← Chapters

အခန်း (၄၂၀)

Vol. 28 Ch. 420

အခန်း (၄၂၀)

Vol. 28 Ch. 420

“ ရွှမ်ယီ… ဘာဖြစ်လို့လဲ… မင်းတစ်ခုခုရှာတွေ့လို့လား…”

ရွှမ်ယီတွင် ဝှက်ဖဲပေါင်းများစွာ ပိုင်ဆိုင်ထားကြောင်း မိုးတိမ်အင်ပါယာ သိထားသော်လည်း ယခုစကားက ရုတ်တရက်ပြောလိုက်ခြင်းဖြစ်သည်။

အင်ပါယာတစ်ယောက်အနေဖြင့် သူ၏စကားအား ချက်ချင်းနားထောင်နိုင်မည်မဟုတ်ပေ။

ထိုအချိန်တွင် ရွှမ်ယီက သက်ပြင်းချလိုက်၏။

“ ထားလိုက်တော့… နောက်ကျသွားပြီ… “

ထိုအချိန်တွင် ရွှမ်ယီ၏ ပြောစကားအား အတည်ပြုလိုက်သကဲ့သို့ပင်။

စကားဆုံးသည်နှင့် အစိမ်းရောင်ရေဝဲကြီးက ရုတ်တရက် ပေါက်ကွဲသွားခဲ့သည်။

ဘန်း…

ပင်လယ်ရေများ ကီလိုမီတာ (၁သန်း) တိုင်တိုင်လွင့်စင်သွားခဲ့ပြီး ကောင်းကင်တစ်ခွင်လုံး ရေများဖြင့် ဖုံးလွှမ်းသွား၏။

မြင့်မြတ်ခန်းမအထက် ကောင်းကင်ယံ၌ အလွန်ကြီးမားသော မဟာအစီအရင်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

၎င်း၏ ကျောက်စိမ်းရောင်စိတ်ဝိညာဉ် နံရံများအထက်၌ တာအိုအဆင့်နှင့် အတိုင်းအဆမရှိနီးကပ်နေပြီဖြစ်သော ဆန်းကျယ်သည့် ရုန်းများ တစ်ခုပြီးတစ်ခုထွက်ပေါ်လာ၏။

၎င်းက စတင်ဖြစ်ပေါ်လာကတည်းကပဲ ရွှမ်ယီနှင့်တစ်ခြားလူများအား နေရာမှ မရွေ့နိုင်အောင် ချုပ်ထားခဲ့သည်။

မိုးတိမ်အင်ပါယာအတွက်မူ သူ့အားအဘက်ဘက်မှ တွန်းအားများ ထွက်ပေါ်လာခဲ့သည်။

သူ့အနေဖြင့် အနည်းငယ်မျှ မတုံ့ပြန်နိုင်ခဲ့ချေ။

ကမ္ဘာကြီးတစ်ခုလုံး တစ်ခုလုံး ယမ်းခါသွားသကဲ့သို့ ခံစားလိုက်ရပြီး အစီအရင်အတွင်းမှ တွန်းထုတ်ခြင်းခံလိုက်ရ၏။

ထို မဟာအစီအရင်ကြီးက ကီလိုမီတာ ထောင်ပေါင်းများစွာ ရှည်လျားကျယ်ပြန့်ပြီး နဂိုက ပြာလဲ့နေသော ကောင်းကင်ကြီးအား ကျောက်စိမ်းရောင် စိတ်ဝိညာဉ်အလွှာတစ်ခုဖြင့် အစားထိုးလိုက်သည်။ ဤကြောက်မက်ဖွယ်ဖြစ်ရပ်က မြောက်ပိုင်းနယ်သပ်မဆိုထားနှင့် တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးကပင် ၎င်းအား ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။

မဟာအစီအရင်ကြီး၏ အပြင်ဘက်တွင် မိုးတိမ်အင်ပါယာ ရပ်နေခဲ့ပြီး အတွင်း၌ ချုပ်ခံထားရသော သူ့လူများအားကြည့်ကာ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့၏။

ရွှစ်… ရွှစ်.. ရွှစ်….

