အခန်း (၄၁၇)
Vol. 28 Ch. 417
ကြောက်မက်ဖွယ် ပေါက်ကွဲသံကြီးတစ်ခုက ပင်လယ်သားရဲ သူတော်စင်နယ်မြေတစ်ခုလုံးသို့ ပဲ့တင်ထပ်ကာ ပျံ့နှံ့သွားခဲ့သည်။
ရွှမ်ယီနှင့် ကျန်လူများ အမူအယာများ ပြောင်းလဲသွားကြ၏။
ရွှမ်ယီက မျက်လုံးအားမှေးကျဉ်း၍ ထိုအသံလာရာဘက်သို့ စိုက်ကြည့်လိုက်သည်။
ထို ပေါက်ကွဲသံ ထွက်ပေါ်လာရာနေရာက သူတို့ရောက်ရှိနေသော နေရာနှင့် ကီလိုမီတာ (၁ သောင်း) ကျော် ကွာဝေးသည်။ ထိုနေရာက သူတော်စင်နယ်မြေ၏ ဗဟိုဝန်းကျင်သို့ ရောက်ရှိနေပြီဖြစ်၏။
“ အဲ့ဒီနေရာမှာ ကျုပ်တို့လူသားကျင့်ကြံသူတွေရဲ့ အရှိန်အဝါ အတက်အကျတွေရှိနေတယ်… ဘယ်အဖွဲ့ကများ ဒီလောက်တောင် မဆင်မခြင်လုပ်လိုက်တာလဲ…”
နတ်မျက်စိက သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကုန်ဆုံးမှုကိုပင် ဂရုမစိုက်တော့ပဲ အစွမ်းကုန်အသုံးပြု၍ လှမ်းကြည့်လိုက်သည်။ သူ၏ မျက်လုံးများက ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး ဝိုးတိုးဝါးတားမြင်ကွင်းတစ်ခုအား မြင်လိုက်ရ၏။ ၎င်းအား မြင်လိုက်လျှင် မနေနိုင်ပဲ ကြိမ်ဆဲမိလိုက်သည်။
နတ်မျက်စိ၏ စကားဆုံးသည်နှင့် ရွှမ်ယီတို့ (၇) ယောက်ယူဆောင်လာခဲ့သော ဆက်သွယ်ရေးကျောက်စိမ်းက ပူလောင်လာခဲ့သည်။
ရွှစ်…
၎င်းတို့မှနေ၍ မိုးတိမ်အင်ပါယာ၏ ပုံရိပ်ထွက်ပေါ်လာ၏။
လက်ရှိအချိန်တွင် မိုးတိမ်အင်ပါယာ၏ အမူအယာက အလွန်စိုးရိမ်နေဟန်ရပြီး
“ ရွှမ်ယီ… မင်းအဖွဲ့ကိုခေါ်ပြီး အဲ့ဒီ၏နေရာကို အမြန်သွားပြီး အကူအညီပေးလိုက်ပါ…”
“ ချီဟွမ် ဆိုတဲ့ငတုံးကောင်… တော်တော်ကို ဦးနှောက်မရှိတာပဲ…”
သူတို့အား သွားကယ်ရမည်လော…?
