← Chapters

ထူးဆန်းသော အဖြစ်အပျက်....

Vol. 17 Ch. 258

ထူးဆန်းသော အဖြစ်အပျက်....

Vol. 17 Ch. 258

" ကျန်းမုအပိုင်းအစ..." လင်းယွမ်က ဒုတိယရတနာကို ထုတ်ယူလိုက်သည်။

၎င်းက သစ်ပင်အပိုင်းအစတစ်ခုဖြစ်ပြီး မျက်နှာပြင်က အနည်းငယ် မည်းနက်နေသည်။

၎င်းကို ကြည့်ရုံနှင့် လင်းယွမ်က ကြယ်စကြာဝဠာထဲမှ ကောင်းကင်နှင့်မြေကြီးကို ထောက်ပံ့ပေးထားသော နတ်သစ်ပင်ကို အနည်းငယ် ခံစားမိလိုက်သည်။

" အဲ့ဒါ ကျန်းမုလား။ " လင်းယွမ်က မျက်လုံးများမှိတ်ပြီး အနည်းငယ် ခံစားမိလိုက်သည်။

ကျန်းမုက စကြာဝဠာအတွင်းမှ စွမ်းအားကြီးမားလှသော သစ်ပင်သက်ရှိတစ်မျိုး ဖြစ်သည်။ ၎င်း၏ အရွယ်အစားက အလွန်ကြီးမားပြီး ချီခွန်ကြယ်သခင်ပင် ကျန်းမု၏ အစစ်အမှန် ခန္ဓာအနီးသို့ မကပ်ရဲပေ။

ကျန်းမုသစ်ပင်က နှစ်တစ်သိန်းကြာတိုင်း လျှပ်စီးကပ်ဘေးကို ဖြတ်ကျော်ပြီး ကျန်းမုအပိုင်းအစက ကပ်ဘေးဖြတ်ကျော်နေစဉ် ပဲ့ကျန်နေခဲ့ခြင်းဖြစ်သည်။

" အဇူရာကောင်းကင်ရေ.." လင်းယွမ်က တတိယရတနာကို ကြည့်လိုက်သည်။

ထိုရေက ခန္ဓာကိုယ်ကို သန့်စင်ပေးပြီး မူလအရင်းအမြစ်ကို အားဖြည့်ပေးလေသည်။

" စမ်းကြည့်တာပေါ့။ " လင်းယွမ်က အဇူရာကောင်းကင်ရေတစ်စက်ကို စုပ်ယူလိုက်ပြီး စွမ်းအားတစ်ခုက သူ၏ ခြေလက်များသို့ စီးဆင်းလာသည်ကို ခံစားလိုက်ရသည်။

" အံ့ဩစရာပဲ..." လင်းယွမ်က ပြုံးလိုက်သည်။

ရွှေနဂါးကြယ်နယ်မြေ။

ရွှေရောင်ဂြိုလ်တစ်ခုပေါ်တွင် ကျင်းထျန်းကျိုးက သူ၏ ဆရာနှင့်မတွေ့ဆုံမီ အနည်းငယ် တုန့်ဆိုင်းနေသည်။

" ထျန်းကျိုး ဘာလို့လဲ။ " ရွှေနဂါးကြယ်သခင်၏ မျက်လုံးများက ရွှေရောင်တောက်ပနေပြီး ကြယ်စကြာဝဠာကို ဖြတ်သွားသကဲ့သို့ ဖြစ်နေသည်။

" ဆရာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကြယ်မဟာမိတ်ညီလာခံမှာ ဝမ်ယွဲ့ကြယ်နယ်မြေကို ထောက်ပံ့မယ့် အဆင့်ခြောက် နိုင်ငံသားတစ်ယောက်ကို ခြိမ်းခြောက်ခဲ့မိတယ်။ " ကျင်းထျန်းကျိုးက ပြောပြလိုက်သည်။

လင်းယွမ်က သာမန်အဆင့်ခြောက်နိုင်ငံသားဖြစ်လျှင် သူက ဂရုစိုက်မည်မဟုတ်ပေ။ သို့သော် ရှီဖုန်း၏ ပြောစကားအရ လင်းယွမ်၏ အသက်က တစ်ထောင်ပင်အောက်တွင် ရှိနေသည်။ အသက်တစ်ထောင်အောက် အဆင့်ခြောက်နိုင်ငံသားက ထင်သလောက်အရေးမပါသော်လည်း သူ၏ ဆရာကိုတော့ ပြောပြရပေလိမ့်မည်။ အဆင့်ခြောက်နိုင်ငံသားများ၏ အချက်အလက်များကို နတ်ဘုရားသုံးပါးသာ သိလေသည်။

