← Chapters

အခန်း (၄၀၆)

Vol. 28 Ch. 406

အခန်း (၄၀၆)

Vol. 28 Ch. 406

ရွှမ်ယီ တာအိုအရင်းအမြစ်ရေကန်အတွင်းသို့ ၀င်လိုက်သည်နှင့် ရွှေနန်းတော်၀န်းကျင်၌ ရွှမ်ယီ ချထားခဲ့သော အစီအရင်များအားလုံး လှုပ်ခတ်ကာ မငြိမ်မသက်ဖြစ်သွားခဲ့သည်။

နောက်ဆုံးတွင် အစီအရင်များက အလွန်ပြင်းထန်လွန်းလှသော ချီစွမ်းအားများ၏ ဖိအား ၊ တွန်းကန်အားများကို မခံနိုင်တော့ပေ။

တစ်ခုပြီး တစ်ခုပေါက်ကွဲကာ နတ်အလင်းများ ကောင်းကင်နှင့် မြေပြင်တစ်ခွင် ဖုံးလွှမ်းခဲ့၏။

တောက်ပသော ရောင်စုံအလင်းတန်းများက တိုင်လုံးများ သဖွယ် ကောင်းကင်ထက်မှ ကျဆင်းလာရာ မည်သူမှ တိုက်ရိုက်ကြည့်ရှုနိုင်စွမ်းမရှိဖြစ်သွားသည်။

ရွှမ်ယီက တာအိုအရင်းအမြစ် ရေကန်၏ အစပ်၌ ထိုင်နေခဲ့ပြီး ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်စွမ်းအားများ ဆူပွက်လာ၏။

ထို့နောက် ကြက်သွေးရောင် ဓားအလင်းတစ်ခုက ရောင်စုံနတ်စွမ်းအင် အလင်းတိုက်လုံးများအကြားမှ ကောင်းကင်သို့ ပြေးတက်သွားခဲ့သည်။

ရွှမ်ယီက တာအိုအရင်းအမြစ်အရည်များအား စုစည်းစေလိုက်ရာ ၎င်းတို့က ရွှမ်ယီနံဘေး၌ ဝဲပျံနေသည်မှာ ရောင်စုံနတ်နဂါးများအလားပင်။

ထို့နောက် စုပ်ယူလိုက်၏။

ဒုန်း…ဒုန်း…

တာအိုအရင်းအမြစ်အရည်တန်းများအား ရွှမ်ယီ စုပ်ယူလိုက်ရာ ကန်အတွင်းမှ အလွန်ကျယ်လောင်သော အသံများ ထွက်ပေါ်လာခဲ့သည်။

မြင်ကွင်းက အံ့မခန်းပင်။

တာအိုအရင်းအမြစ်အရည်များက အလွန်တောက်ပနေပြီး ရောင်စုံနတ်နဂါးကြီးများအလား ရွှမ်ယီ ပတ်၀န်းကျင်၌ အဆက်မပြတ် ဝဲပျံနေခဲ့သည်။

ရှေးဟောင်းစစ်မြေပြင် ပြင်ပဒေသများမှ လူများလည်း သတင်းကြား၍ ကြည့်ရန် အပြေးအလွှားရောက်လာကြ၏။

“ လျှို့ဝှက်ဘုရင်က ဒဏ္ဍာရီထဲက မှတ်တမ်းတွေမှာလို ကောင်းကင်ဘုရင်အဆင့်ကို ပြီးပြည့်စုံစွာ ချိုးဖျက်နိုင်ဖို့ ကြိုးစားနေတယ်…”

ထိုသတင်းက တောင်ပိုင်းတိုက်ကြီး တစ်ခုလုံးအား ဆူပွက်သွားစေခဲ့သည်။

လူတိုင်း ကိုယ်တိုင်လာ၍ ဖြစ်စေ သတင်းကိုနားစွင့်၍ဖြစ်စေ စောင့်ကြည့်နေကြ၏။

တောင်ပိုင်းတိုက်ကြီးမဟာပြိုင်ပွဲမှ ပြိုင်ပွဲ၀င်များလည်း လက်ရှိအချိန်၌ ဆက်လက်ယှဉ်ပြိုင်ရန် စိတ်မပါကြတော့ချေ။ သူတို့အားလုံး ရှေးဟောင်းစစ်မြေပြင်သို့ အပြေးအလွှားထွက်ခွာလာကြ၏။

လျှို့ဝှက်ဘုရင်…

ထိုအမည်က တိုင်တောင်ကြီးကဲ့သို့ပင်။

၎င်းက တောင်ပိုင်းတိုက်ကြီးမှ ပါရမီရှင် လူငယ်တိုင်း နီးပါး၏ နှလုံးသားအား လွှမ်းခြုံထားသည်။

