အခန်း (၄၀၈)
Vol. 28 Ch. 408
ဤအချိန်တွင် မိုးတိမ်အင်ပါယာပင် တည်ငြိမ်မနေနိုင်တော့ချေ။
အဘယ်ကြောင့်ဆိုသော် မိုးကြိုးအစင်း(၈၀)ဖြင့် ဖွဲ့စည်းထားသည့် ကောင်းကင်အတိဒုက္ခ ရေကန်သာမက ကောင်းကင်ထက်၌ နောက်ထပ် မိုးကြိုး(၂၇)စင်း ထပ်မံဖြစ်တည်လာသောကြောင့်ပင်။
၎င်းတို့က ခရမ်းရောင်မိုးကြိုး လျှပ်စီးများနှင့် ဆက်နွယ်နေ၏။
မိုးကြိုးလျှပ်စီး စွမ်းအားများဖြင့် ဖွဲ့စည်းထားသည့် နဂါး(၁၀၈)ကောင်က ကီလိုမီတာပေါင်း (၁)သိန်းအထိ နေရာယူကာ ရှေးဟောင်းစစ်မြေပြင်၏ ကောင်းကင်ထက်၌ လှည့်ပတ်နေခဲ့သည်။
“ ကပ်ဘေးမိုးကြိုး(၁၀၈)စင်း… အင်ပါယာအဆင့်တွေပဲ ကြုံတွေရလေ့ရှိတဲ့ ဒဏ္ဍာရီလာ ကြက်သွေးရောင် မိုးကောင်းကင်နတ်မိုးကြိုးလည်း ပေါ်လာတယ်လား…?”
မိုးတိမ်အင်ပါယာ၏ နှလုံးသား အပြင်းအထန် လှုပ်ခတ်သွား၏။ အသက်ရှူရန်ပင် သတိမရတော့ဘဲ ရွှမ်ယီအား ငေးကြည့်နေမိသည်။
ထိုကောင်လေး လေ့ကျင့်ထားသော ကျင့်စဉ်က မည်မျှ အစွမ်းထက်သနည်း…?
သူ၏ အခြေခံအုတ်မြစ်ကရော မည်မျှ နက်ရှိုင်းသနည်း...?
ဟိုတလောက မိုးကြိုးအင်ပါယာ လီချင်းယန် အဆင့်တက်ခဲ့စဉ်ကပင် မိုးကြိုးအစင်း(၈၀)သာ ကျဆင်းခဲ့၏။
လီချင်းယန်နှင့် ရွှမ်ယီတို့ ရင်ဆိုင်ရသော မိုးကြိုးများက စွမ်းအားခြင်းမတူညီသော်ငြား မိုးကြိုးလျှပ်စီးများ၏ အရေအတွက်ကိုကြည့်မည်ဆိုလျှင် ရွှမ်ယီ၏ ကျင့်စဉ်နှင့် အခြေခံအုတ်မြစ်များက လီချင်းယန်ထက် အပြတ်အသတ် သာလွန်နေကြောင်း မြင်နိုင်သည်။
ကောင်းကင်ဘုရင်အဆင့် မိုးကြိုးကပ်ဘေး၌ပင် ထိုကဲ့သို့ ထူးခြားမှုနှင့် စွမ်းအားများရှိနေပါက ရွှမ်ယီသာ အင်ပါယာအဆင့်သို့ ချိုးဖျက်လျှင် မည်သို့ ရှိမည်နည်း။
ဂျိန်း.. ဘန်း…
မိုးခြိမ်းသံများက စစ်ပွဲအတွင်း၌ ထောင်နှင့်ချီသော မြင်းများ ပြေးလွှားနေသည့်အလားပင်။ ကောင်းကင်ထက်မှ ကြက်သွေးရောင် မိုးကောင်းကင် နတ်မိုးကြိုးများမပါ၀င်ဘဲ ကောင်းကင်အတိဒုက္ခရေကန်အတွင်းမှ မိုးကြိုးလျှပ်စီး နဂါးများက ရွှမ်ယီအား လှည့်ပတ်နေပြီး မိုးကြိုးလျှပ်စီးများအကြား နစ်မြုပ်သွားစေရန် ကြိုးပမ်းနေခဲ့သည်။
