#သူတော်စင်အော်ရာ၊ နယ်မြေခြောက်ခုအပြင်ဘက်#
Vol. 70 Ch. 981
ကျင်းဝူကျင်းနှင့် ကျန်နှစ်ယောက် ရှောင်ဟိုင်အား ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်ကြ၏။
"မင်းမှာအကြံရှိလို့လား"
ကျင်းဝူကျင်းမေးသည်။
"မင်းရှေ့ဆက်သွားလို့မရဘူး၊ တကယ်လို့ မင်းလမ်းမှားကိုရွေးပြီး သေခြင်းလမ်းကြောင်းမှာ အဆုံးသတ်သွားရင် နောက်ပြန်လှည့်နိုင်တော့မှာ မဟုတ်ဘူး"
သို့စေကာမူ ရှောင်ဟိုင်ခေါင်းခါယမ်းသည်။
"ကျုပ်ခန့်မှန်းတာသာ မှန်မယ်ဆိုရင် ၀င်ဖို့မလိုဘူး"
ဟမ်!
ဘယ်လမ်းကြောင်းကိုမဆို ၀င်ဖို့မလိုဘူးလား!
ဒါဆိုရင် ဒါကရှင်ခြင်းလမ်းလား၊ သေခြင်းလမ်းလားဆိုတာ ဘယ်လိုလုပ်ပြောနိုင်မှာတုန်း!
သူတို့၏ စိတ်ရှုပ်နေသည့် အကြည့်များအောက်တွင် ရှောင်ဟိုင် လမ်းဆုံနှစ်ခုစီသို့ ရောက်လာသည်။
ဒီနေရာက နဂါးချီများအပြင်းထန်ဆုံး နေရာပေတည်း။ လမ်းကြောင်းနှစ်ခုကနေ ထွက်လာသည့် နဂါးချီက ဒီနေရာ၌ စုစည်းနေသည်။
နဂါးချီထဲတွင် ရပ်နေသည့် ရှောင်ဟိုင် လက်အစုံကိုဖြန့်ရင်း နဂါးချီအား သူ့ကိုယ်ခန္ဓာကို ဖြတ်သန်းခွင့်ပေးသည်။
ထို့ကြောင့် ကျင်းဝူကျင်းနှင့် ကျန်နှစ်ယောက်၏ ထိတ်လန့်နေသည့် အကြည့်များအောက်တွင် သူလမ်းကြောင်းနှစ်ခုကနေ ထွက်လာသည့် နဂါးချီကို အရူးအမူး စုပ်ယူလေတော့သည်။
"မင်းကရူးနေတာပဲ" ဘေးက ကလန်၀င်တစ်ယောက် အထိတ်တလန့်အော်ဟစ်သည်။
"နဂါးသွေးကြောမရှိဘူးဆိုရင် နဂါးချီပမာဏအများအပြားကို စုပ်ယူတာက သွေးကြောကို ပြတ်သွားစေပြီး ကိုယ်ခန္ဓာကို ပေါက်ကွဲသွားစေလိမ့်မယ်"
"မြန်မြန်နောက်ဆုတ်တော့" နောက်ထပ်ကလန်၀င်တစ်ယောက်ကလည်း တိုက်တွန်းသည်။
ဒီအခိုက်အတန့်၌ ကျင်းဝူကျင်း လေးနက်သည့် အမူအရာဖြင့် ခေါင်းခါယမ်းရင်း ထိုနှစ်ယောက်ကို ရပ်ရန်အတွက် လက်ဝှေ့ယမ်းပြသည်။
"ထပ်မပြောနဲ့တော့၊ သူက ရိုးရှင်းတဲ့အတွေးရှိတဲ့လူမျိုး မဟုတ်ပုံပဲ"
