အဆင့်ခြောက်နိုင်ငံသား၏ အခွင့်အရေး....
Vol. 17 Ch. 257
လင်းယွမ် ပြသခဲ့သော အချက်အလက်များမှာ အန်းနန်ကြယ်မဟာမိတ်မှ အဆင့်ခြောက် နိုင်ငံသား၊ ရှီဖုန်းနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် ဖန်တီးသူများ၏ကမ္ဘာမှ အဖွဲ့ဝင်တစ်ယောက် ထိုမျှသာဖြစ်သည်။ ရှီဖုန်းက အသက်အရမ်းမကြီးသေးဟု ခန့်မှန်းခဲ့ရုံသာ ရှိသည်။
" ဒါပေမယ့် ရွှေနဂါးကြယ်နယ်မြေက တကယ်စွမ်းအားကောင်းတယ်။ သူတို့က ကြယ်နယ်မြေတစ်ခုတည်းနဲ့ စစ်မြေပြင်သုံးခုကို ဖွင့်ပြီး မျိူးနွယ်သုံးခုနဲ့ တိုက်ခိုက်နေတယ်။ " ရှီဖုန်းက ပြောလိုက်သည်။
" ရွှေနဂါးကြယ်သခင်က တကယ်ကို ထူးခြားတာပဲ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
ရွှေနဂါးကြယ်သခင်၏ ခွန်အားက ချီခွန်ကြယ်သခင်အောက် နိမ့်ကျခြင်းမရှိဘဲ အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများကြား သန်မာသော တည်ရှိမှုတစ်ခု ဖြစ်ပေလိမ့်မည်။
အန်းနန်ကြယ်မဟာမိတ်အတွင်း ကြယ်နယ်မြေတစ်ရာကျော်ရှိပြီး အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူ တစ်ရာကျော်ရှိသော်လည်း ချီခွန်ကြယ်သခင်၊ ရွှေနဂါးကြယ်သခင်တို့နှင့် ယှဉ်နိုင်သူ အနည်းငယ်သာ ရှိပေလိမ့်မည်။
ထိုကဲ့သို့ ကြယ်သခင်တစ်ဦးနှင့် ရွှေနဂါးကြယ်နယ်မြေက စစ်မြေပြင်များကို လွတ်လပ်စွာ ဖွင့်လှစ်နိုင်လေသည်။ ရွှေနဂါးကြယ်နယ်မြေအတွက် မျိုးနွယ်ခြားများ၏ စစ်မြေပြင်က ကောင်းမှုအမှတ်များ ရရှိသည့်အပြင် သူတို့၏ ဆင့်ကဲပြောင်းလဲသူများအတွက် လေ့ကျင့်ရေးကွင့းတစ်ခုလည်း ဖြစ်သည်။
အမှန်တော့် ချီခွန်ကြယ်သခင်က မျိုးနွယ်ခြားစစ်မြေပြင် လေးခုကို သီးခြားဖွင့်လှစ်ထားခဲ့သည်။
သို့သော် ချီခွန်ကြယ်နယ်မြေတွင် ထာဝရလေဟာနယ်အက်ကြောင်းမရှိပေ။ ထာဝရလေဟာနယ်အက်ကြောင်းများကို ကြီးမြတ်သူများ၏ စွမ်းအားဖြင့်သာ ဖွဲ့စည်းနိုင်လေသည်။
ကြီးမြတ်သူများသာမက မြင့်မြတ်လက်နက်များကလည်း ထာဝရလေဟာနယ်အက်ကြောင်းများကို ဖန်တီးနိုင်လေသည်။ သို့သော် ၎င်းတို့ဖန်တီးထားသော လေဟာနယ်အက်ကွဲကြောင်းများက ကြီးမြတ်သူများထက် များစွာ သေးငယ်လေသည်။
