#အကြေးခွံ၈၁ခု၊ ပြောင်းပြန်အကြေးခွံများထဲကတစ်ခု#
Vol. 70 Ch. 982
ရှောင်ဟိုင်၏ ရုပ်ခန္ဓာကလည်း နဂါးချီကို စုပ်ယူပြီးနောက် နတ်ဗိုလ်ချုပ်နယ်ပယ် အထွတ်အထိပ်အဆင့်သို့ ချိုးဖျက်သွားခဲ့သည်။
သူ့တစ်ကိုယ်လုံးက သွေးကြောများ ကိုယ်ခန္ဓာမျက်နှာပြင်၌ ပေါင်းစပ်ပြီးနောက် ရှောင်ဟိုင် မျက်လုံးအစုံကိုဖွင့်ကာ လှည့်ပြီး ထိတ်လန့်နေသည့် ကျင်းဝူကျင်းနှင့် ကျန်နှစ်ယောက်ကို ကြည့်လိုက်၏။
ရှောင်ဟိုင်အနည်းငယ် စိတ်ရှုပ်နေသည်။
"ခင်ဗျားတို့ဘာကို စောင့်နေကြတာလဲ"
ဒီနေရာတွင် ရှောင်ဟိုင် ဘယ်ဘက်က လမ်းကြောင်းကို လက်ညိုးထိုးပြသည်။
"ကျုပ်သာမမှားဘူးဆိုရင် ဒီလမ်းကြောင်းက ထွက်ပေါက်ပဲ"
ကျင်းဝူကျင်းနှင့် ကျန်နှစ်ယောက်တုံ့ပြန်လာပြီး အလျင်အမြန်ပင်မေးသည်။
"မင်းသေချာလား"
ဒါကိုကြားသော် ရှောင်ဟိုင် ဘယ်ဘက်က လမ်းကြောင်းကို လက်ညိုးထိုးရင်း ရှင်းပြသည်။
"ဒီလမ်းမှာ သေခြင်းအော်ရာမရှိဘူး၊ ဆန့်ကျင်ဘက်အနေနဲ့ ညာဘက်လမ်းမှာ အဆုံးမဲ့သေခြင်းအော်ရာတွေ ပုန်းကွယ်နေတယ်"
"မင်းဒါကို ဘယ်လိုလုပ်ခဲ့တာလဲ"
ရှောင်ဟိုင်တစ်ခဏမျှ တွေးလိုက်သည်။
"ဒါကအရမ်းရိုးရှင်းပါတယ်၊ နဂါးချီကို စုပ်ယူပြီးတဲ့အခါကျရင် နဂါးချီထဲက တခြားအော်ရာတွေကိုလည်း ခံစားနိုင်တာပဲလေ၊ ဒီတော့ရှာဖွေဖို့က အရမ်းလွယ်ပါတယ်"
သူဒီလောက်လွယ်လွယ်နဲ့ သိသွားတာလား!
ကျင်းဝူကျင်းနှင့် ကျန်နှစ်ယောက် ရှောင်ဟိုင်၏ လူမဆန်သည့်စကားလုံးများကို ကြားရသောအခါ သူတို့၏ မျက်နှာများက မည်းမှောင်သွားကြ၏။
ဒါဘာလဲ!
ငါတို့သုံးယောက်က ဒါနဲ့ပတ်သက်ပြီး ဘာမှမတတ်န်ုင်တဲ့အပြင် နောက်ဆုတ်ဖို့ စလုပ်နေတာတောင် မင်းက ဒါကို အရမ်းလွယ်နေတဲ့ ပုံစံလုပ်နေပါလား!
ငါတို့မျက်နှာကို ဘယ်နားသွားထားရမလဲ!
