← Chapters

လင်းယွမ်၏ စိတ်ကူး....

Vol. 17 Ch. 266

လင်းယွမ်၏ စိတ်ကူး....

Vol. 17 Ch. 266

ယွမ်ရှန်းကျင်းတွင် အသုံးဝင်မှု နှစ်ခုရှိ၏ တစ်ခုမှာ ၎င်း၏ ကြီးထွားမှုဖြစ်ပြီး လင်းယွမ်က နဝမအလွှာသို့ ရောက်ခဲ့လျှင်တောင် အသုံးဝင်နေသေးသည်။ နောက်တစ်ခုမှာ ထိုအရာ၏ ပျော့ပြောင်းမှုဖြစ်သည်။

လင်းယွမ်က ဆန္ဒရှိသလို ယွမ်ရှန်းကျင်းကို ပုံဖော်နိုင်သည်။ ထိုးစစ်လက်နက်၊ ခံစစ်လက်နက်၊ စိတ်ဝိညာဉ် ကာကွယ်ရေးလက်နက်။ အားလုံး ဖြစ်နိုင်လေသည်။

" ဒါပေမယ့် ယွမ်ရှန်းကျင်းကို အဆင့်မြှင့်ချင်ရင် ငါ အချိန်ပေးဖို့ လိုအပ်တယ်။ "

အချိန်ပေးဖို့လား။

ချီခွန်ကြယ်သခင်၏ ပြောစကားအရ လင်းယွမ်၏ ကျင့်ကြံခြင်းအရှိန်က လျင်မြန်သော်လည်း အဋ္ဌမအလွှာသို့ ရောက်သည်နှင့် နှေးကွေးသွားမည်ဖြစ်သည်။ ထိုအချိန်တွင် လင်းယွမ်က ယွမ်ရှန်းကျင်းကို ပျိုးထောင်နိုင်လေသည်။

" ငါက ယွမ်ရှန်းကျင်းကို အခြားကမ္ဘာတွေကို ယူပြီး ပျိုးထောင်နိုင်ရင်ရော..." လင်းယွမ်က ရုတ်တရက် တွေးလိုက်သည်။

ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားမျှင် ငါးဆယ်နှင့် လင်းယွမ်က ရုပ်ခန္ဓာဆင်းသက်ခြင်းကို ပြုလုပ်နိုင်လေသည်။ သို့သော် လက်နက်တစ်ခုသယ်ဆောင်သွားခြင်းက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား ကုန်ကျမှု လျော့နည်းပေလိမ့်မည်။

" ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားမျှင် တစ်ခု...." လင်းယွမ်၏ စိတ်အသိက အနန္တကမ္ဘာများ၏ ဂိတ်တံခါးနှင့် ဆက်သွယ်မှုကို ရပ်တန့်လိုက်သည်။

ဆဋ္ဌမအလွှာသို့ ရောက်ပြီးနောက် လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးနှင့် အပြန်အလှန်တုန့်ပြန်မှုများ ပြုလုပ်နိုင်သည်ကို တွေ့ခဲ့ရသည်။

" တစ်ခုဆိုတော့ မများပါဘူး။ " လင်းယွမ်က စဉ်းစားလိုက်သည်။

ဆင်းသက်ခြင်းတွင် ယွမ်ရှန်းကျင်းကို ယူဆောင်သွားရန် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို လိုအပ်လေသည်။ လင်းယွမ်အတွက် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားမျှင်တစ်ခု စုစည်းရန် ၃၃၃ရက် မလိုတော့ဘဲ ထာဝရလေဟာနယ်အက်ကြောင်း၏ တွန်းအားနှင့် ၂၉၀ရက်သို့ ကျဆင်းသွားခဲ့သည်။

