← Chapters

အခန်း (၄၁၉)

Vol. 28 Ch. 419

အခန်း (၄၁၉)

Vol. 28 Ch. 419

“ ငါတို့ ဆက်စောင့်နေလို့မရတော့ဘူး…”

မိုးတိမ်အင်ပါယာက ဆိုလိုက်၏။

“ ချက်ချင်း လျှို့ဝှက်နယ်မြေထဲကို ထိုးဖောက်၀င်ရောက်ပြီး သူတို့ အခွင့်အရေးတွေကို ဖျက်ဆီးပစ်ရမယ်…”

မိုးတိမ်အင်ပါယာ၏ အမူအရာက အလွန်လေးနက်နေခဲ့ပြီး စကားသံကလည်း အလွန် ခိုင်မာနေခဲ့သည်။

ရွှမ်ယီအပါအ၀င် လူတိုင်း ခေါင်းညိတ်သဘောတူလိုက်၏။

ထိုလျှို့ဝှက်နယ်မြေမှ ပင်လယ်သားရဲများ ရရှိခဲ့သည့် အကျိုးအမြတ်များက အလွန်ထင်ရှားနေခဲ့သည်။

အထင်ရှားဆုံးအချက်မှာ သူတော်စင်နယ်မြေအတွင်းသို့ သူတို့၀င်ရောက်လိုက်သည်နှင့် အထွတ်အထိပ်ကောင်းကင်ဘုရင်အဆင့် ပင်လယ်သားရဲများ၏ ခြုံခို‌တိုက်ခိုက်ခြင်းများနှင့် ကြုံခဲ့ရသည်။

ခုနှစ်သွယ်ဘုရင်ဆိုလျှင် အင်ပါယာတစ်၀က်အဆင့် (၃)ယောက် ဝိုင်းတိုက်ခြင်းကိုပင် ခံခဲ့ရ၏။

သူတို့၏ စိတ်ဝိညာဉ်များမှ ရရှိခဲ့သည့် အချက်အလက်များအရ ၎င်းတို့က မကြားသေးမီကမှ အဆင့်တက်လာကြခြင်းဖြစ်သည်။

ထိုအခွင့်အလမ်းများက လျှို့ဝှက်နယ်မြေအတွင်းမှ လာခြင်းသာဖြစ်ရမည်။

“ ကျုပ်တို့ ရခဲ့တဲ့အချက်အလက်တွေအရဆိုရင် ပင်လယ်သားရဲအင်ပါယာတွေလည်း လျှို့ဝှက်နယ်မြေအတွင်းမှ လေ့လာနေကြတယ်… အခု ကျုပ်တို့နဲ့အတူ မိုးတိမ်အင်ပါယာလည်း ရှိနေတယ်ဆိုတော့ လျှို့ဝှက်နယ်မြေထဲ အတင်းထိုးဖောက်၀င်ရောက်ပြီး သူတို့ သတိမထားမိခင်မှာ ဖမ်းဆီးရမယ်…”

ခုနှစ်သွယ်ဘုရင်က ရွှမ်ယီရှေ့၌ နှိမ့်ချကာ ဦးညွှတ်ခဲ့သည့်တိုင် သူ၏ နဂိုအကျင့်များကမူ ယခင်အတိုင်းသာရှိနေသေး၏။

လျှို့ဝှက်နယ်မြေအတွင်း ၀င်ရောက်လိုက်ပါက တစ်ယောက်ချင်းစီ ကျပန်းနေရာများသို့ ပို့ဆောင်ခြင်းခံရပေလိမ့်မည်။ ဤသည်မှာ သူတို့အတွက် အလောင်းအစားတစ်ခုသဖွယ် ဖြစ်ပေသည်။

အလောင်းအစားက လျှို့ဝှက်နယ်မြေအတွင်း ရောက်ရှိပြီးနောက် ပင်လယ်သားရဲ အုံလိုက်ကျင်းလိုက်နှင့် တည့်တည့်မတိုးမိစေရန်ဖြစ်၏။

