← Chapters

တိုက်ပွဲရလဒ်....

Vol. 17 Ch. 262

တိုက်ပွဲရလဒ်....

Vol. 17 Ch. 262

" ဟားဟား ကြောက်လွန်းသွားတာလား..." ချန်းယုက လင်းယွမ် အလွန်ကြောက်လန့်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်ဟု ထင်သွားသည်။

" သေစမ်း..." ချန်းယုက တွန့်ဆုတ်ခြင်းမရှိဘဲ လင်းယွမ်ကို ခွန်အားကုန် ရိုက်ချလိုက်သည်။

သို့သော် ထိုခနတွင် သူတို့၏ ပတ်ဝန်းကျင်မှ လေထုက ထိုက်ယင်စွမ်းအားမျှင်များကို သယ်ဆောင်လာသည်။ သတ္တမအလွှာ ချန်းယု၏ ရိုက်ချက်က ထိုက်ယင်စွမ်းအားများ၏ တိုက်စားမှုအောက်တွင် ပျောက်ကွယ်သွားသည်။

" ဟမ် " ချန်းယုက မှင်သက်သွားပြီး စဉ်းစားမရဖြစ်သွား၏။

ဝုန်း....

ရုတ်တရက် ဆဋ္ဌမအလွှာသာ ရှိသော လင်းယွမ်၏ အရှိန်က ဆယ်ဆ အဆတစ်ရာ ခုန်တက်သွားသည်။ မျက်စိတစ်မှိတ်အတွင်း သူက သတ္တမအလွှာ ချန်းယုကို လွှမ်းမိုးသွားသည်။

" မဟုတ်ဘူး..." ချန်းယုက အလွန်ထိတ်လန့်သွားပြီး သူ၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားသည်။

လင်းယွမ်က ပျံသန်းလာပြီး သိုလှောင်ရတနာများကို ယူလိုက်သည်။

" ဘာလဲဟ..." အဝေးမှ ကြည့်နေသော ရွှယ်ယောင်က မယုံကြည်နိုင်ဖြစ်သွားသည်။

" အဲ့ဒီအရှိန်..." သူ၏ အမူအရာက ပြောင်းလဲသွားသည်။

" ဟမ်..." စစ်မြေပြင်၏ တစ်ဖက်မှ ဟေးယွမ်မျိုးနွယ်ခေါင်းဆောင်ကလည်း ထိုအဖြစ်အပျက်ကို သတိပြုမိပြီး သူ၏ အကြည့်က ပြောင်းလဲသွားသည်။

" သတ္တမအလွှာ အထွတ်အထိပ် မဟုတ်ဘူး။ အဲ့ဒီအရှိန်က အဋ္ဌမအလွှာရဲ့ တံခါးဝကို ရောက်နေပြီ။ " သူက စိတ်ထဲမှ ခန့်မှန်းလိုက်သည်။

" အဲ့ဒါ အရှိန်အထူးပြုတဲ့ သတ္တမအလွှာ အထွတ်အထိပ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်ရမယ်။ "

ဟေးယွမ်မျိုးနွယ်ခေါင်းဆောင်က လင်းယွမ်ပြေးလာခဲ့သော လမ်းကြောင်းကို ကြည့်လိုက်သည်။ " အံ့ဩစရာပဲ။ သူက ငါ့ကို လှည့်စားခဲ့တာပဲ။ "

လင်းယွမ်က အစကတည်းက ထိုအရှိန်ကို ပြသခဲ့လျှင် သူက ဟေးယွမ်မျိုးနွယ်၏ သန်မာသူများကို လွှတ်လိုက်ပြီဖြစ်သည်။

သို့သော် လင်းယွမ်က မလုပ်ခဲ့ဘဲ သာမန်ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူအဖြစ် ဟန်ဆောင်ခဲ့သည်။ ၎င်းက လွယ်ကူသည်ဟု ထင်ရသော်လည်း လုပ်ဆောင်ရန် ခက်ခဲလေသည်။ အရေးကြီးဆုံးမှာ ဟေးယွမ်မျိုးနွယ်ခေါင်းဆောင်၏ အာရုံကို လှည့်စားရန် ဖြစ်သည်။

