ကျင့်စဉ်ဖန်တီးခြင်း....
Vol. 17 Ch. 268
လင်းယွမ်က ပုံမှန်အားဖြင့် ဘိုးဘေးနတ်ဆိုးသစ်ပင်၏ မျိုးစေ့အနေဖြင့် ထိုမျှသနားစရာကောင်းသော အခြေအနေတွင် ရှိနေမည်မဟုတ်ပေ။ သို့သော်
သို့သော် ကမ္ဘာအပြင်ဘက်မှ တည်ရှိမှုအနေဖြင့် ဘိုးဘေးနတ်ဆိုးသစ်ပင်က ကမ္ဘာနှင့် ဆန့်ကျင်ဘက်တွင် ရှိနေပြီး ဘိုးဘေးနတ်ဆိုးသစ်ပင်မှ လာသော စွမ်းရည်များနှင့် နည်းလမ်းများက ဖိနှိပ်ခြင်းခံရပေလိမ့်မည်။ မည်မျှအရည်အချင်းရှိသည်ဖြစ်စေ ကြီးထွားနိုင်မည်မဟုတ်ပေ။
" ကမ္ဘာတစ်ခုကို ကျူးကျော်တာ လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး။ ပထမဆုံး ကမ္ဘာရဲ့ ခုခံမှုကို ရင်ဆိုင်ဖို့လိုတယ်။ " လင်းယွမ်က တွေးလိုက်သည်။
ကမ္ဘာတိုင်းတွင် ကိုယ်ပိုင်စိတ်အသိကို ပိုင်ဆိုင်ပြီး ကမ္ဘာစိတ်အသိဟု ရည်ညွှန်းလေသည်။ ကမ္ဘာစိတ်အသိများက ခွန်အားနှင့် အကျင့်စရိုက်များ ကွဲပြားကြသော်လည်း ခြွင်းချက်မရှိ ကမ္ဘာခြားမှ စွမ်းအားကြီးတည်ရှိမှုများကို ရန်လိုကြလေသည်။
ဤကမ္ဘာကို လိုချင်သော ဘိုးဘေးနတ်ဆိုးသစ်ပင်က ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရန် မရည်ရွယ်ဘဲ ၎င်း၏ ကိုယ်ပိုင်ကြီးထွားမှုအတွက် ကမ္ဘာ၏ မူလရင်းမြစ်ကို လိုချင်နေခြင်းဖြစ်သည်။
ထို့ကြောင့် ကမ္ဘာ၏ ခုခံမှုအပြင် ကမ္ဘာထဲရှိ စွမ်းအားကြီးတည်ရှိမှုများကလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြပေလိမ့်မည်။
နာမည် - ဘိုးဘေးနတ်ဆိုးသစ်ပင်မျိုးစေ့၊ လင်းယွမ်
အဆင့်အတန်း - အနန္တကမ္ဘာများ၏ ဂိတ်တံခါး အရှင်သခင်
စွမ်းရည် - ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်း
နတ်စွမ်းရည် - သွေးပြန်လည်မွေးဖွားခြင်း
လက်ရှိအခြေအနေ - စိတ်အသိဆင်းသက်ခြင်း
နေထိုင်ချိန် - နှစ် ၆၀၀
" အခုအရေးကြီးဆုံးက စွမ်းအားတွေကို ဘယ်လိုစုပ်ယူရမလဲ။ " လင်းယွမ်က စဉ်းစားနေသည်။
သူက သစ်ပင်လေးတစ်ပင်သာ ဖြစ်သော်လည်း ဘိုးဘေးနတ်ဆိုးသစ်ပင်၏ မျိုးနွယ်ဖြစ်သောကြောင့် သူ၏ ကြီးထွားမှုကို သက်ရှိများ၏ စိတ်ဝိညာဉ်၊ သွေး၊ အသက်အဆီအနှစ်တို့ကို စုပ်ယူခြင်းဖြင့် မြှင့်တင်နိုင်လေသည်။
သို့သော် သစ်ပင်လေး၏ လက်ရှိအခြေအနေက အခြားသက်ရှိများကို ဝါးမျိုရန် မပြောနှင့် ဖြတ်သွားသော သားရဲများ၏ နင်းမခံရသည်ကပင် ကံကောင်းပေသည်။
" နေရောင်ခြည်ကို စုပ်ယူတာကလည်း အရမ်းနှေးတယ်။ ပြီးတော့ နေရာင်ခြည်လည်းမရှိဘူး။ "