အလွန်အမင်းစွန့်စားရမည်ဖြစ်သော်လည်း လက်ရှိအချိန်၌ သူတို့အတွက် ရွေးချယ်စရာမရှိပေ။

လူတိုင်း ပြတ်သားစွာ ခေါင်းညိတ် လိုက်ကြ၏။

မိုးတိမ်အင်ပါယာလည်း တစ်ခဏမျှတွေးတောပြီးနောက် အံကြိတ်လိုက်ကာ

“ ကောင်းပြီလေ… ငါ ကုယွမ်နဲ့ ကောင်းကင်ဓားဆီကို သတင်းပို့ထားပြီးပြီ… သူတို့က ဒီနေရာကို လိုက်လာဖို့ လူတွေ စေလွှတ်လိုက်လိမ့်မယ်… ငါတို့ ရှေ့က သွားကြတာပေါ့….”

စကားဆုံးသည်နှင့် မိုးတိမ်အင်ပါယာက ချက်ချင်း ကောင်းကင်ပေါ်သို့ ပျံတက်လိုက်၏။ ထို့နောက် သူ၏ ခြေထောက်အောက်မှ အဝါရောင် တိမ်တိုက်က ဘေးသို့ ပြန့်ကားသွားလေသည်။

ထိုအပေါ်‌တွင် အားလုံးကို တင်ဆောင်လိုက်ပြီး ပင်လယ်သားရဲများ၏ သူတော်စင်နယ်မြေသို့ ဦးတည်လိုက်သည်။

တစ်ချိန်တည်းတွင် ပင်လယ်သားရဲ သူတော်စင်နယ်မြေရှိ လျှို့ဝှက်နယ်မြေအတွင်း၌…

ပင်လယ်သားရဲ အင်ပါယာ(၃)ယောက်က သူတို့ထံ ဦးတည်လာနေသည့် ကြောက်မက်ဖွယ် အရှိန်အဝါအား ခံစားမိလိုက်ကြသည်။

အားလုံး ကျေနပ်စွာ ပြုံးလိုက်ကြ၏။

သူတို့ နောက်ကျောဘက်တွင် လျှို့ဝှက်နယ်မြေအား ထောက်ကန်ပေးထားသည့် ကြီးမားသော အလင်းတိုင်လုံးကြီးတစ်ခု ရှိနေခဲ့သည်။

မိုးတိမ်အင်ပါယာသာ ဤနေရာ၌ ရှိနေပါက ၎င်းအား ချက်ချင်းဖျက်ဆီးပစ်မည်မှာ အသေအချာပင်။

အကြောင်းမှာ ထိုအလင်းတိုင်လုံးကြီး၏ အရှိန်အဝါက လျှို့ဝှက်နယ်မြေအတွင်းရှိ ကောင်းကင်နှင့် မြေကြီးမှ စွမ်းအင်များနှင့် ချိတ်ဆက်နေသောကြောင့်ဖြစ်သည်။

၎င်းက ဤ လျှို့ဝှက်နယ်မြေ၏ အဓိက ဗဟိုချက်ဖြစ်ပေသည်။

လက်ရှိအချိန်တွင် ထို အလင်းတိုင်းလုံးကြီးအား ပင်လယ်သားရဲမျိုးနွယ်၏ ဆန်းကျယ်သော ရုန်းများ ဖုံးအုပ်ထား၏။

[ Note- ရုန်းဆိုတာ ရှေးကျတဲ့ အက္ခရာတွေကိုပြောချင်တာပါ။ စာလုံးတစ်လုံးချင်းစီမှာ စွမ်းအားအမျိုးမျိုးပါ၀င်ပါတယ် ]

၎င်းက လျှို့ဝှက်နယ်မြေအား ပင်လယ်သားရဲမျိုးနွယ်က အပြည့်အ၀ထိန်းချုပ်ထားပြီးဖြစ်ကြောင်း ဖော်ပြနေသည်။