လက်ရှိအချိန်တွင် ရွှမ်ယီက လျှပ်စီးပင်လယ်ကြီး၏ အလယ်ဗဟို၌ ရှိနေသည်။ ဟွမ်ဂျီဆုဒြာအား အပြင်းအထန်လှည့်ပတ်ပြီး ကာကွယ်ထားသော်လည်း အရေပြားများ ပြဲစုတ်ကာ အသားများကွဲပြီး သွေးများစီးကျလာခြင်းကို မတားဆီးနိုင်ခဲ့ချေ။
သို့သော် ရွှမ်ယီက အနည်းငယ်မျှ ထိတ်လန့်မသွားပေ။ ထိုအစား တိုက်ခိုက်လိုစိတ်များသာ ပိုမိုမြင့်မားလာခဲ့သည်။
ထို မိုးကြိုးလျှပ်စီးများက သူ့၏ ခန္ဓာကိုယ်အား ဖျက်ဆီးနေသော်လည်း တစ်ချိန်တည်းတွင် ၎င်းက အသက်ဓာတ်များလည်း ဆောင်ကျဉ်းပေးနေကြောင်း သူခံစားမိနေ၏။
ဟွမ်ဂျီဆုဒြာ ရူးသွပ်ဖွယ်အချိန်ဖြင့် လှည်ပတ်လာခဲ့သည်။ ၎င်းက သူ၏ ခန္ဓာကိုယ်အား ကုစားပေးနေပြီး ပျက်စီးသွားသော နေရာများ ပြန်လည်ဖြစ်တည်လာတိုင်း ဘယ်တုန်းကမှ မကြုံးဖူးသော အကျိုးကျေးဇူးများကို ရရှိနေ၏။
လျှပ်စီးပင်လယ်ကြီး၏ အလယ်တွင် ရွှမ်ယီ ပြန်လည် မွေးဖွားလာသည့်အလားဖြစ်နေပြီး စွမ်းအားများလည်း တရိပ်ရိပ်တိုးပွားလာခဲ့သည်။
အုန်း.. ဘန်း…
မိုးကြိုးနဂါး (၃၆)ကောင်နှင့် အဆက်မပြတ် တိုက်ခိုက်ပြီးချိန်တွင် ရွှမ်ယီ၏ ခန္ဓာကိုယ်လည်း အပြင်းအထန် ပျက်စီးနေချေပြီ။
စိတ်ဝိညာဉ်ဒြပ်စင် (၃၆)ခုကလည်း အလွန်မှိန်ဖျော့နေပြီဖြစ်ပြီး အချိန်မရွေး ပျောက်ကွယ်သွားတော့မည့် အလားထင်မှတ်ရ၏။
“ လျှို့ဝှက်ဘုရင် ဆက်ပြီး တောင့်မခံနိုင်တော့ဘူး…”
တစ်စုံတစ်ယောက်က အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်၏။ သူ့စကားသံထဲတွင် တုန်လှုပ်မှုများလည်း ရောယှက်ပါ၀င်နေသည်။
“ (၁၀၈)စင်းသော မိုးကြိုးကပ်ဘေးက သူ့အတွက် ကြီးမားတဲ့ အတားအဆီးကြီးတစ်ခုပဲ… လျှို့ဝှက်ဘုရင်က ဘယ်လောက်ပဲ သန်မာနေပါစေ လူသားဘုရင်တစ်ယောက် ဖြစ်နေဆဲပဲလေ… အဲ့ထဲ့က ခရမ်းရောင် မိုးကြိုးနဂါး တစ်ကောင်က အထွတ်အထိပ်ကောင်းကင်ဘုရင်အဆင့် တစ်ယောက်ကို အသာလေးသတ်နိုင်တယ်… လျှို့ဝှက်ဘုရင်က မိုးကြိုးနဂါး(၃၆)ကောင်ကို ရှင်းပစ်ခဲ့ပြီးသွားပြီး… ဆက်ပြီး တောင့်မခံနိုင်တော့တာက သဘာ၀ကျပါတယ်…”