"ကောင်းပြီ၊ ကောင်းပြီ၊ သွားကြရအောင်၊ ကျုပ်တို့အမှတ်တွေ မြန်မြန်ရဖို့လိုတယ်မလား"
ရှောင်ဟိုင်၏ သတိပေးချက်နှင့်အတူ ကျင်းဝူကျင်းနှင့် ကျန်နှစ်ယောက်ကလည်း ရှောင်ဟိုင်နှင့်အတူ ဘယ်ဘက်လမ်းထဲသို့ ၀င်သွားကြသည်။
နဂါးချီက ဆက်လက်ထိုးတက်နေပြီး ရှောင်ဟိုင်ကလွဲ၍ ကျင်းဝူကျင်းနှင့် ကျန်နှစ်ယောက်ထံ ၀င်လာနေလေရာ သူတို့ အမြန်နှုန်းကို ထိမ်းသိမ်းရန်အတွက် ဝိဉာဉ်ချီများနှင့် ခုခံကြရသည်။
ရှောင်ဟိုင်တစ်ဦးတည်းသာလျှင် မည်သည့်ဖိအားမှ မရှိဘဲ ရှေ့ဆက်နိုင်သလို သူ့ကိုယ်ကို အားဖြည့်ရန်အတွက် နဂါးချီကိုလည်း စုပ်ယူနိုင်သည်။
.....
တခြားတစ်ဘက်တွင် ကောင်းကင်ထိ ရေတံခွန်တစ်ခုရှိနေသည်။
ရေတံခွန်အောက်တွင် တောက်ပစွာ လင်း၀င်းနေသည့် အကြေးခွံတစ်ခုရှိသည်။
အထဲကနေ အလွန်အမင်းကြီးစိုးနေသည့် နဂါးအော်ရာတစ်ခုထွက်လာသည်။ ၎င်းက အကြေးခွံစုစုပေါင်း၈၁ခု ပါရှိသည့် နဂါးတစ်ကောင်ပင်။
၎င်း၏လည်မြို၌ ဆန့်ကျင်စွာပင် ကြီးထွားနေသည့် အကြေးခွံတစ်ခုရှိသည်။
ဒီအကြေးခွံကို ပြောင်းပြန်အကြေးခွံဟုခေါ်သည်။
ဒီပြောင်းပြန်အကြေးခွံကို ထိမိသည်နှင့် ၎င်းတို့က ဒေါသထွက်ပြီး အစုလိုက်အပြုံလိုက် စတင်သတ်ဖြတ်ပေလိမ့်မည်။
ဒါက နဂါးတစ်ကောင်၏ ပြောင်းပြန်အကြေးခွံပေတည်း။
ပြောင်းပြန်အကြေးခွံတိုင်းက နဂါးတစ်ကောင်၏ အားအကောင်းဆုံးအပိုင်းဖြစ်သလို ၎င်း၏အော်ရာနှင့် သွေးကြောလည်းဖြစ်သည်။
ရလဒ်အဖြစ် ပြောင်းပြန်အကြေးခွံက အလွန်အမင်းအရေးပါပြီး ရှားပါးသည့် ရတနာတစ်ခုဖြစ်သည်။
ကျင့်ကြံခြင်းအတွက်ဖြစ်စေ၊ အစီအရင်ကြီးတစ်ခု၏ အခြေခံ၊ သို့မဟုတ် လက်နက်များကို သန့်စင်ရာ၌ဖြစ်စေ ၎င်းတို့က အင်မတန်အသုံး၀င်ပြီး အဆင့်နှင့် စွမ်းအားကို အကြီးအမားတိုးမြှင့်စေနိုင်သည်။
ပြောင်းပြန်အကြေးခွံက နဂါးကိုယ်ခန္ဓာ၌ အရေးအပါဆုံးအစိတ်အပိုင်းများထဲက တစ်ခုဟု ဆို၍ရပြီး တစ်ချိန်တည်းမှာပင် ဒါက အဖိုးတန်ဆုံးထဲက တစ်ခုလည်းဖြစ်သည်။
ပြောင်းပြန်အကြေးခွံပေါ်လာခြင်းက နဂါးလျှို့ဝှက်ရတနာက အနည်းဆုံးတော့ မြေအဆင့်ကို ရောက်နေပြီဟု ဆိုလိုနေခြင်းပင်။
သို့စေကာမူ ယခုတွင် အင်အားစုနှစ်ခုက ရေတံခွန်နှစ်ဘက်စလုံး၌ အချင်းချင်း ထိပ်တိုက်ရင်ဆိုင်နေကြ၏။
သူတို့က ကောင်းကင်ဘုံစံအိမ်ဂိုဏ်းနှင့် ကြက်သွေးရောင်မီးတောက်အိမ်တော်တို့ဖြစ်သည်။