“ ဘိုးဘေးရဲ့ အစီအစဉ်က အရမ်းကို ထူးခြားပြီး ပြောင်မြောက်လွန်းလှပါတယ်… လူသားကျင့်ကြံသူတွေကို လွယ်လွယ်လေး လှည့်စားနိုင်ခဲ့တယ်…”

ကောင်းကင်သူတော်စင်က အလင်းတိုင်ကြီးအား ဦးညွှတ်လျက် ပြုံးရင်း ပြောလိုက်သည်။

သူ၏ လေသံ၌ လေးစားမှူများ ပြည့်နေခဲ့၏။

ထိုစကားအားကြားလျှင် အလင်းတိုင်ကြီးက အနည်းငယ်လှုပ်ခတ်သွားသော်လည်း မည်သည့်စကားသံမှတော့ ပြန်ထွက်မလာခဲ့ပေ။

ပင်လယ်သားရဲ အင်ပါယာ(၃)ယောက်၏ မျက်နှာထက်တွင်မူ ကျေနပ်၀မ်းမြောက်မှုများ ပိုမို ပြည့်နှက်လာခဲ့၏။

အတည်ငြိမ်ဆုံးဖြစ်သော သူတော်စင် ဂျီလန်ပင် မပြုံးဘဲ မနေနိုင်ခဲ့ချေ။

[Note- သူတော်စင် ဆိုတာ ပင်လယ်သားရဲတွေရဲ့ အသုံးအနှုန်းပါ ။ အင်ပါယာအဆင့်ရောက်သွားလို့ သုံးနှုန်းတာ ဖြစ်ပါလိမ့်မယ် ]

လူသားမျိုးနွယ်မှ ထိပ်တန်းကျင့်ကြံသူများအား လုပ်ကြံမည့်အစီအစဉ်က ယခုမှ အစသာရှိသေးသည်။

“ ကောက်ကျစ်တဲ့လူသားတွေ.. ငါတို့ ပင်လယ်သားရဲတွေကို ဖျက်ဆီးခဲ့ကြတယ်… အခု သူတို့ရဲ့ ထိပ်တန်းကောင်းကင်ဘုရင်တွေနဲ့ အင်ပါယာတစ်၀က်အဆင့်တွေကို ပြန်ပြီး ဖျက်ဆီးပစ်မယ်… ဟမ့်.. ပင်လယ်သားရဲတွေကို မစော်ကားသင့်ကြောင့် ဒီကောင်တွေသိအောင် ဒီတစ်ကြိမ် ကောင်းကောင်း အသိပေးရမယ်….”

ဟင်းလင်းပြင်သူတော်စင်က လျှို့ဝှက်နယ်မြေ အပြင်ဘက်သို့ လှမ်းကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။ သူ၏ အကြည့်များက အချိန်နှင့် လေဟာနယ်ကို ဖြတ်ကျော်သွားသည့် အလားပင်။

သူက မကြာမီ ဖြစ်သွားမည့် လူသားအင်ယာများ၏ အမူအရာကိုပင် ကြို၍ မြင်ယောင်နေချေပြီ။

ထိုအချိန်တွင် လျှို့ဝှက်နယ်မြေအပြင်၌ မကြာမီ ရောက်လာမည့် လူသားကျင့်ကြံသူများအား စောင့်မျှော်နေကြသည့် အင်ပါယာတစ်၀က်အဆင့် ပင်လယ်သားရဲများ….