" ရှစ်စန်းလိုပဲသိတဲ့ အဆင့်​ခြောက်နိုင်ငံသား..." ရွှေနဂါးကြယ်သခင်ကလည်း ကျင်းထျန်းကျိုးသိသလောက်သာ သိလေသည်။

" မစိုးရိမ်နဲ့။ " ရွှေနဂါးကြယ်သခင်က ပြောလိုက်သည်။ " သူက အဆင့်ခုနှစ်နိုင်ငံသားဖြစ်လာရင်တောင် အဲ့ဒါ အနာဂတ်မှာ အဝေးကြီးလိုသေးတယ်။ အခုချိန်မှာ လက်ရှိကစ္စတွေကိုပဲ စဉ်းစားရအောင်။ "

စစ်မြေပြင် C24763....

ထာဝရလေဟာနယ်အက်ကြောင်းနှင့် မနီးမဝေးတွင် လင်းယွမ်က ဆယ်မီတာရှည်သော လေဟာနယ်အက်ကြောင်းကို ကြည့်ပြီး ရံဖန်ရံခါ မျက်လုံးမှိတ်ပြီး စဉ်းစားနေသည်။

" လေဟာနယ်က အရာအားလုံးပဲ။ အရာအားလုံးကို ပျိုးထောင်ဖို့ လေဟာနယ်လိုအပ်တယ်။ အရာအားလုံး ကြီးထွားဖို့ လေဟာနယ်လိုအပ်တယ်။ အရာအားလုံး ညိုးနွမ်းဖို့ လေဟာနယ်လိုအပ်တယ်။ " လင်းယွမ်က စိတ်ထဲမှ လေးနက်စွာ စဉ်းစားနေသည်။

လေဟာနယ်ပုံစံ ၉၆၅ခုကို နားလည်ပြီးနောက် လင်းယွမ်က လေဟာနယ်နိယာမ၏ နက်ရှိုင်းသော အနှစ်သာရကို အာရုံခံမိခဲ့သည်။ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လင်းယွမ်၏ လေဟာနယ်နိယာမအပေါ် အမြင်က နေ့စဉ် တိုးတက်လာခဲ့သည်။

" ပင်မလေဟာနယ်ပုံစံ ၇၇၈၂ခု။ " လင်းယွမ်က မျက်မှောင်ကြုတ်သွားသည်။

အခြေခံလေဟာနယ်ပုံစံ ၉၆၅ခုက လေဟာနယ်နိယာမ၏ နိဒါန်းဖြစ်ပြီး လေဟာနယ်ပုံစံ ၇၇၈၂ခုတို့က လေဟာနယ်နိယာမ၏ အဓိကဖြစ်သည်။

လေဟာနယ်ပုံစံ ၇၇၈၂ခုတို့က မျက်မမြင်များ ဆင်တစ်ကောင်ကို ကိုင်ကြည့်သကဲ့သို့ ရှုထောင့်အမျိုးမျိုး ရှိပြီး ဆင့်ကဲပြောင်းလဲသူအသီးသီးတွင် ကွဲပြားသော အသိအမြင်များ ရှိသည်။

ထို့ကြောင့် ချီခွန်ကြယ်သခင်က လင်းယွမ်ကို ပင်မလေဟာနယ်ပုံစံများအား မပြချင်ခြင်းဖြစ်သည်။

ချီခွန်ကြယ်သခင်က သူနားလည်ထားသော လေဟာနယ်ပုံစံများကို ပြသခဲ့လျှင် လင်းယွမ်က သူ၏ အကန့်အသတ်ထဲတွင် ပိတ်မိနေပေလိမ့်မည်။ မှန်၏ ချီခွန်ကြယ်သခင်က လင်းယွမ်၏ ကြောက်စရာကောင်းသော ပါရမီကို နားလည်သောကြောင့် ဖြစ်သည်။

အခြားတပည့်ဆယ့်နှစ်ယောက်ဆိုလျှင် ချီခွန်ကြယ်သခင်က ပင်မလေဟာနယ်ပုံစံများကို ပြသရန် ပြဿနာမရှိပေ။

