ထွက်ပြေးကြခြင်း....
Vol. 17 Ch. 260
" ဟေးယွမ်မျိုးနွယ်က ဘယ်လောက်တောင် ရူးသွပ်လိုက်လဲ။ " လင်းယွမ်က စဉ်းစားနေသည်။
ဟေးယွမ်မျိုးနွယ်က လူသားမျိုးနွယ်၏ လက်တုန့်ပြန်မှုကို မကြောက်ဘူးလား။
" ငါလည်း ထွက်ပြေးသင့်တယ်။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။ ထိုက်ယင်စိတ်ဝိညာဉ် သေဆုံးသွားလျှင် ကြီးမားသော ဆုံးရှုံးမှုမဟုတ်သော်လည်း ကျဆုံးခြင်းကို ရှောင်ရှားခြင်းက ပိုကောင်းလေသည်။
" အကိုယွမ်ယင်..." ထိုအချိန်တွင် ချပ်ဝတ်နှင့်လူကလည်း လင်းယွမ်အနီးသို့ ချဉ်းကပ်လာသည်။
" မင်းငါနဲ့ မပူးပေါင်းချင်ဘူးလား။ မင်း ငါ့နောက်လိုက်မယ်ဆိုရင် မင်းဘေးကင်းလိမ့်မယ်။ " ချပ်ဝတ်နှင့်လူက သူ၏ ရင်ဘတ်ကို ပုတ်၍ ပြောလိုက်သည်။
" မလိုပါဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
သူက မူလစိတ်ဝိညာဉ်ဖြစ်သောကြောင့် ရုပ်ခန္ဓာကန့်သတ်ချက်မရှိပေ။ ခွန်အားအပြည့်အသုံးပြုလျှင် သူ၏ အမြန်နှုန်းက အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူကို မှီနိုင်လေသည်။
" မရှက်ပါနဲ့ " ချပ်ဝတ်နှင့်လူက လင်းယွမ်၏ စကားကို ဂရုမစိုက်ဘဲ ဆက်ပြောလိုက်သည်။ " ငါ..."
ထိုအချိန်တွင် ရုတ်တရက် သူတို့၏ ခြေထောက်အောက်မှ တောင်တန်းက တုန်ခါလာသည်။
" အားလုံး ချက်ချင်း ပြေးကြတော့။ " တပ်မှူးကျိုးရှီက အော်ဟစ်လိုက်သည်။
ဝုန်း ဝုန်း ဝုန်း....
တောင်တန်း၏ အကာအကွယ်အားလုံးက ပျောက်ကွယ်သွားသည်။
ဝှစ် ဝှစ်.....
ဆင့်ကဲပြောင်းလဲသူများက နှစ်ခါမတွေးဘဲ ဦးတည်ချက်အမျိုးမျိုးသို့ ပြေးထွက်သွားကြသည်။
" ဟမ်..." ချပ်ဝတ်နှင့်လူက လင်းယွမ်ကို လှည့်ကြည့်လိုက်သည်။
လင်းယွမ်၏ ခန္ဓာကိုယ်က ကြယ်ပျံတစ်စင်းသဖွယ် မိုင်တစ်ရာကျော်သို့ ချက်ချင်း ရောက်ရှိသွားပြီး ချက်ဝတ်နှင့်လူ၏ အမြင်မှ ပျောက်ကွယ်သွားသည်။
" မြန်လှချည်လား။ " ချပ်ဝတ်နှင့်လူက အံ့ဩသွားသည်။
စစ်မြေပြင်၏ တစ်ဖက်တွင် ဟေးယွမ်မျိုးနွယ်ခေါင်းဆောင်ဖြစ်သော ဦးချိုနှင့်လူက အဝေးသို့ ကြည့်နေသည်။ သူက ဟေးယွမ်မျိုးနွယ်၏ သန်မာသူများကို နေရာအသီးသီးအား ပိတ်ဆို့ထားရန် အမိန့်ပေးထားပြီးဖြစ်သည်။ ပိတ်ဆို့မှုပြီးဆုံးသည်နှင့် စစ်မြေပြင်တစ်ခုလုံးက အကျဉ်းထောင်သဖွယ်ဖြစ်လာပေလိမ့်မည်။ ထို့နောက် သူက ကိုယ်တိုင် စစ်မြေပြင်ထဲမှ လူသားမျိုးနွယ်များကို သုတ်သင်ရှင်းလင်းမည်ဖြစ်သည်။
