← Chapters

ယွမ်ရှန်းကျင်း.....

Vol. 17 Ch. 265

ယွမ်ရှန်းကျင်း.....

Vol. 17 Ch. 265

ခန်းမထဲတွင် လင်းယွမ်နှင့် ချီခွန်ကြယ်သခင်တို့ နှစ်ယောက်သာ ကျန်နေခဲ့သည်။

ချီခွန်ကြယ်သခင်က လင်းယွမ်ကို ကြည့်လိုက်ပြီး သူ၏ အတွေးများက ခံစားချက်များနှင့် ပြည့်နှက်နေသည်။ လင်းယွမ်နှင့်မတွေ့မီ သူက တပည့်များကို သင်ကြားခြင်းမှာ ခက်ခဲသော အလုပ်တစ်ခုဟု ယုံကြည်ခဲ့သည်။

မတူညီသော တပည့်များကြားတွင် အားသာချက်၊ အားနည်းချက်များရှိကြပြီး သူတို့နှင့် ကိုက်ညီသော နည်းစနစ်များကို ရွေးချယ်ပေးနိုင်မှသာ တပည့်များ၏ အလားအလာကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

သို့သော် အပြောထက် အလုပ်က ပိုခက်လေသည်။ ချီခွန်ကြယ်သခင်က တပည့်များအား သင်ကြားရာတွင် ထူးချွန်သည်ဟူသော ဂုဏ်သတင်းကို ထိုအချက်နှင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် နောက်ပိုင်း သူက လင်းယွမ်နှင့် တွေ့ဆုံခဲ့သည်။

ချီခွန်ကြယ်သခင်က တပည့်တစ်​ယောက်ကို သင်ကြားပေးခြင်းက အလွန်လွယ်ကူသည်ဟု ပထမဆုံး ခံစားခဲ့ရသည်။ လင်းယွမ်ကို တပည့်အဖြစ် လက်ခံပြီးနောက် သူက အများကြီး မလုပ်ပေးရသေးမီ သူ၏ တပည့်က သတ္တမအလွှာသို့ ရောက်နေပြီဖြစ်သည်။

" အစက မင်း ဆဋ္ဌမအလွှာကို ရောက်ရင် ငါမင်းကို ရတနာတွေ ပေးမလို့ပဲ။ " ချီခွန်ကြယ်သခင်က ပြောလိုက်သည်။

ဆင့်ကဲပြောင်းလဲသူများအတွက် ဆဋ္ဌမအလွှာက အရေးကြီးသောကာလဖြစ်သည်။ ယခင်တပည့်ဆယ့်နှစ်ယောက်ကလည်း ဆဋ္ဌမအလွှာသို့ ရောက်ချိန်တွင် ချီခွန်ကြယ်သခင်ဆီမှ လက်ဆောင်များ ရရှိခဲ့သည်။

" ဒါပေမယ့် မင်းရဲ့ ကျင့်ကြံခြင်းအရှိန်က အရမ်းမြန်တယ်။ ငါ လက်ဆောင်ပေးဖို့ မဆုံးဖြတ်ရသေးခင် မင်းက သတ္တမအလွှာကို ရောက်နေပြီ။ " ချီခွန်ကြယ်သခင်က ကူကယ်မဲ့စွာ ပြောလိုက်သည်။

လက်ဆောင်များကိုလည်း ဂရုတစိုက် ရွေးချယ်ရန် လိုအပ်လေသည်။ ဆဋ္ဌမအလွှာတွင် ရှိခဲ့သော ရတနာများက သတ္တမအလွှာသို့ ရောက်ချိန်တွင် တန်ဖိုးမရှိတော့ပေ။

" ဆရာ..." လင်းယွမ်က မျက်တောင်ပုတ်ခပ်လိုက်သည်။

အမှန်တွင် သူက သတ္တမအလွှာသို့ တက်လှမ်းသည့်အချိန်ကို ထိန်းထားခဲ့ခြင်းဖြသ်သည်။ သူက ပြည့်စုံသော သတ္တမအလွှာ ကဏ္ဍကို ဖန်းတီးလိုသောကြောင့်သာမဟုတ်လျှင် လွန်ခဲ့သော တစ်နှစ်ခွဲကတည်းက သတ္တမအလွှာသို့ တက်လှမ်းပြီဖြစ်သည်။

