တော်နားလည်ပါတယ် ၊ အစ်မ ချင်။" ကျန်းချန်ရွှမ်ကခေါင်းညိတ်လိုက်သည် ။

နေ့လည်စာစားချိန်တွင် ကျန်းချန်ရွှမ်သည် ထုံးစံအတိုင်း ကုမ္ပဏီစားသောက်ဆိုင်သို့ သွားလိုက်သည် ။

သို့ရာတွင်၊ ရုတ်တရက် သူ၏ ဖုန်းထဲ မက်ဆေ့ချ်တစ်စောင် လက်ခံရရှိခဲ့လေသည် ။

၎င်းသည် "ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ တကယ့်ကို ကောင်းတဲ့ အိတ်တစ်အိတ်ကို မြင်လိုက်ရတယ် ၊ သူတို့မှာ ပရိုမိုးရှင်းတစ်ခု ရှိနေတယ် ။ ၁၈၈၈ ထဲပါ ။ ရှင် အဲ့ဒါကို ကျွန်မအတွက် လက်ဆောင်တစ်ခုအနေနဲ့ ဝယ်ပေးလို့ရမလား ။"

သိပ်မကြာခင်တွင် အိတ်ဝယ်ရန် ချိတ်ဆက်ထားသော လင့်ဖြင့် နောက်ထပ် မက်ဆေ့ချ်တစ်ခု ရောက်လာခဲ့သည်။

ဤအရာကိုမြင်သောအခါ ကျန်းချန်ရွှမ်သည် သူ၏ စိတ်နှလုံးထဲတွင်ညည်းတွားလိုက်မိတော့သည် ။

“လာမယ့်လမှာ လစာရတဲ့အထိ စောင့်နိုင်မလား?” ဟု သူကပြန်ပို့လိုက်သည် ။ "ဒီလထဲမှာ အမေ့အတွက် ဆေးကုသစရိတ်ကြီးကြီးမားမားကုန်ခဲ့တယ် ။"

ထို့နောက် သတိထားကာ နောက်ထပ် စာကြောင်းတစ်ကြောင်းကို ထပ်ထည့်လိုက်သည် ။

"လောလောဆယ် ဈေးသက်သာတဲ့ တစ်ခုကို ရွေးလိုက်ရင် ဘယ်လိုလဲ ။

နောက်လကျရင် ငါမင်းကို လစာရတဲ့အချိန် ဒီတစ်ခု ဝယ်ပေးမယ် ။ အဲ့လိုဆို ဘယ်လိုနေလဲ?"

ထိုစာကို ပို့ပြီးနောက် အခြားတစ်ဖက်မှ သိသာထင်ရှားသော တိတ်ဆိတ်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

၎င်းသည် ကျန်းချန်ရွှမ်အား ရှင်းရှင်းလင်းလင်း မသိနိုင်လောက်အောင် စိတ်လှုပ်ရှားစေပေသည် ။

တစ်ဖက်လူက သူ့စကားများအား မည်သို့တုံ့ပြန်မည်ကို သူမသိခဲ့ပါ။

ကံကောင်းထောက်မစွာနဲ့ပဲ အချိန်က သိပ်မကြာလိုက်ပါ။

ရုတ်တရက်၊ အခြားတစ်ဖက်မှ လင့်တစ်ခုနှင့် အတူ စာတစ်စောင် ပို့လာသည် ။

"နောက်လဆိုရင် ဒီတစ်ခုလိုချင်တယ် ။"

ကျန်းချန်ရွှမ်သည် ကြည့်ရှုရန် လင့်ခ်ကို နှိပ်လိုက်ရာ သူ၏ အသက်ရှူသံက ချက်ချင်း တုန်လှုပ်သွားခဲ့သည် ။

သူက ပစ္စည်းကို ကြည့်ရန်ပင်မလုပ်ဘဲ၊ ဈေးနှုန်းကိုသာ ကြည့်လိုက်သည်။

"၅၉၉၉"

သူ၏ လစဉ်လစာမှာ ခြောက်ထောင်ကျော်သာ ရှိပြီး ယခုမူ သူမသည် ၅၉၉၉ ဖြင့် တစ်ခုခု ဝယ်ချင်နေလေသည်။...