"ဒီကိစ္စရဲ့ပြင်းထန်မှုကို ငါပြောပြီးပြီ၊ ဒါပေမယ့် ဒါကိုစုပ်ယူဖို့အတွက် ယုံကြည်နေတုန်းဆိုရင်တော့ ဒါက တစ်ဘက်လူက တကယ်ယုံကြည်မှုရှိတယ်လို့ ဆိုလိုနေတာပဲ"
တခြားကလန်၀င်နှစ်ယောက်က ရှောင်ဟိုင်၏ သက်သေအထောက်အထားကို မသိကြသော်လည်း ကျင်းဝူကျင်းကတော့ သိသည်။
ယခုနတ်ဆိုးသခင်ကမည်သူနည်း။
သူက အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးတွင် နတ်သခင်အဆင့်ဂိုဏ်းနှစ်ဂိုဏ်းကို တစ်ချိန်တည်းတွင် တိုက်ခိုက်ရအောင် လုပ်နိုင်သည့် တစ်ဦးတည်းသောသူဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူနတ်သခင်နှစ်ဦး၏ ဝိုင်းရံမှုထဲကနေ အောင်မြင်စွာ လွတ်မြောက်ခဲ့သေးသည်။
ယခုလိုတန်ခိုးကြီးမားသည့်အရှင်သခင်တစ်ပါးတွင် ဘယ်လိုလုပ် ဦးနှောက်မရှိဘဲနေမည်နည်း။
ဒါ့အပြင် ကျင်းဝူကျင်းကိုယ်တိုင်ဆိုလျှင်လည်း ယခုလိုခံစားချက်မျိုးကို ခံစားရမည်သာ။
နဂါးသွေးကြောမရှိလျှင်ပင် သူနဂါးချီကို လွှမ်းမိုးနိုင်သေးသည်။
ရှောင်ဟိုင်ဆီသို့ပြန်သွားပါက လမ်းနှစ်သွယ်မှ နဂါးချီက ရှောင်ဟိုင်ကိုယ်ထဲသို့ အရူးအမူး စုပ်ယူခံနေရသည်။
နဂါးစွမ်းအင် သူ့ကိုယ်ထဲ၀င်လာသောအခါ ကိုယ်ထဲက ပြောင်းလဲမှုများကို ရှောင်ဟိုင် ရှင်းလင်းစွာ ခံစားနိုင်သည်။
သူ့ကိုယ်ထဲက ခွန်အားက မြင်နိုင်သည့်အမြန်နှုန်းနှင့် တိုးလာနေသည်။
တစ်ချိန်တည်းမှာပင် သူ့သွေးကြောထဲကနေ နဂါးဟိန်းသံများထွက်လာသည်။
ဒီနဂါးဟိန်းသံများက ရှောင်ဟိုင်ကိုယ်ထဲက သွေးကြောစွမ်းအားကို ခုခံနေပုံရပြီး ချိုးဖျက်ကာ သူ့အပိုင်အဖြစ် သိမ်းဆည်းပစ်ချင်နေသည့်အလားပင်။
နဂါးတွေက ကြီးစိုးရန်အတွက် မွေးဖွားလာခြင်းဖြစ်သဖြင့် သွေးစွမ်းအင်အတွက်လည်း အလားတူဖြစ်သည်။
လွှမ်းမိုးကြီးစိုးနေသည့် နဂါးသွေးကြောက နဂါးသွေးကြောမရှိသည့် တခြားမျိုးနွယ်စုများ၏ သွေးကြောထဲတွင် ပေါင်းစပ်ရန်အတွက် ဘယ်လိုလုပ် ဆန္ဒရှိမည်နည်း။
ထို့ကြောင့် နဂါးချီ ရှောင်ဟိုင်သွေးကြောထဲ ၀င်လာသည့် အခိုက်အတန့်၌ ၎င်းက အဆုံးမဲ့အဓိကရုဏ်းများ ဖန်တီးသည်။