ရွှမ်ယီ၏ အဖွဲ့မှ ကောင်းကင်ဘုရင်များ အတန်ငယ်တုန့်ဆိုင်းသွားကြသည်။
၎င်းတို့အား ကယ်တင်ရန် သူတို့၏ ခွန်အားက မလုံလောက်ဘူးဟု ခံစားနေရ၏။ ထို့အပြင် ခုနှစ်သွယ်ဘုရင် ဦးဆောင်သော အဖွဲ့က သူတို့ အဖွဲ့ (၆) ခုထဲတွင် အင်အားအတောင့်တင်းဆုံး ဖြစ်သည်။
၎င်းတို့တောင်မဖြေရှင်းနိုင်သော ပြသနာအား သူတို့က သွားရောက်အသေခံရမည်လော။
သို့သော် သူတို့အား မိုးတိမ်အင်ပါယာက အမိန့်ပေးထားခဲ့ပြီး ချေပြီ။ သို့ဖြစ်ရာ သူတို့အနေဖြင့် ရှေ့ဆက်တိုးရန်သာ တတ်နိုင်တော့၏။
ရွှမ်ယီကမူ စိတ်အေးလက်အေးသာ ရှိနေခဲ့၏။
မိုးတိမ်အင်ပါယာ အမိန့်မပေးမီကပင် ရွှမ်ယီက ထိုနေရာသို့ နတ်အသိဖြင့် စစ်ဆေးခဲ့ပြီး ဖြစ်သည်။
ထိုနေရာတွင် ခုနှစ်သံယဘုရင်၏ အဖွဲ့ကို အင်ပါယာတစ်ဝက်အဆင့် ပင်လယ်သားရဲ (၃) ယောက်က ဝန်းရံထားကြ၏။
၎င်းတို့က မြင့်မြတ်ခန်းမ အသစ်အား စောင့်ရှောက်နေသော သူများ မဖြစ်နိုင်ပေ။ ထိုအစား လူသားများ စုံစမ်းစစ်ဆေးရန်ရောက်လာလျှင် ချောင်းမြောင်းတိုက်ခိုက်ရန်အတွက် သီးသန့်စောင့်နေကြသူများဖြစ်နိုင်သည်။
၎င်းတို့နှင့် တစ်ယောက်ချင်းတိုက်ခိုက်မည်ဆိုပါက ရွှမ်ယီမဆိုထားနှင့် ခုနှစ်သွယ်ဘုရင်လည်း ၎င်းတို့အား အနိုင်ယူနိုင်ပေသည်။
သို့သော် ပတ်ဝန်းကျင်အားသာချက်များနှင့်အတူ အင်ပါယာတစ်ဝက်အဆင့် ပင်လယ်သားရဲ (၃) ယောက် အတူတကွ ဝန်းရံတိုက်ခိုက်နေခိုက်နေခဲ့ကြသည်ဖြစ်ရာ ခုနှစ်သွယ်ဘုရင်အပါအဝင် အဖွဲ့ဝင်များအားလုံး ပြင်းထန်သော ဒဏ်ရာများ ရနေကြချေပြီ။
ဤကိစ္စများအားလုံး ချီဟွမ်၏ မှားယွင်းသော ဆုံးဖြတ်ချက်များကြောင့် ဖြစ်ပေသည်။
၎င်းတို့ ခြုံခိုတိုက်ခိုက်ခံရသောနေရာက မပေါက်ကွဲသည်မှာ ကြာပြီဖြစ်သော ရေအောက်မီးတောင်အနီးတွင် ဖြစ်ပေသည်။
ဘုရင်အဆင့် ကျင့်ကြံသူများ၏ အပြန်အလှန်တိုက်ခိုက်မှုများမှ ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းလုံးများက ပတ်ဝန်းကျင်မှ မီးတောင်များစွာကို ပေါက်ကွဲစေခဲ့၏။ ဤသို့ဖြင့် ထူထပ်သော ရေနွေးငွေ့များက စစ်မြေပြင်တစ်ခုလုံး ဖုံးလွှမ်းနေခဲ့သည်။
“ ဟမ်….”