ရက်ပေါင်း ၂၉၀က လင်းယွမ်ကဲ့သို့ နှစ်ပေါင်းသောင်းချီ အသက်ရှင်နိုင်သော သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်အတွက် ခနသာ ဖြစ်လေသည်။ ထို့အပြင် လူသားမျိုးနွယ်တွင် အသက်ကိုဆွဲဆန့်နိုင်သော ရတနာများစွာ ရှိလေသည်။

လင်းယွမ်က ထာဝရလေဟာနယ်အက်ကြောင်းများရှိသော စစ်မြေပြင်များကို စဉ်းစားမိသည်။

" ယင်စိတ်ဝိညာဉ်နဲ့ ယန်စိတ်ဝိညာဉ်တို့ကို မတူညီတဲ့ စစ်မြေပြင်တွေရဲ့ ထာဝရလေဟာနယ်အက်ကြောင်းတွေအနီးမှာ ထားလိုက်ရင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို စုစည်းတဲ့အရှိန်က နှစ်ဆတိုးလာမှာလား။ " လင်းယွမ်က စိတ်လှုပ်ရှားသွား၏။

လက်ရှိတွင် လင်းယွမ်က စစ်မြေပြင်လတ် သို့မဟုတ် စစ်မြေပြင်ကြီးသို့ သွားရန် စိတ်ကူးမရှိသေးပေ။ နတ်ဘုရားသုံးပါးကလည်း လင်းယွမ်ကို မသွားရန် အကြံပေးထားကြသည်။

စစ်မြေပြင်လတ်များက ကြီးမြတ်သူများ၏ စောင့်ကြည့်မှုအောက်တွင်ရှိပြီး နဝမအလွှာ မျိုးနွယ်ခြားများကိုလည်း တွေ့နိုင်လေသည်။

ကိုယ်ပွားနည်းစနစ်က အသက်ရှင်ခြင်းနည်းစနစ်တစ်ခု ဖြစ်သော်လည်း ကျိန်စာသတ်ဖြတ်ခြင်းနည်းစနစ်ကဲ့သို့ တိုက်ခိုက်မှုများကို ရင်ဆိုင်ခြင်းက ကောင်းမွန်သော ရွေးချယ်မှုမဟုတ်ပေ။ ကိုယ်ပွားကို ကြားခံအဖြစ် အသုံးပြုပြီး မူလခန္ဓာကိုယ်ကို ကျိန်စာတိုက်နိုင်လေသည်။ ကိုယ်ပွားနှင့် မူလခန္ဓကိုယ်က စိတ်အသိမျှဝေထားသောကြောင့် မှတ်ဉာဏ်ညစ်ညမ်းခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်လေသည်။

ကျိန်စာသတ်ဖြတ်ခြင်း သို့မဟုတ် မှတ်ဉာဏ်ညစ်ညမ်းခြင်းကို အသုံးပြုသူက လင်းယွမ်အပေါ် သက်ရောက်မှုမရှိသော်လည်း နဝမအလွှာဆိုလျှင်တော့ ကွဲပြားသွားပြီဖြစ်သည်။

" စစ်မြေပြင်ငယ်က လုံလောက်ပါသေးတယ်။ အလတ်စားစစ်မြေပြင်ကိုသွားဖို့ အလျင်မလိုသေးဘူး။ " လင်းယွမ်က တွေးလိုက်သည်။

စစ်မြေပြင်ငယ်များကို အဋ္ဌမအလွှာများ ဝင်နိုင်သော်လည်း နဝမအလွှာများ ဝင်ခွင့်မရှိပေ။ ၎င်းက လူသားမျိုးနွယ်နှင့် မျိုးနွယ်တစ်သောင်းတို့ ချမှတ်ထားသော စည်းမျဉ်းဖြစ်သည်။

စစ်မြေပြင် C24763 တွင် ဟေးယွမ်မျိုးနွယ်က စည်းမျဉ်းများ ချိုးဖောက်ရုံသာမက အဋ္ဌမအလွှာတွင် ပြိုင်ဘက်ကင်းသော ဦးချိုတစ်ချောင်းနှင့်လူကိုလည်း စေလွှတ်ခဲ့လေသည်။ ဟေးယွမ်မျိုးနွယ်တွင် နဝမအလွှာ သန်မာသူများက တစ်ယောက်ထက်မက ရှိနေသည်။

