← Chapters

အခန်း (၄၁၄)

Vol. 28 Ch. 414

အခန်း (၄၁၄)

Vol. 28 Ch. 414

သို့သော် နောက်ဆုံး အဆုံးမဲ့ပင်လယ်နှင့်တိုက်ပွဲအား ပြန်တွေးကြည့်လိုက်လျှင် ပင်လယ်သားရဲများက ရုတ်တရက်လှုပ်ရှားခဲ့ပြီး တောင်ပိုင်းတိုက်ကြီးမှ နယ်စပ်တစ်ချို့အား သိမ်းယူနိုင်လုနီးပါးဖြစ်ခဲ့သည်။

ထို့ကြောင့် ပင်လယ်သားရဲများ ဤမျှ မဆင်မခြင်လုပ်နေလိမ့်မည်ဟု ရွှမ်ယီ လုံးဝမထင်ပေ။

ရွှမ်ယီ၏ မျက်ဝန်းများအတွင်းမှ စိုးရိမ်ပူပန်မှုများအား မိုးတိမ်အင်ပါယာ မြင်လိုက်လျှင်

“ ပင်လယ်သားရဲတွေရဲ့ မူမမှန်တဲ့ လှုပ်ရှားပုံတွေက အရမ်းထူးဆန်းတယ်… ဒါပေမယ့် ငါတို့မှာ အဲ့တာကို စဉ်းစားနေဖို့အချိန်မရှိဝော့ဘူး…”

မိုးတိမ်အင်ပါယာ အနည်းငယ် ကူကယ်ရာမဲ့နေခဲ့သည်။ ပင်လယ်သားရဲများကြောင့် လှုပ်ရှားမှု‌များကြောင့် တစ်စုံတစ်ခုမှားနေပြီဖြစ်ကြောင်း သူနားလည်ထားသည်။

သို့သော် ပင်လယ်သားရဲများအကြား၌ အင်ပါယာအသစ်တစ်ယောက် ပေါ်ထွက်လာသည်ဟူသော သတင်းက တောင်ပိုင်းတိုက်ကြီးမှ လူသားမျိုးနွယ်အတွက် အလွန်စိုးရိမ်စရာတစ်ခုဖြစ်နေသည် ဖြစ်ရာ ၎င်းက ထောင်ချောက်တစ်ခုဖြစ်နေလျှင်ပင် သူတို့အနေဖြင့် ရှေ့ဆက်သွားမှ ဖြစ်ပေလိမ့်မည်။

မိုးတိမ်အင်ပါယာ၏ အကြည့်များက ရွှမ်ယီနှင့် ကျန်လူများအပေါ် ကျရောက်သွားခဲ့သည်။ ထိုအခါ သူ့ မျက်ဝန်းများထဲမှ စိုးရိမ်ပူပန်မှုများ လျော့ကျသွား၏။ သူ ဤတစ်ကြိမ်၌ အတူခေါ်ဆောင်လာသည့် ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူအားလုံးက တောင်ပိုင်းတိုက်ကြီး၌ အစွမ်းအထက်ဆုံး ဖြစ်ကြသည်။

ကောင်းကင်ဘုရင်အစောပိုင်းအဆင့်၌ ရှိသော ရွှမ်ယီမှလွဲ၍ ကျန်လူများအားလုံးက နှောင်းပိုင်းကောင်းကင်ဘုရင်နှင့် အထွတ်အထိပ်ကောင်းကင်ဘုရင်များ ဖြစ်ကြ၏။

၎င်းတို့အထဲတွင် ရှေးဟောင်းကျင့်ကြံသူတစ်ချို့လည်းပါဝင်နေခဲ့သည်။

မှန်ပေသည်။ ထိုရှေးဟောင်းကျင့်ကြံသူများက တော်တော်လေးတည်ငြိမ်ကြ၏။

သို့မဟုတ်ပါက မိုးတိမ်အင်ပါယာ၏ ယုံကြည်မှုကို ရရှိလိမ့်မည်မဟုတ်ပေ။ ထို့အပြင် ခုနှစ်သွယ်ဘုရင် ဦးဆောင်သော အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူ (၅) ယောက်လည်း ရှိနေသေးသည်။