သို့သော်လည်း မျိုးနွယ်ခြားများ၏ စစ်မြေပြင်အများစုတွင် ထာဝရလေဟာနယ်အက်ကြောင်းများမရှိပေ။
" ကောင်းပြီ။ ကျင်းထျန်းကျိုးအကြောင်း စိုးရိမ်စရာမလိုဘူး။ ရှစ်စန်းရဲ့ အရည်အချင်းနဲ့ဆို အနာဂတ်မှာ သူ့ထက် သာလိမ့်မယ်။ " ရှီဖုန်းက တွေးလိုက်သည်။
လင်းယွမ်နှင့် ရင်းနှီးပြီးနောက် လင်းယွမ်က အလွန်ငယ်သည်ဟု ခံစားခဲ့ရသည်။ သေချာပေါက် အသက်တစ်ထောင်ထက် မပိုပေ။ အသက်ငယ်ငယ်နှင့် အဆင့်ခြောက်နိုင်ငံသားဖြစ်သည့်အပြင် ဖန်တီးသူများ၏ကမ္ဘာထဲ၏ အဖွဲ့ဝင်ဖြစ်သောကြောင့် သူဖန်တီးခဲ့သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ရိုးရှင်းမည်မဟုတ်ပေ။
ရှီဖုန်းက လင်းယွမ်၏ အသက်အမှန်မှာ သုံးဆယ်မပြည့်သေးကြောင်း သိခဲ့လျှင် ပြောစရာစကားရှိတော့မည်မဟုတ်ပေ။
" ဒါဆို အခု ငါက ဝမ်ယွဲ့ကြယ်နယ်မြေကို ရွေးရမှာလား။ " လင်းယွမ်က မေးလိုက်သည်။
ရွှေနဂါးကြယ်နယ်မြေက သူ့ကို ကမ်းလှမ်းရန် ရည်ရွယ်ချက်မရှိသောကြောင့် လင်းယွမ်၏ မဲက ဝမ်ယွဲ့ကြယ်နယ်မြေဆီသို့ အလိုလို ရောက်သွားပေလိမ့်မည်။
" အလျင်မလိုနဲ့။ အဆင့်ခြောက်နိုင်ငံသားအနေနဲ့ ငါတို့က ကြယ်မဟာမိတ်ညီလာခံမှာ မဲတစ်ခုပဲ ရှိတယ်။ စောင့်ကြည့်တာပေါ့။ ငါတို့ ကြယ်နယ်မြေနဲ့ မပက်သက်သရွေ့ အကောင်းဆုံးကမ်းလှမ်းတဲ့သူကို ထောက်ပံ့ပေးရမှာပေါ့။ " ရှီဖုန်းက ပြောလိုက်သည်။
ကြယ်မဟာမိတ်ညီလာခံတွင် ဖြစ်သော သဘောထားကွဲလွဲမှုများက လူသားမျိုးနွယ်၏ အခြေအနေအပေါ် အရေးပါသော သက်ရောက်မှုများ မရှိပေ။ ထို့ကြောင့် နတ်ဘုရားသုံးပါးက အဆင့်မြင့်နိုင်ငံသားများက်ု ဆုံးဖြတ်ချက်ချရန် အခွင့်အာဏာပေးထားခြင်းဖြစ်သည်။
ထို့နောက် ရှီဖုန်းက ဆင့်ကဲပြောင်းလဲသူ ၇ယောက် ၈ယောက်ကို ခေါ်လာခဲ့သည်။ သူတို့က အန်းနန်မဟာမိတ်၏ ကြယ်နယ်မြေအသီးသီးမှ ကိုယ်စားလှယ်များ ဖြစ်သည်။
ရွှေနဂါးကြယ်နယ်မြေကဲ့သို့ အင်အားကြီးမားသော ကြယ်နယ်မြေများက ရှားပါးသောကြောင့် ထိုဆင့်ကဲပြောင်းလဲသူများက လင်းယွမ်ကို လေးစားကြလေသည်။
