← Chapters

အခန်း (၄၁၃)

Vol. 28 Ch. 413

အခန်း (၄၁၃)

Vol. 28 Ch. 413

အစပိုင်းတွင် သူအဆင့် ချိုးဖျက်ခဲ့ပြီးစဉ်က (၇) သွယ်ဘုရင်အား လက်ချည်းသက်သက် သတ်ဖြတ်နိုင်လိမ့်မည်ဟု ခန့်မှန်းခဲ့သည်။

ဖန်ဂျီဓါးနှင့် ပေါင်းစပ်လိုက်ပါက ပထမအဆင့် အတိဒုက္ခကို ဖြတ်ကျော်ထားသော အင်ပါယာအဆင့် ကျင့်ကြံသူနှင့် ယှဉ်နိုင်လိမ့်မည်ဟု ထင်မှတ်မိခဲ့သော်လည်း ယခုအချိန်တွင် ထိုသို့ လုပ်နိုင်မည်မဟုတ်ကြောင်းနားလည်သွား၏။

ဤသို့‌ဖြင့် ယဲ့ချင်းစုန် ၊ လီချင်းရန် ၊ ကုယွမ် နှင့် ကျန်အင်ပါယာများ၏ စွမ်းအားကို ရွှမ်ယီ လေးနက်စွာ နားလည်သွားခဲ့သည်။

အင်ပါယာအဆင့်နှင့် ဘုရင်အဆင့် ကြားမှ ခြားနားချက်မှာ အလွန်ကြီးမားလွန်းလှသည်။

ကောင်းကင်နှင့်မြေကြီးအကြားမှ ကွာခြားချက်ထက်ပင် ပိုနေနိုင်၏။

သို့သော် သူ ဒုတိယအကြိမ် ပြန်လည်ပေါင်းစည်းထားသည့် ရွှေရောင်ဒြပ်စင်များတွင် ထူးခြားဆန်းကျယ်သော စွမ်းအားတစ်ခု လျှို့ဝှက်စွာ ပါဝင်နေပုံရသည်။

သူ၏ စိတ်ဝိညာဉ်စွမ်းအင်များက မည်သည့်အရောင်မှ မရှိသည့်ပုံစံမှ ရွှေရောင်သို့ ပြောင်းလဲသွားခဲ့၏။

ရွှမ်ယီမဆိုထားနှင့် ထိုပြောင်းလဲမှုကြောင့် ပင်းယုပင်လျှင် အလွန်အံ့အားသင့်သွားခဲ့သည်။

သို့သော် သူတို့၏ နားမလည်မှုများအား နီဗားနား ကျမ်းစာအပေါ်သို့သာ ပုံချရန် တတ်နိုင်တော့သည်။

ထို့အပြင် ထိုရွှေရောင်စိတ်ဝိညာဉ်စွမ်းအင်များက ရွှမ်ယီ၏ နဂို စိတ်ဝိညာဉ်စွမ်းအင်များထက် (၁၀) ဆခန့် ပိုမိုပြင်းထန်နေ၏။

ရွှမ်ယီက ကောင်းကင်အားဆန့်ကျင်ပြီး မည်သူမျှ မကျော်ဖြတ်ခဲ့ဖူးသည့် နယ်နမိတ်တစ်ခုအား ဖြတ်ကျော်ခဲ့ဟန်ရသည်။

“ အခုဆိုလို့ရှိရင် (၇) သွယ်ဘုရင်ကို ငါ့ရဲ့ ရုပ်ခွန်အားတစ်ခုတည်းနဲ့ သတ်နိုင်စွမ်းရှိနေပြီ…”

“ ဓါးရည်ရွယ်ချက်စွမ်းအားကိုပါ အဆုံးစွန်ထိမြှင့်တင်လိုက်မယ်ဆိုရင် ပထမအတိဒုက္ခကိုဖြတ်ကျော်ထားတဲ့ အင်ပါယာတစ်ယောက်ကိုတောင် ဆန့်ကျင်တိုက်ခိုက်နိုင်လိမ့်မယ်…”