ကျန်းချန်ရွှမ်သည် နှုတ်ခမ်းများကို တင်းကျပ်စွာ စေ့လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည် ။

အခြားတစ်ဖက်မှ မက်ဆေ့ချ်များ ဆက်တိုက်ရောက်လာလေသည် ။

“ဘာပဲဖြစ်ဖြစ် ၊ ကျွန်မဂရုမစိုက်ဘူး ။ နောက်လမှာဝယ်မယ် ဆိုရင်တော့ ဒီတစ်ခုပဲ ဖြစ်ရမယ်။

မဟုတ်ရင် စိတ်အနှောင့်ယှက်မဖြစ်ပါနဲ့ ၊ ဒီလထဲမှာ တခြားတစ်ခုကို ဝယ်ရမယ် ။ ရှင်ရွေးချယ်ပါ။”

"ဟေ့ ၊ ကျန်းချန်ရွမ်၊ ရှင် ကျွန်မမက်ဆေ့ချ်တွေကိုတောင် ဖတ်နေရဲ့လား? ရှင်ဘာလို့ စာမပြန်တာလဲ?"

"ရှင့်အကောင့်ထဲမှာ ငွေအချို့ ကျန်သေးတယ်လို့ ကျွန်မမှတ်မိတယ် ၊ ဟုတ်တယ်မလား? အဲ့ဒီပိုက်ဆံကို သုံးပြီး ကျွန်မကို ဈေးသက်သာတဲ့ဟာ အခုဝယ်ပေးပါလား? ဘာပဲဖြစ်ဖြစ် ၊ ကျွန်မလည်း ရှင့်ကို ပိုက်ဆံပိုမသုံးစေချင်ဘူး?”

"ဟေ့ ရှင်ဘာလို့ စကားမပြောသေးတာလဲ ။ ရှင်ဘာမှမပြောရင် ကျွန်မတကယ်ပဲ စိတ်တိုတော့မှာနော်။ [ဒေါသထွက်နေတဲ့ အီမိုဂျီ]"

စာများကို အတားအဆီးမှတစ်ဆင့် ဖတ်ရှုနေစဉ် ကျန်းချန်ရွှမ်သည် သူ၏ နှလုံးသားအောက်ခြေမှ နက်ရှိုင်းသည့် ပင်ပန်းနွမ်းနယ်မှုကို ရုတ်တရက် ခံစားလိုက်ရသည် ။ သူ၏နဖူးကို သူ့လက်နဲ့ ပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်သည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်၊ နောက်ဆုံးတွင် သူသည် စကားပြောခန်းရှိ ပရိုဖိုင်ပုံကို နှိပ်လိုက်ပြီးနောက် မိတ်ဆွေကို ဖျက်ပစ်ရန် ခလုတ်ကို ရှာလိုက်သည် ။

ခဏမျှ တွန့်ဆုတ်ပြီးနောက် နောက်ဆုံးတွင် သူသည် ညည်းတွားကာ ခါးသီးစွာ ပြုံးလိုက်ပြီး ဖျက်သည်ကိုနှိပ်လိုက်ပြီး အတည်ပြုလိုက်လေသည် ။

ဖူး….

၎င်းသည် သူ့နှလုံးသားမှ ကြီးမားသော အလေးချိန်ကို ဖယ်ထုတ်လိုက်သလို ခံစားလိုက်ရသည် ။

သူသည် မွန်းလွဲပိုင်းတွင် အလုပ်ကို ဆက်လုပ်နေခဲ့သည် ။

သို့ရာတွင် အလုပ်မပြီးခင်၌ ဌာနမန်နေဂျာက အချိန်ပို အနည်းငယ်အလုပ်လုပ်ရန် လိုအပ်ကြောင်း လူတိုင်းကို အသိပေးခဲ့သည်။

ထို "အနည်းငယ်" က သုံးနာရီလုံး ဖြစ်သွားခဲ့လေသည် ။

ကျန်းချန်ရွှမ်သည် သူ့၏ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို မြို့ထဲမှ သူငှားရမ်းထားသော တိုက်ခန်းဆီ ပြန်ခေါ်သွားချိန်တွင်မူ ည ၁၀ နာရီနီးပါး ရှိနေပြီ ဖြစ်သည် ။

ရေချိုးပြီးနောက် အိပ်ယာထဲ လဲလျောင်းကာ မျက်နှာကျက်ကို ငေးကြည့်လိုက်ရာ သူ့ကိုယ်သူ အတွေးထဲ ပြန်လည်နစ်ဝင်သွားသည်ကို တွေ့လိုက်ရသည် ။

သူ့ဘဝက မည်သို့ဖြစ်နေသနည်း ၊ လမ်းကြောင်းမှန်ပေါ်ရောက်နေပုံရသော်လည်း၊ အစသို့ ပြန်လည်ရောက်ရှိနေပါသလား?