ပုံမှန်အားဖြင့် လူတိုင်းက အဆင့်ခြောက်နိုင်ငံသားများအပေါ် ညှိနှိုင်းမှုမအောင်မြင်လျှင်တောင် ခြိမ်းခြောက်ခြင်းမရှိပေ။
" ဘယ်လိုလဲ။ မင်းရွေးချယ်ပြီးပြီလား။ " ရှီဖုန်းက လင်းယွမ်ကို စိတ်ဝင်တစားကြည့်လိုက်သည်။
သူက ကြယ်နယ်မြေတစ်ခုနှင့် သဘောတူညီမှု ရထားပြီဖြစ်သည်။ ထိုကြယ်နယ်မြေ၏ ကမ်းလှမ်းမှုများက ရှီဖုန်းကို ကျေနပ်စေလေသည်။ ယခု သူက လင်းယွမ်၏ ရွေးချယ်မှုကို သိချင်နေသည်။
" ဝမ်ယွဲ့ကြယ်နယ်မြေပဲ ရွေးလိုက်တော့မယ်။ " လင်းယွမ်က စဉ်းစားပြီး ပြောလိုက်သည်။
ကြယ်နယ်မြေ ခုနှစ်ခု ရှစ်ခု၏ ကမ်းလှမ်းမှုများက ဝမ်ယွဲ့ကြယ်နယ်မြေနှင့် အတူတူပင် ဖြစ်သည်။ သို့သော် လင်းယွမ်က အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူ အိုရင်၏ အမွေအနှစ်ကို လက်ခံထားခဲ့လေသည်။ ဝမ်ယွဲ့ကြယ်နယ်မြေက အိုရင်၏ မွေးရပ်မြေဖြစ်လေသည်။ ထိုအခြေအနေတွင် လင်းယွမ်က ဝမ်ယွဲ့ကြယ်နယ်မြေကိုသာ ရွေးချယ်ခဲ့သည်။
" ကောင်းတယ်။ " ရှီဖုန်းက ခေါင်းငြိမ့်လိုက်သည်။ သူက ချက်ချင်း ဝမ်ယွဲ့ကြယ်နယ်မြေမှ လူငယ် နာ့တန်နှင့် ဆက်သွယ်လိုက်သည်။
လူငယ်နာ့တန်က ကိုယ်ပိုင်နေရာတွင် ပေါ်လာသည်။
" ကျေးဇူးတင်ပါတယ်။ မစ္စတာရှစ်စန်းရဲ့ အကူအညီအတွက် ဝမ်ယွဲ့ကြယ်နယ်မြေကိုယ်စား ကျွန်တော် ကျေးဇူးတင်ပါတယ်။" ငယ်နာ့တန်က လေးစားစွာ ပြောလိုက်သည်။
" ငါတို့က အပြန်အလှန်ပါပဲ။ " လင်းယွမ်က သူ၏ လက်ကို ဝှေ့ရမ်းပြီး ပြောလိုက်သည်။
" ဒါက ရွှင်းထုံအဖွဲ့က လုံခြုံရေးသေတ္တာရဲ့ စကားဝှက်ပါ။ မစ္စတာရှစ်စန်းက ရွှင်းထုံအဖွဲ့ဝဘ်ဆိုဒ်က လုံခြုံရေးသေတ္တာဝန်ဆောင်မှုထဲ ဝင်ပြီး ဆုကြေးကို ထုတ်ယူနိုင်ပါတယ်။ " နာတန်က လင်းယွမ်ကို နံပါတ်အချို့ ပို့ပေးလိုက်သည်။
လူသားမျိုးနွယ်မဟာမိတ်၏ အကြီးမားဆုံး သယ်ယူပို့ဆောင်ရေးအဖွဲ့ဖြစ်သည့် ရွှင်းထုံအဖွဲ့က သူတို့၏ လုံခြုံရေးသေတ္တာဝန်ဆောင်မှုကို အလွန်အလေးအနက်ထားကြလေသည်။
နာတန်က ရတနာများကို ရွှင်းထုံအဖွဲ့၏ လုံခြုံရေးသေတ္တာထဲတွင် သိမ်းဆည်းထားပြီး လင်းယွမ်ကို စကားဝှက် ပြောပြခဲ့ခြင်းဖြစ်သည်။ လင်းယွမ်က လုံခြုံရေးသေတ္တာ၏ စကားဝှက်ကို ပြောပြပြီးနောက် ရွှင်းထုံအဖွဲ့က ရတနာများကို ပို့ပေးမည်ဖြစ်သည်။ လုပ်ငန်းစဉ်တစ်ခုလုံးကို မည်သူမှမသိစေဘဲ လျို့ဝှက်လုပ်ဆောင်ကြခြင်းဖြစ်သည်။