အလွန် လျှို့ဝှက်ဆန်းကျယ်ကာ ဒဏ္ဍာရီများကို ချိုးဖျက်ခဲ့သည့် ရွှမ်ယီကိုပါ ထည့်ပေါင်းလိုက်လျှင် သူတို့ ဤတစ်ကြိမ်အစုအဖွဲ့က တော်တော်လေးအင်အားတောင့်တင်းလှသည်။

ပင်လယ်သားရဲများက ထောင်ချောက်တစ်ချို့ပြင်ဆင်ထားခဲ့လျှင်ပင် ၎င်းတို့အနေဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဖြစ်သည်။

ချက်ချင်းမိုးတိမ်အင်ပါယာက အသံတိုးတိုးဖြင့် အမိန့်ပေးစကားဆိုလိုက်သည်။

“ ငါ ဒီနေရာက စောင့်နေခဲ့မယ်… ငါ့ရဲ့ နတ်အသိနဲ့ အစီအရင်တစ်ခုကို ပေါင်းစပ်ပြီးတော့ မြောက်ပိုင်းနယ်စပ်က ကီလိုမီတာ (၁ သန်း) ကျော်အထိ စောင့်ကြည့်နေပေးမယ်…”

“ အားလုံးပဲ အုပ်စု (၆) ခုခွဲကြမယ်… ခုနှစ်သွယ်ဘုရင် ၊ ထျန်းယွမ် ၊ ဖန်ယု ၊ ဘုရင်မင် နဲ့ ဘုရင်ဝူ… မင်းတို့အားလုံး ကောင်းကင်ဘုရင် (၆) ယောက်ကို ဦးဆောင်ရမယ်… ကျန်တဲ့ ကောင်းကင်ဘုရင် (၆) ယောက်ကိုတော့ ရွှမ်ယီက ဦးဆောင်လိမ့်မယ်… ပြီးတော့ အဆုံးမဲ့ ပင်လယ်ရဲ့ နက်ရှိုင်းတဲ့နေရာကို သွားပြီး အခြေအနေတွေကို စုံစမ်းစစ်ဆေးချည်…”

မိုးတိမ်အင်ပါယာ ခွဲပေးသော အဖွဲ့များအား ကြားလိုက်လျှင် ရွှမ်ယီ၏ နောက်လိုက်အဖြစ်သတ်မှတ်ပေးထားသော ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူ (၆) ယောက်လုံး အလွန် အံ့အားသင့်သွားကြ၏။

မူလက ရွှမ်ယီအား သူတို့နှင့်အတူ အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူ အောက်၌ ပို့မည်ဟု ထင်ထားခဲ့ကြသည်။

သူတို့အနေဖြင့် ရွှမ်ယီ၏ တိုက်ရိုက်လက်အောက်ခံ ဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့် ထားခဲ့ကြချေ။

“ ဒါက…”

ထိုကောင်းကင်ဘုရင် (၆) ယောက်၏ အမူအယာများကို မြင်လျှင် မိုးတိမ်ဘုရင် သက်ပြင်းချလိုက်သည်။

အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူဦးဆောင်သော အဖွဲ့အား သူ မဖွဲ့စည်းချင်ခဲ့ခြင်းမဟုတ်ချေ။ သို့ရာတွင် တောင်ပိုင်းတိုက်ကြီးမှ လူသားများ၏ စွမ်းအားက အကန့်အသတ်ဖြင့် ရှိနေ၏။

အမှန်တွင် တောင်ပိုင်းတိုက်ကြီး၌ အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူ (၇) ယောက် သို့မဟုတ် (၈) ယောက်ခန့်ကျန်နေသေးသော်လည်း ၎င်းတို့၏ တိုက်ခိုက်နိုင်စွမ်းက မလုံလောက်သေးချေ။

