#နဂါးသွေးကြောအပြင်ဘက်၊ အနက်ရောင်ဒီရေစီးကြောင်းများ လိမ့်တက်လာခြင်း#
Vol. 70 Ch. 994
နဂါးသွေးကြောအပြင်ဘက်တွင် ယင်ချီ၊ ဝူဟင်၊ တင်းကျန်နှင့် ကျန်သောသူများ တယ်လီပို့ခံရသောအခါ ကောင်းကင်ဘုံစံအိမ်ဂိုဏ်းချုပ်၊ ငွေနဂါးဓားစံအိမ်သခင်နှင့် ကြက်သွေးရောင်မီးတောက်အိမ်တော်သခင်တို့၏ အမူအရာများက မည်းမှောင်သွားကြ၏။
သူတို့က အချိန်မကုန်ခင်မှာပင် တယ်လီပို့ခံရသည်။
ဒါက ဒီကြီးကျယ်သည့်ဂိုဏ်းသုံးရိုဏ်းက စုပေါင်းဖယ်ရှားခံလိုက်ရသည်ဟု ဆိုလိုနေခြင်းပင်။
ငွေနဂါးဓားစံအိမ်သခင်၏ အမူအရာက အနည်းငယ် အေးစက်သွားပြီး ယင်ချီအား ကြည့်ကာမေးသည်။
"ဘာဖြစ်ခဲ့တာလဲ"
ယင်ချီ၏ အမူအရာက ကြည့်ရဆိုးနေသော်လည်း သူလူသိရှင်ကြားမပြောဘဲ ယင်းအစား စံအိမ်သခင်ထံ ဖြစ်ပျက်ခဲ့တာကို အသံပို့လိုက်၏။
တင်းကျန်းနှင့် ဝူဟင်တို့ကလည်း အတူတူပင်။
တကယ်တမ်း၌ ပိုအရေးကြီးတာက ပြောင်းပြန်အကြေးခွံနှင့် ကောင်းကင်အဆင့်ရတနာကို ရသွားသည့် ရှောင်ဟိုင်ဖြစ်သည်။
တခြားတစ်ဘက်တွင် ကလန်ခေါင်းဆောင်ကျင်းနှင့် ကျိလျိုချီတို့က ဒီမြင်ကွင်းကို ကြည့်နေကြပြီး ကလန်ခေါင်းဆောင်ကျင်း ကျယ်လောင်စွာ ရယ်မောလိုက်၏။
ကျိလျိုချီ မျက်ခုံးများကို ပြေလျှော့လိုက်သော်လည်း သူမအရမ်းကြီးအံ့ဩသင့်ပုံမရပေ။
ကျိချန်းယောင်၏ ခွန်အားက သူတို့ယှဉ်နိုင်သည့် အရာတစ်ခု သေချာပေါက်မဟုတ်တာကို သူမသိပါသည်။
"ဂိုဏ်းချုပ်ကျိ၊ ငါတို့ရွှေတောင်ပံဂဠုန်ကလန်က ပိုမြင့်တဲ့အမှတ်တွေရမလား၊ ဒါမှမဟုတ် မင်းရဲ့ ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်ကလား ဆိုတာကိုပဲ စောင့်ကြည့်ရတော့မယ်"
ကျိလျိုချီပြုံးသည်။
"ဘာပဲဖြစ်ဖြစ် ဂိုဏ်းသုံးဂိုဏ်းမဟုတ်သရွေ့ လုံလောက်ပါပြီ"
"မင်းမှန်တယ်" ကလန်ခေါင်းဆောင်ကျင်းပြုံးသည်။
နဂါးငွေ့တန်းကြယ်စင်စုတွင် ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်နှင့် ရွှေတောင်ပံဂဠုန်ကလန်တို့က အမြဲလိုလို ကောင်းမွန်သည့် ယှဉ်ပြိုင်မှုများရှိသော ပြိုင်ဘက်များပင်။