လင်းယွမ်က သူ၏ အာရုံနှင့် ပတ်ဝန်းကျင်ကို လေ့လာပြီးနောက် နေရောင်ခြည်၊ အစိုဓာတ်နှင့် အာဟာရအားလုံးကို ရှေးဟောင်းသစ်ပင်ကြီးများက လက်ဝါးကြီးအုပ်ထားကြလေသည်။
" သဘာဝရဲ့ စိတ်ဝိညာဉ်စွမ်းအား... " လင်းယွမ်က ပတ်ဝန်းကျင်ရှိ လေထုထဲတွင် စိတ်ဝိညာဉ်စွမ်းအားနှင့် ဆင်တူသော သိမ်မွေ့သည့် စွမ်းအားတစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။
သို့သော် တူညီစွာပင် ထိုစွမ်းအားကို စုပ်ယူရန် ဗီဇအပေါ်မှီခိုသောကြောင့် အလွန်နှေးကွေးလေသည်။ မီတာအနည်းငယ် ရှည်ရန်ပက် ရာစုနှစ်များ အချိန်ယူရနိုင်လေသည်။
" ဘိုးဘေးနတ်ဆိုးသစ်ပင်က ဒီကမ္ဘာကို ကျူးကျော်ဖို့ အသုံးပြုတဲ့နည်းလမ်းက လက်တွေ့မဆန်ဘူး။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။
ကောင်းကင်နှင့်မြေကြီး၏ ဖိနှိပ်မှုအောက်တွင် နတ်ဆိုးမျိုးစေ့များက မွေးရာပါစွမ်းရည်များကို ထုတ်ဖော်နိုင်ခြင်းမရှိဘဲ အခြေအနေက နှေးကွေးပေလိမ့်မည်။
သို့သော် လင်းယွမ်အတွက်မူ ထိုမွေးရာပါစွမ်းရည်များကို မလိုအပ်ပေ။ သူက ထိုကောင်းကင်နှင့်မြေကြီးနှင့် လိုလျောညီထွေဖြစ်နိုင်မည့် နည်းစနစ်များနှင့် စွမ်းရည်များကို ဖန်တီးရန်သာ လိုအပ်လေသည်။
လင်းယွမ်က ဤကမ္ဘာမှ လျို့ဝှက်နည်းစနစ်များကို မြင်ဖူးသော်လည်း ထိုလျို့ဝှက်နည်းစနစ်များက သူ့အတွက် လမ်းကြောင်းအချို့ ဖော်ပြရုံသာဖြစ်သည်။ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ကောင်းကင်နှင့် မြေကြီးကို ဆင်ခြင်ခြင်းဖြင့် သူလိုချင်သော လျို့ဝှက်နည်းစနစ်များကို ဖန်တီးနိုင်ပေလိမ့်မည်။
ကောင်းကင်နှင့် မြေကြီးကို နားလည်ခြင်းဖြင့် ရရှိလာသော လျို့ဝှက်နည်းစနစ်များက ကမ္ဘာနှင့် လုံးဝ လိုက်လျောညီထွေ ဖြစ်ပြီး နည်းနည်းမှ ဖိနှိပ်ခံရမည်မဟုတ်ပေ။
" ဉာဏ်အလင်းကို ရှာဖွေလိုက်ရအောင်..." လင်းယွမ်က ချက်ချင်း စိတ်ကို တည်ငြိမ်စေလိုက်သည်။
ယခုအချိန်တွင် သူက လုံခြုံသည်ဟု မခံစားရပေ။ တစ်မီတာကျော်မြင့်သော အပင်ငယ်တစ်ပင်အနေဖြင့် ဖြတ်သွားသော သားရဲတစ်ကောင်က တက်နင်းလျှင်ပင် ခုခံနိုင်စွမ်းရှိမည်မဟုတ်ပေ။
[ သင်က ကျင့်ကြံခြင်းကို နားလည်ရန် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ကောင်းကင်နဲ့မြေကြီးရဲ့ လုပ်ဆောင်ချက်တွေကို လေ့လာနေပါပြီ။ ]
[ သင်က ကျင့်ကြံခြင်းကို နားလည်ရန် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ကောင်းကင်နဲ့မြေကြီးရဲ့ လုပ်ဆောင်ချက်တွေကို လေ့လာနေပါပြီ။ ]