သူသာ သတ်ဖြတ်ခြင်းဓါး (၇) ချောင်းနှင့်အတူ သတ်ဖြတ်ခြင်းဓါးအစီအရင်အား တွဲလျှက် အသုံးပြုလိုက်ပါက ပထမအတိဒုက္ခအား ဖြတ်ကျော်ထားသည့် အင်ပါယာတစ်ယောက်ပင် သူနှင့် ယှဉ်နိုင်တော့မည်ဟု မထင်ပေ။

အကယ်၍ ဒုတိယအတိဒုက္ခအားဖြတ်ကျော်ထားသော အင်ပါယာတစ်ယောက်ပင် သတိလက်လွတ်နေမိပါက သူ့ထံတွင် သတ်ဖြတ်ခြင်းခံရပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ရွှမ်ယီ၏ လက်ရှိ ဓါးရည်ရွယ်ချက်က အထွတ်အထိပ်အဆင့် (၅) မှနေ၍ အဆင့် (၆) အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သောကြောင့်ပင်။

သို့ဖြစ်ရာ သူ၏ တိုက်ခိုက်နိုင်စွမ်းကလည်း အဆပေါင်းများစွာ ခုန်တက်သွားခဲ့သည်။

ထိုအချိန်တွင် ရုတ်တရက် ကောင်းကင်ထက်၌ ခေါင်းလောင်းသံအကျယ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ရွှမ်ယီက ချက်ချင်းခေါင်းမော့ပြီး ကြည့်လိုက်လျှင် ခရမ်းရောင်ဓါးပုံရိပ်တစ်ခု ကောင်းကင်ထက်၌ ထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။

ထို ဓါးပုံရိပ်က အလွန်ကြီးမားကျယ်ပြန့်ပြီး ၎င်းအတွင်း၌ အင်ပါယာအဆင့်ကျင့်ကြံသူ၏ စွမ်းအားများ ပါဝင်နေသည်။ ထိုပုံရိပ်က တောင်ပိုင်းတိုက်ကြီးမှ ဒေသအသီးသီး၏အထက်တွင် ပေါ်လာခြင်းဖြစ်၏။ ထို့နောက် တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးသို့ စူးရှကျယ်လောင်သော အသံတစ်ခုပဲ့တင်ထပ်ကာ ထွက်ပေါ်လာလေသည်။

“ တောင်ပိုင်းတိုက်ကြီး မဟာပြိုင်ပွဲ အချိန်လဝက်အတွင်းစတင်မယ်…”

‘ နောက်ဆုံးပြိုင်ပွဲစတင်တော့မှာလား..’

ရွှမ်ယီက သူ၏အကြည့်များအား ပြန်လည်ရုတ်သိမ်းလိုက်သည်။ ၎င်းနှင့်ပတ်သက်ပြီး သူ၏ စိတ်ခံစားမှုက ကြီးကြီးမားမား ပြောင်းလဲသွားခြင်းတော့မရှိပေ။

သူ၏ လက်ရှိအဆင့်က မူလဘုရင်အဆင့် ပါရမီရှင်များ၏ ပြိုင်ပွဲကြောင့် လှုပ်ခတ်သွားစေရန် ဝေးကွာလွန်းလှသည်။

သို့သော် တောင်ပိုင်းတိုက်ကြီး၌ လက်ကျန်ပါရမီရှင်များ ရှိမရှိကို သိလိုသောကြောင့် ပြိုင်ပွဲအား သွားကြည့်ရမည်။

သို့ဖြစ်ရာ သူ့အနေဖြင့် ဓါး (၉) စင်းတောင်သို့ ထပ်မံခရီထွက်ရပေတော့မည်။ ရွှမ်ယီက သိပ်ပြီး ဂရုမစိုက်သော်လည်း သူ၏တပည့်များအားလုံး စိတ်လှုပ်ရှားနေကြသည်။

ကုယီယီမှ လွဲ၍ ရှောင်ဟောင် ၊ ရှောင်ဖန် ၊ ယုလင်းလုံ ၊ ကျန်းချန် ၊ ကိုင်လင်းအာ နှင့် မင်ယွဲ့ရှုတို့အားလုံး ဘုရင်အဆင့်သို့ရောက်နေကြပြီဖြစ်၏။

သူတို့အားလုံး ဗဟိုသူတော်စင်အကယ်ဒမီမှ ဌာနမှူး၏ ဦးဆောင်မှုအောက်တွင် ဓါး (၉) စင်းတောင်သို့ အပြေးအလွှား ထွက်ခွာသွားကြသည်။