သွေးကြောထဲက အဓိကရုဏ်းများက ရှောင်ဟိုင်အား အနည်းငယ် မျက်မှောင်ကြုတ်စေသည်။
သူ့သွေးကြောများက ဒီပြင်းထန်သည့် နဂါးချီကြောင့် ကြေမွပျက်စီးတော့မည့်အသွင်။
သူ့ကိုယ်ခန္ဓာမျက်နှာပြင်က စတင်နီရဲလာလေပြီ။
သွေးကြောများက ရှောင်ဟိုင်တစ်ကိုယ်လုံးတွင် စပျစ်နွယ်များပမာ တွားသွားနေပြီး ရှောင်ဟိုင်၏ မျက်နှာအသွင်အပြင်များနှင့် ဒွာရခုနှစ်ပေါက်ကိုပင် ဖုံးပစ်သည်။
သူ့ခေါင်းထိပ်ကနေ ပူပြင်းလှသည့် အဖြူရောင်အငွေ့များက အဆက်မပြတ် စိမ့်ထွက်နေသည်။
အပြင်ပကမ္ဘာတွင် ရွှေသစ်ရွက်စစ်တပ်၀င်နှစ်ဦး ဒီမြင်ကွင်းကို မြင်သောအခါ သူတို့၏ မျက်နှာများက အနည်းငယ် ဖြူရော်သွားကြ၏။
"ဒါကအလုပ်မဖြစ်သေးဘူး"
"သခင်လေး၊ သူ့ကိုအတင်းဆွဲထုတ်ကြရအောင်၊ ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင် သူတကယ်ပေါက်ကွဲပြီး သေဆုံးရလိမ့်မယ်"
ရှောင်ဟိုင်က ခေါင်းဆောင်၏ ခန့်အပ်ခြင်းကို ခံထားရသည့် ရွှေသစ်ရွက်စစ်တပ်၏ လက်ထောက်တပ်မှူးသာ ဖြစ်သော်လည်း ရွှေသစ်ရွက်စစ်တပ်တစ်ခုလုံးကို သိမ်းပိုက်ရန်အတွက် သူပါရမီကို သုံးခဲ့သည်။
ယခုလိုပါရမီရှင်တစ်ယောက် ဒီနေရာတွင် သေဆုံးသွားရမည်ကို အားကိုးရာမဲ့စွာ ကြည့်နေရခြင်းက ၀မ်းနည်းစရာကောင်းသည်။
ကျင်းဝူကျင်းကလည်း စတင်တွန့်ဆုတ်လာသည်။
ဒီနတ်ဆိုးသခင်က တကယ်ပဲ ဒီလိုမဆင်မခြင်လုပ်တတ်သူတစ်ယောက်လား!
သို့စေကာမူ ရှောင်ဟိုင်ကို အတင်းထုတ်ရန်အတွက် လျှို့ဝှက်နည်းစနစ်ကို သုံးသင့်သလားဆိုတာ ကျင်းဝူကျင်းတွန့်ဆုတ်နေစဉ် ရုတ်တရက်ဆိုသလို အလွန်အမင်း ထုံထိုင်းသည့်အော်သံတစ်သံက ရှောင်ဟိုင်ကို ဗဟိုပြုပြီး အဆက်မပြတ် ပျံ့သွားသည်။
ဒီအသံကို ရှောင်ဟိုင်ကိုယ်ကနေ ထုတ်လွှတ်ခြင်းပင်။
သုံးယောက်စလုံး အထိတ်တလန့် ကြည့်လိုက်ကြသည်။
အရာတွေကို ပြန်ပြောင်းဖို့အတွက် အခွင့်အရေးတစ်ခု ရှိနိုင်သေးတာများလား!