" ဒီတစ်ခါ ဘယ်စစ်မြေပြင်နှစ်ခုကို ရွေးချယ်သင့်လဲ။ " လင်းယွမ်က သူ၏ စိတ်ကူးအတိုင်း ယင်စိတ်ဝိညာဉ်နှင့် ယန်စိတ်ဝိညာဉ်တို့ကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။

" ဒီစစ်မြေပြင်နှစ်ခုကို သွားကြတာပေါ့။ " ခနစဉ်းစားပြီးနောက် လင်းယွမ်က ထာဝရလေဟာနယ်အက်ကြောင်းရှိသော မျိုးနွယ်ခြားများ၏ စစ်မြေပြင်နှစ်ခုကို ရွေးချယ်လိုက်သည်။

ထာဝရလေဟာနယ်အက်ကြောင်းမရှိလျှင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား၏ စုစည်းမှုကို တိုးတက်စေမည်မဟုတ်ပေ။ ထိုစစ်မြေပြင်များတွင် လူသားမျိုးနွယ်နှင့် မျိုးနွယ်ခြားများ၏ စစ်ပွဲကလည်း ပြင်းထန်ခြင်းမရှိရန် လိုအပ်လေသည်။

လူသားမျိုးနွယ်က ဖွင့်လှစ်ထားသော စစ်မြေပြင်နှစ်သန်းကျော်တွင် တစ်ခုစီက မတူညီသော အခြေအနေများ ရှိလေသည်။

အချို့စစ်မြေပြင်များတွင် လူသားဆင့်ကဲပြောင်းလဲသူများနှင့် မျိုးနွယ်ခြားများက ပြင်းထန်စွာ တိုက်ခိုက်နေကြပြီး ထာဝရလေဟာနယ်အက်ကြောင်းအနီးတွင် အချိန်ကြာနေရန် မဖြစ်နိုင်ပေ။

" သွားတော့..." လင်းယွမ်က စိတ်ထဲမှ ပြောလိုက်သည်နှင့် ယင်စိတ်ဝိညာဉ်နှင့် ယန်စိတ်ဝိညာဉ်တို့က သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားကြသည်။

ယင်စိတ်ဝိညာဉ်နှင့် ယန်စိတ်ဝိညာဉ်တို့က အာကာသယာဉ်များကို ထိန်းချုပ်ပြီး ချီခွန်ပင်မကြယ်၏ အပြင်ဘက်ရှိ ကြယ်ရင်ပြင်သို့ ဦးတည်သွားကြသည်။

လင်းယွမ်၏ ရှစ်စန်းတောင်ထိပ်က ချီခွန်ပင်မကြယ်၏ အစည်ကားဆုံးနေရာများထဲမှ တစ်ခုဖြစ်ပြီး အာကာသယာဉ်များစွာ ဝင်ထွက်နေသည်။ ရှစ်စန်းတောင်ထိပ်သခင်ဖြစ်သော လင်းယွမ်က မကြေညာထားသော်လည်း ဆင့်ကဲပြောင်းလဲသူအများအပြားက သူ့ထံတွင် သစ္စာခံရန် လာရောက်ကြလေသည်။ လင်းယွမ်က ၎င်းတို့ကို စီမံခန့်ခွဲရန် ဖန်ချင်းကို တာဝန်ပေးထားခဲ့သည်။

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် လေ့ကျင့်သူအရေအတွက် "

လင်းယွမ်က ပထမအလွှာ ကဏ္ဍကို လေ့ကျင့်သူအရေအတွက်မှာ လွန်ခဲ့သော တစ်နှစ်ခွဲထက် များစွာမြင့်တက်လာသည်ကို တွေ့လိုက်ရသည်။