၎င်းတို့အား ရွှမ်ယီ ကောင်းကင်ဘုရင်အဆင့်သို့ မရောက်ခင်ကပင် သတ်ဖြတ်နိုင်စွမ်းရှိခဲ့၏။

ဤနေရာမှ ခုနှစ်သွယ်ဘုရင်နှင့် ကျန်လူများပင် ရွှမ်ယီ၏ တိုက်ခိုက်နိုင်စွမ်းအား မမှီကြချေ။

ထို့အပြင် တောင်ပိုင်းတိုက်ကြီးမှ အင်ပါယာအဆင့် ကျင့်ကြံသူ အားလုံးကို ဤနေရာသို့ ခေါ်ဆောင်လာ၍ မရချေ။ တောင်ပိုင်းတိုက်ကြီး၌ ခုခံကာကွယ်ရန် အနည်းငယ် ချန်ထားခဲ့ရန် လိုအပ်၏။

၎င်းက ယခင်အဆုံးမဲ့ပင်လယ်တိုက်ပွဲမှနေ၍ သူတို့သင်ယူခဲ့ရသော နာကျင်စရာ သင်ခန်းစာတစ်ခုဖြစ်ပေသည်။

ယခုဖြစ်ပွားနေသော ပင်လယ်သားရဲများ၏ မူမမှန်သော လှုပ်ရှားမှုများက တောင်ပိုင်းတိုက်ကြီးအား ချုံခိုတိုက်ခိုက်ရန် စီစဥ်နေသော ၎င်းတို့၏ ထောင်ချောက်တစ်ခုလည်း ဖြစ်နိုင်ချေရှိသည်။

ထို့ကြောင့် ရွှမ်ယီ၏ ဂုဏ်ဒြပ်က ထိုမျှ ကြီးမားခြင်းမရှိသေးသော်လည်း မိုးတိမ်ဘုရင်အနေဖြင့် ရွှမ်ယီအား ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်ရခြင်းပင်။

မိုးတိမ်ဘုရင်၏ ခိုင်မာသော သဘောထားကို မြင်လျှင် ကောင်းကင်ဘုရင် (၆) ယောက်တို့က သဘောတူလက်ခံလိုက်ကြပြီး ရွှမ်ယီအား ဦးညွှတ်လိုက်ကြသည်။

ရွှမ်ယီ၏ အကြည့်များ ၎င်းတို့အပေါ်သို့ ရောက်သွားလျှင် တစ်စုံတစ်ခုအား နားလည်သွားခဲ့၏။

ဤအဖွဲ့များအား မိုးတိမ်အင်ပါယာက အသေချာ စဉ်းစားပြီးမှ ဖွဲ့စည်းခဲ့ခြင်းဖြစ်ဟန်တူသည်။ အဖွဲ့တစ်ခုဆီမှ လူတိုင်း အဆုံးမဲ့ပင်လယ်အတွင်း၌ မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိကြ၏။

၎င်းတို့အားလုံးတွင် ကိုယ်ပိုင်အားသာချက်များ ရှိကြသည်။ ၎င်းတို့အား အရှိန်အဝါများကို ဖုံးကွယ်ခြင်း ၊ ရှာဖွေခြင်း နှင့် အစီအရင် စသည့် ကဏ္ဍအားလုံးအပေါ် အ‌ခြေခံ၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။

အဖွဲ့အား ဦးဆောင်သည့် အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူ ပါဝင်လာခြင်းဖြင့် ဤအဖွဲ့ငယ်လေးများက အဆုံးမဲ့ပင်လယ်မှ အင်ပါယာတစ်ဝက်အဆင့် ပင်လယ်သားရဲများနှင့် တွေ့လျှင်လည်း ပြသနာမရှိလောက်ပေ။

ထိုမျှသာမက ပင်လယ်သားရဲအင်ပါယာတစ်ယောက်နှင့် တွေ့လျှင်ပင် ၎င်းတို့အနေဖြင့် အောင်မြင်စွာ ဆုတ်ခွာနိုင်လိမ့်မည်။