ထိုအချက်ကြောင့် သူတို့က လုံးဝ ယုံကြည်စိတ်ချရပြီး ချီခွန်ကြယ်သခင်ကဲ့သို့ အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများပင် ရွှင်းထုံအဖွဲ့ကို အလုပ်အပ်ကြလေသည်။
" ကောင်းပြီ။ " လင်းယွမ်က စကားဝှက်ကို မှတ်သားပြီး ခေါင်းငြိမ့်လိုက်သည်။
" ရှစ်စန်း အဲ့ဒီ စိတ်ဝိညာဉ်ကာကွယ်ရေးရတနာကို မင်းရောင်းဖို့ စဉ်းစားထားရင် ငါအမြင့်ဆုံးစျေးနဲ့ ဝယ်မယ်။ " ရှီဖုန်းက ချက်ချင်း ပြောလိုက်သည်။
သူက ထိုစိတ်ဝိညာဉ်ကာကွယ်ရေးရတနာကို အလွန်လိုချင်နေသော်လည်း အခြားတစ်ခုကို ရွေးချယ်ခဲ့ရလေသည်။
" အင်း ရောင်းဖြစ်ရင် ပြောမယ်လေ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
သတ္တမအလွှာ စိတ်ဝိညာဉ်ကာကွယ်ရေးရတနာက ယာယီသာဖြစ်သည်။ လင်းယွမ်က အဋ္ဌမအလွှာသို့ ရောက်သွားလျှင် သို့မဟုတ် အဋ္ဌမအလွှာ စိတ်ဝိညာဉ်ကာကွယ်ရေးရတနာကို ပြုပြင်ပြီးလျှင် ထိုသတ္တမအလွှာ စိတ်ဝိညာဉ်ကာကွယ်ရေးရတနာကို လိုတော့မည်မဟုတ်ပေ။
" အင်း... ကြယ်မဟာမိတ်ညီလာခံမှာ ငါတို့ အဆင့်ခြောက်နိုင်ငံသားတွေက မဲပေးပိုင်ခွင့်ရှိပေမယ့် တကယ်ဆုံးဖြတ်ချက်ချတာ ကောင်စီဝင်တွေပဲ။ " ရှီဖုန်းက သက်ပြင်းချလိုက်သည်။
ကြယ်မဟာမိတ်ညီလာခံ၏ ကောင်စီဝင်တစ်ယောက်ဖြစ်လာရန် အဆင့်ခုနှစ်နိုင်ငံသားဖြစ်ရန် လိုအပ်လေသည်။ အဆင့်ခြောက်နှင့် အဆင့်ခုနှစ်နိုင်ငံသားများကြားတွင် အဆင့်တစ်ခု တိုးလာရုံသာ ဖြစ်သော်လည်း အဆင့်အတန်းနှင့် အခွင့်ထူးများက ပြောင်းလဲမှုရှိလေသည်။
" အဆင့်ခုနှစ်နိုင်ငံသား..." လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။
အဆင့်ခြောင်နိုင်ငံသားတစ်ယောက်က အဆင့်ခုနှစ်နိုင်ငံသားသို့ အဆင့်မြှင့်တင်ရန် ကောင်းမှုအမှတ်နှစ်သန်းလိုအပ်ပြီး ၎င်းက မျိုးနွယ်ခြားများ၏ စစ်မြေပြင်တွင် အဋ္ဌမအလွှာ မျိုးနွယ်ခြားနှစ်ယောက်ကို သတ်ခြင်းနှင့် ညီမျှလေသည်။