သူတို့တွေးနေစဉ် ရှောင်ဟိုင်ကိုယ်ထဲသို့ လှမ်းကြည့်လိုက်သောအခါ သူ့ကိုယ်ထဲက ပြင်းထန်သည့်နဂါးအော်ရာက ဧရာမနဂါးတစ်ကောင်အဖြစ် သိပ်သည်းသွားပြီး သူ့ကိုယ်လက်အင်္ဂါများနှင့် အရိုးများထဲတွင် ဆက်တိုက်ပြေးလွှားနေတာကို တွေ့လိုက်ရသည်။
ရှောင်ဟိုင် အေးစက်စွာနှာခေါင်းရှုံ့သည်။
"ခင်ဗျားသေတာ နှစ်များစွာကြာနေပြီ၊ ခင်ဗျားတကယ်ပဲ ကျုပ်သွေးကြောကို ဖိနှိပ်နိုင်လို့လား"
ထိုသို့ဆိုပြီးနောက်တွင် အဆုံးမဲ့အနက်ရောင်အော်ရာက ရှောင်ဟိုင်သွေးကြောကနေ ထိုးထွက်လာခဲ့သည်။
နတ်ဆိုးနက်ချီတင်မဟုတ်ဘဲ ရွှေရောင်အလင်းအမျှင်စတစ်ခုကလည်း ရှုပ်ထွေးကာ ဆုံချက်ကျသည့် သွေးကြောများထဲတွင် စတင်ပေါ်လာခဲ့သည်။
ရွှေရောင်အလင်း လင်း၀င်းသွားသည့် အခိုက်တွင် ရွှေရောင်ရှေးဟောင်းစကားလုံးများက သွေးကြောများ၏ မျက်နှာပြင်၌ ပေါ်လာခဲ့သည်။ ဒါတွေက အင်မတန်နက်ရှိုင်းပြီး နားလည်ရန် ခက်ခဲသည်။
နတ်ဆိုးနက်ချီက နတ်ဆိုးဘုရင်ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှောင်ဟိုင်ကိုယ်ထဲက သွေးရောင်နဂါးနှင့် စတင်တိုက်ခိုက်သည်။
ရွှေရောင်ရှေးဟောင်းအက္ခရာများက အလင်းကွင်းများအဖြစ် ပြောင်းသွားပြီး သွေးရောင်နဂါးအား ၀န်းရံရစ်ပတ်ပစ်သည်။
ဒေါသထွက်နေသေးသည့် သွေးရောင်နဂါးမှာ အလင်းကွင်း၏ ဝိုင်းရံမှုအောက်တွင် ရုတ်ချည်းဆိုသလို ရုန်းကန်နေတာကို ရပ်လိုက်၏။
သို့မဟုတ် ရုန်းကန်ရန် မဖြစ်နိုင်ဘူးဟု ဆိုပါက ပိုမှန်ပေသည်။
ရွှေရောင်အက္ခရာများ၏ ဖိနှိပ်မှုအောက်တွင် မူလက ကြီးစိုးနေသည့်အော်ရာက ဘာမှမဟုတ်သည့်အလား လျော့ကျသွား၏။
သွေးရောင်နဂါး ဒေါသတကြီးအော်ဟစ်သည်။
"ဒါဘာသွေးကြောလဲ၊ ဘာလို့ဒီသွေးကြောမှာ သူတော်စင်အော်ရာပါနေရတာလဲ"
သူတော်စင်အော်ရာ!
ရှောင်ဟိုင်စိတ်ရှုပ်သွားသော်လည်း ထပ်ပြီး မစူးစမ်းတော့ဘဲ ယင်းအစား အေးစက်စွာပြောသည်။
"ဒါက ဘာသွေးကြောလဲဆိုတာ ခင်ဗျားသိစရာမလိုဘူး၊ ရုန်းကန်နေတာကို ရပ်ပြီး ကျုပ်သွေးကြောထဲ ပေါင်းစပ်လိုက်တော့"
သွေးရောင်နဂါး ရုန်းကန်ချင်သော်လည်း ရွှေရောင်ကွင်း၏ ထိန်းချုပ်မှုအောက်တွင် လုံး၀လှုပ်ရှားနိုင်ခြင်းမရှိပေ။ ၎င်းက ပါးစပ်ကိုဟကာ အထိတ်တလန့်နှင့် ဒေါသတကြီးသာ ပြောနိုင်တော့သည်။
"နယ်မြေခြောက်ခုမှာ သူတော်စင်အော်ရာပေါ်လာဖို့ဆိုတာ မဖြစ်နိုင်ဘူ၊ မင်းဘယ်သူလဲ"
နယ်မြေခြောက်ခု!
ကြည့်ရသည်မှာ ရှေးဟောင်းနတ်သားရဲကလန်ဖြစ်သည့် နဂါးကလန်က အတော်များများသိထားပုံပင်။
သေမျိုးနယ်မြေနှင့် အင်မော်တယ်နယ်မြေအပြင် တခြားပိုအားကောင်းတဲ့ နယ်မြေတွေရှိသေးပုံပဲ!