" အခု မင်းက သတ္တမအလွှာမှာဆို​တော့ ပုံမှန်ဆိုရင် ငါက မင်းအတွက် သတ္တမအလွှာ ရတနာတစ်ခုကို ပြင်ဆင်ထားသင့်ပေမယ့် မင်းက သတ္တမအလွှာမှာလည်း ကြာကြာနေမှာမဟုတ်ဘူးလို့ ငါခံစားနေရတယ်။ အလွန်ဆုံး ရာစုနှစ်အချို့ပေါ့။ "

" အဲ့ဒါဆို သတ္တမအလွှာ ရတနာကလည်း မင်းအတွက် အများကြီး အကူအညီပေးနိုင်မှာမဟုတ်ဘူး။ ရာစုနှစ်နည်းနည်းနဲ့ အဲ့ဒါကို ဘယ်လိုအသုံးပြုမှာလဲ။ " ချီခွန်ကြယ်သခင်က ခေါင်းခါပြီး ပြောလိုက်သည်။

" ဒါကြောင့် ငါက အားလုံးကို တစ်ခါတည်းလုပ်ဖို့ ရည်ရွယ်ထားတယ်။ "

" ဆဋ္ဌမအလွှာ၊ သတ္တမအလွှာ ဒါမှမဟုတ် မင်းရဲ့ နောက်အဆင့် အဋ္ဌမအလွှာ ငါ အားလုံးကို ထည့်တွက်ထားတယ်။ "

ချီခွန်ကြယ်သခင်က လက်ဖြန့်လိုက်ပြီးနောက် လက်သီးဆုပ်အရွယ် ပုံမှန်မဟုတ်သော သတ္တုတစ်ခုက လေထဲတွင် ပေါ်လာသည်။

ထိုသတ္တုက ရေမျက်နှာပြင်ကဲ့သို့ လှုပ်ရှားနေပြီး ပတ်ဝန်းကျင်ကို လွှမ်းမိုး၍ လေဟာနယ်ကို မှေးမှိန်သွားစေလေသည်။

" အဲ့ဒါဘာလဲ။ " လင်းယွမ်က ဂရုတစိုက်ကြည့်လိုက်သည်။ ထိုသတ္တုအပိုင်းအစက အလွန်ထူးခြားသော ခံစားမှုတစ်ခု ရှိနေပြီး သူ၏ စိတ်ထဲမှ ထိန်းချုပ်မရသော ဆန္ဒကို လှုံ့ဆော်ပေးလေသည်။

အဲ့ဒါကို ငါပိုင်ရမယ်။

အဲ့ဒါကို ငါရအောင်ယူရမယ်။

" ဟမ့် " လင်းယွမ်က စိတ်ထဲမှာ ပြောလိုက်သည်နှင့် ပုံမှန်မဟုတ်သော အတွေးများက လျင်​မြန်စွာ ပျောက်ကွယ်သွားသည်။

" ဒိပစ္စည်းက.." လင်းယွမ်က ထိုအရာက ခနကြည့်လိုက်သော်လည်း ထိုအရာက သူ့ကို လွှမ်းမိုးသွားခဲ့သည်။

" ဒီပစ္စည်းကို ယွမ်ရှန်းကျင်းလို့ ခေါ်တယ်။ တစ်ချိန်က ငါ ဒီပစ္စည်းကို ရဖို့ မျိုးနွယ်ခြားသန်မာသူတွေနဲ့ နှစ်ရာချီ တိုက်ခိုက်ခဲ့ကြတယ်။ ငါသာ လူသားမျိုးနွယ်ပိုင်နက်ထဲကို အချိန်မီ ပြန်မဆုတ်နိုင်ခဲ့ရင် နဝမအလွှာ မျိုးနွယ်ခြားတွေတောင် လှုပ်ရှားလာလောက်တယ်။ " ချီခွန်ကြယ်သခင်က ပြုံး၍ ပြောလိုက်သည်။

" အဲ့ဒါ..." လင်းယွမ်က ပင့်သက်ရှိုက်သွားမိသည်။

ချီခွန်ကြယ်သခင်က အဋ္ဌမအလွှာတွင် ပြိုင်ဘက်ကင်းတည်ရှိမှု ဖြစ်သည်။ ချီခွန်ကြယ်သခင်က အဋ္ဌမအလွှာ မျိုးနွယ်ခြားသန်မာသူများနှင့် တိုက်ခိုက်သည်ဟု ပြောသောကြောင့် ထိုမျိုးနွယ်ခြားသန်မာသူများကလည်း သံသယဝင်စရာမလိုအောင် အဋ္ဌမအလွှာများသာ ဖြစ်ပေလိမ့်မည်။ ထိုအဋ္ဌမအလွှာ သန်မာသူများ၏ တိုက်ပွဲက နဝမအလွှာ မျိုးနွယ်ခြား၏ အာရုံကိုပင် ဆွဲဆောင်သွားခဲ့သည်။ နဝမအလွှာ မျိုးနွယ်ခြားများက အထွတ်အထိပ်မျိုးနွယ်များတွင် အသန်မာဆုံး တည်ရှိမှုများ ဖြစ်ကြသည်။