အင်ပါယာတစ်ဝက်အဆင့် ပင်လယ်သားရဲ (၃) ယောက်ထဲမှ တစ်ယောက်က ရွှမ်ယီတို့အဖွဲ့ရှိရာဘက်သို့ လှမ်းကြည့်လိုက်ရင်း အနည်းငယ်မျက်မှောက်ကြုတ်သွား၏။
“ သန်မာခြင်းဘုရင်… ဘာဖြစ်လို့လဲ…”
အစီအရင်များအား ထိန်းချုပ်ပြီး ခုနှစ်သွယ်ဘုရင်အား ဖိအားပေးနေခဲ့သည့် ပင်လယ်သားရဲက သူ၏အဖော်ဖြစ်သူ အမူအယာပြောင်းလဲသွားသည်ကို သတိပြုမိလိုက်ပြီး လှမ်းမေးလိုက်သည်။
“ အဲ့ဒီဘက်ကနေ ငါတို့ကို တစ်ယောက်ယောက်ထောက်လှမ်းနေတယ်နဲ့တူတယ်…”
သန်မာခြင်းဘုရင် အတန်ငယ်စိတ်ပူသွား၏။
“ မင်းက အရမ်းအတွေးလွန်းနေတာပဲ… ငါတို့ သူတော်စင်နယ်မြေထဲကို စိမ့်ဝင်လာတဲ့ လူသားကျင့်ကြံသူတွေထဲမှာ အစွမ်းအထက်ဆုံးအဖွဲ့က ငါတို့ရှေ့မှာ ရောက်နေပြီလေ…”
ကျန်အင်ပါယာတစ်ဝက်အဆင့် ပင်လယ်သားရဲတစ်ယောက်က ရယ်မောလျက်ပြောလိုက်သည်။
“ ငါ့ရဲ့ အရှိန်အဝါဖုံးကွယ်မှုနဲ့ဆိုရင် သူတို့ အနီးနားကို ရောက်လာရင်တောင် ငါတို့ကို မြင်နိုင်မှာမဟုတ်ဘူး… အဝေးကြီးကနေပြီး နတ်အသိနဲ့ ဘယ်လိုလုပ်ပြီး စောင့်ကြည့်နိုင်မှာလည်း…”
ထိုစကားကို ကြားလျှင် ကျန်နှစ်ယောက်၏ အမူအယာများလည်း ပြန်လည်တည်ငြိမ်သွားကြ၏။
သူတို့ စိတ်ထဲမှ အနှောင်အဖွဲ့များအား ဘေးဖယ်ထားလိုက်ကာ ခုနှစ်သွယ်ဘုရင်အား အစွမ်းကုန်တိုက်ခိုက်လိုက်ကြသည်။
ခုနှစ်သွယ်ဘုရင်က ၎င်းတို့၏ ပြင်းထန်သော တိုက်ခိုက်မှုများအား ကာကွယ်ရန်အတွက် မှော်ရတနာ အများအပြားအား အသုံးပြုလိုက်သည်။
သူ့ ရှေ့တွင် အလင်းတန်း (၃) ခုဝုန်းကနဲ ဖြစ်ပေါ်လာပြီး စိတ်ဝိညာဉ် အစီအရင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူ၏ တာအိုတစ်ဝက်အဆင့် ရှေးဟောင်းကြေးမုံက အစီအရင်၏ အလယ်ဗဟို၌ ရှိနေ၏။
ဤသို့ဖြင့် အင်ပါယာတစ်ဝက်အဆင့် ပင်လယ်သားရဲ (၃) ယောက် ပူးပေါင်းတိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည်။
သို့သော် သူ့အနေဖြင့် အချိန်အကြာကြီး တောင့်ခံနိုင်မည်မဟုတ်ချေ။
လက်ရှိသူတို့တိုက်ခိုက်နေသော ပတ်ဝန်းကျင်အခြေအနေက ပင်လယ်သားရဲများအတွက် အလွန်အရေးသာနေခဲ့သည်။
အကယ်၍ သူ့တွင်သာ တာအိုတစ်ဝက်အဆင့် လက်နက်သာမရှိပါက ဤနေရာ၌ အသက်ဆုံးရှုံးသွားသည်မှာ ကြာပေလိမ့်မည်။
“ တပ်ကူတွေ မရောက်သေးဘူးလား…”
ခုနှစ်သွယ်ဘုရင် အလွန်စိတ်ဓာတ်ကျနေချေပြီ။ ပင်လယ်သားရဲများအနေဖြင့် သူတို့အား ဤကဲ့သို့ ချောင်းမြောင်းကာ လုပ်ကြံလိမ့်မည်ဟု လုံးဝမထင်ထားချေ။