ထိုအချိန်တွင် အေးစက်သော အလင်းတန်း (၃) ခု မိုးတိမ်အင်ပါယာအနီး၌ ထွက်ပါ်လာ၏။

သူတော်စင် ဂျီလန် ၊ ဟင်းလင်းပြင်သူတော်စင် နဲ့ ကောင်းကင်သူတော်စင်တို့က မိုးတိမ်အင်ပါယာအား တြိဂံပုံစံ ဝန်းရံလိုက်ကြသည်။

“ မင်းတို့ (၃) ယောက်က ငါ့ကို သတ်ချင်လို့လား… ဟမ့်… အိပ်မက်မက်နေတာပဲဖြစ်မယ်…”

အင်ပါယာအဆင့် ကျင့်ကြံသူ (၃) ယောက်က သူ့အား ဝိုင်းရံထားသော်လည်း မိုးတိမ်အင်ပါယာ၏ အသံက အလွန်တည်ငြိမ်နေခဲ့သည်။

သို့သော် သူ၏ မျက်နှာထက်မှ စိုးရိမ်နေသော အငွေ့အသက်တစ်ချို့က ဖုံးကွယ်ထား၍ မရခဲ့ချေ။

မိုးတိမ်အင်ပါယာက တောင်ပိုင်းတိုက်ကြီးမှ လူသားမျိုးနွယ် အင်ပါယာ (၃) ယောက်ထဲတွင် ကျင့်ကြံမှုအမြင့်ဆုံး ဖြစ်ပေသည်။

သူ၏ မြင့်တက်ခြင်းကောင်းကင်ဆုဒြာက သတ်ဖြတ်ခြင်းကို အားပေးသော ကျင့်စင်တစ်ခုမဟုတ်သော်လည်း သူ၏ ကျင့်ကြံမှုကမူ အလွန်မြင့်နေသေးသည်။

ထို့အပြင် သူ့ထံတွင် နတ်ဘုရားတိမ်တိုက်ကိုလည်း ပိုင်ဆိုင်ထားသေး၏။ ၎င်း၏ တိုက်ခိုက်နိုင်စွမ်းက အလွန်ပြင်းထန်ခြင်းမရှိသော်လည်း ခုခံနိုင်စွမ်းမှာမူ အဆင့်မြင့် တာအိုအဆင့်လက်နက်နှင့် ယှဉ်နိုင်စွမ်းရှိသည်။

ဤသို့ဖြင့် အင်ပါယာအဆင့် ကျင့်ကြံသူ (၃) ယောက်၏ ဝန်းရံခြင်းကို ခံထားရသော်လည်း မိုးတိမ်အင်ပါယာ အနည်းငယ်မျှ ကြောက်ရွံ့ခဲ့ခြင်းမရှိချေ။

သို့သော် ၎င်းတို့၏ စကားများက မိုးတိမ်အင်ပါယာ၏ နှလုံးသားအား‌ချောက်နက်ကြီးထဲသို့ပြုတ်ကျသွားစေခဲ့သည်။

“ ယွမ်ထျန်းဇောင်… ငါတို့က မင်းကို သတ်ရမှာတဲ့လား… မဟုတ်ဘူး… နားလည်မှုလွဲမနေနဲ့…”

ကောင်းကင်သူတော်စင်၏ မျက်နှာထက်တွင် အပြုံးတစ်ခုဖြစ်ပေါ်လာ၏။

“ လက်ရှိ ကျုပ်တို့ဘက်မှာ (၃) ယောက်ရှိနေပေမယ့် နောက်ဆုံးတိုက်ပွဲတုန်းက ခင်ဗျားရဲ့ စွမ်းအင်တွေကို သိခဲ့ပြီးပြီ… ခင်ဗျားနဲ့ (၃) ရက် (၃) ညတိုင်အောင် တိုက်ခိုက်ဖို့ စိတ်မဝင်စားဘူး…”

“ ကျုပ်တို့လုပ်ဖို့ လိုအပ်တာက ခင်များကို ဒီနေရာမှာ ဖမ်းထားရုံပဲ…”

ထိုအချိန်တွင် ဟင်းလင်းပြင်သူတော်စင်ကလည်း ဝင်ရောက်ပြီး

“ ယွမ်ထျန်းဇောင် အရမ်းစိတ်ပူမနေစမ်းပါနဲ့… ကုယွမ်နဲ့ ကောင်းကင်ဓား ရောက်လာတဲ့အချိန်ကျရင် ငါတို့မင်းကို ချက်ချင်း လွှတ်ပေးမှာပါ…”

“ အချိန်တစ်ခုရောက်တာနဲ့ မဟာအစီအရင်က သူ့ဟာသူ ပြန်ပျောက်သွားလိမ့်မယ်… ဒါပေမယ့် မင်းဆီကို ပြန်ရောက်လာမယ့်လူတွေကတော့ လူသားမျိုးနွယ်ရဲ့ အစွမ်းထက်ဆုံးကျင့်ကြံသူတွေ ဖြစ်နေတော့မှာမဟုတ်ဘူး….”