[ သင်က ကျင့်ကြံခြင်းကို နားလည်ရန် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ကောင်းကင်နဲ့မြေကြီးရဲ့ လုပ်ဆောင်ချက်တွေကို လေ့လာနေပါပြီ။ ]
လဝက်ကြာ အဆက်မပြတ် ရှာဖွေပြီးနောက် လင်းယွမ်က သူ၏ လက်ရှိခန္ဓာကိုယ်နှင့် သင့်တော်သော ကျင့်စဉ်ကို နားလည်လာခဲ့သည်။
" ဟမ့် " လင်းယွမ်က ၎င်းကို ထုတ်ဖော်လိုက်သည်နှင့် ပတ်ဝန်းကျင်မှ စိတ်ဝိညာဉ်စွမ်းအားများက အကိုင်းအခက်မျာင်းနှင့် ပင်စည်ထဲသို့ ဝင်ရောက်သွားကြသည်။
" သက်သောင့်သက်သာပဲ။ " လင်းယွမ်က သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ရေပူစမ်းထဲ စိမ်နေသကဲ့သို့ နွေးထွေးမှုကို ခံစားနေရသည်။
" ဒါပေမယ့် ဒီကျင့်စဉ်က အစောပိုင်းအဆင့်တွေမှာ သင့်တော်ပေမယ့် နောက်ပိုင်းအဆင့်တွေကျရင် လျှော့သုံးရလိမ့်မယ်။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။
လက်ရှိတွင် သူက တစ်မီတာကျော်သာ ရှိပြီး ဆယ်မီတာကျော်အတွင်းမှ စိတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူနိုင်ခဲ့သည်။ အကယ်၍ သူက မီတာအချို့ သို့မဟတ် ဆယ်မီတာကျော် ကြီးထွားလာလျှင် တစ်ခါစုပ်ယူမှုက မိုင်အနည်းငယ်အတွင်းမှ စိတ်ဝိညာဉ်စွမ်အားအတက်အကျကို ဖြစ်ပေါ်စေပေလိမ့်မည်။ ထိုအခါ စွမ်းအားကြီးသူများ၏ အာရုံကို ဆွဲဆောင်မိသွားပေလိမ့်မည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်၏ မျိုးစေ့တစ်ခုအနေဖြင့် သက်ရှိတိုင်းက ငြင်းပယ်ထားကြသောကြောင့် စိတ်ကူးမယဉ်နိုင်သော အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်လေသည်။
ထို့ကြောင့် လင်းယွမ်က အသက်ရှင်ချင်လျှင် နှိမ့်ချနေထိုင်ရမည်ဖြစ်သည်။ အရာအားလုံးကို ဖြတ်ကျော်နိုင်စွမ်ရှိခင် သူ့ကိုသူ ထုတ်ဖော်မပြနိုင်ပေ။
" ငါ့ရဲ့ လက်ရှိ ကျင့်ကြံခြင်းအရှိန်နဲ့ဆို လအနည်းငယ်အတွင်း ငါ့ရဲ့ သစ်ကိုင်းတွေကို ထိန်းချုပ်ပြီး သားရဲတွေကို ဖမ်းလို့ရပြီ။ " လင်းယွမ်က စိတ်ထဲမှ တွက်ချက်လိုက်သည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်၏ အမျိုးအနွယ်တစ်ယောက်အနေဖြင့် သူက သစ်ပင်နှင့်တူသော်လည်း ထိုမလှုပ်ရှားနိုင်သော သစ်ပင်များနှင့်တော့ ကွဲပြားလေသည်။ သူ၏ ကြီးထွားမှုအစတွင် ကောင်းကင်နှင့် မြေကြီး၏ ဖိနှိပ်ခြင်းခံခဲ့ရပြီး ထိုစွမ်းရည်များကို ထုတ်ဖော်နိုင်ခြင်းမရှိခဲ့ပေ။
