← Chapters

#‌မုဖူရှန်း၊ တစ်ခါတ‌စ်လေ အရမ်းတော်နေတာကလည်း အပြစ်တစ်ခုပဲ#

Vol. 70 Ch. 983

#‌မုဖူရှန်း၊ တစ်ခါတ‌စ်လေ အရမ်းတော်နေတာကလည်း အပြစ်တစ်ခုပဲ#

Vol. 70 Ch. 983

ရေနဂါးများက အမြဲလိုလို နဂါးမျိုးနွယ်၏ သွေးကြောစွမ်းအားအမျှင်စတစ်ခုကို သယ်ဆောင်လာတတ်သည်။ 

သို့စေကာမူ ကံကောင်းနိုင်သည့်အခွင့်အလမ်းတစ်ခုမရှိဘဲ ရေနဂါးများက နဂါးတစ်ကောင်အဖြစ် မပြောင်းလဲနိုင်ပေ။ 

သို့စေသည့်တိုင် သူတို့က နဂါးများနှင့် ပတ်သက် ဆက်နွှယ်နေသေးသည်။ 

ရေနဂါးများက အတော်လေးအစွမ်းထက်သည်။ 

ဝူဟင်နှင့် တင်းကျန်း လေးနက်စွာပြောသည်။ 

"အတူတူတိုက်ခိုက်ဖို့ အခွင့်အရေးတစ်ခုရှာရမယ်"

ထို့နောက် ဝူဟင်နှင့် တင်းကျန်းတို့ တစ်ချိန်တည်းမှာပင် လက်စွပ်တစ်ကွင်းစီ ထုတ်လိုက်ကြပြီး ရေနဂါးထံ အတူတကွ ပစ်လိုက်ကြသည်။ 

ငွေလက်စွပ်နှစ်ကွင်းက တစ်ချိန်တည်းမှာပင် ရေနဂါးအထက်တွင် ဆင်းသက်လာပြီး လေထဲတွင် ပြန့်သွားသည်။ ဖိနှိပ်ခြင်းချီစီးကြောင်းများက ရေနဂါးကိုယ်ကို စတင် ဖုံးလွှမ်းသွား၏။ 

ချက်ချင်းဆိုသလို ရေနဂါးက ၎င်း၏ ဧရာမကိုယ်ထည်ကို ကွေးပြီး ပါးစပ်ကို ဟကာ နားကွဲလုနီးပါး ဟိန်းသံများကို ထုတ်လွှတ်သည်။ 

၎င်း၏အော်ရာကလည်း ဒီအခိုက်အတန့်မှာပင် တစ်စိတ်တစ်ပိုင်း ဖိနှိပ်ခံလိုက်ရသည်။ 

နဂါးချည်လက်စွပ်က နဂါးများကို ထိန်းချုပ်နိုင်သည့်အလား ထင်ရသော်လည်း တကယ်တမ်းတွင် အားကောင်းသည့် သွေးကြောမရှိသည့် ရေနဂါးများပေါ်၌သာ အလုပ်ဖြစ်သည်။ 

တကယ့်နဂါးသွေးကြောများအပေါ်တွင်မူ နဂါးချည်လက်စွပ်က သက်ရောက်မှုကို ဆုံးရှုံးခံရပေလိမ့်မည်။ 

နဂါးသွေးကြောထဲက သက်ရှိတိုင်းက နဂါးများနှင့် ဆက်စပ်နေသည်။ 

နဂါးချည်လက်စွပ်က အနည်းနှင့်အများတော့ အသုံး၀င်နေဆဲပင်။ 

သို့စေကာမူ ထိန်းချုပ်ခံထားရသောအခါ ရေနဂါးက ဒေါသထွက်သွားပြီး ၎င်း၏ ဧရာမခန္ဓာကြီးကို ဂိုဏ်းနှစ်ဂိုဏ်းရှိရာဘက်သို့ တစ်ချိန်တည်းတွင် လွှဲယမ်းပစ်သည်။ 

၎င်းက အားနည်းနေသော်လည်း နတ်အင်ပါယာနယ်ပယ်ခွန်အားရှိနေဆဲပင်။ 

ဒီအော်ရာတစ်ခုတည်းကပင် တစ်ချို့လူများ အစွမ်းကုန်ကိုင်တွယ်ရင်ဆိုင်ရသည့် အရာတစ်ခုပေတည်း။ 