“ ဟို တိမ်တိုက်ကြီးကို ကြည့်ပါဦး…”

ထိုအထဲမှ တစ်ယောက်က သူတို့ထံသို့ ဦးတည်ရွေ့လျားလာနေသည့် ကောင်းကင်မှ တိမ်တိုက်ကြီးအား လက်ညှိုးထိုးလျက် ပြောလိုက်သည်။

“ ဟင်းလင်းပြင်သူတော်စင် ပြဖူးတဲ့ နတ်ဘုရားတိမ်တိုက်နဲ့ အတူတူပဲ…ကြည့်ရတာ အင်ပါယာ ယွမ်ထျန်းဇောင် ရောက်လာပြီထင်တယ်…”

“ မြန်မြန်… အကြောင်းကြားကြစို့… လူသားအင်ပါယာ ရောက်လာပြီ…”

စကားဆုံးသည်နှင့် တစ်ယောက်ပြီးတစ်ယောက် လျှို့ဝှက်နယ်မြေအတွင်း ပြေး၀င်သွားကြ၏။

သူတို့အနေဖြင့် လူသားများအား လက်စားခြေနိုင်ရန် တစ်နှစ်နီးပါး အစီအစဉ်များ ရေးဆွဲခဲ့ကြရသည်။

အမှန်တရားက မိုးတိမ်အင်ပါယာတို့ ရရှိခဲ့သော အချက်အလက်များနှင့် ကွာခြားနေခဲ့၏။

ဤ အမွေဆက်ခံရာ လျှို့ဝှက်နယ်မြေအား လွန်ခဲ့သော (၃)လက ရှာတွေ့ခဲ့ခြင်းမဟုတ်ပေ။ ၎င်းအား ရှာတွေ့ခဲ့သည်မှာ (၁)နှစ်၀န်းကျင် ရှိသွားပြီဖြစ်၏။

သူတို့ ပင်လယ်သားရဲမျိုးနွယ်မှ ဘိုးဘေးတစ်ဦး၏ စိတ်ဝိညာဉ်အပိုင်းအစတစ်ခုက လျှို့ဝှက်နယ်မြေအတွင်း၌ နှစ်ပေါင်းမရေမတွက်နိုင်အောင် ဘ၀င်စိုက်နေခဲ့သည်။

၎င်းက ဤလျှို့ဝှက်နယ်မြေနှင့် တစ်သားတည်း ပေါင်းစပ်ထား၏။

ပင်လယ်သားရဲ အင်ပါယာများ လျှို့ဝှက်နယ်မြေ၏ ပင်မ ဗဟိုချက်ကို သန့်စင်ပြီးမှသာ ဘိုးဘေးဝိဉာဉ်ပြန်လည် နိုးထလာခဲ့သည်။

ထို့နောက် ဘိုးဘေး၏ အမိန့်အောက်၌ လူသားမျိုးနွယ်အား လုပ်ကြံမည့် ဤအစီအစဉ်ကြီးအား အကောင်အထည် ဖော်ခဲ့ကြခြင်းဖြစ်သည်။

“ ဟမ့်… ငါတို့ ဘက်မှာ ဘိုးဘေးရှိနေပြီပဲ… ဒီတစ်ကြိမ် လူသားတွေကို အပြင်းအထန် အထိနာစေမှာ သေချာတယ်…”

ဘိုးဘေးပြောခဲ့သော စကားများအား ပြန်လည်ကြားယောင်ပြီး အင်ပါယာတစ်၀က်အဆင့် တစ်ယောက်၏ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။

သို့သော် မျက်၀န်းများထဲမှ ရက်စက်မှုများကမူ ပို၍ ပြင်းထန်လာခဲ့၏။

….

ထိုအချိန်တွင် ရွှမ်ယီတို့အဖွဲ့ ‌ပင်လယ်သားရဲများ၏ လျှို့ဝှက်နယ်မြေအနီးသို့ ရောက်လာခဲ့ကြသည်။

“ တစ်ခုခုတော့ လွဲနေပြီ… ဒီနေရာမှာ ကာကွယ်ရေးအစီအစဉ်တွေက ဘာလို့ ဒီလာက်တောင် အားနည်းနေတာလဲ...?”