သူ့အနေဖြင့် ကျန်သောအဖွဲ့များအား စောင့်ဆိုင်းပြီးမှသာ ဤနေရာသို့ လာရောက်သင့်သည်။ သို့သော် ကမ္ဘာကြီး၌ နောင်တတရားအတွက်ကုသရန် ဆေးမရှိချေ။
ဤသို့ဖြင့် တပ်ကူများ အမြန်ဆုံးရောက်ရှိလာဖို့ မျှော်လင့်နေရန်သာ တတ်နိုင်တော့သည်။
ဘုန်း…
ဘန်း…
အချိန်ကြာလာသည်နှင့်အမျှ အင်ပါယာတစ်ဝက်အဆင့် ပင်လယ်သားရဲများ စိတ်မရှည်နိုင်ဖြစ်လာကြသည်။
သူတို့အနေဖြင့် ခြုံခိုတိုက်ခိုက်ရန်အတွက် ဤနေရာ၌ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ကြသည်ဖြစ်ရာ လက်တကမ်းအကွာ၌ ရှိနေပြီဖြစ်သော အောင်မြင်မှုကို မဆုံးရှုံးလိုကြပေ။
“ မင်းတို့နှစ်ယောက်… ထိန်းထားမနေကြနဲ့တော့… အစွမ်းကုန်ထုတ်သုံးပြီး ဒီသင်္ချိုင်းကုန်းခြေတစ်ဖက်လှမ်းနေပြီဖြစ်တဲ့ အဘိုးကြီးကို သတ်ကြမယ်…”
အင်ပါယာတစ်ဝက်အဆင့်ပင်လယ်သားရဲ (၃) ယောက်အနက်မှ တစ်ယောက်က အော်ဟစ်လိုက်ပြီး ၎င်း၏ လက်အားဝှေ့ယမ်းလိုက်လျှင် အစိမ်းရောင်အလင်းတစ်ချက်လက်သွားပြီး ဆီးလ်တံဆိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
“ ပင်လယ်တုန်ခါခြင်းတံဆိပ်… သွားစမ်း…”
ကျန်နှစ်ယောက်ကလည်း ၎င်းတို့၏အပြင်းထန်ဆုံးသော သိုင်းပညာများအား ချက်ချင်းအသုံးပြုလိုက်ကြသည်။
ဤသို့ဖြင့် အစွမ်းထက်သော တိုက်ခိုက်မှုများက ခုနှစ်သွယ်ဘုရင်၏ အကာအကွယ်အား ရိုက်ခတ်မိသွားကြသည်။
အုန်း… ဘန်း…. ဒုန်း….
ခုနှစ်သွယ်ဘုရင်၏ မျက်ဝန်းများထဲတွင် စိတ်ပျက်အားငယ်မှု တစ်စွန်းတစ်စ ထွက်ပါ်လာခဲ့သည်။
သူ၏ များပြားလှသော မှော်ရတနာများက ထိုပင်လယ်သားရဲများကြောင့် တစ်ခုပြီးတစ်ခုပေါက်ကွဲပျက်ဆီးနေခဲ့၏။
အုန်း…
တာအိုတစ်ဝက်အဆင့် လက်နက်ဖြစ်သော နက်နဲခြင်းကောင်းကင်မှော်ကြေးမုံကလည်း အဝေးသို့ လွင့်စင်သွားခဲ့သည်။ ၎င်းက မီတာ (၃ထောင်) ဝန်းကျင် အကွာအဝေးသို့ရောက်သွားပြီး ပင်လယ်ကြမ်းပြင်သို့ တိုက်ရိုက်ပြုတ်ကျသွားခဲ့ကာ တောက်ပသော အလင်းများလည်း မှေးမှိန်သွားတော့သည်။
“ ကျုပ် ခုနှစ်သွယ်ဘုရင် ဒီနေရာမှာသေရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး… မင်းတို့အားလုံးကို ဒုက္ခရောက်စေခဲ့တဲ့အတွက် စိတ်မကောင်းပါဘူး…”