အရေးကြီးဆုံးအချက်မှာ ထိုအဋ္ဌမအလွှာ မျိုးနွယ်ခြားနှစ်ယောက်ကို သတ်ခြင်းက မူလခန္ဓာကိုယ်ကို သတ်ခြင်းဖြစ်ပြီး ကိုယ်ပွားများကို သတ်ရုံနှင့် ကောင်းမှုအမှတ် တစ်သန်းရမည်မဟုတ်ပေ။ ၎င်းက ခက်ခဲလွန်းပေသည်။
ချီခွန်ကြယ်သခင်က မျိုးနွယ်ခြားများ၏ စစ်မြေပြင်သို့ သွားပြီး ကြယ်ပင်လယ်ခွန်အသွင်ဖြင့် မရေတွက်နိုင်သော အဋ္ဌမအလွှာ မျိုးနွယ်ခြားများကို ဝါးမျိုခဲ့သော်လည်း ၎င်းတို့မှ အများစုက ကိုယ်ပွားများသာဖြစ်သည်။ သူတို့၏ မူလခန္ဓာကိုယ်များက လုံခြုံသော နေရာတွင် ပုန်းအောင်းနေကြသည်။
ချီခွန်ပင်မကြယ်။
လင်းယွမ်က နန်းတော်ထဲမှ ထွက်လာသည်။
မကြာမီအာကာသယာဉ်တစ်စီး ဆင်းသက်လာပြီး အတွင်းမှ လူတစ်ယောက် ထွက်လာသည်။
" ဒီမှာ လူကြီးမင်းရဲ့ ပစ္စည်းတွေပါ။ ကျေးဇူးပြုပြီး လက်မှတ်ထိုးပေးပါဦး။ " ထိုဝန်ထမ်းက အနည်းဆုံး သတ္တမအလွှာ ခွန်အားရှိပြီး ရွှင်းထုံအဖွဲ့၏ တန်ဖိုးကြီးပစ္စည်းများ ပေးပို့ရန် တာဝန်ယူထားခြင်း ဖြစ်သည်။
" ကောင်းပြီ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
လင်းယွမ်က သူ၏ အထောက်အထားများကို အတည်ပြုပြီး ၎င်းကို လက်ခံလိုက်သည်။
" လူကြီးမင်းအတွက် ဝန်ဆောင်မှုပေးရတာ ရွှင်းထုံအဖွဲ့အတွက် ဂုဏ်ယူစရာပါပဲ။ " ဝန်ထမ်းက အနည်းငယ် ဦးညွှတ်ပြီး အာကာယာဉ်ပေါ်သို့ ပြန်တက်သွားသည်။
လင်းယွမ်က သူ၏ နေရာသို့ ပြန်သွားပြီး ရတနာများကို စစ်ဆေးလိုက်သည်။
ပထမက သတ္တမအလွှာ စိတ်ဝိညာဉ်ကာကွယ်ရေးရတနာဖြစ်သည်။ ၎င်းက ပန်းရောင်ဖျော့ဖျော့နှင့် လက်ဖဝါးအရွယ် ကျောက်စိမ်းဆွဲသီးတစ်ခုဖြစ်သည်။
လင်းယွမ်က ၎င်းကို သန့်စင်ပြီးနောက် ကျောက်စိမ်းဆွဲသီးက အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး သူ၏ စိတ်အသိထဲသို့ ဝင်ရောက်၍ သူ၏ စိတ်ဝိညာဉ်ကို ကာကွယ်ပေးထားသည်။
" မဆိုးဘူး။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
သူက ချီခွန်ပင်မကြယ်တွင် ရှိနေပြီး မည်သည့်အန္တရာယ်မှ မကြုံတွေ့ရသော်လည်း ထိုကဲ့သို့ စိတ်ဝိညာဉ်ကာကွယ်ရေးရတနာတစ်ခု ရထားခြင်းမှာ ကောင်းသောအရာဖြစ်လေသည်။ ထို့အပြင် ၎င်းက အလကားရခြင်းဖြစ်သည်။