နတ်မျက်စိ၏ နှဖူးအလယ်မှ တတိယမျက်လုံးက ရွှေရောင်အလင်းများ ထွက်ပေါ်လာ၏။

မိုးတိမ်အင်ပါယာလည်း မျက်နှာပျက်သွားခဲ့သည်။

ပင်လယ်သားရဲများ၏ မြင့်မြတ်ခန်းမတစ်ခုလုံး အလွတ်ကြီးဖြစ်နေ၏။

လှုပ်ရှားမှုဟူ၍ ၎င်း၏ အထက်မှ အစိမ်းရောင် ရေဝဲကြီးတစ်ခုသာရှိပြီး ဆန်းကျယ်သော အရှိန်အဝါများ ထုတ်လွှတ်နေခဲ့သည်။

“ ငါတို့ ဘာဆက်လုပ်သင့်လဲ…?”

အခြေအနေက သူတို့မှန်းထားသည်နှင့် တက်တက်စင်အောင် လွဲနေသဖြင့် တခဏမျှ မှင်သက်ပြီး ဘာလုပ်ရမှန်း မသိဖြစ်သွားကြ၏။

သို့သော် ယခုအချိန်က တွေဝေနေရမည့် အချိန်မဟုတ်ပေ။ မိုးတိမ်အင်ပါယာက တိုးညှင်းစွာ ဟိန်းဟောက်လိုက်၏။ ထို့နောက် လက်ညှိုးထိပ်၌ နတ်စွမ်းအင် အမျှင်တစ်ခု ပေါ်လာခဲ့သည်။

ဘုန်း…

၎င်းက အမျှင်လေးတစ်ခုမျှသာ ဖြစ်သော်လည်း ကမ္ဘာကြီးအား တုန်ခါသွားစေနိုင်စွမ်းရှိနေ၏။

ထို နတ်စွမ်းအားအမျှင်လေးက မျက်စိတစ်မှိတ်အတွင်း အစိမ်းရောင် ရေဝဲကြီးအား ၀င်ဆောင့်လိုက်သည်။

ထိုနောက် ပင်လယ်ထဲသို့ ပစ်ချလိုက်သည့် ကျောက်စရစ်ခဲလေးတစ်လုံးအလား ပျောက်ကွယ်သွား၏။

မည်သည့် စွမ်းအင် ပေါက်ကွဲမှုမှ ထွက်မလာခဲ့ပေ။

“ မဟုတ်ဘူး… အင်ပါယာ.. ကျုပ်တို့ အမြန်ပြန်ဆုတ်မှဖြစ်မယ်…”

မိုးတိမ်အင်ပါယာ ဘာမှ တုံ့ပြန်နိုင်ခြင်းမရှိသေးမီ ရွှမ်ယီက မျက်မှောင်ကြုတ်ပြီး အမြန်ဆုတ်ခွာရန် အော်ဟစ်လိုက်၏။

သူ၏ ဓားရည်ရွယ်ချက်က အဆင့်(၆) အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်ပြီး ကမ္ဘာလောကကြီးနှင့် စတင်ပေါင်းစပ်နေချေပြီ။

နောက်တစ်ဆင့်တက်သွားပါက ကမ္ဘာကြီးနှင့် တစ်သားတည်း ပဲ့တင်ထပ်နိုင်ပေလိမ့်မည်။

အားလုံးအမြင်တွင် မိုးတိမ်အင်ပါယာ၏ တိုက်ခိုက်မှုက ဘာမှဖြစ်မလာခဲ့ပေ။

သို့သော် ထိုရေဝဲကြီး၏ အလယ်ဗဟိုမှ စွမ်းအင်များ စတင်၍ ဖရိုဖရဲဖြစ်လာနေပြီဖြစ်ကြောင်း သူခံစားမိခဲ့၏။

ထို လှုပ်ခတ်မှုလေးက အလွန်သေးငယ်လွန်းလှပြီး သူသာ ဓားရည်ရွယ်ချက် အဆင့်(၆) အထွတ်အထိပ်သို့ တိုးသွားခြင်းမရှိပါက ၎င်းအား ခံစားမိလိမ့်မည်မဟုတ်ချေ။

All Chapters