ဝူဟင် အပြုံးဖြင့် ဓားရှည်တစ်လက်ကို ထုတ်ယူသည်။ တင်းကျန်းက လက်ထဲတွင် လှံရှည်တစ်ချောင်းကို ကိုင်ထားပြီး ရေနဂါးအား ထိုးစိုက်ပစ်ရန်အတွက် နတ်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့် ခွန်အားအလုံးစုံကို အသုံးပြုလိုက်၏။ 

ဒါကိုမြင်သောအခါ ကျန်သောတပည့်များကလည်း အတူတကွ စတင်တိုက်ခိုက်ကြသည်။ 

ဒီအခိုက်အတန့်၌ မည်သူကမှ မထိန်ချန်ထားရဲတော့ပါ။ 

နတ်အင်ပါယာနယ်ပယ်က ရေနဂါးတစ်ကောင်ရှေ့တွင် ထိန်ချန်ထားပါက သေခြင်းတရားကို လက်ယပ်ခေါ်နေသည်နှင့် တူနေပေလိမ့်မည်။ 

နောက်က မုဖူရှန်း ဒီအခွင့်အရေးကို ယူပြီး ရေနဂါးထံ အဆောင်များပစ်လိုက်သည်။ 

ရေနဂါးပတ်လည်၌ အဆောင်များက အသက်၀င်လာပြီး မိုးကြိုးစွမ်းအားက ရေနဂါးကို စတင်ရိုက်ခတ်သည်။ ဒါက မိုးကြိုးအကျဉ်းထောင်တစ်ခုအလား ထင်ရသည်။ 

တင်းကျန်း ဒီမြင်ကွင်းကိုမြင်သောအခါ အော်ဟစ်သည်။ 

"ဂျူနီယာညီလေးမုရဲ့ အချိန်ကိုက်မှုက မဆိုးဘူး"

ထို့နောက် သူဝူဟင်အား 'ငါတို့ ကောင်းကင်ဘုံစံအိမ်ဂိုဏ်းရဲ့ တပည့်အသစ်က ဘယ်လောက်ထိ ကြောက်စရာကောင်းသလဲဆိုတာ ကြည့်စမ်း' ဟူသော အထာဖြင့် လှမ်းကြည့်လိုက်၏။

ဒီအခိုက်အတန့်မှာပင် ဖန်ချန်းကလည်း အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်ကို ထုတ်လွှတ်လိုက်လေရာ ဒါက ရေနဂါးကို ၀န်းရံပစ်ပြီး ၎င်း၏ခန္ဓာအား ပစ်ချခဲ့သည်။ 

ဝူဟင် တင်းကျန်းကို ပြန်လှည့်ကြည့်ရင်း မျက်ခုံးပင့်လိုက်သည်။ 

သူတို့၏အဆောင်များနှင့် အစီအရင်များက ရေနဂါးပေါ်၌ အကန့်အသတ်ရှိသည်။ 

သူတို့နှစ်ယောက်စလုံးက နတ်ဗိုလ်ချုပ်နယ်ပယ်ကဖြစ်သည်။ 

သူတို့နှစ်ယောက်၏ ခွန်အားကို မြင်ရသောအခါ နှစ်ဘက်စလုံး ထိတ်လန့်သွား၏။ 

တပည့်အဖြစ် လက်ခံခံရပြီး ၀င်လာသည့် အခိုက်အတန့်မှာပင် အဓိကတပည့်တစ်ဦးဖြစ်လာနိုင်သော လူတစ်ယောက်က တကယ်တမ်းတွင် မရိုးရှင်းပေ။ 

သို့သော် မုဖူရှန်းနှင့် ဖန်ချန်းတို့က ဒါကို အာရုံစိုက်မနေတာကို သူတို့မသိခဲ့ကြပါ။ 

ယင်းအစား သူတို့အသံပို့ကာ လျှို့ဝှက်စွာ ဆက်သွယ်နေကြသည်။ 

ဖန်ချန်းပြောသည်။ 

"စီနီယာအစ်ကိုမု၊ ဒီပြောင်းပြန်အကြေးခွံက အတော်လေးကောင်းပုံပဲ"

