← Chapters

အခန်း (၄၀၇)

Vol. 28 Ch. 407

အခန်း (၄၀၇)

Vol. 28 Ch. 407

ရုတ်တရက် အောက်ဘက်မှ လူများ၏ အော်ဟစ်သံများကြောင့် မိုးတိမ်အင်ပါယာ အတွေးလွန်နေခြင်းရပ်တန့်သွားခဲ့သည်။

ထို့ကြောင့် သူလည်း မျက်လုံးပင့်ကာကြည့်လိုက်လျှင် အံ့အားသင့်သွားခဲ့ရ၏။

တာအိုအရင်းအမြစ် ရေကန်အတွင်းတွင် ရွှမ်ယီ၏ နောက်ကျော၌ စိတ်ဝိညာဉ်ဒြပ်စင် (၃၂)ခု ကောင်းကင်သို့ မြင့်တက်သွားပြီး တောက်ပနေပုံက ကြယ်များအလားပင်။

၎င်းတို့က ဖြည်းညှင်စွာ လည်ပတ်နေခဲ့၏။

ရွှမ်ယီ စုပ်ယူခဲ့သော တာအိုအရင်းအမြစ်များလည်း တဖြည်းဖြည်း သန့်စင်လာခဲ့သည်။

ထို့နောက် စိတ်ဝိညာဉ်ဒြပ်စင် (၃၂)ခုအကြာ ဒြပ်စင်အသစ်တစ်ခု ဖြည်းညှင်းစွာ ဖြစ်တည်လာ၏။

တဖြည်းဖြည်း ၎င်းဖွဲ့စည်းနှုန်း ပိုမိုမြန်ဆန်လာခဲ့သည်။

“ သူ… သူ တကယ်ပဲလုပ်နိုင်ခဲ့တယ်…”

ထိုအချိန်တွင် ပတ်၀န်းကျင်တစ်ခုလုံး ရုတ်တရက် တုန်ခါသွား၏။

(၃၃)ခုမြောက် ဖြစ်ပေါ်လာသည့် စိတ်ဝိညာဉ်ဒြပ်စင်က အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြား အခြေအနေ၌ ရှိနေပြီး အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်ဟန် ဖြစ်နေသည်။

ဘန်း…

ရွှမ်ယီ၏ ခန္ဓာကိုယ်အတွင်းမှ မိုးခြိမ်းသံအလား အသံကျယ်ကြီးများ ထွက်ပေါ်လာ၏။

ဟွမ်ဂျီဆုဒြာ၏ ထောက်ပံ့မှုအောက်တွင် ခန္ဓာကိုယ်အတွင်း၌ စိတ်ဝိညာဉ်စွမ်းအင်များက အပ်စိုက်မှတ်များနှင် မရီဒန်များ ပေါက်ကွဲမတတ် တစ်ဟုန်ထိုးထွက်ပေါ်လာသည်။

ထိုအချိန်တွင် ရွှမ်ယီ၏ မျက်လုံးများပွင့်လာခဲ့ပြီး လက်ဟန်တစ်ခုပြုလုပ်ရင်း ဟစ်ကြွေးလိုက်၏။

“ ဖြစ်တည်စမ်း…”

အုန်း…

အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ စိတ်ဝိညာဉ်အလင်းတန်းကြီးတစ်ခု ကောင်းကင်သို့ ထိုးတက်သွားပြီး စိတ်ဝိညာဉ်ဒြပ်စင်များနှင့် ပဲ့တင်ထပ်သွားခဲ့သည်။

ထိုအခါ မူလက နှေးကွေးကာ ပျောက်ကွယ်တော့မည့်သယောင်ဖြစ်နေသည့် (၃၃)ခုမြောက် စိတ်ဝိညာဉ်ဒြပ်စင်က လျင်မြန်စွာ ဖြစ်တည်လာတော့၏။

တစ်ခဏအတွင်း ပြီးပြည့်စုံသွားခဲ့သည်။

ထို့နောက် (၃၄)ခုမြောက်…

(၃၅)ခု မြောက်….