" ငါ အခြေခံလေဟာနယ်ပုံစံတွေကို နားလည်သွားတာ တစ်လနှစ်လရှိနေပြီ။ အခုထိ ပင်မလေဟာနယ်ပုံစံ တစ်ခုတောင် နားမလည်သေးဘူး။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။

လင်းယွမ်က ပင်မလေဟာနယ်ပုံစံများကို နှစ်လအတွင်း နားလည်ရန် ကြိုးစားနေသည်ကို အခြားဆင့်ကဲပြောင်းလဲသူများသာ သိလျှင် သွေးအန်သွားကြပေလိမ့်မည်။

ပင်မလေဟာနယ်ပုံစံများက နက်နဲ၍ ကျယ်ပြန့်ပြီး သာမန်သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူများက နှစ်ထောင်ချီ သို့မဟုတ် သောင်းချီ၍ ဆင်ခြင်ရန် လုံလောက်လေသည်။

ချီခွန်ကြယ်သခင်ကဲ့သို့ လေဟာနယ်နိယာမတွင် အရည်အချင်းရှိသူပင် ပင်မလေဟာနယ်ပုံစံတစ်ခုကို နားလည်ရန် ကြိုးစားအားထုတ်မှု များစွာ လိုအပ်လေသည်။

အထူးသဖြင့် နောက်ပိုင်းပုံစံများသို့ ရောက်သည်နှင့် ပို၍ နားလည်ရခက်လာပြီး အတားအဆီးတစ်ခုကြောင့် နှစ်ရာချီ ထောင်ချီ ရပ်တန့်နေနိုင်လေသည်။

" စိတ်လျှော့ ငါအလျင်လိုနေလို့မရဘူး။ "

လင်းယွမ်က သူ၏ အတွေးများကို စုစည်းလိုက်သည်။ သူ့အတွက် အများဆုံးက အချိန်ဖြစ်သည်။ အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ဆင်းသက်နိုင်ခြင်းနှင့် သူ၏ အသက်က အခြားဆင့်ကဲပြောင်းလဲသူများထက် များစွာ ပိုရှည်နိုင်လေသည်။

အခြားကမ္ဘာများတွင် လေဟာနယ်နိယာမကို လေ့လာခြင်းက ထာဝရလေဟာနယ်အက်ကြောင်းကို လေ့လာသလောက် မမြန်သော်လည်း သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် အချိန်များစွာ လိုအပ်မည်မဟုတ်ပေ။

" ဟမ် ငါက ပင်မလေဟာနယ်ပုံစံတွေကို အာရုံစိုက်နေရင် ငါ့ရဲ့ အတွင်းကမ္ဘာကလည်း တဖြည်းဖြည်း ကျယ်ပြန့်လာတာလား။ " လင်းယွမ်က ရေရွတ်လိုက်သည်။

အတွင်းကမ္ဘာက သူ့ကို အခြေခံထားသောကြောင့် လေဟာနယ်ကို ပို၍ နက်ရှိုင်းစွာ နားလည်သည်နှင့် အတွင်းကမ္ဘာကလည်း သဘာဝအတိုင်း ကျယ်ပြန့်လာသည်။

" တကယ်လို့ ငါသာ ပင်မလေဟာနယ်ပုံစံ ၇၇၈၂ခုကို နားလည်နိုင်ရင် ငါ့ရဲ့ အတွင်းကမ္ဘာ အရွယ်အစားက တွေးကြည့်လို့တောင် မရဘူး။ "

အတွင်းကမ္ဘာ၏ အရွယ်အစားက ၎င်း၏ ခွန်အားကို ကိုယ်စားပြုလေသည်။ လင်းယွမ်၏ အတွင်းကမ္ဘာက မိုင်ထောင်ပေါင်းများစွာ ကြီးမားလာလျှင် သူက သာမန် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများကို ကမ္ဘာ၏ ခွန်အားဖြင့် လွှမ်းမိုးနိုင်ပေလိမ့်မည်။