သို့စေကာမူ ဂိုဏ်းသုံးဂိုဏ်း နဂါးငွေ့တန်းကြယ်ဒေသကို အတင်းထိုးဖောက် ကျူးကျော်လာပြီး နဂါးသွေးကြောအတွက် တိုက်ခိုက်လာသောအခါ ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်နှင့် ရွှေတောင်ပံဂဠုန်ကလန်တို့က ပေါင်းစည်းရန်အတွက် နီးစပ်နေပြီဖြစ်သည်။
ဒီအခိုက်အတန့်၌ ဂိုဏ်းသုံးဂိုဏ်း၏ အသံပို့လွှတ်မှုက ပြီးသွားပုံရပြီး ငွေနဂါးစံအိမ်သခင်၊ ကောင်းကင်ဘုံစံအိမ်ဂိုဏ်းချုပ်နှင့် ကြက်သွေးရောင်မီးတောက်အိမ်တော်သခင်တို့၏ အမူအရာများက လေးနက်သွားကြကာ တစ်ဦးကိုတစ်ဦးကြည့်ရင်း ခေါင်းညိတ်လိုက်ကြ၏။
ထို့နောက် သူတို့ဖြစ်ပျက်ခဲ့တာတွေကို အကြီးအကဲများအား တိတ်တဆိတ်ပြောလိုက်ကြသည်။
သူတို့ အကြီးအကဲများအားပြန်သွားစေပြီး လူစုကာ ဒီနေရာသို့အမြန်ဆုံး ပြန်လာစေချင်သည်။
ကလန်ခေါင်းဆောင်ကျင်းမေးသည်။
"ကြည့်ရတာ ဒီတစ်ကြိမ် နဂါးသွေးကြောအတွက် မင်းတို့်မှာ ပြောစရာအများကြီးမရှိပုံပဲ"
ငွေနဂါးစံအိမ်သခင် နှာခေါင်းရှုံ့သည်။
"ဒီတော့ဘာဖြစ်လဲ"
ကောင်းကင်ဘုံစံအိမ်ဂိုဏ်းချုပ် ကလန်ခေါင်းဆောင်ကျင်းအား အေးစက်စွာ စိုက်ကြည့်ရင်း သူ့မျက်လုံးများ၌ သတ်ဖြတ်ခြင်းဆန္ဒများ လိမ့်တက်လာခဲ့သည်။
"အချိန်ကျလာတဲ့အခါကျရင် မင်းရယ်နိုင်နေဦးမယ်လို့ ငါမျှော်လင့်ပါတယ်"
ကြက်သွေးရောင်မီးတောက်အိမ်တောင်သခင်ကမူ ဘာတစ်ခုမှမပြောပါ။
သူတို့၏စကားလုံးများကို ကြားသောအခါ ကလန်ခေါင်းဆောင်ကျင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
ကျွမ်းကျင်သူတစ်ယောက်၏ ၀မ်းတွင်းအသိက သူ့ကို တစ်ခုခုမှားနေသည်ဟု ခံစားရစေသည်။
.....
နဂါးသွေးကြော အဆုံးသတ်ရန် အမွေးတိုင်တစ်တိုင်စာမျှသာ လိုတော့သည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ အကြည့်များအောက်တွင် ရှောင်ဟိုင်နှလုံးမှ ရွှေရောင်အလင်းက ရုတ်တရက် ပေါက်ကွဲသွားပြီး ကျယ်လောင်သောအသံတစ်ချက်နှင့်အတူ ကမ္ဘာကြီးထဲတွင် ပြည့်နှက်သွားခဲ့သည်။
အဆုံးမဲ့ဆန်းကြယ်သည့်အော်ရာ၌ မဟာတာအိုထောင်ချီပါဝင်ပုံရသည်။
ကျိချန်းယောင် ဒီမြင်ကွင်းကိုကြည့်ရင်း နှလုံးသားထဲကနေ သက်ပြင်းချသည်။
"စီနီယာလုရဲ့သွေးအဆီအနှစ်က တကယ့်ကို ဆန်းကြယ်တာပဲ..."