ရွှမ်ယီ မည်မျှအထိ ဆက်လက်လျှောက်လှမ်းနိုင်မည်ကို လူတိုင်း သိချင်နေကြ၏။

စိတ်ဝိညာဉ်ဒြပ်စင် (၃၂)ခု ၎င်းကပင် လူတိုင်းအား အံ့ဩထိတ်လန့်စေရန် လုံလောက်နေချေပြီ။ ယခုတွင် ရွှမ်ယီက ၎င်းအား ပြီးပြည့်စုံရန်ကြိုးစားနေ၏။

ရွှမ်ယီနှင့်ပတ်သက်၍ အကောင်းမမြင်သူ များစွာလည်းရှိပေသည်။

လူသားဘုရင်အဆင့်၌ စိတ်ဝိညာဉ်ဒြပ်စင် များများတည်ဆောက်နိုင်လေ ကောင်းကင်ဘုရင်အဆင့်သို့ ချိုးဖျက်ရ၌ ကျရောက်လာမည့် ကောင်းကင်ဘုံ အတိဒုက္ခ ( လျှပ်စီးကပ်ဘေး)က ပို၍ကြောက်မက်ဖွယ်ကောင်းလေဖြစ်သည်။

ကောင်းကင်ဘုရင်အဆင့်သို့ တက်ရောက်ပြီးဖြစ်သော လူသားဘုရင်၌ ပါရမီရှင်ဖြစ်ခဲ့သူပေါင်းများစွာ ရှိ၏။ ၎င်းအထဲ၌ လက်ရှိထက် တစ်ခု နှစ်ခု ထပ်မံတည်ဆောက်ရန် စွမ်းဆောင်နိုင်သူ များစွာရှိပေသည်။

သို့သော် မလုပ်ရဲခဲ့ကြပေ။

သူတို့ တာအိုနှလုံးသားက ကြံ့ခိုင်မှု မရှိသောကြောင့် မဟုတ်ဘဲ ကောင်းကင်ဘုံ အတိဒုက္ခက အလွန်ကြောက်မက်ဖွယ်ကောင်းပြီး မည်သူမှ လျှော့မတွက်ဝံ့သောကြောင့်ပင်။

ယခုအချိန်တွင် ရွှမ်ယီက ကောင်းကင်အား ဆန့်ကျင်သော လုပ်ရပ်ကို ပြုလိုနေပြီး လူသားဘုရင်အဆင့်နှင့် တာအိုအရင်းအမြစ်ကိုလည်း စုပ်ယူရန် ကြိုးစားနေသည်။

ကောင်းကင်ဘုရင်သို့ မချိုးဖျက်ခင် လူသားဘုရင်အဆင့်၌ ပြည့်စုံစေရန် ကြိုးစားနေ၏။

“ တကယ်ပါပဲကွာ…”

ဗဟိုသူတော်စင် အကယ်ဒမီ ဌာနမှူး ရုံခန်းအတွင်း၌ ဌာနမှူး တစ်ကိုယ်တည်း ရေရွတ်ရင်း သက်ပြင်းချလိုက်သည်။

ရွှမ်ယီ အဘယ်ကြောင့် ယခုကဲ့သို့ လုပ်လိုကြောင်း သူနားမလည်တော့ပေ။ ရွှမ်ယီက အလွန်ခေါင်းမာလွန်းလှ၏။

“ မဟုတ်သေးဘူး… ရွှမ်ယီကို ကာကွယ်ပေးဖို့ ရှေးဟောင်းစစ်မြေပြင်ကို ငါကိုယ်တိုင် သွားမယ်…”

ဆုံးဖြတ်ချက် ချပြီးနောက် ဌာနမှူး အခန်းထဲမှ ထွက်ကာ တံခါးပိတ်လိုက်ပြီး

“ အားလုံးပဲ… ငါ ရှေးဟောင်းစစ်မြေပြင်ကို သွားမလို့… အကယ်ဒမီနဲ့ နီးနီးကပ်ကပ်နေကြပါ… လူယုတ်မာတွေ အခွင့်ကောင်းမယူစေနဲ့….”