မုဖူရှန်းခေါင်းညိတ်ရင်း ပြန်ဖြေသည်။ 

"အင်း၊ ဒါက စီနီယာအစ်ကိုရှောင်ဟိုင်အတွက် အတော်လေးသင့်တော်ပုံပဲ"

သို့စေကာမူ ဒါကိုပြောပြီးနောက်တွင် မုဖူရှန်းရုတ်တရက် တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ရသည်။ သူမကောင်းသည့် ခံစားချက်တစ်ခု ရနေသည်။ 

တကယ်တမ်းတွင်လည်း ဖန်ချန်း၏ ထိတ်လန့်နေသည့်အသံကို သူကြားလိုက်ရသည်။ 

"ဒါဆိုရင် ဒီပြောင်းပြန်အကြေးခွံကို ကျွန်တော်တို့ ခိုးကြမယ်လေ၊ ဒီလိုဆိုရင် ဒါက စီနီယာအစ်ကိုရှောင်ဟိုင်ရဲ့ခွန်အားကို နည်းနည်းတော့ တိုးစေနိုင်မှာပဲ"

မုဖူရှန်းဆွံအနေသည်။ 

အစ်ကိုကြီးနဲ့ တခြားသူတွေဆီကနေ မကောင်းတဲ့အရာတွေကို သူသင်ယူခဲ့တာလား!

ခိုးဖို့လား!

ဒီမှာလူအများကြီး ရှိတယ်လေ၊ လူတိုင်းရှေ့မှာ ငါတို့ဘယ်လို ခိုးယူနိုင်မှာတုန်း!

ဒါကဓားပြတိုက်တာနဲ့ ပိုတူမနေဘူးလား!

"မင်းဒါကို ရေရှည်အတွက် မတွေးကြည့်နိုင်ဘူးလား...."

သို့စေကာမူ ဖန်ချန်းပြောသည်။ 

"တကယ်လို့ ဒီပစ္စည်းကသာ သူတို့လက်ထဲ ကျသွားမယ်ဆိုရင် အနာဂတ်မှာ ဒါကို ရယူဖို့ ပိုပြီးခက်ခဲသွားလိမ့်မယ်"

မှန်ပေသည်။ ပြောင်းပြန်အကြေးခွံကဲ့သို့ ရတနာမျိုးကို သေချာပေါက် သေချာကျနစွာ ကာကွယ်ထားမည်သာ။ 

မုဖူရှန်း ရုတ်တရက်ခေါင်းကိုက်လာသည်။ 

"ဒါ‌ဆို မင်းစိတ်ထဲမှာဘာရှိလဲ"

သို့စေကာမူ ဖန်ချန်း မုဖူရှန်းကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်ပြီး မျက်စိမှိတ်ပြရင်း အသံပို့သည်။ 

"ဒါက စီနီယာအစ်ကိုမု တွေးတောရမယ့်အရာတစ်ခု မဟုတ်ဘူးလား"

???

မုဖူရှန်း "....."

ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ၊ မင်းက ဒီလိုကစားချင်တာပေါ့၊ ဟုတ်လား!

မင်းဒါကို မျက်တောင်တစ်ချက်တောင် မခတ်ဘဲ ပြောခဲ့လိုက်သေးတယ်!

ဒီအချိန်တွင် မုဖူရှန်း အမှန်တကယ်ပင် ဖန်ချန်းကို ဓားနှင့် ထိုးစိုက်ပစ်သည်။ 

ကြိုးစားလုပ်ကိုင်ရတာက ခက်ခဲတယ်၊ ဒါပ်ေယ့် မင်းတကယ်ပဲ ငါ့ကို ဒီအမှိုက်ကို ရှင်းလင်းပေးစေချင်တာလား!

မုဖူရှန်း ရုတ်တရက်အိမ်ပြန်ချင်လာသည်။ 

စီနီယာ၊ ဂျူနီယာများစွာ ရှိနေသည့်အပေါ် မုဖူရှန်း သေရည်မသောက်ဘဲ မူးနေသည့်ပမာ ခံစားနေရသည်။ 

သို့စေကာမူ ဒီလိုဖြစ်နေပြီဖြစ်လေရာ သူခိုးယူရန်အတွက် နည်းလမ်းတစ်ခုကို တွေးတောရပေတော့မည်။ 