သူကြည့်နေစဉ် အဝေးမှ လူသားမျိုးနွယ်များ၏ အခြေစိုက်စခန်းတစ်ခုဖြစ်သော လွင့်မျောတောင်တန်းက လေထဲသို့ လျင်ုမန်စွာ မြောက်တက်လာသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ၎င်းက ဟေးယွမ်မျိုးနွယ်စုရှိရာသို့ ဦးတည်လာနေသည်။
" ဟမ်..." ဟေးယွမ်မျိုးနွယ်ခေါင်းဆောင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
လွင့်မျောတောင်တန်းက ဤစစ်မြေပြင်တွင် လူသားမျိုးနွယ်များ၏ အခြေစိုက်စခန်းဖြစ်လေသည်။ ၎င်းက လိုအပ်ချိန်တွင် တိုက်ခိုက်နိုင်သော လက်နက်တစ်ခုလည်း ဖြစ်သည်။ သို့သော် အမှန်တိုင်းပြောရလျှင် ယခုအချိန်တော့ မဟုတ်သေးပေ။
" ဘာလဲဟ..." တောင်တန်းက လက်နက်အဖြစ် ပြောင်းလဲသွားသည်နှင့် မရေတွက်နိုင်သော ဆင့်ကဲပြောင်းလဲသူများက အရပ်မျက်နှာအသီးသီးသို့ အရူးအမူး ပြေးထွက်သွားကြသည်ကို တွေ့လိုက်ရသည်။
" သေစမ်း..." သူ၏ ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်မိုးကြိုးများက စတင်ဆူပွက်လာသည်။
သူ၏ ဟေးယွမ်မျိုးနွယ်၏ အစီအစဉ် သို့မဟုတ် အင်းဆက်မျိုးနွယ်၏ အစီအစဉ်က တနည်းနည်းဖြင့် ပေါက်ကြားသွားခဲ့လေသည်။ မဟုတ်လျှင် ထိုဆင့်ကဲပြောင်းလဲသူများက ယခုအချိန်တွင် ထွက်ပြေးကြသေးမည်မဟုတ်ပေ။
" သေပေတော့..." ဟေးယွမ်မျိုးနွယ်ခေါင်းဆောင်က ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။
ဂျစ် ဂျစ်....
အနက်ရောင်မိုးကြိုးများက သူ၏ ခန္ဓာကိုယ်ပတ်လည်း မိုင်တစ်သန်းတွင် ပြည့်နှက်သွားသည်။ သူက ညာလက်ကို မြှောက်ပြီး လွင့်မျောတောင်တန်းကို ဖိချလိုက်သည်။
" ပုရွက်ဆိတ်တွေကများ..." ခေါင်းဆောင်၏ အကြည့်များက အေးစက်နေပြီး လွင့်မျောတောင်တန်းက လျင်မြန်စွာ ပြိုကျလာသည်။
" ဟားဟားဟား.... ဟေးယွမ်မျိုးနွယ်က ကလေးတွေ ငါ့ လူသားမျိုးနွယ်ရဲ့ အမျက်ဒေါသအောက်မှာ မင်းတို့ ရှန်သန်နိုင်ဖို့ ငါမျှော်လင့်ပါတယ်။ " တောင်တန်းအထက်မှ ကျိုးရှီက ရူးသွပ်စွာ ရယ်မောလိုက်ပြီး တောင်တန်းနှင့်အတူ ပြိုကွဲသွားသည်။
ခံတပ်တစ်ခုအနေဖြင့် ပြောင်းလဲသွားသော လွင့်မျောတောင်တန်း၏ ရည်ရွယ်ချက်က ရှင်းလင်းပေသည်။ ၎င်းက လူသားမျိုးနွယ်၏ ဆုတ်ခွာမှုကို ဖုံးကွယ်ရန်နှင့် ဟေးယွမ်မျိုးနွယ်ကို အချိန်ဆွဲရန်သာ ဖြစ်သည်။