ကျင်းဝူကျင်း အနည်းငယ်ပျော်သွားသည်။
ရှောင်ဟိုင်သာ လမ်းတစ်၀က်တွင် မသေသွားသရွေ့ သူအထွတ်အထိပ်အဆင့်ကို သေချာပေါက် ပြန်ရောက်လာပေလိမ့်မည်။
ဒါ့အပြင် ဒီဘ၀က နတ်ဆိုးသခင်က အရင်ဘ၀ကထက် ပို၍အားကောင်းလိမ့်မည်။
ကြည့်ရတာ ငါ့အဖေရဲ့ဆုံးဖြတ်ချက်က မှန်ကန်ပုံပဲ၊ ဒီလိုပါရမီမျိုးက ရွှေတောင်ပံဂဠုန်ကလန်ရဲ့ ကံကြမ္မာနဲ့ စွန့်စားဖို့ တကယ် ထိုက်တန်ပါပေတယ်!
ရွှေတောင်ပံဂဠုန်ကလန်က အရင်က နတ်သခင်နယ်ပယ်ကျွမ်းကျင်သူတစ်ဦးကို မွေးထုတ်နိုင်ခဲ့သည်။
သို့စေကာမူ လမ်းခုလတ်၌ မျှော်လင့်မထားသည့် အရာတစ်ခုဖြစ်ပျက်လာခဲ့သည်။ ထိုနတ်သခင်ဘိုးဘေးသေဆုံးပြီးနောက် သူ့တွင် ဆက်ခံသူမရှိတော့ဘဲ သူ့အခြေခံအုတ်မြစ်တစ်၀က်ကျော်ကို ဆုံးရှုံးသွားခဲ့ရသည်။
မည်သူကမှ ရွှေတောင်ပံဂဠုန်ကလန်၏ သွေးကြောကို ပြီးပြည့်စုံစွာ အမွေဆက်မခံနိုင်တော့သဖြင့် ဒါက ရွှေတောင်ပံဂဠုန်ကလန်၏ ကျဆင်းမှုကို ဦးတည်သွားစေခဲ့သည်။
ယဲ့ချိုးပိုင်၊ မုဖူရှန်းနှင့် ဖန်ချန်းတို့တစ်ဦးကို တစ်ဦးကြည့်ရင်း ပြုံးလိုက်ကြ၏။
ရွှေရောင်အလင်းနှင့်အတူ ရှောင်ဟိုင်၏ အော်ရာက နှလုံးထဲသို့ စတင်စီး၀င်ကာ ဖြည်းဖြည်းချင်းတက်လာခဲ့သည်။
သူ့ရုပ်ခန္ဓာက မြင်နိုင်သည့်အမြန်နှုန်းတစ်ခုဖြင့် အားကောင်းလာပြီး ရွှေရောင်အလင်း လုံး၀ပျောက်ကွယ်သွားသောအခါ ရှောင်ဟိုင် မျက်လုံးဖွင့်ပြီး ရှေ့သို့ ထိုးလိုက်စဉ် ချက်ချင်းဆိုသလို ကြောက်မက်ဖွယ်ရာ ရုပ်ခွန်အားက ပေါက်ကွဲသွားခဲ့သည်။
သူ့ရှေ့က ရှေးဟောင်းသစ်ပင်က ရုတ်ချည်းပြိုလဲကျသွားပြီး မြေကြီးက စတင်ကွဲအက်လာခဲ့သည်။
နတ်ဘုရင်နယ်ပယ် အစောပိုင်းအဆင့်!