……

တာအိုအရင်းအမြစ် ရေကန်အတွင်းမှ တာအိုအရင်းအမြစ်အရည်များကလည်း သိသာသော အရှိန်ဖြင့် လျင်မြန်စွာ လျော့ကျလာနေ၏။

တာအိုအရင်းအမြစ်အရည်မှ ဖြစ်ပေါ်နေသည့် နဂါးပုံစံအရည်တန်းများကလည်း ရွှမ်ယီ၏ အရူးအမူး စုပ်ယူမှုကြောင့် တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့သည်။

နောက်ဆုံးသော တာအိုအရင်းအမြစ်အရည်တန်းလေးအား ရွှမ်ယီ စုပ်ယူလိုက်ချိန်တွင်

ရွှမ်ယီ၏ ဦးခေါင်းထက်၌ စိတ်ဝိညာဉ်ဒြပ်စင် (၃၆)ခု ရှိနေချေပြီ။

၎င်းတို့က ကောင်းကင်ထက်၌ အလွန်တောက်ပနေခဲ့ပြီး တချို့လူများမှာ တိုက်ရိုက်ကြည့်နိုင်စွမ်းမရှိကြချေ။

ရွှမ်ယီကမူ တည်ငြိမ်စွာ ထိုင်နေခဲ့သည်။

ထိုအချိန်တွင် ကမ္ဘာကြီးအတွင်းမှ အချိန်များ အေးခဲသွားဟန်ရ၏။

ရွှမ်ယီ၏ ပုံစံက စကြာ၀ဠာကြီးအား ဖန်ဆင်းခဲ့သော ဖန်ဆင်းရှင်နတ်ဘုရားတစ်ပါး ကြယ်မြစ်ကြီးအတွင်းမှနေပြီး ကမ္ဘာကြီးအား ငုံ့ကြည့်နေသည့်အလားပင်။

“ ဟူး….”

တစ်စုံတစ်ယောက်ထံမှ သက်ပြင်းရှည်ကြီးတစ်ခု ထွက်ပေါ်လာ၏။

သူတို့အနေဖြင့် ရှေ့မျိုးဆက်များ မမြင်ခဲ့ဖူးရုံသာမက နောက်မျိုးဆက်များလည်း မြင်နိုင်ရန် မဖြစ်နိုင်သည့် ဒဏ္ဍာရီတစ်ခု ဖြစ်ပေါ်လာမှုအား မြင်ခဲ့ရသည်။

တဖြည်းဖြည်း လူတိုင်းအာရုံများ ပစ္စုပ္ပန်သို့ ပြန်လည် ရောက်ရှိလာ၏။

“ စိတ်ဝိညာဉ်ဒြပ်စင်(၃၆)ခု… လျှို့ဝှက်ဘုရင် တကယ် လုပ်နိုင်ခဲ့တာပဲ…”

“ ဒါ.. ဒါဆိုရင် ဒါက ဒဏ္ဍာရီတစ်ခု ဖြစ်သွားတော့မှာပေါ့…”

“ အလျင်စလိုကောက်ချက်မချနဲ့ဦး… ကောင်းကင်ဘုံ အတိဒုက္ခ( မိုးကြိုးကပ်ဘေး) ကျန်သေးတယ်…”

ရွှေနန်းတော် ပတ်၀န်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွား၏။ အားလုံး ထိတ်လန့် အံ့ဩကာ ဆွေးနွေးနေကြလေသည်။

မိုးတိမ်အင်ပါယာပင်လျှင် ချွင်းချက်မဟုတ်ချေ။ သူလည်း အံ့ဩနေခဲ့၏။

အမှန်တိုင်းဆိုရလျှင် လက်တွေ့ဖြစ်မလာမီ ရွှမ်ယီက ကန့်သန့်ချက်များအား ချိုးဖျက်ပြီး လူသားဘုရင်အဆင့်၌ ပြည့်စုံခြင်းသို့ ရောက်လိမ့်မည်ဟု မည်သူမှ အပြည့်အ၀ယုံကြည်ခဲ့ခြင်းမရှိချေ။