မရေတွက်နိုင်သော ဆင့်ကဲပြောင်းလဲသူများ ထွက်ပြေးသွားသည်နှင့် ဟေးယွမ်မျိုးနွယ်ခေါင်းဆောင်က သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူများ၏ တည်နေရာကို လျင်မြန်စွာ ဖော်ထုတ်ခဲ့သည်။

သို့သော် လင်းယွမ်၏ ယင်စိတ်ဝိညာဉ်က မူလစိတ်ဝိညာဉ်ဖြစ်ပြီး သူ၏ အော်ရာနှင့် ထိုက်ယင်စွမ်းအားတို့က ပေါင်းစပ်လုနီးပါး ဖြစ်နေချိန်တွင် ဟေးယွမ်မျိုးနွယ်ခေါင်းဆောင်ကဲ့သို့ စွမ်းအားကြီးသူပင် သတိမထားမိဖြစ်သွားနိုင်လေသည်။

" အရမ်းနောက်ကျသွားပြီ။ " ဟေးယွမ်မျိုးနွယ်ခေါင်းဆောင်က လင်းယွမ်မှာ စစ်မြေပြင်မှ အဝေးသို့ ထွက်ခွာသွားပြီကို မြင်လိုက်ရသည်။

စစ်မြေပြင်မှ ထွက်ခွာသည်နှင့် လူသားမျိုးနွယ်ဆင့်ကဲပြောင်းလဲသူများက တည်နေရာရွေ့ပြောင်းနိုင်သော အာကာသယာဉ်များကို အသုံးပြုနိုင်ကြလေသည်။

" သေစမ်း။ မင်းက တကယ် ချန်းယုကို သတ်ခဲ့တယ်။ " ရွှယ်ယောက်က လင်းယွမ် ထွက်ပြေးသွားရာသို့ ဒေါသတကြီးကြည့်ပြီး လိုက်ရန် ပြင်လိုက်သည်။

" လိုက်ဖမ်းဖို့မလိုဘူး။ " ဟေးယွမ်မျိုးနွယ်ခေါင်းဆောင်၏ အသံက ရွှယ်ယောင်၏ နားထဲသို့ ဝင်ရောက်လာသည်။ " အခြားလူသားမျိုးနွယ် သတ္တမအလွှာတွေကို သတ်ဖို့ ဆက်စောင့်နေ။ "

သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူ လင်းယွမ် လွတ်မြောက်သွားခြင်းက ဒေါသထွက်စရာဖြစ်သော်လည်း မလွတ်မြောက်သေးသော သတ္တမအလွှာများစွာ ရှိကြလေသည်။ သူတို့က ဟေးယွမ်မျိုးနွယ်၏ နောက်ထပ်ပစ်မှတ်များ ဖြစ်ကြသည်။

" ဟုတ်ကဲ့။ " ရွှယ်ယောင်က အသက်ပြင်းပြင်းရှူပြီး သူ၏ နေရာသို့ ပြန်သွားလိုက်သည်။

" ငါလည်း လွတ်မြောက်လာတာလား။ " ချပ်ဝတ်နှင့်လူက လင်းယွမ်ပြေးသည့်လမ်းကြောင်းအတိုင်းလိုက်လာပြီး မမျှော်လင့်ဘဲ စစ်မြေပြင်မှ လွတ်မြောက်သွားခဲ့သည်။

" အဲ့ဒါ အကိုယွမ်ယင်ပဲ။ " ချပ်ဝတ်နှင့်လူက ချောမွေ့စွာ လွတ်မြောက်လာသည့်အကြောင်းရင်းကို လျင်မြန်စွာ နားလည်သွားသည်။

အခြေအနေများကို စဉ်းစားကြည့်လျှင် သူ့လို ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က ဟေးယွမ်မျိုးနွယ်၏ အာရုံစိုက်ခြင်းကို အနည်းငယ် ခံရနိုင်လေသည်။ အနည်းဆုံး သူ့ကို တားဆီးရန် သတ္တမအလွှာ မျိုးနွယ်ခြားတစ်ယောက်တော့ ပေါ်လာသင့်ပေသည်။