ဒါက ရှောင်ဟိုင် နဂါးသွေးကြောထဲ၌ ဆယ့်ငါးရက်လုံးလုံးအချိန်ကုန်ဆုံးပြီး ရခဲ့သည့် အဖြေပေတည်း။
ကြည့်ရတာက အရမ်းကိုပြည့်စုံသည်။
ဒီအချိန်မှာပင် မုဖူရှန်းသိုလှောင်လက်စွပ်တစ်ကွင်း ပစ်ပေးလိုက်၏။
ရှောင်ဟိုင်လှမ်းယူကာ စိတ်ရှုပ်ထွေးစွာ အထဲသို့ကြည့်လိုက်သည်။ အထဲတွင် အလွန်အမင်း အစွမ်းထက်သည့် နဂါးသွေးကြောအော်ရာနှင့်အတူ ထိုးထွက်နေသည့် အနက်ရောင်အကြေးခွံတစ်ခုရှိနေတာကို သူသဘောပေါက်လိုက်သည်။
ဒါကပြောင်းပြန်အကြေးခွံဖြစ်သည်။
မုဖူရှန်းပြုံးသည်။
"စီနီယာအစ်ကို၊ ကျွန်တော်တို့အပြင် ထွက်ပြီးတဲ့အခါကျရင် ဒါကိုလေ့လာကြတာပေါ့၊ နဂါးသွေးကြောက ပြီးတော့မယ်၊ ကျွန်တော်တို့ထွက်သွားတာနဲ့ ပြဿာနာကြီးတွေ အများကြီးရှိလာနိုင်တယ်"
ရှောင်ဟိုင်ခေါင်းညိတ်လိုက်သော်လည်း သူ့ကိုကျေးဇူးမတင်ခဲ့ပါ။
မည်သို့ပင်ဆိုစေကာမူ စံအိမ်တော်က တပည့်များအကြား ကျေးဇူးတင်စကား ဆိုနေစရာမလိုပါ။
ကျန်သောသူများနှင့် သင့်တော်သည့် အခွင့်အလမ်းတစ်ခု ပေါ်ပေါက်လာပါက သူတို့တိုက်ခိုက်ရန်အတွက် အကောင်းဆုံး ကြိုးစားကြမည်သာ။
ရှောင်ဟိုင် သူ့အသက်အန္တရာယ်ရှိနေစဉ်မှာပင် ကပ်ဘေးကို တားဆီးရန်အတွက် သူ့အသက်ကိုပင် စွန့်စားပေလိမ့်မည်။
စံအိမ်တော်ကဘယ်သူမဆို ဒီလိုလုပ်ကြမည်သာ။
ဒီအပေါ် သံသယမရှိပေ။
ဒီတဒင်္ဂမှာပင် အလင်းကြီးတစ်ခုက ကျောက်စိမ်းဆွဲသီးကနေ ထွက်လာပြီး အစွမ်းထက်အာကာသစွမ်းအားတစ်ခုက ထွက်လာကာ လူတိုင်းအား လွှမ်းခြုံသွား၏။
မှိန်ဖျော့သည့် အလင်းတစ်ချက် လင်း၀င်းသွားစဉ် လူတိုင်းပျောက်ကွယ်သွားကြပြီး တိုက်ပွဲအပြီး ၀မ်းနည်းဖွယ်ရာမြင်ကွင်းသာ ကျန်နေခဲ့သည်။
.....
နဂါးသွေးကြောအပြင်ဘက်တွင် သူတို့ရှေ့က လေဟာနယ် စတင်ပုံပျက်လာသောအခါ အဓိကဂိုဏ်းငါးဂိုဏ်းခေါင်းဆောင်များ လှမ်းကြည့်လိုက်ကြ၏။
ယဲ့ချိုးပိုင်၊ ကျိချန်းယောင်နှင့် ကျင်းဝူကျင်းတို့ ကျန်သောသူများနှင့်အတူ ပေါ်လာကြသည်။
ဒါကိုမြင်သော် ကလန်ခေါင်းဆောင်ကျင်း ကျယ်လောင်စွာမေးသည်။
"ဘယ်နှစ်မှတ်လဲ"
ကျင်းဝူကျင်းပြုံးရင်း ကျောက်စိမ်းဆွဲသီးကို ထုတ်ယူကာ အမှတ်သုံးဆယ်ကို ပြသလိုက်၏။
"ဒီတစ်ခေါက် ကျွန်တော်တို့က အောင်နိုင်သူတွေပဲ"
ကလန်ခေါင်းဆောင်ကျင်း အထဲက အမှတ်ကိုကြည့်ရင်း ပြုံးသည်။
"ဒါကအတော်လေးမြင့်တာပဲ"
ရှောင်ဟိုင် ကောင်းကင်အဆင့်ရတနာတစ်ခုကို ရခဲ့ပြီး ရွှေတောင်ပံဂဠုန်ကလန်အတွက် အမှတ်အဖြစ် မှတ်ယူ၍ရသည်။
"မင်းဘယ်ဂိုဏ်းက အမှတ်တွေကို လုယူခဲ့တာလဲ"
ဂိုဏ်းသုံးဂိုဏ်းလုံးဖယ်ရှားခံရသည်။
ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော် သို့မဟုတ် ရွှေတောင်ပံဂဠုန်ကလန်တို့က သူတို့ကို ဖယ်ထုတ်ကာ အမှတ်များကို လုယူခဲ့သူများ ဖြစ်ကြပေလိမ့်မည်။
မျှော်လင့်မထားစွာပင် ကျင်းဝူကျင်း ခေါင်းခါယမ်းသည်။
"ဟင့်အင်း"
မဟုတ်ဘူးလား!