ခုနှစ်သွယ်ဘုရင်က သက်ပြင်းချလိုက်ပြီး သူ၏နောက်ဘက်မှ အဖွဲ့ဝင်များအား လှည့်ကြည့်ကာ တောင်းပန်စကားဆိုလိုက်သည်။
ထိုကောင်ကင်ဘုရင်များအနေဖြင်ဘ့ စိတ်ထဲ၌ ခုနှစ်သွယ်ဘုရင်အား မကျေမနပ်ဖြစ်နေခဲ့ကြသော်လည်း သူတို့ ဤစစ်ဆင်ရေးကို စတင်လက်ခံလိုက်ကတည်းကပဲ ၎င်းတို့၏စိတ်များအား ပြင်ဆင်ထားခဲ့ပြီးဖြစ်၏။
သူတို့အားလုံး ပြုံးလိုက်ကြပြီး
“ ခုနှစ်သွယ်ဘုရင်ကလည်း အဲ့လိုပြောစရာမလိုပါဘူး… မွေးဖွားခြင်းနဲ့ သေဆုံးခြင်းဆိုတာ သာမန်ကိစ္စတစ်ခုပဲလေ… ဒါပေမယ့် ကံကောင်းတာတစ်ခုအနေနဲ့ ပင်လယ်သားရဲမျိုးနွယ်အမွေဆက်ခံထားတဲ့ လျှို့ဝှက်နယ်မြေရဲ့ တည်နေရာကို ကျုပ်တို့ရှာတွေ့ခဲ့ကြပြီးပြီ… ပြီးတော့ အချက်အလက်တွေကိုလည်း ပြန်ပို့ခဲ့ပြီးပြီ… ကျုပ်တို့ လူသားမျိုးနွယ်က အင်ပါယာတွေက ကျုပ်တို့အတွက် သေချာပေါက် လက်စားချေပေးပါလိမ့်မယ်…”
ထိုစကားများအား ကြားလျှင် ခုနှစ်သွယ်ဘုရင် ခေါင်းညိတ်ပြလိုက်ပြီး ခါးသက်စွာပြုံးလိုက်သည်။
အင်ပါယာတစ်ဝက်အဆင့် ကင်လယ်သားရဲ (၃) ယောက်ဘက်တွင်မူ ၎င်းတို့အားလုံး ဝမ်းသာအားရ ရယ်မောလိုက်ပြီး နောက်တစ်ကြိမ်ထပ်မံတိုက်ခိုက်လိုက်ကြ၏။
ဘုန်း…
၎င်းတို့၏ စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်ဖေါ်လိုက်သည်နှင့်အမျှ အလွန်တောက်ပလှသော အစိမ်းရောင်လတစ်စင်း ပင်လယ်ကြမ်းပြင်မှ တစ်ဖြေးဖြေးမြင့်တက်လာခဲ့သည်။
အင်ပါယာတစ်ဝက်အဆင့် ပင်လယ်သားရဲ (၃) ယောက်ပူးပေါင်းပြီး ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုတစ်ခုအား ထုတ်ဖော်လိုက်ခြင်းဖြစ်၏။
ထိုတိုက်ခိုက်မှုက အလွန်ကြောက်မက်ဖွယ်ကောင်းသည်ဖြစ်ရာ ခုနှစ်သွယ်ဘုရင်၏ အမူအယာကြီးစွာ ပြောင်းလဲသွားခဲ့သည်။
အစပိုင်းတွင် သူက အသေခံကာ တိုက်ခိုက်ပြီး သူ၏ အဖွဲ့ဝင်များအတွက် ပြေးပေါက်ရရန် ကြိုးစားချင်ခဲ့သည်။
တစ်ယောက်နှစ်ယောက် လွတ်သွားလျှင်တောင် အရှုံးထဲမှ အမြတ်ဖြစ်၏။ သို့သော် ပင်လယ်သားရဲများက သူ၏ ရည်ရွယ်ချက်များအား ရှင်းလင်းစွာ မြင်နိုင်ခဲ့ကြသည်။
၎င်းတို့က စွမ်းအားများကို ချွေတာမနေတော့ပဲ ပြင်းထန်သော တိုက်ခိုက်မှုကြီးတစ်ခုအား (၃) ယောက်အတူတကွ ထုတ်ဖော်လိုက်ကြသည်။
အကယ်၍ သူ၏လက်ထဲ၌ နက်နဲခြင်းကောင်းကင်မှော်ကြေးမုံသာ ရှိနေဦးမည်ဆိုပါက ဤတိုက်ခိုက်မှုကြီးအား အနည်းငယ်ပိတ်ဆို့ရန် ဖြစ်နိုင်သေး၏။
သို့သော်……….