သူလက်ထဲက အဆောင်တစ်ခုကို ပစ်လိုက်၏။ 

ထို့နောက် ရေနဂါးနှင့် တင်းကျန်းကို စိုက်ကြည့်ရင်း လေးနက်သည့်အသွင် ဟန်ဆောင်ကာ သံသယများကနေ ကာကွယ်နိုင်ရန် နည်းလမ်းတစ်ခုကို တွေးနေသည်။ 

တစ်ခဏအကြာတွင် မုဖူရှန်းအသံပို့လိုက်သည်။ 

"ဂျူနီယာညီလေးဖန်၊ မင်းရဲ့ပုံရိပ်ယောင်အစီအရင်က ဝူဟင်နဲ့ တင်းကျန်းအပေါ်မှာ အလုပ်ဖြစ်နိုင်လား၊ ပြီးတော့ မင်း ပုံရိပ်ယောင်အစီအရင်တွေကို သိတယ်ဆိုတာ သူတို့မသိကြဘူးမလား"

ဖန်ချန်း အနည်းငယ်ကြက်သေသေသွားပြီး တစ်ခဏကြာ စဉ်းစားပြီးနောက်တွင် အနည်းငယ် ခေါင်းညိတ်သည်။ 

"ဒါကပြဿာနာတော့ မဟုတ်လောက်ဘူး၊ သူတို့ကို တိုက်ခိုက်မှာကို သူတို့သတိမထားမိကြဘူး၊ သူတို့ ရေနဂါးကို သတ်ပြီးတဲ့အချိန်ကျရင် သူတို့ကလည်း အားနည်းတဲ့ အခြေအနေမှာရှိနေကြလိမ့်မယ်၊ သူတို့ကို ငါးစက္ကန့်လောက် အချိန်ဆွဲထားဖို့အတွက် ကျွန်တော် အင်မော်တယ်တွေ့ဆုံခြင်းပုံရိပ်ယောင် အစီအရင်ကို သုံးနိုင်တယ်"

"အင်မော်တယ်တွေ့ဆုံခြင်းပုံရိပ်ယောင် အစီအရင်ကိုတော့ သူတို့မသိကြဘူး"

မုဖူရှန်းခေါင်းညိတ်သည်။ 

"အသက်ရှူကြိမ်ရေငါးကြိမ်..... ဒါက လုံလောက်တယ်"

"ပြီးရင် မင်းပုံရိပ်ယောင်အစီအရင်ကို သုံးနေချိန်မှာ ငါကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်ကို သုံးပြီး ပြောင်းပြန်အကြေးခွံကို ယူပြီး ပြန်ထွက်ပြေးလာခဲ့မယ်"

"အဲဒီအချိန်ကျရင် သူတို့သေချာပေါက် ငါတို့ကို သံသယရှိမှာမဟုတ်ဘူး၊ ငါတို့အမူအရာတွေကနေ ဟာကွက်တစ်ခုခုမဖော်ထုတ်သရွေ့ ပြဿာနာမရှိနိုင်ချေပိုများတယ်"

သို့စေကာမူ သူ့ကိုယ်သူ အားနည်းချက်များ မထုတ်ဖော်မိစေရန်အတွက် မုဖူရှန်း ကာကွယ်ရန် လွတ်မြောက်အစီအရင်တစ်ခုကို သိမ်းဆည်းထားဆဲပင်။ 

"အကြောင်းရင်းနဲ့ ပတ်သက်ပြီးတော့ အချိန်ကျလာတဲ့အခါကျရင် မင်းမသိဘူးလို့ပဲပြောလိုက်"

မည်သို့ပင်ဆိုစေကာမူ ဖန်ချန်းက အစီအရင်များကို အသုံးပြုတတ်သည့် တစ်ဦးတည်းသောသူဖြစ်သည်။ ထို့ကြောင့် သူတို့က သူ့ကိုသာ မေးခွန်းထုတ်လာကြပေလိမ့်မည်။ 

သို့စေကာမူ နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူများပင် အစီအရင်ထဲကျသွားပါက နတ်ဗိုလ်ချုပ်နယ်ပယ်က ဖန်ချန်းက ဘယ်လိုလုပ် မကျဘဲနေမည်နည်း။ 

သူတို့သံသယရှိလျှင်ပင် သူမသိဘူးလို့ ပြောတာက ယုတ္တိတန်ပါသည်။ 

ဖန်ချန်းခေါင်းညိတ်သည်။ 

"ကျွန်တော်နားလည်ပါပြီ၊ စီနီယာအစ်ကိုမုဆိုတဲ့အတိုင်းပဲ အစ်ကိုမုက အရမ်းတော်တာပဲ"

မုဖူရှန်း "....."