“ သူတို့က အလောင်းတွေအဖြစ်နဲ့ပဲ ပြန်ရောက်လာလိမ့်မယ်… ဘယ်လိုလဲ ယွမ်ထျန်းဇောင် ကျေနပ်ရဲ့လား…”

ပင်လယ်သားရဲ အင်ပါယာ (၃) ယောက်လှောင်ရယ်လိုက်ကြသည်။

သူတို့ ရှာတွေ့ခဲ့သော ဤလျှို့ဝှက်နယ်မြေအတွင်း၌ လေ့ကျင့်ရေး နယ်မြေပေါင်းများစွာ ရှိနေခဲ့သည်။

၎င်းတို့က ပင်လယ်သားရဲများ၏ ကျင့်ကြံမှုအရှိန်အဟုန်ကို အလွန်တိုးမြှင့်ပေးနိုင်၏။

သို့သော် ၎င်းတို့အတွက် အဓိက အဖိုးတန်ဆုံးသော အရာမှာ လျှို့ဝှက်နယ်မြေ၏ ဗဟိုချက်၌ ဖုံးကွယ်ထားသော ဘိုးဘေး ဝိညာဉ်နှင့် ထိုဗဟိုချက်အား ကာကွယ်ပေးထားသည့် မဟာ အစီအရင်ဖြစ်ပေသည်။

ဤ မဟာ အစီအရင်ကြီးအား အသက်သွင်းလိုက်သည်နှင့် အတွင်းသို့ အင်ပါယာအဆင့် ကျင့်ကြံသူများပင် ဝင်ရောက်နိုင်ခြင်းမရှိချေ။

အင်ပါယာအဆင့်အောက်မှ ကျင့်ကြံသူများသာ ထိုအတွင်း၌ သွားလာနိုင်၏။

၎င်းက ပင်လယ်သားရဲများ၏ အဓိက အစီအစဉ်အစစ်အမှန်ဖြစ်ပေသည်။

သူတို့၏ အဓိက ရည်ရွယ်ချက်က လူသားမျိုးနွယ်၏ အင်ပါယာများမဟုတ်ပဲ ကျန်ထိပ်တန်းကျင့်ကြံသူများ အပေါ်၌ဖြစ်၏။

…

ထိုအချိန်တွင် တောင်ပိုင်းတိုက်ကြီး မဟာပြိုင်ပွဲ၌…

ပြိုင်ပွဲပြီးဆုံးသွားပြီဖြစ်ပြီး ရွှမ်ယီ၏ တပည့်များက ထုံးစံအတိုင်းအစွမ်းပြခဲ့ကြသည်။

ယခင်အကယ်ဒမီကြီး (၅) ခုပြိုင်ပွဲတုန်းကကဲ့သို့ ထိပ်တန်းနေရာများအားလုံးအား သိမ်းပိုက်ခဲ့ခြင်းမဟုတ်သော်လည်း ထိပ်တန်းနေရာ အနည်းငယ်အား ရယူနိုင်ခဲ့ကြသည်။

ထို့အပြင် ၎င်းတို့အားလုံး ထိပ်ဆုံး ‌အယောက် (၂၀) ထဲ၌ ပါဝင်၏။

ယုလင်းလုံနှင့် စစ်ထူချင်တို့က ထိပ်တန်း (၃) ယောက်အတွင်း၌ပင် ပါဝင်ခဲ့သည်။

သို့သော် လက်ရှိအချိန်တွင် သူတို့မျက်နှာ၌ ပျော်ရွှင်မှုအရိပ်အယောင် အနည်းငယ်မျှ မရှိချေ။

သူတို့လက်ရှိရောက်ရှိနေသည့် ဓါး (၉) စင်းတောင်က အလွန်မြင့်မားလှသည်။

လူတိုင်း အသက်ရှူရန်ပင် မေ့နေခဲ့ကြပြီး အဆုံးမဲ့ပင်လယ်ရှိရာသို့ ငေးကြည့်နေခဲ့ကြသည်။