လူအုပ်ကြီး အုတ်အော်သောင်းတင်းဖြစ်ကာ ဆွေးနွေးနေချိန် ကျယ်လောင်သော မိုးခြိမ်းသံများ ထွက်ပေါ်လာ၏။

ထိုမိုးခြိမ်းသံများက ကောင်းကင်နှင့် မြေပြင်တစ်ခွင်အား တုန်ခါသွားစေပြီး ရွှမ်ယီလည်း မတ်တပ်ရပ်လိုက်သည်။

တာအိုအရင်းအမြစ်ရေကန်ကလည်း ရွှမ်ယီ၏ ခန္ဓာကိုယ်မှ စွမ်းအားများကို မခံနိုင်သည့်အလား ပေါက်ကွဲသွား၏။

စိတ်ဝိညာဉ်ဒြပ်စင် (၃၆)ခုက ကြယ်များအလား ကောင်းကင်၌ ဝံ့ကြွားစွာရှိနေခဲ့ပြီး ရွှမ်ယီ၏ အနက်ရောင်ဆံနွယ်များက လေနှင့်အတူ လွင့်မြောနေခဲ့သည်။

သူထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါက သမုဒ္ဒရာကြီးအလား ကျယ်ပြန့်ကာ နက်ရှိုင်းလွန်းလှ၏။

ဘုန်း…

ရုတ်တရက် ကောင်းကင်ထက်မှ ခရမ်းရောင် မိုးကြိုးတစ်စင်း ရွှမ်ယီထံသို့ ရုတ်တရက် ကျဆင်းလာခဲ့သည်။

မိုးကြိုးကပ်ဘေးစတင်တော့မည့်အကြောင်း သတိပေးလိုက်ခြင်းပင်။

“ ဒါ.. ဒါက ကောင်းကင်ဘုရင်အဆင့် ကောင်းကင်ဘုံ အတိဒုက္ခတဲ့လား...? ဘယ်လိုဟာသလဲ...?”

လူများ အထိတ်တလန့် အော်ဟစ်လိုက်ကြ၏။

မိုးတိမ် အင်ပါယာ၏ မျက်ခမ်းများပင် လှုပ်သွားခဲ့သည်။

ထို ခရမ်းရောင် မိုးကြိုးအတွင်း၌ ပါရှိသော စွမ်းအားများက အလွန်အစွမ်းထက်လှသည်။

ထို မိုးကြိုးတစ်စင်းမျှဖြင့်ပင် သူတို့ ကောင်းကင်ဘုရင်အဆင့်သို့ ချိုးဖျက်ခဲ့စဉ် ရင်ဆိုင်ခဲ့ရသော မိုးကြိုးကပ်ဘေးကို ကျော်လွန်နေချေပြီ။

ထို့ကြောင့် ခရမ်းရောင်မိုးကြိုးကျဆင်းလာစဉ် လူတိုင်း ထိတ်လန့်သွားခြင်းဖြစ်၏။ ရွှမ်ယီဆီသို့ ကျဆင်းလာသည့် မိုးကြိုးက ကောင်းကင်ဘုရင်တစ်ယောက်အား သတ်ပစ်နိုင်စွမ်းရှိနေသည်။

ရွှမ်ယီက လျှပ်စီးကပ်ဘေးအား ခန္ဓာကိုယ်ဖြင့် ရင်ဆိုင်ရန်အတွက် ၎င်းအား မရှောင်တိမ်းဘဲ တိမ်များအကြား တည်ငြိမ်စွာ ရပ်နေ၏။

ဘုန်း…

ရွှမ်ယီ၏ ကိုယ်တွင်းမှနေပြီး မိုးခြိမ်းသံထက် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

အင်ပါယာအဆင့်ကျင့်စဉ်ဖြစ်သော ဟွမ်ဂျီဆုဒြာအား အဆုံးအစွန်အထိ ထုတ်ဖော်အသုံးပြုလိုက်ခြင်းပင်။ အပ်စိုက်မှတ်များမှ တောက်ပသော နတ်အလင်းများ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးသို့ စွမ်းအားများဖြန့်ကျက်လိုက်ကာ မိုးကြိုးလျှပ်စီးအား ခုခံလိုက်၏။