သို့သော် စွမ်းအားကြီးလှသော လင်းယွမ်က သတ္တမအလွှာ မျိုးနွယ်ခြားတစ်ယောက်ကို သတ်ပြီး ပိတ်ဆို့ခြင်းဧရိယာကို အပေါက်တစ်ခု ဖြစ်သွားစေခဲ့သည်။

" အကိုယွမ်ယင်ရဲ့ စွမ်းအားက တပ်မှူးအဆင့်လောက်တော့ ရှိလောက်တယ်။ " ချပ်ဝတ်နှင့်လူက သူ၏ ကံကောင်းမှုကို ကျေးဇူးတင်ပြီးနောက် လင်းယွမ်က သတ္တမအလွှာ မျိုးနွယ်ခြားကို သတ်ဖြတ်လိုက်သည့်မြင်ကွင်းအား ပြန်တွေးလိုက်သည်။

အလွန်လျင်​မြန်ပြတ်သားပြီး ပြိုင်ဘက်က တုန့်ပြန်ချိန်တွင် မရလိုက်ပေ။ ထိုမျိုးနွယ်ခြားက သတ္တမအလွှာ အမတ်အဆင့် ရှိနိုင်ပြီး သတ္တမအလွှာ ဘုရင်အဆင့်များသာ သူ့ကို သက်သောင့်သက်သာ သတ်ဖြတ်နိုင်ပေလိမ့်မည်။

" အရင် ငါက အကိုယွမ်ယင်ကို ငါ့ရဲ့ ကာကွယ်မှုယူဖို့အတွက် မေးခဲ့တာလား။ " ချပ်ဝတ်နှင့်လူက လင်းယွမ်၏ ခွန်အားကို တွေးပြီး ရှက်ရွံ့မိသွားသည်။ သူက လင်းယွမ်ကို ကာကွယ်ရန်မပြောနှင့် သူကြောင့်ပင် လင်းယွမ်က ဒုက္ခများသွားနိုင်လေသည်။

" တည်နေရာရွေ့ပြောင်းခြင်းက အမြန်အသက်သွင်းရမယ်။ " ချပ်ဝတ်နှင့်လူက အာကာသယာဉ်ကို ထုတ်ပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။

စစ်မြေပြင်နှင့် အလင်းနှစ်ခြောက်ဆယ်အကွာတွင် လေဟာနယ်စွမ်းအားများက လှုပ်ရှားသွားပြီး အနက်ရောင်အာကာသယာဉ်တစ်စီး ပေါ်လာသည်။

လင်းယွမ်က အာကာသယာဉ်ကို ထိန်းချုပ်ပြီး လူသားမျိုးနွယ်၏ ပိုင်နက်ထဲသို့ ဆက်တိုက်ဦးတည်လာခဲ့သည်။ ူ

" ငါ့ရဲ့ လက်ရှိတိုက်ခိုက်ရေးစွမ်းအားက သတ္တမအလွှာ အမတ်အဆင့်တစ်ယောက်ကို ခြုံခိုသတ်ဖြတ်နိုင်တယ်။ " လင်းယွမ်က ဖြစ်ပျက်သမျှကို ပြန်လည်စဉ်းစားနေသည်။

သူသတ်ခဲ့သော မျိုးနွယ်ခြားက သတ္တမအလွှာ အမတ်အဆင့်ဖြစ်လေသည်။ ပုံမှန်အားဖြင့် လင်းယွမ်၏ ယင်စိတ်ဝိညာဉ်ကို ရှုံးနိမ့်လျှင်ပင် အချိန်ကြာ တိုက်ခိုက်ရပေလိမ့်မည်။ သို့သော် ပြိုင်ဘက်က လင်းယွမ်ကို လျှော့တွက်ခဲ့သောကြောင့် သေခြင်းသို့ ဦးတည်သွားခဲ့သည်။