" ငါထုတ်ထားတဲ့ ဗီဒီယိုတွေက အသုံးဝင်တဲ့ပုံပဲ။ "

" သိုင်းတာအိုရဲ့ သတ္တမအလွှာသာ တင်ပြီးသွားရင် ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်မှာ ဘယ်လောက်ထိတက်သွားမလဲမသိဘူး။ " လင်းယွမ်က အနည်းငယ် မျှော်လင့်ထားသည်။

ယခု လင်းယွမ်က သတ္တမအလွှာကဏ္ဍကို စတင်ရုံသာရှိပြီး ပြည့်စုံလာရန် ဝေးကွာနေဆဲ ဖြစ်သည်။

သို့သော် သတ္တမအလွှာကဏ္ဍက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အပေါ် ကြီးမားသော အကျိုးသက်ရောက်မှုရှိမည်ဖြစ်ပြီး ထိုက်ယင်နှင့် ထိုက်ယန်တို့၏ ကန့်သတ်ချက်ကို ချိုးဖျက်သော အချိန်ထက် ပိုပေလိမ့်မည်။ အကြောင်းမှာ သတ္တမအလွှာကဏ္ဍက အတွင်းကမ္ဘာကို ဖန်တီးနိုင်သောကြောင့် ဖြစ်၏။

သို့သော် အခြားသိုင်းတာအို ဆင့်ကဲပြောင်းလဲသူများအတွက် သတ္တမအလွှာတွင် အတွင်းကမ္ဘာကို ဖန်တီးရန် ခက်ခဲပေလိမ့်မည်။ ၎င်းက ဆဋ္ဌမအလွှာတွင် အခြေခံလေဟာနယ်ပုံစံ ၉၆၅ခုကို နားလည်ရမည့်အပြင် ပြည့်စုံသော လမ်းကြောင်းကို ရွေးချယ်ရန် လိုအပ်လေသည်။

ဥပမာ သိုင်းတာအိုဆင့်ကဲပြောင်းလဲသူတစ်ယောက်က ဒုတိယအလွှာတွင် ရွှေစွမ်းအားကို ရွေးချယ်၍ တတိယအလွှာနှင့် စတုတ္ထအလွှာတို့တွင် ရွှေနိယာမကို နားလည်ခဲ့ပြီး ဆဋ္ဌမအလွှာတွင် အခြေခံလေဟာနယ်ပုံစံ ၉၆၅ခုကို နားလည်ခဲ့လျှင်တောင် အတွင်းကမ္ဘာကို ဖန်တီးနိုင်မည်မဟုတ်ပေ။

အကြောင်းရင်းမှာ ရွှေနိယာမက အလွန်ရိုးရှင်းပြီး ထိုက်ယင်နှင့်ထိုက်ယန်တို့ ပေါင်းစပ်ထားသော ထိုက်ကျိတာအိုကဲ့သို့ ပြည့်စုံခြင်းမရှိသောကြောင့် ဖြစ်သည်။

ထိုဆင့်ကဲပြောင်းလဲသူက ရွှေနိယာမအပြင် သဘာဝဓာတ်များဖြစ်သော ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး အားလုံးကို လေဟာနယ်နိယာမနှင့် ပေါင်းစည်းမှသာ အတွင်းကမ္ဘာကို ဖန်းတီးရန် မျှော်လင့်နိုင်ပေလိမ့်မည်။

တစ်လကြာပြီးသောအခါ...

" ဒါ ဒါက ပင်မလေဟာနယ်ပုံစံလား။ " လင်းယွမ်က သူ၏ ညာလက်ကို မြှောက်ထား၍ လေဟာနယ်စွမ်းအားများရှုပ်ထွေးစွာ စီးဆင်းနေပြီး လေဟာနယ်ပုံစံတစ်ခု ဖြစ်ပေါ်လာသည်။

All Chapters