" အားလုံးလွတ်မြောက်သွားပြီလား။ " ခေါင်းဆောင်က အဖက်ဖက်သို့ ထွက်ပြေးနေကြသော ဆင့်ကဲပြောင်းလဲသူများစွာကို ကြည့်လိုက်သည်။
သူ၏ အဆင့်နှင့် ပင်မလေဟာနယ်ပုံစံများထဲမှ လေဟာနယ်ရွေ့ပြောင်းခြင်းကို မားလည်ထားသော်လည်း စစ်မြေပြင်၏ လေဟာနယ်က ထင်ရှားလှသည်။
မည်သည့်နေရာရွေ့ပြောင်းခြင်းဖြစ်စေ ချို့ယွင်းချက်များ ဖြစ်ပေါ်နိုင်ပြီး လေဟာနယ်ထဲတွင် ပျောက်ကွယ်သွားနိုင်လေသည်။ ထို့ကြောင့် သူက အရှိန်ကိုသာ အားကိုးနိုင်လေသည်။
သို့သော် ဆင့်ကဲပြောင်းလဲသူများစွာ၏ ပြေးလမ်းကြောင်းများက ကွဲပြားနေသည်။ သူက တစ်ဖက်ကို လိုက်လျှင် အခြားဖက်များမှ ဆင့်ကဲပြောင်းလဲသူများက အဝေးသို့ ရောက်နေမည်ဖြစ်သည်။ ထို့ကြောင့် လွတ်လပ်ခြင်းနတ်ဘုရားက လူသားမျိုးနွယ် ဆယ်ယောက်လျှင် ရှစ်ယောက် ကိုးယောက် လွတ်မြောက်နိုင်သည်ဟု တွက်ချက်ခဲ့ခြင်း ဖြစ်သည်။
ချီခွန်ပင်မကြယ်၏ ရှစ်စန်းတောင်ထိပ်ပေါ်ရှိ ခန်းမထဲတွင် လင်းယွမ်က ထိုင်နေသည်။
" ဟေးယွမ်မျိုးနွယ်..." လင်းယွမ်က အဝေးမှ စစ်မြေပြင်ရှိရာသို့ ကြည်လိုက်သည်။ ထိုက်ယင်မူလစိတ်ဝိညာဉ်၏ အဖြစ်အပျက်အားလုံးကို သိနေလေသည်။
" လူသားမျိုးနွယ်ရဲ့ အဆင့်မြင့်ပုဂ္ဂိုလ်တွေ အခု သတိထားမိသွားလောက်ပြီ။ " လင်းယွမ်က တွေးလိုက်သည်။
မျိုးနွယ်ခြားများ၏ စစ်မြေပြင်တွင် လွင့်မျောတောင်တန်းက VR ကမ္ဘာနှင့် လွတ်လပ်စွာ ချိတ်ဆက်နိုင်ပြီး လွတ်လပ်ခြင်းနတ်ဘုရားနှင့် ဆက်သွယ်နိုင်လေသည်။ ထိုအခြေအနေတွင် ဟေယွမ်မျိုးနွယ်၏ အခြေအနေကို လွှဲပြောင်းပေးပြီးဖြစ်သည်။
" ဟေးယွမ်မျိုးနွယ်.... အင်းဆက်မျိုးနွယ်..." လင်းယွမ်က အခြေအနေကို အတိအကျမသိသော်လည်း ဟေးယွမ်မျိုးနွယ်၏ လှုပ်ရှားမှုများက အင်းဆက်မျိုးနွယ်နှင့် ပက်သက်နေမည်ကို စဉ်းစားမိလေသည်။
" အဲ့ဒါ တကယ်ပဲ အင်းဆက်မျိုးနွယ်ရဲ့ အမိန့်ဆိုရင် စစ်မြေပြင်တစ်ခုတည်းတော့ မဖြစ်နိုင်ဘူး။ "
လင်းယွမ်က စိတ်ထဲမှ တွက်ချက်လိုက်သည်။ အင်းဆက်မျိုးနွယ်ကဲ့သို့ အထွတ်အထိပ်မျိုးနွယ်တစ်ခုက အဓိပ္ပါယ်မရှိသော လုပ်ရပ်မျိုးကို လုပ်မည်မဟုတ်ပေ။ စစ်မြေပြင်ငယ်တစ်ခုက စစ်ပွဲအခြေအနေတစ်ခုလုံးကို သက်ရောက်မှုရှိမည်မဟုတ်ပေ။
မျိုးနွယ်ခြားစစ်မြေပြင်တွင်....