အဘယ်ကြောင့်ဆိုသော် သူတို့၏ကျင့်ကြံမှုက အလွန်မြင့်မားခြင်းမရှိသည့်အပြင် ၎င်းတို့က ဓါး (၉) စင်းတောင်နှင့် အလွန်ဝေးကွာနေသေး၏။ သို့သော် လဝက်ခန့်ဆိုသော အချိန်က သူတို့ ထိုနေရာသို့ ရောက်ရှိရန် လုံလောက်ပေသည်။

တစ်ဖက်တွင်မူ ရွှမ်ယီက ပြိုင်ပွဲစတင်ရန် (၁) ရက်အလိုမှ ဓါး (၉) စင်းတောင်သို့ ထွက်ခွာလာခဲ့၏။

လွန်ခဲ့သော လအနည်းငယ်အတွင်း၌ တောင်ပိုင်းတိုက်ကြီး မူလဘုရင်အဆင့်မှ ရွေးချယ်ခံပါရမီရှင်များ ပြင်းထန်သော တိုက်ပွဲများနှင့် ကြုံတွေ့ခဲ့ရသည်။

ဓါး တံဆိပ် (၃၀၀၀) က ပြိုင်ပွဲဝင် (၃၀၀၀) ကို ကိုယ်စားပြုပြီး ထိုအထဲမှ အများစုမှာ သွေးများဖြင့် စွန်းပေနေခဲ့သည်။

ရွှမ်ယီ၏ ရွှမ်မိသားစု၌ ဓါးတံဆိပ် ပထမအသုတ်၌ ရွေးချယ်ခံရသူ (၂) ယောက် (၃) ယောက်သာ ရှိခဲ့သည်။ သို့သော် သူတို့လက်ထဲမှ ဓါးတံဆိပ်က အလွန်ဖြူဝင်းသန့်စင်နေသေးပြီး ၎င်းတို့အထက်၌ သွေးများ စွန်းပေနေခြင်းမရှိသေးချေ။

သို့သော် ပြိုင်ပွဲဝင်ရန် ရောက်လာသော ပြိုင်ပွဲဝင်တစ်ချို့၏ ဓါးတံဆိပ်များမှာမူ တစ်ခုလုံး သွေးများ စွန်းပေနေပြီး သွေးနီရောင်တောက်ပနေပြီဖြစ်၏။

ရွှမ်ယီ ဓါး (၉) စင်းတောင်ထိပ်၌ ရပ်နေခဲ့သည်။ သူက အင်ပါယာအဆင့် ကျင့်ကြံသူများနှင့် ဘေးချင်းယှဉ်ရပ်နေခြင်းဖြစ်ပြီး အောက်ဘက်မှ ပါရမီရှင် ‌အယောက် (၃၀၀၀) အား ငုံ့ကြည့်နေခဲ့၏။

တစ်ဖက်တွင် စနစ်က ၎င်းတို့၏ ပါရမီ အရည်အချင်းများကို အလိုအလျောက် စစ်ဆေးနေခဲ့သည်။ သွေးများအလွန်စွန်းပေခြင်းမရှိသော ပါရမီရှင်အချို့ကို ကြည့်လိုက်ပြီးနောက် သူအလွန်စိတ်ပျက်သွား၏။

“ အမြင့်ဆုံးက (၃၇၅)… အနိမ့်ဆုံးက (၁၉၆)…”

ထိုပါရမီရှင်များအနက်မှ အများစုက ပါရမီရမှတ် ( ၁၅၀ နှင့် ၃၀၀ ) အကြား၌သာ ရှိကြ၏။

ထိုအရည်အချင်းများက အတော်လေးကောင်းနေပြီဟု ဆိုနိုင်သည်။ အထူးသဖြင့် ပါရမီရမှတ် (၃၇၅) ရရှိသော ပါရမီရှင်ဖြစ်၏။

အကယ်၍သူသာ ကောင်းကင်ဓါး အင်ပါယာ၏ အမွေကို လက်ခံနိုင်ပါက အနာဂတ်တွင် အင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်လာပေလိမ့်မည်။