ထိုအချိန် ဓားကိုးစင်းတောင်ထိပ်၌…

ကောင်းကင်ဓားအင်ပါယာက လက်တွင်း၌ အနက်ရောင်ဓားရှည်တစ်ချောင်း ကိုင်စွဲထားပြီး ရှေးဟောင်းစစ်မြေပြင်ရှိရာဘက်သို့ ငေးကြည့်လိုက်သည်။

သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ကျေနပ်စွာပြုံးလိုက်၏။

ရွှမ်ယီ အနေဖြင့် အောင်မြင်သည်ဖြစ်စေ ရှုံးနိမ့်သည်ဖြစ်စေ အနည်းဆုံးတော့ ထိုလူငယ်က ဤခြေလှမ်းကိုလှမ်းဝံ့သေးသည်။

“ ဒီကောင်လေး… အင်း.. သူက တောင်ပိုင်းတိုက်ကြီးရဲ့ နံပါတ်(၁) ဓားကျင့်ကြံသူပဲ…”

ထိုအချိန်တွင်..

နဂါးဟိန်းသံတစ်ခုက ကောင်းကင်တစ်ခွင်လုံးသို့ လွှမ်းခြုံသွားပြီး ရှေးဟောင်းစစ်မြေပြင်အား တုန်ခါသွားစေသည်။

ရေနဂါး(၉)ကောင်က အဆုံးမဲ့သော နတ်အလင်းများဖြာထွက်လျက် ခရမ်းရောင် စစ်ရထားတစ်စင်းကို ဆွဲလာ၏။ မိုးကုတ်စက်ဝိုင်းအစွန်းမှ တိမ်များအား မျက်စိတစ်မှိတ်အတွင်း ကျော်ဖြတ်လျက် ရွှေနန်းတော် ရှိရာသို့ ရောက်လာခဲ့သည်။

တစ်ချိန်တည်းတွင် ဘုရင်အဆင့်သားရဲလေးကောင်းဆွဲသော ရထားတစင်းကလည်း ကျယ်လောင်သော မြည်သံများပေးလျက် ရောက်လာ၏။

ထောင်နှင့်ချီသော စစ်သားများ ၊ စစ်မြင်းများ ဟစ်ကြွေးနေသည့်အလားပင်။

ကြီးကျယ်ခမ်းနားသော ဖြည်တည်မှုများ လျှို့ဝှက်ဘုရင်အဆင့်တက်ခြင်းကို ကြည့်ရန် ရောက်လာကြချေပြီ။

ရွှေနန်းတော်တစ်ဝိုက် အမှောင်ထဲ၌ ပုန်းခိုနေသည့် ရှေးဟောင်းကျင့်ကြံသူများလည်း ရှိနေခဲ့သည်။ ၎င်းတို့က လက်သီးအားတင်းကြပ်စွာဆုပ်ထားပြီး နှုတ်ခမ်းထောင့်၌ အေးစက်သော အပြုံးများ ရှိနေ၏။

သူတို့အနေဖြင့် ရွှမ်ယီအား ၀င်ရောက်တိုက်ခိုက်လိုသော်လည်း တာအိုကာကွယ်သူရှိနေသဖြင့် စိတ်လိုက်မာန်ပါ မလှုပ်ရှားရဲကြချေ။

သို့သော် ရွှမ်ယီသာ ခြေတစ်လှမ်းမှားသွားပါက တာအိုအရင်းအမြစ်စွမ်းအားများ၏ တန်ပြန်ရိုက်ခတ်ခြင်းကို ခံရပေလိမ့်မည်။

ထိုအချိန်အတွင် ပတ်၀န်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားမည်ဖြစ်ကာ သူ‌တို့အနေဖြင့် လောင်စာအနည်းငယ်ထပ်ထည့်ရန်သာ လိုအပ်၏။

၎င်းက ရွှမ်ယီအား ထာ၀ရအိပ်စက်သွားစေရန် လုံလောက်သည်။

သို့သော် သူတို့ ရွှမ်ယီ၏ အဆုံးသတ်အား သေချာမတွေးတောနိုင်သေးမီ

ကောင်းကင်၌ မီတာ(၃၀၀၀)ကျော် ရှည်လျားသော ရွှေရောင် တိမ်တိုက်ကြီးတစ်ခု ထွက်ပေါ်လာ၏။

ထို့နောက် ၎င်းက ဖြည်းညှင်းစွာ အောက်သို့ နိမ့်ဆင်းလာခဲ့သည်။

ရွှေရောင်တိမ်တိုက်အထက်၌ နဂါး၀တ်ရုံ၀တ်ကာ ငွေဖြူရောင် နဂါးသရဖူအား ဆင်မြန်းထားသည့် အဘိုးအိုတစ်ဦး ရပ်နေ၏။ သူ့ပတ်၀န်းကျင်၌ အဆုံးအစမဲ့သော စွမ်းအားများ၀န်းရံနေပေသည်။