ယခု လင်းယွမ်က အသက်ရှင်နိုင်ရုံသာမက စိတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူခြင်းဖြင့် ကြီးထွားလာနိုင်ပြီး အရာအားလုံးကပိုမိုလွယ်ကူလာပေလိမ့်မည်။
အကိုင်းအခက်များကို ထိန်းချုပ်ပြီး အမဲလိုက်ခြင်းက အခြေခံစွမ်းရည်များထဲမှ တစ်ခု ဖြစ်သည်။ ထို့အပြင် သားကောင်များကို အမဲလိုက်ပြီး သွေးနှင့် စိတ်ဝိညာဉ်ကို စုပ်ယူခြင်းက အခြားသူများ၏ အာရုံကို ဆွဲဆောင်ခြင်း ရှိတော့မည်မဟုတ်ပေ။
လအချို့ကြာပြီးသောအခါ မီတာဝက်ရှိသော ယုန်တစ်ကောင်က လမ်းကြောင်းအတိုင်း ချဉ်းကပ်လာသည်။ ထိုယုန်၏ မျက်လုံးနှင့် အမွေးများက ခရမ်းရောင်ရှိပြီး အမှန်ပင် ချစ်စရာကောင်းပြီး အန္တရာယ်မရှိပုံရလေသည်။
သို့သော် အနက်ရောင်မြူခိုးတောင်တန်းတွင် နေထိုင်သော သားရဲများက ပုံမှန်အားဖြင့် အန္တရာယ်မရှိသည်ဟူသော စကားနှင့် သက်ဆိုင်ခြင်းမရှိကြပေ။ ခရမ်းရောင်မျက်လုံးယုန်များက အလွန်လျင်မြန်ပြီး အချို့သားရဲများထက်ပင် ကျော်လွန်လေသည်။
ခရမ်းရောင်မျက်လုံးယုန်က ချဉ်းကပ်လာပြီး ၎င်း၏ မျက်လုံးက နေရာတစ်ခုကို စူးစိုက်ကြည်နေသည်။ ထိုနေရာတွင် အစိမ်းရောင်သစ်ရွက်များ ရှိနေပြီး မျက်နှာပြင်ပေါ်မှ စိတ်ဝိညာဉ်စွမ်းအားများကို သာမန်မျက်စိဖြင့်ပင် မြင်နိုင်လေသည်။ ၎င်းက ခရမ်းရောင်ယုန်အတွက် ခံနိုင်ရည်မရှိသော ဆွဲဆောင်မှုတစ်ခု ဖြစ်လေသည်။
ခရမ်းရောင်မျက်လုံးယုန်က မြင့်မားသော ဉာဏ်ရည်ကို မပိုင်ဆိုင်ထားသော်လည်း ထိုသစ်ရွက်ကို စားသုံးခြင်းဖြင့် သူက ပြောင်းလဲသွားနိုင်ကြောင်း ဗီဇအရ ပြောနေသည်။
သို့သော် အနက်ရောင်မြူခိုးတောင်တန်းတွင် နေထိုင်သော သားရဲတစ်ကောင်အနေဖြင့် ခရမ်းရောင်မျက်လုံးယုန်က ပင်ကိုစိတ်အသိကြောင့် အစိမ်းရောင်သစ်ရွက်နှင့် နီးကပ်နေသော်လည်း ဆက်မသွားသေးဘဲ ပတ်ဝန်းကျင်ကို စောင့်ကြည့်နေခဲ့သည်။
အကြိမ်ကြိမ် စစ်ဆေးပြီးနောက် အနီးတွင် ခြိမ်းခြောက်နိုင်သော သားရဲများမရှိဘဲ အမြင့်သုံးမီတာကျော် မြင့်သော အနက်ရောင်သစ်ပင်တစ်ပင်သာ ရှိလေသည်။
ဝှစ်....
နောက်ဆုံးတွင် ခရမ်းရောင်မျက်လုံးယုန်က ၎င်း၏ သတိထားမှုကို လျှော့ချပြီး သစ်ရွက်ဆီသို့ ခုန်သွားလိုက်သည်။
သို့သော် ထိုခနတွင် အစိမ်းရောင်သစ်ရွက်များက ပျောက်ကွယ်သွားခဲ့သည်။ ထိုနေရာတွင် မြွေများကဲ့သို့ တွန့်လိမ်နေသော အနက်ရောင်သစ်ကိုင်းတစ်ဒါဇင်ကျော်ရှိပြီး ခရမ်းရောင်မျက်လုံးယုန်ကို ဖမ်းချုပ်သွားသည်။