၎င်းက လင်းယွမ်၏ ထိုက်ယင်မူလစိတ်ဝိညာဉ်တစ်ခုသာ ဖြစ်သည်။ သတ္တမအလွှာသို့ တက်လှမ်းပြီး အတွင်းကမ္ဘာကို ဖန်တီးပြီးနောက် လင်းယွမ်၏ ခွန်အားက များစွာ တိုးတက်လာခဲ့သည်။ မူလစိတ်ဝိညာဉ်နှစ်ယောက်က အားနည်းနေလျှင်တောင် သတ္တမအလွှာ အမတ်အဆင့်ကို သတ်ဖြတ်နိုင်ဆဲ ဖြစ်သည်။

မူလခန္ဓာကိုယ်သာဆိုလျှင် သတ္တမအလွှာ ဘုရင်အဆင့်ကိုပင် ဖိနှိပ်နိုင်လောက်ပေသည်။

တစ်ရက်နှစ်ရက်ကြာပြီးသောအခါ လင်းယွမ်က လူသားမျိုးနွယ်ပိုင်နက်ထဲသို့ ဝင်ရောက်လာခဲ့သည်။ ထိုမှသာ လင်းယွမ်လည်း စိတ်အေးနိုင်လေသည်။ ဟေးယွမ်မျိုးနွယ်က မည်မျှရူးသွပ်သည်ဖြစ်စေ လူသားမျိုးနွယ်၏ ပိုင်နက်အတွင်းသို့ ဝင်ရောက်ရဲမည်မဟုတ်ပေ။ အင်းဆက်မျိုးနွယ်ပင် မလိုအပ်ဘဲ လူသားမျိုးနွယ်၏ ပိုင်နက်အတွင်းသို့ မဝင်ရဲပေ။

လူသားမျိုးနွယ်ဖြစ်စေ အခြားအထွတ်အထိပ်မျိုးနွယ်များဖြစ်စေ စစ်မြေပြင်များ ဖွင့်လှစ်ထားခြင်းက စစ်ပွဲများကို ထိုနေရာများတွင် တိုက်ခိုက်ချင်သောကြောင့် ဖြစ်သည်။ အတားအဆီးမရှိဘဲ ပိုင်နက်များအတွင်းသို့ ဝင်ရောက်လျှင် နှစ်ဖက်လုံး ဆုံးရှုံးမှုများ ကြီးမားနိုင်လေသည်။

" မြန်မြန် ပြန်သွားရမယ်။ "

မျိုးနွယ်ခြားများ၏ စစ်မြေပြင်တွင် တိုက်ပွဲများက တဖြည်းဖြည်း တည်ငြိမ်လာသည်။ ဟေးယွမ်မျိုးနွယ်ခေါင်းဆောင်၏ အကြည့်က အေးစက်နေပြီး ဘေးမှ ရွှယ်ယောင်က အချက်အလက်များ တင်ပြနေသည်။

" အရှင် ဒီစစ်ဆင်ရေးမှာ ကျွန်တော်တို့က လူသားမျိုးနွယ် သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူ ၃၆ ယောက်၊ ဆဋ္ဌမအလွှာ ၅၇၂ ယောက်နဲ့ အခြား စတုတ္ထအလွှာနဲ့ ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲသူ ၂၈၃၇ ယောက်ကို သတ်နိုင်ခဲ့ပါတယ်။ "

ဟေးယွမ်မျိုးနွယ်က ဆဋ္ဌမအလွှာနှင့် သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူများကို အဓိကပစ်မှတ်ထားခဲ့သော်လည်း စတုတ္ထအလွှာနှင့် ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲသူများက သူတို့၏ ပိတ်ဆို့မှုဧရိယာအတွင်း ဝင်ရောက်လာပါက သတ်ပစ်ရန် တွန့်ဆုတ်ခြင်းမရှိခဲ့ပေ။

" သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူ ၃၆ယောက်မှာ ၁၅ယောက်က ကိုယ်ပွားတွေပိုင်ဆိုင်ထားကြတယ်။ ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူ ၅၇၂ယောက်မှာ ၁၂၇ယောက်က...." ရွှယ်ယောင်က ဆက်လက်တင်ပြလိုက်သည်။

All Chapters