“ မိုးတိမ်အင်ပါယာ… တကယ်ကြီး မိုးတိမ်အင်ပါယာ ရောက်လာတာလား…”

ရွှေနန်းတော် ပတ်၀န်းကျင်သို့ ရောက်နေသူတိုင်း မှင်သက်သွားကြ၏။

ရွှမ်ယီ၏ အဆင့်ချိုးဖျက်ခြင်းအား အင်ပါယာတစ်ယောက်ပင် ကိုယ်တိုင် ကြည့်ရှုရန် ရောက်လာခဲ့သည်။

ရွှေရောင်တိမ်တိုက်အထက်၌ ရပ်နေသော မိုးတိမ်အင်ပါယာ၏ အကြည့်များက မကောင်းသော အကြံအစည်များရှိနေသည့် ရှေးဟောင်းကျင့်ကြံသူများထံ ထက်မြိသော ဓားသွားများအလား ကျရောက်သွားခဲ့သည်။

ထိုအခါ အားလုံး ခေါင်းငုံ့ထားလိုက်ကြ၏။ သူတို့အနေဖြင့် အင်ပါယာတစ်ယောက်အား တိုက်ရိုက်မကြည့်ရဲကြချေ။

“ ဟမ့်…”

မိုးတိမ်အင်ပါယာက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်ပြီးနောက် သူ၏ အကြည့်များအား ရွှမ်ယီထံသို့ ပြောင်းရွှေ့လိုက်သည်။

ယခုအချိန်ထိ အစိမ်းရောင်ထင်းရှူး အင်ပါယာ( ရဲ့ချင်းစုန်)က ပေါ်မလာခဲ့ချေ။ သို့သော် ၎င်းက အမှောင်ထုထဲ၌ ပုန်းနေသည့်ဟု မိုးတိမ်အင်ပါယာ ကောက်ချက်ချလိုက်ပြီး ရွှမ်ယီကိုသာ အာရုံစိုက်ကာ ဆက်ကြည့်နေလိုက်သည်။

အဆုံးမဲပင်လယ်အတွင်းမှ မူမမှန်သော လှုပ်ရှားများက တစ်နေ့တစ်ခြား ပြင်းထန်လာနေ၏။ ရွှမ်ယီအား သူအလွန်တန်ဖိုးထားသည်။ သို့ဖြစ်ရာ ရွှမ်ယီ တစ်ခုခုဖြစ်သွား၍ မရချေ။

မိုးတိမ်အင်ပါယာ သက်ပြင်းချလိုက်၏။

‘ ဒီကောင်လေး.. အရမ်းလောလွန်းတယ်…”

‘ တာအိုအရင်းအမြစ်ကို ပေါ့သေးသေးမှတ်နေတာပဲ…’

သူတို့ကဲ့သို့ အင်ပါယာအဆင့် ကျင့်ကြံသူများပင် တာအိုအရင်းအမြစ်အား သန့်စင်လိုပါက အလွန်သတိထားရမည်။

ထို့အပြင် အစိမ်းရောင် ထင်းရှူး အင်ပါယာလည်းအတူတူပင်။ သူက ရွှမ်ယီ၏ တာအိုကာကွယ်သူဖြစ်သော်ငြား ရွှမ်ယီ၏ မိုက်ရူးရဲဆန်သော လုပ်ရပ်အား မတားဆီးခဲ့ပေ။

( မှတ်ချက်- မိုးတိမ်အင်ပါယာဆိုတာ တောင်ပိုင်းတိုက်ကြီး အင်ပါယာ (၃)ယောက်ထဲက တစ်ယောက်ပါ

အင်ပါယာ ကုယွမ် ၊ အင်ပါယာ ယွမ်ထျန်းဇောင်နဲ့ အင်ပါယာ ကျူးကျန်း ။

အင်ပါယာ ကျူးကျန်းက ကောင်းကင်ဓားအင်ပါယာ ။

အင်ပါယာ ကုယွမ် နဲ့ အင်ပါယာ ယွမ်ထျန်းဇောင်တို့က

မိုးတိမ် အင်ပါယာနဲ့ စိတ်ဝိညာဉ်အင်ပါယာပါ

ဘွဲ့နာမည်တွေပေါ့

Eng ဘာသာပြန်တဲ့ Nwrက ရှင်း‌အောင်ရေးမထားလို့ ကျနော်လည်း မကွဲဖြစ်နေပါတယ်

အဆုံးမဲ့ပင်လယ်ကို သွားပြီး စူးစမ်းမယ့် အပိုင်းမှာ ပါလာမှာပါ။

အဲ့အခါကျ ကျနော်ရှင်းပေးပါမယ်ခင်ဗျာ )

C

All Chapters