ကောင်းကင်ဘုံစံအိမ်ဂိုဏ်းခေါင်းဆောင်တဖြစ်လဲ နတ်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်ဖြစ်သည့် တင်းကျန်း ရေတံခွန်ဆန့်ကျင်ဘက်ကို ကြည့်ရင်း ပခုံးတွန့်သည်။
"မြေအဆင့်ရတနာတစ်ခုကို ဂိုဏ်းတစ်ဂိုဏ်းတည်းက ဝါးမြိုဖို့ဆိုတာ ခက်ခဲတယ်၊ ကြည့်ရတာ ငါတို့အင်အားစုတွေ ပူးပေါင်းရတော့မယ့်ပုံပဲ"
ကြက်သွေးရောင်မီးတောက်အိမ်တော်ဘက်၌ နတ်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်ဖြစ်သည့် ခေါင်းဆောင်ဝူဟင်ကလည်း အပြုံးဖြင့် ခေါင်းညိတ်သည်။
"ငါတို့အင်အားစုတွေ ပူးပေါင်းလို့ရပေမယ့် ပြောင်းပြန်အကြေးခွံက တစ်ခုပဲရှိတယ်၊ ဒါကို ဘယ်လိုမျှဝေမလဲ"
ပြောင်းပြန်အကြေးခွံကို သာမန်နည်းလမ်းများနှင့် ဖြတ်၍မရပေ။ ဒါ့အပြင် နှစ်ပိုင်းပိုင်းလိုက်ပါက ၎င်း၏ သက်ရောက်မှုက သိသိသာသာပင် လျော့ကျသွားပေလိမ့်မည်။
တင်းကျန်းပြုံးသည်။
"အမှတ်တွေကို မင်းတို့ယူပြီး ပြောင်းပြန်အကြေးခွံကို ငါတို့ယူမယ်ဆိုရင်ရော"
သူတို့အမှတ်များကို နောက်ပိုင်းကို လုယက်နိုင်သလို နောက်ထပ်နဂါးလျှို့ဝှက်ရတနာများကိုလည်း လုယူနိုင်သေးသည်။
သို့စေကာမူ ပြောင်းပြန်အကြေးခွံက တစ်ခုတည်းသာရှိသည်။
သူတို့ နဂါးသွေးကြောထဲကို အကြိမ်များစွာ ၀င်ခဲ့ကြသော်လည်း ဒါကိုမြင်ဖူးတာက ယခုပထမဆုံးအကြိမ်ဖြစ်သည်။
ဒါကဘယ်လောက်ထိ အဖိုးထိုက်တန်သလဲဆိုတာကို စိတ်ကူးကြည့်၍ပင်ရသည်။
ဝူဟင်၏ မျက်နှာက အပြုံးဖြင့် ပြည့်နှက်နေသော်လည်း တင်းကျန်း၏ စကားလုံးများကို ကြားသောအခါ သူ့မျက်လုံးများ၌ အေးစက်သည့်အလင်းတစ်ခု ပေါ်လာသည်။
"တင်းကျန်း၊ မင်းငါ့ကို ဦးနှောက်မရှိတဲ့ကောင်လို့ ယူဆနေတာလား"
ဝူဟင်မျက်နှာပေါ်က အပြုံးက ဘယ်တော့မှ ပျောက်ကွယ်မသွားတော့သည့်အလား သူဆက်ပြောသည်။
"မင်းတို့ နဂါးအကြေးခွံကို ရတဲ့အခါကျရင် ကြက်သွေးရောင်မီးတောင်အိမ်တော်က မင်းတို့ ကောင်းကင်ဘုံစံအိမ်ဂိုဏ်းလက်ထဲကို လွယ်လွယ်နဲ့ မကျသွားဘူးဆိုတာ ငါသိတယ်ဆိုပေမယ့် မင်းတို့တမင်တကာ ကြံစည်ပြီး အမှတ်တွေ လုယူသွားနိုင်တာပဲလေ"
တင်းကျန်း ပခုံးသာတွန့်လိုက်၏။ ဝူဟင်၏ တုံ့ပြန်မှုကို သူသိပြီးသားဖြစ်သဖြင့် ဒါကို ဒီအတိုင်းပြောလိုက်ရုံမျှသာဖြစ်သည်။
သို့စေကာမူ ဒီပြောင်းပြန်အကြေးခွံကို လက်လျှော့ရန်ဟူသည် မဖြစ်နိုင်ပေ။
"ဒီနည်းလမ်းဟောင်းဆိုရင်ရော" တင်းကျန်းပြောသည်။