ကလန်ခေါင်းဆောင်ကျင်း တည်ငြိမ်နေသည့် ကျိချန်းယောင်ကို ကြည့်လိုက်၏။
ကျိချန်းယောင် ကျောက်စိမ်းဆွဲသီးကို ပြသလိုက်သောအခါ အမှတ်၂၀ကို ပြသသည်။
ကောင်းကင်ဘုံစံအိမ်ဂိုဏ်းဖြစ်စေ ကြက်သွေးရောင်မီးတောက်အိမ်တော်ဖြစ်စေ သူတို့က အမှတ်ရခဲ့ပုံမရပေ။ သူတို့ပြောင်းပြန်အကြေးခွံကို မရခဲ့ကြသလို အော်ရာကိုလည်း ကျောက်စိမ်းဆွဲသီးထဲတွင် မထည့်သွင်းနိုင်ခဲ့ကြပါ။
ထို့ကြောင့် ဒါကို ရမှတ်အဖြစ် မရေတွက်နိုင်ပေ။
ငွေနဂါးစံအိမ်ကမူ အမှတ်ငါးမှတ်သာရခဲ့သည်။
"ဒါဆို ဒီအမှတ်သုံးဆယ်ကို မင်းဘယ်ကနေ ရခဲ့တာလဲ" ကလန်ခေါင်းဆောင်ကျင်း သိချင်စိတ်ဖြင့် မေးလိုက်၏။
ကျင်းဝူကျင်းပြုံးသည်။
"ရှောင်ဟိုင် ကောင်းကင်အဆင့်ရတနာကို ရခဲ့တယ်လေ"
ဒီနေရာတွင် ကျင်းဝူကျင်း၏ အမူအရာက ရုတ်တရက် လေးနက်သွားပြီး ဂိုဏ်းသုံးဂိုဏ်းက လူများကို ကြည့်ရင်း ခေါင်းဆောင်ကျင်းအား ပြောလိုက်၏။
"အဖေ၊ ကလန်သားတွေကို ချက်ချင်းစုစည်းပြီး ဒီနေရာကနေ အမြန်ဆုံးထွက်ပြေးရမယ်"
ကလန်ခေါင်းဆောင်ကျင်း အနည်းငယ် မျက်မှောင်ကြုတ်သည်။ ကောင်းကင်အဆင့်ပစ္စည်းဆိုတာကို ကြားပြီးနောက် သူအရာအားလုံးကို နားလည်သွားလေပြီ။
သူနောက်က ရွှေသစ်ရွက်တပ်မှူးကို ကြည့်ကာအော်ဟစ်သည်။
"တပ်ကိုချက်ချင်းစုစည်း"
သို့စေကာမူ သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ကြီးမားသည့်အတားအဆီးတစ်ခုက ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး လူတိုင်းကို ချက်ချင်းလွှမ်းခြုံပစ်သည်။
အော်ရာတစ်ခုပြီးတစ်ခု ကောင်းကင်ပေါ် ထိုးတက်သွား၏။
"နည်းနည်းနောက်ကျသွားပြီ"
ဒီအချိန်မှာပင် ငွေနဂါးစံအိမ်၊ ကြက်သွေးရောင်မီးတောက်အိမ်တော်နှင့် ကောင်းကင်ဘုံစံအိမ်ဂိုဏ်းတို့၏ အတွင်းဂိုဏ်းတပည့်များကလည်း အလျင်အမြန် ရောက်လာကြလေပြီ။
အပိုင်း(995) coming။