တစ်ခါတစ်လေ အရမ်းတော်နေတာကလည်း အပြစ်တစ်ခုပဲ.....!

....

ရေနဂါးနှင့်တိုက်ပွဲက သုံးရက်တိတိကြာမြင့်ခဲ့သည်။ 

ဝူဟင်နှင့် တင်းကျန်းတို့က သူတို့ဝှက်ဖဲအကုန်လုံးနီးပါးကို သုံးခဲ့ကြသည်။ 

တကယ်တမ်းတွင် ကောင်းကင်ဘုံစံအိမ်ဂိုဏ်းနှင့် ‌ကြက်သွေးရောင်မီးတောက်အိမ်တော်မှ နတ်ဘုရင်နယ်ပယ်နောက်ပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦးစီက အပြင်းအထန် ဒဏ်ရာရသွားကြပြီး တိုက်ခိုက်ရေးခွန်အားအားလုံးကို ဆုံးရှုံးခဲ့ကြရသည်။ 

အလွန်အမင်း ခက်ခဲသည့်တိုက်ပွဲတစ်ခုအပြီးတွင် အဆုံးသတ်၌ ဝူဟင်နှင့် တင်းကျန်းတို့ တစ်ချိန်တည်းတွင် တိုက်ခိုက်ပြီးနောက်မှသာ ရေနဂါးကို သတ်ပစ်နိုင်ခဲ့ကြသည်။ 

ရေနဂါးသေဆုံးပြီးနောက် ပြောင်းပြန်အကြေးခွံက ရေတံခွန်ထဲကနေ မျောလာပြီး သူတို့ရှေ့တွင် လွင့်မြောနေသည်။ 

ဒီအခိုက်အတန့်၌ သူတို့အနည်းငယ် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြ၏။ သူတို့၏ တင်းမာနေသည့် အာရုံကြောများကလည်း ဒီအချိန်မှာပင် စတင်ပြေလျော့လာကြ၏။ 

သို့စေကာမူ ဒီတဒင်္ဂလေးမှာပင် မုဖူရှန်း၏ သတိပေးချက်နှင့်အတူ ဖန်ချန်း ပြင်ဆင်ထားသည့် အင်မော်တယ်တွေ့ဆုံခြင်းပုံရိပ်ယောင် အစီအရင်ကို တိတ်တဆိတ် ထုတ်လွှတ်လိုက်သည်။  

ရုတ်ချည်းဆိုသလို တင်းကျန်း၊ ဝူဟင်နှင့် ကျန်သောသူများအားလုံး ပုံရိပ်ယောင်လှည့်စားမှုထဲသို့ ဆွဲသွင်းခံရသည်။ 

မုဖူရှန်း လျှပ်စီးကဲ့သို့ အမြန်နှုန်းနှင့် လုပ်ဆောင်ပြီး ပြောင်းပြန်အကြေးခွံကို အဆောင်များနှင့် ဖုံးထားသည့် ဟင်းလင်းပြင်သိုလှောင်လက်စွပ်ထဲတွင် ထည့်သွင်းရင်း ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်နှင့်အတူ ယူသွားပြီး အဆောင်ကိုသုံးရင်း မူလနေရာသို့ ပြန်သွားလိုက်သည်။ 

ဒီအချန်တွင် အသက်ရှူကြိမ်ရေနှစ်ကြိမ်ခန့် အချိန်သာကျန်တော့သည်။ 

သူတို့နှစ်ယောက် တစ်ချိန်တည်းမှာပင် အင်မော်တယ်တွေ့ဆုံခြင်းပုံရိပ်ယောင် အစီအရင်ထဲကို ၀င်ရန် ပဏာမခြေလှမ်းလှမ်းပြီး သူတို့ကလည်း ပုံရိပ်ယောင်ထဲ ကျသွားသည်ဟူသော ပုံရိပ်ယောင်လှည့်စားမှုများကို ဖန်တီးလိုက်ကြ၏။ 

အရာအားလုံးက အတော်လေးချောမွေ့ပုံရသည်။ 

အပိုင်း(984) coming။ 

All Chapters