" မေ့လိုက်တော့ ပင်မလေဟာနယ်ပုံစံ ၇၇၈၂ခုကို နားလည်ဖို့ ငါ့အတွက် အလှမ်းဝေးလွန်းသေးတယ်။ အခု ပထမတစ်ခုကို နားလည်အောင် အာရုံစိုက်ရမယ်။ " လင်းယွမ်က သူ၏ စိတ်ကို တည်ငြိမ်စေပြီး လေ့လာမှုကို ဆက်လက်ပြုလုပ်လိုက်သည်။

" ဒါပေမယ့်... " ခနစဉ်းစားပြီးနောက် လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

" မျိုးနွယ်ခြားတွေက ဘာလို့တဖြည်းဖြည်း နည်းလာတာလဲ။ " လင်းယွမ်က စိတ်ရှုပ်သွား၏။

ထာဝရလေဟာနယ်အက်ကြောင်းအနီးတွင် လူသားမျိုးနွယ်များသာမက ဟေးယွမ်မျိုးနွယ်မှ သန်မာသူများကလည်း ပိုင်နက်များခွဲထားကြသည်။ မျိုးနွယ်နှစ်ခုလုံးက ထာဝရလေဟာနယ်အက်ကြောင်းအနီးတွင် လေ့လာလျှင် သူတို့၏ အသိအမြင်များကို ပိုမိုးတိုးတက်စေနိုင်လေသည်။

ထို့ကြောင့် မျိုးနွယ်နှစ်ခုလုံးအတွက် လေဟာနယ်အက်ကြောင်းအနီးတွင် ငြိမ်းချမ်းရေးနယ်မြေတစ်ခု ဖြစ်လာသည်။ သို့သော် မတိုက်ခိုက်ရခြင်းမှာ မရေးသားထားသော စည်းမျဉ်းတစ်ခုသာဖြစ်ပြီး အချိန်မရွေးဖောက်ဖျက်နိုင်လေသည်။

" တစ်ခုခုဖြစ်သွားတာ ဖြစ်နိုင်လား။ " လင်းယွမ်က မသက်မသာခံစားခဲ့ရသော်လည်း ယခုက သူ၏ မူလစိတ်ဝိညာဉ်သာ ဖြစ်သောကြောင့် သေဆုံးခဲ့လျှင်တောင် သူ့အတွက် ကြီးမားသော ဆုံးရှုံးမှုမရှိပေ။

မူလကမ္ဘာတွင် လင်းယွမ်၏ မူလစိတ်ဝိညာဉ် ဆုံးရှုံးသွားလျှင် သူက မူလအရင်းအမြစ်နှင့် သို့မဟုတ် အချိန်အနည်းငယ်ပေးပြီး ပြန်လည်ဖန်တီးလိုက်ရုံသာ ဖြစ်သည်။ ထို့အပြင် မူလကမ္ဘာတွင် ရတနာများစွာ ရှိသောကြောင့် ထိုမျှ အားစိုက်စရာမလိုအပ်ပေ။

စစ်မြေပြင်၏ အခြားတစ်ဖက်တွင် ထိုနေရာက ဟေးယွမ်မျိုးနွယ်၏ သန်မာသူများနှင့် ပြည့်နှက်နေသည်။

" အခုအခြေအနေဘယ်လိုလဲ။ " ခေါင်းဆောင်ဖြစ်သူက ပြောလိုက်သည်။

သူက နဖူးတွင် ဦးချိုတစ်ချောင်းရှိသကဲ့သို့ သူ၏ ခန္ဓာကိုယ်က အနက်ရောင်မိုးကြိုးများ စီးဆင်းနေပြီး သူ၏ အော်ရာတစ်မျှင်က သာမန် ဆဋ္ဌမအလွှာတစ်ယောက်ကိုပင် တုန်ယင်သွားစေနိုင်သည်။

" ပုံမှန်ပဲ။ လူသားမျိုးနွယ်က ကျုပ်တို့ ဟေးယွမ်မျိုးနွယ်ရဲ့ အစီအစဉ်ကို မသိကြသေးဘူး။ "

" အဲ့ဒါကို အချို့က ခန့်မှန်းမိရင်တောင် စစ်ပွဲကို အရှိန်မြှင့်ချင်တယ်လို့ပဲ ထင်ကြလိမ့်မယ်။ ဒီတစ်ခါ ငါတို့ ဟေးယွမ်မျိုးနွယ်က အင်အားတစ်ခုလုံး အသုံးပြုထားတယ်ဆိုတာ သူတို့သိမှာမဟုတ်ဘူး။ "

All Chapters