အသက်အရွယ်ကြီးရင့်သော ကောင်းကင်ဘုရင်တစ်ယောက်က ရွှမ်ယီ၏ လက်ရှိအခြေအနေအား ဝေဖန်သုံးသပ်လိုက်သည်။
ထိုအခါ လူပေါင်းများစွာတို့ ၀မ်းနည်းစွာ သက်ပြင်းချလိုက်ကြ၏။
ရှေးဟောင်းကျင့်ကြံသူများမှလွဲပြီး တောင်ပိုင်းတိုက်ကြီးမှ လူတိုင်းနီးပါး ၀မ်းနည်းသွားကြလေသည်။
ရွှမ်ယီက တောင်ပိုင်းတိုက်ကြီး၌ များပြားလှသော မှတ်တမ်းများနှင့် ကြီးကျယ်ခမ်းနားသော အောင်မြင်မှုအား ဆောင်ရွတ်ခဲ့၏။
အဆုံးမဲ့ ပင်လယ်တိုက်ပွဲ၌ ဖြစ်စေ ၊ ရှေးဟောင်းဘုရင်များနှင့် ပတ်သက်၍ဖြစ်စေ ၎င်း၏ ဆောင်ရွတ်မှုများကို မြင်နိုင်သည်။
မကောင်းသော ရည်ရွယ်ချက် ရှိနေသူများမှ လွဲလျှင် လူတိုင်းနီးပါး ရွှမ်ယီက ဒဏ္ဍာရီများအား ချိုးဖျက်နိုင်ရန် မျှော်လင့်နေခဲ့ကြသည်။
ရွှမ်ယီအား ပြိုင်ဘက်အဖြစ် ရှုမြင်ထားကြသော ပါရမီရှင်များပင်လျှင် ထိုသို့ဖြစ်လာစေရန် မျှော်လင့်နေကြ၏။
“ လျှို့ဝှက်ဘုရင် အောင်မြင်အောင်လုပ်နိုင်ရင် ငါတို့လည်း လုပ်နိုင်လိမ့်မယ်…”
ထိုအတွေးက အလွန်မောက်မာဟန်ရသော်လည်း သဘာဝကျပေသည်။
သို့သော် ကြောက်မက်ဖွယ် လျှပ်စီးကပ်ဘေးအား မျက်မြင်တွေ့လိုက်ရပြီးနောက် သူတို့အတွေးများက လက်တွေ့မကျသော မျှော်လင့်ချက်များသဖွယ် ဖြစ်သွားခဲ့ရသည်။
“ လျှို့ဝှက်ဘုရင်မထိန်းနိုင်တော့ရင် ဘယ်လိုလုပ်မလဲ…”
“ ဒဏ္ဍာရီတွေက ဒဏ္ဍာရီတွေပဲလေ… ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲပြီး ဒဏ္ဍာရီတွေထဲကအတိုင်းဖြစ်အောင်ကြိုးစားနေကြတဲ့လူတွေက ကိုယ့်ပျက်ဆီးမှုကို လိုက်ရှာနေကြတာပဲ…”
လူအုပ်ကြီးအတွင်းမှ တစ်စုံတစ်ယောက်က မသိမသာလှောင်ပြောင်စကားဆိုလိုက်သည်။
“ သူများအနောက်မှာပုန်းနေပြီး လက်သီးပုန်းပဲထိုးတတ်တဲ့ကောင်… ထွက်လာခဲ့စမ်း…”
ထိုစကားများအားကြားလျှင် ရွှမ်ယီ၏တပည့်များအားလုံး အလွန်ဒေါသထွက်သွားခဲ့ကြသည်။ ၎င်းတို့၏ ဓါးအလင်းများ ကောင်းကင်သို့ ဖြာတက်သွားသော်လည်း ထိုအထဲမှ အတည်ငြိမ်ဆုံးဖြစ်သော ကုယီယီက အားလုံးကို ဖိနှိပ်ထားလိုက်၏။