အလုပ်သမားလူတန်းစားတွင်၊ ၉၉၆ အလုပ်ဓလေ့ (မနက် ၉ နာရီ မှ ည ၉နာရီ တစ်ပတ် ၆ရက်)၊ ၀၀၇ အလုပ်ဓလေ့ (တစ်ရက်လျှင် ၂၄ နာရီ၊ တစ်ပတ်၇ရက်)၊ အိမ်ထောက်ဖက်တွေ့ဆုံပွဲများ, အိမ်ရာချေးငွေများ, ကားချေးငွေများ, ဆေးဘက်ဆိုင်ရာကုန်ကျစရိတ်...

ဟင်း... သူ၏အနာဂတ်သည်လည်း ထိုကဲ့သို့ပင် ဆက်သွားနေဦးမည်လား? သံသရာလည်နေသကဲ့သို့၊ အဆုံးမဲ့ ထပ်ခါထပ်ခါဖြစ်နေကာ သူ၏ယခင်ဘဝတုန်းကကဲ့သို့ ဖြစ်သည်။

သူအရင်က မက်ခဲ့သော အိပ်မက်သာ အမှန်ဖြစ်ခဲ့လျှင်..

"ကောင်းပြီလေ။"

......

ထိုအတွေးဖြင့် အစပိုင်းတွင် မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှု အရိပ်အယောင်ဖြင့် တုန်လှုပ်နေသော ကျန်းချန်ရွှမ်သည် ရုတ်တရက် မျက်စိသူငယ်အိမ်များအနည်းငယ် ကျုံ့သွားခဲ့သည် ။

အိပ်မက်လား? သူကြုံတွေ့ခဲ့သမျှ အရာအားလုံးဟာ တကယ်ပဲ အိပ်မက်တစ်ခုပဲလား ။

သူသည် ရုတ်တရက် အိပ်ရာပေါ်မှ ထလိုက်ပြီး သူ၏ မှတ်ဉာဏ်များကို အခြေခံကာ ဤလောကရှိ ဝိညာဉ်ချီကို စတင်ခံစားရန် ကြိုးစားခဲ့သည် ။

သို့သော် မရှိခဲ့ပေ ။

အချိန်ကြာမြင့်စွာ ကြိုးစားခဲ့သော်လည်း မည်သည်ကိုမှ မခံစားခဲ့ရပါ။

သို့သော်ထိုအချိန်တွင် သူယခင်က ကြုံတွေ့ခဲ့ရသည့်အရာများသည် အိပ်မက်တစ်ခုသာဖြစ်သည်ဟု သူ့နှလုံးသားက မယုံကြည်တော့ပါ။

သူသည် သူ၏ယခင်က အတွေ့အကြံများ၏ အသေးစိတ်ကို စတင်၍ ပြန်မှတ်မိရန်ကြိုးစားခဲ့လေသည်။

တဖြည်းဖြည်းနှင့် သူ့၏အရောင်အဝါသည် ပြောင်းလဲလာခဲ့သည်။

သူသည် သာမန်လူတစ်ဦးသာဖြစ်၍ ဓမ္မစွမ်းအားမရှိသော်လည်း သူ ၏ အတိတ်အတွေ့အကြုံများ အပေါ် သူ၏ ယုံကြည်ခြင်းသည် ပို၍ခိုင်မာလာ သည်နှင့်အမျှ၊ ပုန်းကွယ်ထားပုံရသည့် အရာများအား သူသည် စတင်၍ တဖြည်းဖြည်းနှင့် ဖမ်းဆုပ်မိလာခဲ့သည်။

အမှန်မှာမူ၊ အိပ်မက်အစစ်မှာ သူယခင်ကကြုံတွေ့ခဲ့ရသောအရာများမဟုတ်ပဲ သူ့ရဲ့လက်ရှိ

လက်တွေ့အရှိတရားပင်ဖြစ်သည်။...

***

All Chapters