ထိုနေရာတွင် ထွက်ပေါ်နေသည့် ကျောက်စိမ်းရောင် အစီအရင်ကြီးက ပတ်န်းဝန်းကျင်နေရာ အများအပြားသို့ အလွန်ကြီးမားသော ဖိနှိပ်မှုများ ထုတ်လွှတ်နေခဲ့သည်။

ဓါး (၉) စင်းတောင်ထက်ဝေးကွာသော နေရာမှ လူများပင်လျှင် ၎င်းအားခံစားမိပေလိမ့်မည်။

“ ဟိုမှာ ဘာတွေဖြစ်နေတာများလဲ…”

ယုလင်းလုံက အလွန်စိုးရိမ်စွာပြောလိုက်၏။

ရွှမ်ယီ၏ တပည့်များအားလုံးလည်း စိတ်ပူနေခဲ့ကြ၏။

သူတို့၏ဆရာက မိုးတိမ်အင်ပါယာ၏ ဦးဆောင်မှုအောက်၌ အလွန်လျှို့ဝှက်သော တာဝန်တစ်ခု လုပ်ဆောင်နေကြာင်း သူတို့အားလုံးသိထားကြသည်။

သို့သော် မည်သည့်တာဝန်ဖြစ်ကြောင်း ယခုဘာတွေဖြစ်နေကြောင်း အတိအကျ မသိခဲ့ကြချေ။

“ စိတ်ပူနေစရာမလိုပါဘူး.. ဆရာက အရမ်းအစွမ်းထက်တာပဲကို… ပင်လယ်သားရဲမျိုးနွယ်က သူ့ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး… ပြီးတော့ စီနီယာ ချင်းစုန့်ကလည်း သူ့ကို အကာအကွယ်ပေးထားတာပဲလေ… ဘာပြသနာမှ မရှိနိုင်ပါဘူး…”

စီနီယာညီအကိုမောင်နှမများအားလုံး စိုးရိမ်နေကြသည်ကိုမြင်လျှင် ရှောင်ဟောင်က ဝင်ရောက်ပြီး နှစ်သိမ့်စကားဆိုလိုက်သည်။

ထိုစကားအား ကြားလျှင် လူတိုင်းစိတ်သက်သာရာ ရသွားခဲ့ကြသည်။

ရှောင်ဟောင်၏ စကားများက အလွန်အဓိပ္ပါယ်ရှိလှသည်။ သူတို့၏ ဆရာက အလွန်အစွမ်းထက်ယုံမျှမက လက်ထဲတွင်လည်း ဝှက်ဖဲများစွာ ပိုင်ဆိုင်ထားသည်။ ထို့အပြင် သူ့ကိုကာကွယ်ရန်အတွက် အင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက်တောင် ရှိနေသေး၏။

ပင်လယ်သားရဲများ မည်မျှ အစွမ်းထက်စေကာမူ ရွှမ်ယီအား ဘာမှမလုပ်နိုင်သည်မှာ သေချာပေသည်။

ရွှမ်ယီအပေါ်၌ အလွန်ယုံကြည်မှုရှိသော တပည့်များနှင့် နှိုင်းယှဉ်ပါက အင်ပါယာ ကုယွမ်နှင့် ကောင်းကင်ဓါး အင်ပါယာတို့၏အမူအယာများက အလွန်လေးနက်နေခဲ့ကြသည်။

သူတို့က လူငယ်များနှင့် မတူချေ။ မိုးတိမ်အင်ပါယာအား မဟာအစီအရင်ကြီးအတွင်းမှ တွန်းထုတ်လိုက်သည့်အချိန်မှစပြီး အဆုံးမဲ့ပင်လယ်ဘက်မှ ကြောက်မက်ဖွယ်ကောင်းသော အခြေအနေများအားလုံးကို ခံစားမိခဲ့ကြသည်။

ထိုတုန်ခါမှုက သူတို့ အင်ပါယာအဆင့် ကျင့်ကြံသူများကိုပင် အတန်ငယ် ထိတ်လန့်သွားစေခဲ့သည်။

တစ်ခဏကြာပြီးနောက် မိုးတိမ်အင်ပါယာပေးပို့လိုက်သော သတင်းစကားအား လက်ခံရရှိပြီးနောက် သူတို့၏ ထိတ်လန့်မှုများက တုန်လှုပ်ခြောက်ချားမှုအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။

