#ကျောက်စိမ်းရေကန်သူတော်စင်မိန်းမပျို၊ ပြိုင်ဘက်ကင်း#
Vol. 70 Ch. 984
ဝူဟင်နှင့် တင်းကျန်းတို့ အသက်ရှူကြိမ်ရေ ငါးကြိမ်အတိအကျအတွင်း ပုံရိပ်ယောင်ထဲကနေ လွတ်မြောက်လာခဲ့ကြသည်။
သူတို့လွတ်မြောက်လာသည်နှင့် တစ်ပြိုင်နက် ချက်ချင်းဆိုသလို ပြောင်းပြန်အကြေးခွံရှိရာဘက်သို့ ကြည့်လိုက်ကြ၏။
ရေတံခွန်ရှေ့ပိုင်းက ဗလာကျင်းနေလေပြီ။
သူတို့၏ အမူအရာများက အလွန်အမင်း ကြည့်ရဆိုးသွားကြပြီး သတ်ဖြတ်ခြင်းဆန္ဒက သူတို့၀န်းကျင်၌ အတက်အကျဖြစ်လာသည်။
သူတို့ရေနဂါးကို သတ်ရန်အတွက် အတော်လေးကြိုးစားအားထုတ်ခဲ့ရသည်။
သို့စေကာမူ နောက်ဆုံးမိနစ်လေး၌ သူတို့ ပြောင်းပြန်အကြေးခွံအား သွားယူရန်သာ လိုအပ်တော့သည့်အချိန်တွင် ရှိခိုးကောင်တစ်ကောင်က ပုစဉ်းရင်ကွဲကို ချောင်းမြောင်းနေစဉ် နောက်က ငှက်ကို မမြင်နိုင်ခဲ့ပေ။
ဒါကိုဘယ်သူမှ ခံနိုင်ရည်မရှိပါ။
တင်းကျန်းဒေါသတကြီးအော်ဟစ်သည်။
"ဘယ်သူလုပ်ခဲ့တာလဲ"
ဒီအခိုက်အတန့်၌ အစွမ်းထက်အော်ရာတစ်ခု ရုတ်တရက်ပေါက်ကွဲထွက်လာပြီး ရေတံခွန်က စတင်တုန်ခါကာ မရေမတွက်နိုင်သည့် လှိုင်းများက ဘက်ပေါင်းစုံသို့ ရိုက်ခတ်နေသည်။
ဒီအချိန်တွင် ဝူဟင်မျက်နှာပေါ်က အပြုံးကလည်း ပျောက်ကွယ်သွားပြီး တင်းကျန်းအား အေးစက်စွာကြည့်ရင်း သံသယဖြင့် ပြောသည်။
"အိုးကမပူ၊ စလောင်းကပူပြနေတာလား"
ဒါကိုကြားသော် တင်းကျန်း ရုတ်တရက် ဝူဟင်ကို လှည့်ကြည့်ပြီး ဒေါသတကြီး အော်ဟစ်သည်။
"အိုးကမပူ၊ စလောင်းကပူတယ်၊ အဆုံးသတ်မှာ ငါတို့ပုံရိပ်ယောင်အစီအရင်ထဲ ကျသွားရတာပဲမလား၊ ငါတို့ထဲက ဘယ်နှစ်ယောက်ကများ၊ မဟုတ်ဘူး၊ ငါတို့ ကောင်းကင်ဘုံစံအိမ်ဂိုဏ်းတစ်ခုလုံးက လူဘယ်နှစ်ယောက်ကများ အစီအရင်တွေအကြောင်းသိလို့လဲ"
"တခြားတစ်ဘက်မှာတော့ မင်းတို့ကြက်သွေးရောင်မီးတောက်အိမ်တော်မှာ အစီအရင်ဆရာတွေ ရှိတယ်မလား"
ဝူဟင်နှာခေါင်းရှုံ့သည်။
"ငါတို့ကြက်သွေးရောင်မီးတောက်အိမ်တော်ရဲ့ အစီအရင်ဆရာတွေက မီးဒြပ်စင်သတ်ဖြတ်ခြင်းအစီအရင်ကို အဓိကထားကြတယ်၊ ပုံရိပ်ယောင်အစီအရင်တွေမှာ ကျွမ်းကျင်သူတွေက အရမ်းနည်းပါးလှတယ်"
"ပုံရိပ်ယောင်အစီအရင်မှာ တစ်ဖက်လူက ငါတို့အားလုံးကို ဒီပုံရိပ်ယောင်အစီအရင်ထဲမှာ ချက်ချင်းပိတ်ဆို့ပစ်နိုင်ခဲ့တော့ သူ့ရဲ့ အောင်မြင်မှုတွေက အရမ်းကြီးအားနည်းမှာမဟုတ်ဘူး၊ ငါတို့ကြက်သွေးရောင်မီးတောက်အိမ်တော်မှာ ဒီလိုလူမျိုးရှိပေမယ့် သူတို့က အကြီးအကဲအဆင့်ပုဂ္ဂိုလ်တွေပဲ၊ သူတို့နဂါးသွေးကြောထဲကို ဘယ်လိုလုပ် ၀င်နိုင်မှာလဲ"
တင်းကျန်းနှာခေါင်းရှုံ့သည်။
"ဘယ်သူသေချာပြောနိုင်လို့လဲ၊ ဒီတဒင်္ဂအတွက် မင်းအသင်းထဲမှာ မင်းအစီအရင်ဆရာတစ်ယောက်ကို တမင်တကာ ဝှက်ထားတာလည်း ဖြစ်နိုင်တယ်လေ..."