" ပြေး ပြေး ပြေးကြ...."
ဆင့်ကဲပြောင်းလဲသူ သန်းချီက အသဲအသန် ထွက်ပြေးနေကြသည်။ စစ်မြေပြင်၏ ခေါင်းဆောင် ကျိုးရှီ၏ စကားကို ဆင့်ကဲပြောင်းလဲသူများက သံသယဝင်ခြင်းမရှိကြပေ။
အထူးသဖြင့် လွင့်မျောတောင်တန်းကို ခံတပ်အဖြစ် ပြောင်းလဲပြီး ဟေးယွမ်မျိုးနွယ်ကို တိုက်ခိုက်လိုက်ခြင်းက သူတို့၏ ထွက်ပြေးချင်စိတ်ကို အပြည့်အဝ ဖြစ်ပေါ်သွားစေခဲ့သည်။ ဆင့်ကဲပြောင်းလဲသူများထဲတွင် ဆဋ္ဌမအလွှာ များစွားပါဝင်ပြီး ရုပ်ခန္ဓာအစစ်နှင့် သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူအချို့လည်း ပါဝင်လေသည်။ သို့သော် သူတို့၏ ခန္ဓာကိုယ်အစစ်က ပြင်ပရှိ လုံခြုံသောနေရာတွင် ရှိလျှင်တောင် ကိုယ်ပွားသေဆုံးလျှင် ကိုယ်ပွားဖန်တီးရန် ကုန်ကျစရိတ်များသည့်အပြင် သူတို့နှင့်အတူ ပါလာသော ရတနာများ လက်နက်များလည်း ဆုံးရှုံးရပေလိမ့်မည်။
ထို့ကြောင့် သူတို့က စိတ်ပျက်နေကြလျှင်တောင် အားလျော့ခြင်းမရှိဘဲ ဆက်ပြေးနေကြသည်။
" ပြည့်စုံတဲ့ ပိတ်ဆို့မှုမရှိရင် လူသားမျိုးနွယ်ဆယ်ယောက်မှာ တစ်ယောက်နှစ်ယောက်ကိုပဲ တားဆီးနိုင်လိမ့်မယ်။ " ဟေးယွမ်မျိုးနွယ်ခေါင်းဆောင်က အရပ်ရပ်သို့ ထွက်ပြေးနေကြသူများကို ကြည့်ပြီး တွေးလိုက်သည်။
လူသားမျိုးနွယ်၏ တုန့်ပြန်မှုက လျင်မြန်လှသည်။ သူတို့က ဟေးယွမ်မျိုးနွယ်၏ အပြည့်အဝ ပိတ်ဆို့ချိန်ထိ ရှိနေလျှင် လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူအားလုံး လွတ်မြောက်နိုင်မည်မဟုတ်ပေ။
သို့သော် ယခု သူတို့၏ အကွာအဝေးအရ ဟေးယွမ်မျိုးနွယ်ဝင်များက လူသားမျိုးနွယ် ဆယ်ယောက်လျှင် တစ်ယောက်နှစ်ယောက်သာ တားဆီးနိုင်ပေလိမ့်မည်။
" အဲ့ဒီ ဆဋ္ဌမအလွှာနဲ့ သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူတွေကို သတ်ပစ်ရမယ်။ " သူက လျင်မြန်စွာ ဆုံးဖြတ်ချက် ချလိုက်သည်။
လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်နှစ်ယောက်ကို သတ်နိုင်လျှင် ဆဋ္ဌမနှင့် သတ္တမအလွှာတို့ကို သတ်ခြင်းက ပို၍ အကျိုးရှိလေသည်။ စတုတ္ထအလွှာနှင့် ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲသူများကို ဂရုမစိုက်နိုင်ပေ။