← Chapters

မြေကျောက်ကြွက်များ၏ ကံကြမ္မာဆိုး....

Vol. 17 Ch. 270

မြေကျောက်ကြွက်များ၏ ကံကြမ္မာဆိုး....

Vol. 17 Ch. 270

လင်းယွမ်က အနက်ရောင်မြူခိုးတောင်တန်း၏ နက်ရှိုင်းသော နေရာသို့ ကြည့်နေပြီး သူက ထိုနေရာသို့ ပြောင်းရွေ့ရန် စီစဉ်ထားသည်။ အနက်ရောင်မြူခိုးတောင်တန်း၏ အနက်ပိုင်းသို့ ရောက်လာသည်နှင့်အမျှ စိတ်ဝိညာဉ်စွမ်းအားများ ပို၍ သိပ်သည်းလာပြီး သားရဲများကလည်း ပို၍ သန်မာကြလေသည်။

" ဒါပေမယ့် မထွက်ခွာခင် မြေအောက်အဖွဲ့နဲ့ ရှင်းရဦးမယ်။ " လင်းယွမ်၏ အကြည့်က မြေပြင်ပေါ်သို့ ရောက်သွားသည်။

အနက်ရောင်မြူခိုးတောင်တန်းက ထျန်းချင်းကမ္ဘာရှိ ထိပ်ဆုံးတောင်တန်းဆယ်ခုထဲမှ တစ်ခုဖြစ်ပြီး မရေတွက်နိုင်သော နတ်ဆိုးများနှင့် သားရဲများ နေထိုင်ကြလေသည်။

နတ်ဆိုးသားရဲများထဲတွင် မြေအောက်တွင်နေထိုင်သော နတ်ဆိုးသားရဲများလည်း ရှိကြသည်။ လင်းယွမ်ရည်ညွှန်းသော မြေအောက်အဖွဲ့ဆိုသည်မှာ မြေကျောက်ကြွက်များပင်ဖြစ်သည်။

ကြွက်နတ်ဆိုးသားရဲများက မရေတွက်နိုင်သော ဥမင်လှိုဏ်ခေါင်းများ တူးဖော်နိုင်သည့် စွမ်းရည်ကို အသုံးချပြီး မြေအောက်နန်းတော်တစ်ခုကို တည်ဆောက်ထားလေသည်။

လင်းယွမ်က မြေကျောက်ကြွက်များ၏ ခြေရာများကို ရှာတွေ့ခဲ့ပြီး သူ၏ အမြစ်များနှင့် မြေအောက်လှိုဏ်းခေါင်းအတွင်းသို့ ဝင်ရောက်ပြီး နောက်ဆုံးတွင် သူတို့၏ လမ်းကြောင်းကို ရှာတွေ့ခဲ့သည်။

" မြေကျောက်ကြွက်သုံးရာကျော် ရှိလောက်တယ်။ ကြွက်ဘုရင်က ဒုတိယအလွှာ..." လင်းယွမ်က တွေးလိုက်သည်။

မြေကျောက်ကြွက်များ၏ အရွယ်အစားမှာ ခရမ်းရောင်မျက်လုံးယုန်များကဲ့သို့ မီတာဝက်နီးပါးရှိပြီး ကြွက်ဘုရင်က နှစ်မီတာ အရွယ်အစားပင် ရှိလေသည်။

လင်းယွမ်က ယခင် ယုံကြည်မှုမရှိသောကြောင့် မလှုပ်ရှားခဲ့ခြင်းဖြစ်သည်။ သူလှုပ်ရှားသည်နှင့် မြေကျော်ကြွက်များ ထိတ်လန့်သွားပြီး ထွက်ပြေးသွားကြမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

မြေကျောက်ကြွက်သုံးရာကျော်၏ အသားနှင့် စိတ်ဝိညာဉ်များက ကြွက်ဘုရင်ကို ထည့်မတွက်လျှင်တောင် လင်းယွမ်၏ ခွန်အားကို များစွာ တိုးတက်သွားစေပေလိမ့်မည်။

" ကြွက်ဘုရင်က ဒီနားမှာ မြေဒြပ်စင် သွေးကြောရှိလို့ သူ့ရဲ့ အသိုက်ကို ဒီမှာ ဆောက်ထားတယ်။ "

လင်းယွမ်က ကြွက်နိုင်ငံ၏ မီတာတစ်ရာအတွင်း၌ အလွန်သန့်စင်သော မြေစိတ်ဝိညာဉ်စွမ်းအားများကို အာရုံခံမိခဲ့သည်။ ကြွက်ဘုရင်က နှစ်မီတာအထိ ကြီးထွားနိုင်ခြင်းမှာ မြေဒြပ်စင်သွေးကြောကြောင့် ဖြစ်ပေလိမ့်မည်။

" ငါဟာ အကုန်လုံး ငါ့ဟာပဲ။ " လင်းယွမ်က လောဘစိတ်နှင့် သူ၏ သစ်ကိုင်းများနှင့် အမြစ်များက ကြွက်နိုင်ငံနေရာသို့ ချဉ်းကပ်လာသည်။