" ဆရာ ဒါက အရမ်းတန်ဖိုးကြီးတယ်။ ကျွန်တော်လက်မခံပါရစေနဲ့။ "

လင်းယွမ်က ယွမ်ရှန်းကျင်းက ဘာလဲမသိသော်လည်း ချီခွန်ကြယ်သခင်၏ စကားများအရ နဝမအလွှာသို့ ရောက်နိုင်သော အရာတစ်ခု ဖြစ်ပေလိမ့်မည်။

" ယွမ်ရှန်းကျင်းက တန်ဖိုးကြီးပေမယ့် ငါ့အတွက် နည်းနည်းပဲ အသုံးဝင်တော့တယ်။ " ချီခွန်ကြယ်သခင်က သူ၏ ခေါင်းကို ခါပြီး ပြောလိုက်သည်။

ယခု သူအလိုရှိသည်မှာ နဝမအလွှာသို့ တက်လှမ်းရန်သာ ဖြစ်သည်။ ယွမ်ရှန်းကျင်းက လိုအပ်သော စွမ်းအားကို အသုံးပြုခြင်းဖြင့် သူ၏ ခွန်အားကို အနည်းငယ်သာ မြှင့်တင်ပေးနိုင်လေသည်။

" ဒါဆို ကျေးဇူးတင်ပါတယ် ဆရာ။ " လင်းယွမ်က ကျေးဇူးတင်စကားပြောလိုက်သည်။

" ယွမ်ရှန်းကျင်းက ကြီးထွားနိုင်တဲ့ ရတနာဖြစ်ပြီးတော့ သတ္တမအလွှာမှာ ပျိုးထောင်ဖို့ အကောင်းဆုံးပဲ။ ပြီးတော့ သူ့ရဲ့ ပျော့ပြောင်းမှုပဲ။ ယွမ်ရှန်းကျင်းကို ပျိုးထောင်တဲ့အခါ မင်းက အဲ့ဒါကို ခံစစ်လက်နက်၊ တိုက်စစ်လက်နက် မင်းဆန္ဒရှိသလို ပုံဖော်နိုင်တယ်။ "

" ယွမ်ရှန်းကျင်းကရဲ့ ကန့်သတ်ချက်က ဆင့်ကဲပြောင်းလဲသူအပေါ် မူတည်တယ်။ မင်းက အနာဂတ်မှာ အဋ္ဌမအလွှာကို ရောက်ရင် အဲ့ဒါကို အဋ္ဌမအလွှာထိ မြှင့်တင်နိုင်တယ်။ နဝမအလွှာလည်း အတူတူပဲ။ " ချီခွန်ကြယ်သခင်က အနည်းငယ် စိတ်အေးသွားသည်။ ယခု လင်းယွမ်၏ ကျင့်ကြံခြင်းအရှိန်မြန်လည်း ပြဿနာမရှိတော့ပေ။

" ယွမ်ရှန်းကျင်းကို ပျိုးထောင်တဲ့ နည်းလမ်းကို ငါမင်းဆီ အီးမေးလ်ပို့ထားလိုက်မယ်။ " ချီခွန်ကြယ်သခင်က ပြောလိုက်သည်။

" ဟုတ်ကဲ့ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။

ချီခွန်ကြယ်သခင်၏ စိတ်က လှုပ်ရှားသွားသကဲ့သို့ သတ္တုအပိုင်းအစက လင်းယွမ်ဆီသို့ ပျံသန်းသွားပြီး လင်းယွမ်က လက်မြှောက်ပြီး ဖမ်းထားလိုက်သည်။

" ဒီခံစားချက်..." လင်းယွမ်က အံ့ဩသွားသည်။

ယွမ်ရှန်းကျင်း၏ မျက်နှာပြင်က သတ္တုဖြစ်ပြီး ပုံမှန်အရ အလွန်မာကျောသင့်လေသည်။ သို့သော် သူ၏ လက်ပေါ်တွင် လင်းယွမ်က ယွမ်ရှန်းကျင်း၏ ပျော့ပြောင်းမှုကို ခံစားနေရသည်။