“ အောက်တန်းကျတဲ့ ပင်လယ်သားရဲကောင်တွေ…”

‌ကောင်းကင်ဓါးအင်ပါယာက သူ၏လက်အတွင်းမှ အနက်ရောင်ဓါးအား ဓါးအိမ်အတွင်းမှ ဆွဲထုတ်လိုက်ပြီး အံကြိတ်ကာ တီးတိုးဆဲဆိုလိုက်သည်။ ထို့နောက် အဆုံးမဲ့ပင်လယ်ဘက်သို့ ပြေးသွားရန်ပြင်လိုက်လျှင် အင်ပါယာ ကုယွမ်က ရှေ့မှနေ၍ တားဆီးလိုက်၏။

“ ကုယွမ်… ဂျူနီယာညီလေး… မင်းဘာသဘောလဲ…”

တောင်ပိုင်းတိုက်ကြီး၌ရှိသော အင်ပါယာအဆင့် ကျင့်ကြံသူ အရေအတွက်မှာ အလွန်နည်းပါသောကြောင့် အင်ပါယာအဆင့် ကျင့်ကြံသူများက ၎င်းတို့ အချင်းချင်း ညီအစ်ကိုများအဖြစ် ခေါ်လေ့ရှိကြသည်။

ကုယွမ်က ခေါင်းယမ်းလိုက်ပြီး…

“ စီနီယာ ကောင်းကင်ဓါး… ခင်များရဲ့ ခန္ဓာကိုယ်က သိပ်ပြီး အကြာကြီး မခံနိုင်တော့ဘူး…ဓါး (၉) စင်းအမွေကို ဒီတိုင်းပျောက်ပျက်သွားစေချင်လို့လား…”

သူတို့လက်ခံရရှိခဲ့သော သတင်း၌ ဤအစီအစဉ်အား ပင်လယ်သားရဲများ စီစဉ်နေသည်မှာ တေယ်တော်ကြာပြီဖြစ်ကြောင်း ရှင်းရှင်းလင်းဖော်ပြထားခဲ့သည်။

ပင်လယ်သားရဲအင်ပါယာများက သူတို့၏ မဟာအစီအရင်ကြီးအကြောင်းအား ချဲ့ကားပြောဆိုခဲ့ကြသော်လည်း အင်ပါယာအဆင့်ကျင့်ကြံသူတစ်ယောက်ပင်လျှင် ဘာမှမလုပ်ပေးနိုင်ဘူးဟူသော စကားက အဓိပ္ပါယ်မရှိလှပေ။

အကယ်၍ အင်ပါယာကုယွမ်နှင့် အင်ပါယာ ယွမ်ထျန်းဇောင်တို့သာ ပူးပေါင်း၍တိုက်ခိုက်မည်ဆိုပါက ၎င်းအားဖျက်ဆီးနိုင်ရန် အချိန်တစ်ခုသာ လိုအပ်ပေသည်။

ရိုးရှင်းစွာပြောရမည်ဆိုလျှင် ထိုပင်လယ်သားရဲအင်ပါယာများ အင်ပါယာယွမ်ထျန်းဇောင်အား ယခုကဲ့သို့ တားဆီးထားရခြင်းမှာ မဟာအစီအရင်ကြီးအား တိုက်ခိုက်ခြင်းမှ ကာကွယ်ရန်ဖြစ်ပေသည်။

ထို့အပြင် သူတို့အနေဖြင့် မိုးတိမ်အင်ပါယာကိုလည်း စတင်တိုက်ခိုက်ဝံ့ခြင်းမရှိကြချေ။

အဘယ်ကြောင့်ဆိုသော် ၎င်းက ယခင်တိုက်ပွဲမှာတုန်းက လူသားအင်ပါယာတစ်ယောက်ကဲ့သို့ သူ့ကိုယ်သူအသေခံပြီး မိမိတို့ဘက်မှ တစ်ယောက်အား အပါခေါ်သွားမည်ကို ကြောက်နေခဲ့သည်။

လက်ရှိအချိန်တွင် ပင်လယ်သားရဲမျိုးနွယ်က ၎င်းတို့အနာဂတ်တိုးတက်ရေး အစီအစဉ်ကြီး၏ အရေးကြီးသော အချိန်အခါ၌ ကျရောက်နေခဲ့သည်။

All Chapters