မြေအောက်ဆယ်မီတာအနက်တွင် လှိုဏ်ခေါင်းအချို့တွင် မီတာဝက်ကြီးသော ကြွက်များက ရှေ့နောက် ပြေးလွှားနေကြပြီး သူတို့ရရှိသော အစားအသောက်များကို ကြွက်ဘုရင်အား ဆက်သနေကြသည်။

ရုတ်တရက် မြေကျောက်ကြွက်တစ်ကောင်က ရပ်တန့်သွားသည်။ ၎င်းက လေထဲသို့ နှာခေါင်းတရှုံ့ရှုံ့လုပ်ပြီး တစ်စုံတစ်ခုကို အာရုံခံနေသည်။

သို့သော် မြေကျောက်ကြွက်မတုန့်ပြန်နိုင်မီ အနင်ရောင်သစ်ကိုင်းတစ်ခုက ၎င်း၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။

" ကွိ..." မြေကျောက်ကြွက်က တစ်ချက်သာ အော်လိုက်နိုင်ပြီး ၎င်း၏ အသားနှင့် စိတ်ဝိညာဉ်က သစ်ကိုင်း၏ ဝါးမျိုခြင်းကို ခံလိုက်သည်။

၎င်းက မြေကျောက်ကြွက်များ၏ ကံကြမ္မာဆိုးပင်ဖြစ်သည်။ အနက်ရောင်သစ်ကိုင်းများက မြေကျောက်ကြွက်များကို အဆက်မပြတ်ထိုးဖောက်နေပြီး ၎င်းတို့၏ အသားနှင့် စိတ်ဝိညာဉ်များကို စုပ်ယူသွားကြသည်။

" အံ့ဩစရာပဲ။ " အထက်တွင် လင်းယွမ်က ကျေနပ်နေသည်။ မြေကျောက်ကြွက်များ၏ အသားနှင့် စိတ်ဝိညာဉ်များက သူ၏ စွမ်းအားများအဖြစ် ပြောင်းလဲသွားကြသည်။

၎င်းက သာမန်နတ်ဆိုးသစ်စေ့ဆိုလျှင် မြေကျောက်ကြွက်များစွာကို ဝါးမျိုနိုင်မည်မဟုတ်ပေ။

သို့သော် လင်းယွမ်က သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူ ဖြစ်ခဲ့သောကြောင့် သူ၏ အဆင့်နှင့် စုပ်ယူသော စွမ်းအားများကို ထိန်းချုပ်ရန် နည်းလမ်းရှိလေသည်။

" မိစ္ဆာနတ်ဘုရား ဒါက လှည့်ကွက်တစ်ခုပဲ။ " လင်းယွမ်က မြေကျောက်ကြွက်များကို ဝါးမျိုနေစဉ် တွေးလိုက်မိသည်။

သူ၏ ဝါးမျိုခြင်းစွမ်းအားက ဘိုးဘေးနတ်ဆိုးသစ်ပင်၏ စွမ်းအားနှင့် ဖြစ်ပေါ်လာသည့် နတ်ဆိုးသစ်စေ့၏ မွေးရာပါစွမ်းရည်တစ်ခုဖြစ်လေသည်။

ထိုစွမ်းရည်က ဘေးထွက်ဆိုးကျိုးများ မရှိဘဲ မူလကမ္ဘာမှ ဝါးမျိုးခြင်းဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များပင် အသားနှင့် စိတ်ဝိညာဉ်များစွာကို ဝါးမျိုလျှင် မိမိ၏ စိတ်ဝိညာဉ်ကို ညစ်ညမ်းစေနိုင်လေသည်ယာ

သို့သော် ဘိုဘေးနတ်ဆိုးသစ်ပင်၏ ဝါးမျိုခြင်းစွမ်းအားက အလွန်လွှမ်းမိုးနိုင်စွမ်းကြီးပြီး အသား သို့မဟုတ် စိတ်ဝိညာဉ် အားလုံးက အာဟာရသာ ဖြစ်လေသည်။

" ကံဆိုးတာက သတ္တမအလွှာနဲ့ အဋ္ဌမအလွှာကို ရောက်ရင် နိယာမတွေကို နားလည်ဖို့က အဓိကဖြစ်ပြီး စွမ်းအားစုဆောင်းခြင်းက အရေးမကြီးတော့ဘူး။ " လင်းယွမ်က အနည်းငယ် စိတ်ပျက်သွား၏။

" ဟမ် ငါတို့က ကြွက်ဘုရင်ရဲ့ မြေအောက်နန်းတော်နဲ့ နီးနေပြီလား။ " လင်းယွမ်က အနည်းငယ် လေးနက်သွားသည်။

မြေအောက်တစ်ရာမီတာအနက်တွင် နန်းတော်လေးတစ်ခု ရှိနေသည်။ ၎င်းက မြေကြီးများဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သော်လည်း ကြွက်များအတွက် အလွန်ကောင်းမွန်သော နန်းတော်တစ်ခု ဖြစ်လေသည်။

ရွှီး....