"လျှို့ဝှက်ရတနာရဲ့ အစောင့်ကို သတ်ပြီးတဲ့အခါကျရင် ငါတို့ဒါကို အသင်းလိုက်တိုက်ပွဲမှာ နိုင်မလား၊ မနိုင်ဘူးလားဆိုတာကို ကြည့်ပြီး ခွဲမယ်ဆိုရင်ရော"
လျှို့ဝှက်ရတနာ၏ အစောင့်ဟူသည် နဂါးလျှို့ဝှက်ရတနာ၏ အစောင့်အကြပ်ဝိဉာဉ်ပင် ဖြစ်ပါစေ နဂါးလျှို့ဝှက်ရတနာက မည်သည့်အဆင့်တွင် ရှိနေစေကာမူ သေချာပေါက် လျှို့ဝှက်အစောင့်များနှင့် ကာကွယ်ထားမည်သာ။
တစ်ချိန်တည်းမှာပင် ပစ္စည်း၏အဆင့်က ကိုမြင့်လေလေ၊ အစောင့်အကြပ်က ပိုအားကောင်းလေလေဖြစ်သည်။
"သေချာတာပေါ့၊ အဲကောင်ကို တမင်တကာထိန်းသိမ်းရင်း ခွန်အားကို ပြန်ရယူအောင် လုပ်နေတာကနေ တားဆီးဖို့အတွက် အချိန်ကျလာတဲ့အခါကျရင် ငါတို့ ဒဏ်ရာတွေက ကောင်းမွန်လာတာနဲ့ တိုက်ပွဲကို ချက်ချင်းစမယ်"
တင်းကျန်းသဘောတူသည့်အသွင် ခေါင်းညိတ်သည်။
ဂိုဏ်းနှစ်ဂိုဏ်းက ဆွေးနွေးနေကြစဉ် အုပ်စုနှစ်ခုကြားမှ လူနှစ်ယောက် တစ်ဦးကို တစ်ဦးစိုက်ကြည့်နေကြ၏။
သူတို့က ကောင်းကင်ဘုံစံအိမ်ဂိုဏ်းနှင့် ကြက်သွေးရောင်မီးတောက်အိမ်တော် အသီးသီးတွင် ၀င်ခဲ့ကြသည့် မုဖူရှန်းနှင့် ဖန်ချန်းတို့ပေတည်း။
သူတို့နှစ်ယောက်စလုံးမှာ ရယ်ရမလား၊ ငိုရမလား မသိကြတော့ပါ။
သူတို့ဒီလောက်အစောကြီးတွေ့ပြီး ရန်သူများပင် ဖြစ်လာကြလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။
အစက သူတို့နောက်ပိုင်း အမှတ်များအတွက် တိုက်ခိုက်သည့်အခါမှသာ တွေ့ဆုံလိမ့်မည်ဟု တွေးထင်ခဲ့ကြသည်။
ဒီအတွက် မုဖူရှန်းနည်းလမ်းများစွာကို စဉ်းစားထားသည်။ သူတို့သာတွေ့ပြီး တိုက်ခိုက်ရန်ကလွဲ၍ ရွေးချယ်စရာမရှိပါက မုဖူရှန်းတွေးမိထားသည့် နည်းလမ်းကို သုံးကာ သရုပ်ဆောင်လှုပ်ရှား၍ရသည်။
ဒါက တခြားသူများအား သဲလွန်စရှာတွေ့ခြင်းကနေ တားဆီးရန်ဖြစိသည်။
ဒီအခိုက်အတန့်၌ တင်းကျန်း မုဖူရှန်းကို ကြည့်ကာ ပြုံးသည်။
"ဂျူနီယာညီလေးမု၊ အချိန်ကျလာတဲ့အခါကျရင် မင်းလိုင်းကို ထိန်းသိမ်းထားဖို့အတွက် အဆောင်စွမ်းအားကို သုံးရမယ်၊ မင်းရဲ့ကျင့်ကြံခြင်းက နည်းနည်းနိမ့်ကျတော့ တိုက်ပွဲထဲကို ထိပ်တိုက်မ၀င်နဲ့တော့"
တခြားတစ်ဘက်တွင် ဝူဟင်၏ စကားလုံးများကလည်း အံ့ဩစရာကောင်းလောက်အောင်ပင် တင်းကျန်းနှင့်တူနေသည်။
"ဂျူနီယာညီလေးဖန်၊ မင်းဘေးကနေ ငါတို့ကို ဖုံးပေးထားဖို့အတွက် အစီအရင်ကို သုံးလို့ရတယ်၊ ဒါမှမဟုတ်ရင်လည်း မင်းတစ်ဘက်က အဆောင်သခင်ကို စောင့်ကြည့်နေရမယ်"
ဒီလိုကောင်းတဲ့အရာလည်း ရှိသေးတာလား!