ဒါက ရှောင်ဟိုင်၏ တိုက်ခိုက်ရေးစိတ်ဓာတ်ကို မီးမွှေးပေးခဲ့သည်။
သူနတ်ဆိုးဘုရင်ပိုင်နက်အား လက်စားချေချင်သည်။
ယင်းနောက်တွင် သေမျိုးနယ်မြေ သို့မဟုတ် အင်မော်တယ်နယ်မြေ၌ သူအားအကောင်းဆုံးပုဂ္ဂိုလ်ဖြစ်လာပေလိမ့်မည်။
ယခုတွင်မူ ဒီသွေးရောင်နဂါးပြောဆိုသည့် နယ်မြေခြောက်ခုအပြင်ကို သူတစ်ချက် ကြည့်ချင်သည်။
"နယ်မြေခြောက်ခုအလွန်မှာ ဘာရှိလဲ"
သွေးရောင်နဂါးပြန်မဖြေပါ။ ယင်းအစား ၎င်းက တားမြစ်အရာတစ်ခုကို ထိမိသည့်အလား ကြောက်လန့်နေပုံရသည်။
ဒါကိုမြင်သော် ရှောင်ဟိုင်တခြားမည်သည့်စကားမှ မဆိုတော့ဘဲ သူ့သွေးကြောစွမ်းအားက ပေါက်ကွဲသွား၏။
ရွှေရောင်ကွင်းက သွေးရောင်နဂါးအား တိုက်ရိုက်ပင် ဖျက်ဆီးပစ်ပြီး ခမ်းနားသည့် သွေးချီအဖြစ် ပြောင်းစေကာ ခြေလက်အင်္ဂါများနှင့် အရိုးများ၌ ပေါင်းစပ်စေသည်။
ဒါက ရှောင်ဟိုင်ကိုယ်ကို အဆက်မပြတ် အားဖြည့်ပေးနေသည်။
တစ်ချိန်တည်းမှာပင် နဂါးချီက ရှောင်ဟိုင်ကိုယ်ထဲ ပေါင်းစပ်သွားခိုက်တွင် လမ်းကြောင်းတစ်ခုထဲတွင် ထူထဲသည့် သေခြင်းအော်ရာတစ်ခုကို ဖုံးကွယ်ထားတာကို သူအောင်မြင်စွာ ရှာတွေ့သွားခဲ့သည်။
ကြည့်ရသည်မှာ ဒီလမ်းကြောင်းက သေခြင်းအဆုံးသတ်ဖြစ်ပုံရသည်။
အပြင်ပကမ္ဘာတွင် ကျင်းဝူကျင်းနှင့် ကျန်နှစ်ယောက်က ရှောင်ဟိုင်ကိုယ်ခန္ဓာကို ကြည့်နေစဉ် သွေးရောင်က ဖြည်းဖြည်းချင်းပျောက်ကွယ်သွားပြီး သူ့အော်ရာက အဆက်မပြတ် အားကောင်းနေတာကို တွေ့လိုက်ရသည်။
သူတို့အံ့ဩသင့်နေစဉ်မှာပင် အနည်းငယ် ထိတ်လန့်နေခဲ့သည်။
သူက နဂါးမျိုးနွယ်စုရဲ့သွေးကြောမရှိဘဲနဲ့ နဂါးချီကိုလည်း စုပ်ယူနိုင်တာလား!
ကျင်းဝူကျင်းလေးနက်စွာပြောသည်။
"သူ့သွေးကြောစွမ်းအားက ရွှေတောင်ပံဂဠုန်ကလန်သွေးကြောထက် အများကြီးမြင့်မားနေမှာကို ငါကြောက်နေမိတယ်၊ မဟုတ်ဘူး၊ အဲဒါက နဂါးသွေးကြောထက်တောင် အများကြီးပိုမြင့်တယ်၊ ဒါက မတူညီတဲ့အဆင့်တစ်ခုမှာ ရှိနေတယ်...."
အပိုင်း(982) coming။