အနက်ရောင်သစ်ကိုင်းတစ်ခုက နဂါးတစ်ကောင်ကဲ့သို့ ထွက်ပေါ်လာပြီး နန်းတော်တစ်ခုလုံးကို ဖြိုချဖျက်ဆီးသွားသည်။

နှစ်မီတာရှိသော မြေကျောက်ကြွက်ဘုရင်က ထွက်လာပြီး ပြိုကျနေသော နန်းတော်ကို ဒေါသတကြီး ကြည့်နေသည်။

ဒုတိယအလွှာ နတ်ဆိုးသားရဲတစ်ကောင်ဖြစ်သော ကြွက်ဘုရင်က အသိဉာဏ်အချို့ရှိနေပြီဖြစ်သည်။ မဟုတ်လျှင် ဇိမ်ခံရန် နန်းတော်တစ်ခု ဆောက်လုပ်ထားမည်မဟုတ်ပေ။ နန်းတော်ပျက်ဆီးသွားသည်ကို မြင်သောအခါ ကြွက်ဘုရင်က အလွန်ဒေါသထွက်သွားမည်မှာ သေချာလေသည်။

သို့သော် မြေကျောက်ကြွက်ဘုရင်က အနက်ရောင်နဂါးတစ်ကောင်ကဲ့သို့ လှုပ်ရမ်းနေသော အနက်ရောင်သစ်ကိုင်းကို ကြည့်ပြီး မည်သို့တိုက်ခိုက်ရမည်ကို စဉ်းစားနေသည်။

ဝုန်း ဝုန်း ဝုန်း.....

နောက်ထပ်အနက်ရောင်သစ်ကိုင်းများကလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။

ကြွက်ဘုရင်က ထိတ်လန့်သွားပြီး လျင်မြန်စွာ နောက်ဆုတ်လိုက်သည်။

" ကျွိ ကျွိ..." ကြွက်ဘုရင်က သူ၏ လက်အောက်ငယ်သားများကို လာရောက်ကာကွယ်ရန် အချက်ပေးလိုက်သည်။

သို့သော် ကြွက်ဘုရင်က မည်မျှအော်ခေါ်သည်ဖြစ်စေ မြေကျောက်ကြွက်အနည်းငယ်သာ ရောက်လာခဲ့သည်။ ထို့နောက် သူတို့ရောက်လာသည်နှင့် အနက်ရောက်သစ်ကိုင်းများ၏ ထိုးဖောက်ခြင်းခံလိုက်ရပြီး ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားကြသည်။

" ပြေး..." မြေကျောက်ကြွက်ဘုရင်က ဒုတိယအလွှာ ခွန်အားရှိသော်လည်း ထိုမြင်ကွင်းကို မြင်သောအခါ ထိုနေရာတွင် ဆက်မနေရဲတော့ပေ။

နန်းတော်၏ အနက်ရှိုင်းဆုံးနေရာတွင် သူကိုယ်တိုင်တူးထားသော လှိုဏ်းခေါင်းတစ်ခုရှိပြီး အခြားနေရာတစ်ခုနှင့် ဆက်သွယ်ထားသည်။ ကြွက်ဘုရင်က ထိုလှိုဏ်းခေါင်းအတိုင်း သွားနိုင်လျှင် လွတ်မြောက်နိုင်ချေရှိလေသည်။

ရွှီး....

ကြွက်ဘုရင်က မပြေနိုင်မီ အနက်ရောက်သစ်ကိုင်းများ၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။

မြေကျောက်ကြွက်ဘုရင်က သူ၏ အသက်ကယ်အစီအမံများကို အလိုလို အသက်သွင်းမိသွားသည်။ သူ၏ ခန္ဓာကိုယ်မှာ အဝါရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

သို့သော် အနက်ရောင်သစ်ကိုင်းတစ်ရာကျော်နှင့် ရင်ဆိုင်ရချိန်တွင် အဝါရောင်အလင်းများက ပြိုကွဲသွားပြီး နှစ်မီတာရှိသော ကြွက်ဘုရင်က လင်းယွမ်အတွက် အာဟာရတစ်ခု ဖြစ်သွားခဲ့သည်။

" အမ် ဒါက သက်သောင့်သက်သာရှိတာပဲ။ " လင်းယွမ်က သစ်ကိုင်းများကို အနည်းငယ် ဝှေ့ရမ်းလိုက်သည်ယာ

ဒုတိယအလွှာ မြေကျောက်ကြွက်ဘုရင်က လင်းယွမ် ဝါးမျိုးသည့်အရာအားလုံးထဲတွင် အရသာအရှိဆုံး အသက်တစ်ခု ဖြစ်သည်။ သွေးစွမ်းအားများနှင့် သန်မာသော စိတ်ဝိညာဉ်တို့က လင်းယွမ်၏ ခန္ဓာနှင့် စိတ်ဝိညာဉ်တို့ကို အားဖြည့်ပေးသွားသည်။

All Chapters