“ အဲ့ဒီ ကြွက်လိုကောင်တွေကို လွှတ်ထားလိုက်စမ်းပါ… သူတို့နဲ့နောက်မှ စာရင်းရှင်းလို့လည်းရတယ်…”
ထိုအခါ ကျန်းချန်နှင့် ကျန်လူများ ဒေါသထွက်နေသော မျက်ဝန်းများဖြင့် အံကြိတ်ကာ ၎င်းတို့၏ ဓါးများပြန်လည်ရုတ်သိမ်းလိုက်သည်။ ထို့နောက် သူတို့က ရွှမ်ယီအား စိုးရိမ်စွာကြည့်လိုက်ကြ၏။
ဘုန်း…
ကောင်းကင်ထက်မှ မိုးကြိုးနဂါး (၄၄) ကောင်က လျှပ်စီးအလင်းများဖြင့် တောက်ပနေသောရေကန်ထဲသို့ တစ်ပြိုင်နက်ဆင်းသက်လာခဲ့ကြသည်။ ၎င်းတို့က ရွှမ်ယီအား တစ်ခါတည်းချေမှုန်းပစ်ချင်နေဟန်ရ၏။
ဟင်း…
မိုးတိမ်အင်ပါယာ သက်ပြင်းချလိုက်သည်။ သူ့အနေဖြင့် ဆက်လက်ကြည့်ရှုရန်ပင် အားမရှိတော့ချေ။
ကောင်းကင်အတိဒုက္ခများက အလွန်ခန့်မှန်းရ ခက်လှသည်။ ၎င်းတို့ကျဆင်းနေချိန်တွင် ပြင်ပလူများ လုံးဝ ဝင်ရောက်စွတ်ဖက်၍မရပေ။
မဟုတ်ပါက ပိုမိုကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးများ ကျဆင်းလာမည်ဖြစ်ပြီး ဝင်ရောက်စွတ်ဖက်သူကိုလည်း တစ်ပြိုင်တည်း ချေမှုန်းပစ်လိုက်ပေလိမ့်မည်။
ထိုအချိန်တွင် လျှပ်စီးအလင်းများဖြင့် တောက်ပနေသော ရေကန်အတွင်း၌ သွေးစက်များ နေရာအနှံ့သို့ ပျံ့လွင့်နေပြီး အရိုးအက်ကွဲသံများ တကျွတ်ကျွတ် ထွက်ပေါ်နေ၏။
မိုးကြိုးများက ရွှမ်ယီ၏ ခန္ဓာကိုယ်အား မည်မျှ ဖျက်ဆီးနေကြောင်း မည်သူသိနိုင်မည်နည်း။
လူတိုင်း၏ မျက်ဝန်းများ လျှပ်စီးရေကန်အတွင်းသို့သာ အာရုံစိုက်ထားကြသည်။
“ ဒီလို မိုးကြိုးကပ်ဘေးကို ဘယ်သူမှ ခံနိုင်မှာ မဟုတ်လောက်ဘူး… ဟုတ်တယ်မလား…”
“ ဒါတောင်မှ ကြက်သွေးရောင် မိုးကောင်းကင် နတ်မိုးကြိုး (၂၇) ခု ဆင်းမလာသေးဘူး… ဒဏ္ဍာရီတွေက ဒဏ္ဍာရီတွေပါပဲလေ…”
ရွှေနန်းတော်ပတ်ဝန်းကျင်မှ လူများ ငြီးတွားလိုက်ကြသည်။ သို့သော် တစ်ခဏအကြာတွင် လျှပ်စီးရေကန်အတွင်းမှ နဂါးဟိန်းသံကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
လူတိုင်း အံ့ဩသွားကြ၏။ ထို့နောက် မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် လျှပ်စီးရေကန်အတွင်းသို့ ကြည့်လိုက်ကြသည်။