သို့သော် ထိုပါရမီရှင်က ရွှမ်ယီ၏မျက်လုံးထဲမဝင်တော့ချေ။

မသိမသာဖြင့် သက်ပြင်းချလိုက်၏။ သူ ဤနေရာသို့ မလာခင်ကတည်းက စိတ်အား ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။

သို့သော် ရလဒ်က သူ့အား အနည်းငယ်စိတ်ပျက်သွားစေ၏။

“ ကောင်းပြီလေ… ဒါဆိုရင်လည်း အဆုံးမဲ့ ပင်လယ်က ပြသနာတွေ ဖြေရှင်းပြီးတာနဲ့ တောင်ပိုင်းတိုက်ကြီးကနေ ငါထွက်သွားတော့မယ်…”

ဤကမ္ဘာကြီး၌ အဆုံးမဲ့ပင်လယ်က အကန့်အသတ်မဲ့လုနီးပါးပင်။

၎င်းက တိုက်ကြီးအားလုံးကို ဆက်သွယ်ထားပြီး ၎င်းအတွင်း အဆုံးမရှိသော ရတနာများလည်း ရှိနေခဲ့သည်။

ရွှမ်ယီအပါအဝင် တောင်ပိုင်းတိုက်ကြီးမှ ကောင်းကင်ဘုရင် (၃၇) ယောက်နှင့် အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူ (၅) ယောက်တို့က မိုးတိမ်အင်ပါယာ၏ ဦးဆောင်မှုအောက်၌ ဘေးချင်းကပ်လျက် ရပ်နေခဲ့ကြသည်။

တောင်ပိုင်းတိုက်ကြီး မဟာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားပြီးဆုံးသည်နှင့် သူတို့အားလုံး ဓါး (၉) စင်းတောင်ထိပ်မှ ထွက်ခွာပြီး အဆုံးမဲ့ပင်လယ်သို့ ဦးတည်လိုက်ကြသည်။

“ အခုလတ်တလောမှာ ပင်လယ်သားရဲတွေရဲ့ လှုပ်ရှားမှု အများစုက မြောက်ပိုင်းနယ်စပ်မှာ ဖြစ်နေခဲ့တယ်…”

မိုးတိမ်အင်ပါယာက သူ၏ နတ်ဘုရားတိမ်တိုက်အထက်တွင် ထိုင်နေခဲ့ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက တည်ဆောက်ထားခဲ့သည့် မြောက်ပိုင်းနယ်စပ်မှ ခံတပ်၌တန့်ပြီး ပြောလိုက်၏။

ရွှမ်ယီက မိုးတိမ်အင်ပါယာ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်သည်။ ထိုအခါ အဆုံးမဲ့ပင်လယ်က ယခင်တုန်းကကဲ့သို့ တည်ငြိမ်မနေတော့ကြောင်း တွေ့လိုက်ရ၏။

ဉာဏ်ရည်ဉာဏ်သွေးနိမ့်ကျလွန်းသော အဆင့်နိမ့်ပင်လယ်သားရဲများက အဆုံးမဲ့ ပင်လယ်အစပ်တွင် လှည့်ပတ်သွားလာနေကြသည်။

၎င်းတို့က အခြေတည်ဝိညာဉ်အဆင့် ပင်လယ်သားရဲများ၏ ဦးဆောင်မှုအောက်၌ နယ်စပ်ဒေသများသို့ မကြာခဏ တိုက်ခိုက်နေကြသေး၏။

ရွှမ်ယီ မျက်မှောက်ကြုတ်လိုက်မိ၏။ တစ်ခု‌ခု လွဲနေပြီဖြစ်ကြောင်းခံစားမိလိုက်သောကြောင့် ဖြစ်သည်။

မိုးတိမ်အင်ပါယာ၏ ပြောစကားများအရ ပင်လယ်သားရဲများက လျှို့ဝှက်နယ်မြေတစ်ခုအား ရှာဖွေတွေ့ရှိခဲ့ကြသည်။

ဒါဆိုရင် သူတို့ ပုန်းနေသင့်သည်မဟုတ်ပေလော…?

အဘယ်ကြောင့် လူသားမျိုးနွယ်အား တမင်တကာလာရောက် နှောက်ယှက်နေကြသနည်း။

၎င်းတို့ ရူးသွပ်သွားခြင်းပေလော…?

All Chapters