မုဖူရှန်းနှင့် ဖန်ချန်းတို့ခေါင်းညိတ်ကြသည်။
ဒီတဒင်္ဂမှာပင် နှစ်ဘက်စလုံးက ရေတံခွန်၏ ပြောင်းပြန်အကြေးခွံရှိရာသို့ တစ်ချိန်တည်းတွင် ပြေးသွားကြ၏။
နှစ်ဘက်စလုံး ရေတံခွန်ရဲ့၀န်းကျင်သို့ ၀င်လာသည့်အချိန်မှာပင် ရေတံခွန်အောက်ခြေ၌ ဧရာမလှိုင်းကြီးတစ်ခုက နှစ်ပိုင်းခွဲသွားပြီး ဂိုဏ်းနှစ်ဂိုဏ်းက လူများအား ၀င်တိုက်လာသည်။
ဝူဟင်နှင့် တင်းကျန်းတို့ တစ်ချိန်တည်းတွင် လေးနက်စွာပြောလိုက်ကြ၏။
"ဒီမှာလာနေပြီ"
ထို့နောက် သူတို့ လှိုင်းများကို ခုခံရန်အတွက် စွမ်းရည်များကို ပြသလိုက်ကြ၏။
လှိုင်းများကျသွားပြီး ရေတံခွန်ထဲ ပြန်ရောက်သွားစဉ် ဧရာမရေနဂါးစိမ်းတစ်ကောင်က အင်အားစုနှစ်ခု၏ အလယ်ဗဟို၌ ပေါ်လာခဲ့သည်။
ရေနဂါးတစ်ကောင်တည်းက မလုံလောက်ဟု ထင်ရသော်လည်း ရေနဂါးအောက်၌ အတားအဆီးနှစ်ခုရှိသည်။
ရေနဂါးတွင် ၎င်း၏အကြေးခွံ၌ နဂါးသွေးတစ်ချို့ရှိနေသည်မှာ ရှင်းနေသည်။
အကယ်၍ အခွင့်အလမ်းသာရှိလာပါက ၎င်းက သွေးကြောကို လုံး၀ပြောင်းလဲပစ်နိုင်သည်။
ဒီရေနဂါးက တစ်နေ့တွင် အမှန်တကယ်ပင် နဂါးတစ်ကောင်အဖြစ် ပြောင်းလာနိုင်ပြီး ကောင်းကင်ဘုံကိုးခုတွင် ခရီးထွက်နိုင်လောက်သည်။
ရေနဂါးအား မော့ကြည့်ရင်း ဝူဟင်နှင့် တင်းကျန်းတို့၏ အမူအရာများက အလွန်အမင်း လေးနက်နေကြပြီး တီးတိုးပြောလိုက်ကြ၏။
"မျှော်လင့်ထားတဲ့အတိုင်းပဲ ပြောင်းပြန်အကြေးခွံလျှို့ဝှက်ရတနာရဲ့ အစောင့်က မရိုးရှင်းဘူး"
ရေနဂါးက နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်ရောက်နေတာကို သူတို့ခံစားမိကြသည်။
အပိုင်း(983) coming။