၎င်းက သူ့အား အနည်းငယ်မျှ ထိခိုက်စေနိုင်စွမ်းမရှိချေ။

“ လျှို့ဝှက်ဘုရင်က ဓားတာအိုမှာတင် အစွမ်းထက်တာမဟုတ်ဘူး… ရုပ်ခန္ဓာကလည်း အရမ်းသန်မာတာပဲ…”

လူများ ချီးကျူးလို့ မဆုံးသေးခင် ကောင်းကင်ထက်မှ ဒုတိယ မိုးကြိုးတစ်စင်း ထပ်မံကျဆင်းလာ၏။

ထို့နောက် (၃)စင်းမြောက် ၊ (၄)စင်းမြောက် ၊ (၅)စင်း….

ဤသို့ဖြင့် မိုးကြိုးအစင်း(၈၀) ကျဆင်းပြီးနောက် ရွှမ်ယီ၏ ပတ်၀န်းကျင်တွင် ခရမ်းရောင်လျှပ်စီး ပင်လယ်ကြီးဖြစ်သွားခဲ့သည်။

၎င်းက ကောင်းကင်အတိဒုက္ခရေကန်ဖြစ်၏။

“ မယုံနိုင်စရာပဲ… မယုံနိုင်စရာကောင်းလိုက်တာ… အင်ပါယာအဆင့်ကို ချိုးဖျက်တာတောင်မှ လျှို့ဝှက်ဘုရင်ရဲ့ ကောင်းကင်ဘုရင်အဆင့် ချိုးဖျက်တာလောက် ထူးခြားမှာမဟုတ်ဘူး…”

“ လျှို့ဝှက်ဘုရင်က လူသားဘုရင်အဆင့်မှာ ပြည့်စုံခြင်းကို ရောက်ခဲ့တယ်လေ… အခုလို ကောင်းကင်ကပ်ဘေးနဲ့ ရင်ဆိုင်ရတာ ကျိုးကြောင်းသင့်တင့်ပါတယ်….”

ကြောက်မက်ဖွယ်စွမ်းအားများ တစ်ဟုန်းဟုန်း တောင်လောင်နေသည့် မိုးကြိုးတိမ်တိုက်ကြီးအားကြည့်ကာ မိုးတိမ်အင်ပါယာ အသံတိုးတိုးဖြင့် ပြောလိုက်၏။

“ ရွှမ်ယီ… သည်းခံထား.. အဲ့ဒီ ကျဆင်းလာတဲ့ မိုးကြိုးအစင်း(၈၀)က မင်းအတွက် အများကြီးအကျိုးရှိတယ်… ခုခံနိုင်ရင် မင်းရဲ့ ရုပ်ခန္ဓာက အရမ်းအစွမ်းထက်သွားလိမ့်မယ်… ရုပ်ခွန်အားသက်သက်နဲ့ အင်ပါယာတစ်၀က်အဆင့်ကို အနိုင်ယူနိုင်တဲ့အဆင့် ရောက်သွားမှာ…”

ဗဟိုသူတော်စင် အကယ်ဒမီမှ ဌာနမှူးလည်း ရောက်ရှိလာသည်။ ရောက်ရောက်ခြင်း မိုးကြိုးလျှပ်စီးများ၏ စွမ်းအားကိုမြင်လျှင် အလွန်ထိတ်လန့်သွားခဲ့၏။

သို့သော် ချက်ချင်း သတိပြန်လည်လာကာ ရွှမ်ယီထံသို့ အသံပို့လွှတ်ပြီး အားပေးစကားပြောရန်ပြင်လိုက်သည်။

ထိုအချိန်တွင် ကောင်းကင်ထက်မှ မိုးကြိုးတိမ်တိုက်ကြီးက ရုတ်တရက် ပေါက်ကွဲသွား၏။

All Chapters