" ဒါတကယ်အံ့ဩစရာကောင်းတယ်။ " လင်းယွမ်က ထိုအရာကို ဂရုတစိုက် ကြည့်နေသည်။

" ကောင်းပြီ။ ပြန်သွားပြီ လေ့လာကြည့်ပါ။ " ချီခွန်ကြယ်သခင်က လက်ဝှေ့ပြီး ပြောလိုက်သည်။ " မင်းနားမလည်တာရှိရင် ငါ့ဆီလာခဲ့။ "

" ဟုတ်ကဲ့။ " လင်းယွမ်က ယွမ်ရှန်းကျင်းကို သိမ်းဆည်းပြီး နန်းတော်မှ ထွက်ခွာသွားသည်။

လင်းယွမ်က ရှစ်စန်းတောင်ထိပ်သို့ ပြန်ရောက်သောအခါ ယွမ်ရှန်းကျင်းကို ဆက်လက်လေ့လာနေသည်။

" ဆရာဆီက အီးမေးလ်ရောက်လာပြီ။ " လင်းယွမ်က သူ၏ စိတ်အသိကို VR ကမ္ဘာနှင့် ချိတ်ဆက်ပြီး အီးမေးလ်ကို စတင်ဖတ်ရှုလိုက်သည်။

" ယွမ်ရှန်းကျင်းကို ပျိုးထောင်ဖို့ မင်း ပထမဆုံး လုပ်ရမှာက သွေးကတိပြုဖို့လို့တယ်။ လိုအပ်တဲ့သွေးက မင်းရဲ့ မူလသွေးအပြင် စိတ်ဝိညာဉ်အပိုင်းအစ ပါတဲ့သွေးပဲ။ " လင်းယွမ်က အတွေးနက်သွား၏။

မူလကမ္ဘာတွင် စိတ်ဝိညာဉ်က အဓိကအရာဖြစ်ပြီး ရုပ်ခန္ဓာအမျိုးမျိုးကို သိမ်းပိုက်နိုင်သော်လည်း စိတ်ဝိညာဉ်က ပြောင်းလဲသွားခြင်းမရှိပေ။

" စတာပေါ့..."

လင်းယွမ်က သူ၏ လက်ကို ဆန့်လိုက်ပြီး သွေးတစ်စက်ထုတ်လိုက်သည်။ ထိုသွေးစက်ကို ယွမ်ရှန်းကျင်းက လျင်မြန်စွာ စုပ်ယူသွားခဲ့သည်။ ရုတ်တရက် လင်းယွမ်က ယွမ်ရှန်းကျင်းနှင့် သိမ်မွေ့သော ဆက်သွယ်မှုတစ်ခုကို ခံစားလိုက်ရသည်။

" နောက်တစ်ခုက အဲ့ဒါကို ပျိုးထောင်ဖို့ပဲ။ "

လင်းယွမ်က ယွမ်ရှန်းကျင်းကို ဖမ်းဆုပ်လိုက်သည်နှင့် ၎င်းက ရေစီးကြောင်းများကဲ့သို့ သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။

" ဟမ်..." လင်းယွမ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီးသောအခါ ယွမ်ရှန်းကျင်းက သူ၏ ဒန်တန်ထဲရှိ ကမ္ဘာငယ်၏ ဘေးတွင် ပြန်လည်စုစည်းလာသည်။

ဝုန်း....

အတွင်းကမ္ဘာ၏ ကမ္ဘာစွမ်းအားမျှင်များက လင်းယွမ်၏ ခြေလက်များထဲသို့ ပျံ့နှံ့သွားပြီး သူ၏ ရုပ်ခန္ဓာကို တိုးတက်သွားစေသည်။

ကမ္ဘာစွမ်းအားအချို့က ယွမ်ရှန်းကျင်းကို ဖြတ်သွားချိန်တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ထိုအရာက အလွန်သန့်စင်သော အော်ရာတစ်ခုကို ရရှိသွားသည်။ ယွမ်ရှန်းကျင်းကလည်း အလိုအလျောက် သန့်စင်နိုင်လေသည်။

" အခု ငါက ယွမ်ရှန်းကျင်းကို ထိန်းချုပ်ပြီး ဆန္ဒရှိသလို ပြောင်းလဲနိုင်ပြီလား။ " လင်းယွမ်က ယွမ်ရှန်းကျင်း၏ ပြောင်းလဲမှုများကို လေ့လာပြီး စဉ်းစားနေသည်။

All Chapters