သို့သော် ခုနှစ်သွယ်ဘုရင်က ဤအခြေအနေအား စိတ်တိုင်းမကျဖြစ်နေခဲ့သည်။

သူ၏ စိတ်ထဲတွင် ရွှမ်ယီအား လူငယ်မျိုးဆက်တစ်ယောက်ဟု အမြဲတမ်းခံယူထားခဲ့၏။ ထိုအချင်းအရာက သူ့အား အလွန်အမင်း စိတ်ဓာတ်ကျစေခဲ့သည်။

ယခုတွင် သူတို့က ရွှမ်ယီနှင့် တစ်ဆင့်ထဲ၌ ရပ်တည်နေကြပြီလော…?

ဘာလို့လဲ…?

မူလက ဤတစ်ကြိမ်တွင် ရွှမ်ယီအား ဦးဆောင်နိုင်မည်ဖြစ်ပြီး ထိုဂျူနီယာအား စီနီယာများ၏ ခွန်အားကို သိစေနိုင်မည်ဟု သူတွေးထင်ထားခဲ့သည်။

“ မိုးတိမ်ဘုရင်ရဲ့ စီစဉ်မှုက နည်းနည်းမသင့်လျော်သလိုပဲ… ရွှမ်ယီရဲ့ ခွန်အားက မဆိုးပေမယ့် ကျုပ်တို့အခုသွားမှာက အဆုံးမဲ့ ပင်လယ်ထဲကိုနော်…”

“ ရွှမ်ယီက အရမ်းငယ်လွန်းသေးတယ်… သူ့ရဲ့ စိတ်မရှည်မှုက ကျုပ်တို့အားလုံးကို ဒုက္ခရောက်သွားစေနိုင်စွမ်းရှိတယ်…”

ခုနှစ်သွယ်ဘုရင်၏ စကားကို ကြားလျှင် ရွှမ်ယီက ချက်ချင်းတုန့်ပြန်လိုက်၏။

“ အဲ့ကိစ္စနဲ့ ပတ်သက်ရင်တော့ ခုနှစ်သွယ်ဘုရင် စိတ်ပူနေစရာ မလိုပါဘူး…”

ထို ခုနှစ်သွယ်ဘုရင်က တောင်ပိုင်းတိုက်ကြီးအား အကျိုးပြုခဲ့သည်မှာ မှန်သော်လည်း ရွှမ်ယီအနေဖြင့် ၎င်းအား သည်းခံ‌နေရန် စိတ်ကူးမရှိချေ။

“ ခင်ဗျား ကိုယ်တိုင်ပဲ ဂရုစိုက်သင့်တယ်လို့ ကျုပ်တော့ထင်တယ်… ခင်ဗျားက အရမ်းအသက်ကြီးနေပြီ… အဆုံးမဲ့ပင်လယ်ထဲကိုမရောက်ခင် လမ်းခုလတ်မှာတင် သေသွားမှာ စိုးရတယ်…”

“ ခွေးကောင်လေး… ပြန်ပြာလိုက်စမ်း…”

ရွှမ်ယီ၏ စကားများက ခုနှစ်သွယ်ဘုရင်အား စွေ့စွေ့ခုန်သွားစေခဲ့သည်။

သူ့ထံမှ အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာပြီး ‌နက်နဲသော ပုံစံကွက်များ ရေးထွင်းထားသည့် ရှေးဟောင်းမှန်တစ်ချပ် သူ့လက်ထဲ၌ ပေါ်လာခဲ့သည်။

သူက ရွှမ်ယီအား စိုက်ကြည့်နေခဲ့၏။

သို့သော် ထိုရှေးဟောင်းမှန်၏ လျှို့ဝှက်ပညာရပ်ကို သူအသုံးမပြုရသေးခင် အလွန်ပြင်းထန်သော ဖိအားကြီးတစ်ခု ကျရောက်လာခဲ့သည်။

ထိုဖိအားက သူ့အား နောက်သို့ ပြန်လည်ဆုတ်ခွာစေခဲ့သည်။

All Chapters