ဒီနေရာတွင် တင်းကျန်း ရုတ်တရက်ကြက်သေသေသွား၏။ ထို့နောက် သူ့အကြည့်ကို ဝူဟင်ဆီကနေ နေရာ၌ ထုံထိုင်းစွာရပ်နေသည့် ဖန်ချန်းထံ ဖြည်းဖြည်းချင်း ပို့လွှတ်လိုက်သည်။ သူကပုံရိပ်ယောင် အစီအရင်ထဲ ရှိနေသေးသည်မှာ ရှင်းနေသည်။
ဒါကမုဖူရှန်း၏ အစီအစဉ်ပေတည်း။
သားကောင်ဖြစ်လာခြင်းဖြင့်သာ သူသံသယကနေ အများဆုံးအတိုင်းအတာတစ်ခုအဖြစ် လွတ်မြောက်နိုင်ပေလိမ့်မည်။
ဒါ့အပြင် သူတို့ပြသသည့် ကျင့်ကြံခြင်းနယ်ပယ်က ဝူဟင်၊ တင်းကျန်းနှင့် ကျန်သောသူများထက် အများကြီးနိမ့်ကျလေရာ သူ့အဖို့ ပုံရိပ်ယောင်ထဲကနေ လွတ်မြောက်ရန် မစွမ်းနိုင်တာက ပုံမှန်သာ။
ဝူဟင်မျက်မှောင်ကြုတ်ရင်း သူ့မျက်လုံးများ၌ သံသယအရိပ်အယောင်တစ်ခု ရှိနေသည့်အလား လှမ်းကြည့်လိုက်၏။
ထို့နောက် သူဖန်ချန်းဘေးကိုရောက်လာပြီး နဖူးကို လက်ညိုးထိုးလိုက်၏။ ဝိဉာဉ်စွမ်းအားလှိုင်းတစ်ခုက ထိုးထွက်လာပြီး ဖန်ချန်းကို ပုံရိပ်ယောင်ထဲကနေ အတင်းလွတ်မြောက်လာသည်။
ဖန်ချန်း ပုံရိပ်ယောင်ထဲကနေ နိုးထလာသဖြင့် စိတ်ရှုပ်ထွေးနေသည့်အသွင် ဘေးဘီဝဲယာကို လှမ်းကြည့်လိုက်သည်။
"ဘာဖြစ်သွားတာလဲ၊ ဘယ်သူ့ပုံရိပ်ယောင်အစီအရင်လဲ"
ဝူဟင် သံသယဖြစ်နေပုံရပြီး ဖန်ချန်း၏ မျက်လုံးများကို စိုက်ကြည့်ရင်း ဖြည်းညင်းစွာပြောသည်။
"ပြောင်းပြန်အကြေးခွံက အခိုးခံလိုက်ရပြီ"
"ပြောင်းပြန်အကြေးခွံက အခိုးခံလိုက်ရပြီ" ဖန်ချန်းအံ့ဩသင့်တကြီးပြောလိုက်မိသည်။
"ဘယ်သူလဲဆိုတာ ရှာတွေ့ပြီးပြီလား"
ဝူဟင်ခေါင်းခါယမ်းသည်။
"မင်းတကယ်ပဲဘာတစ်ခုမှ မသိဘူးလား"
ဖန်ချန်းစိတ်ရှုပ်ထွေးနေပုံရပြီး စကားမပြောပေ။
တစ်ခါတစ်ရံ ပိုပြောလေလေ၊ အမှားပိုများများလေဖြစ်သည်။ ဒါက သူ့စိတ်ထဲတွင် တစ်ခုခုရှိနေသည်ဟု ဆိုလိုနေခြင်းပင် မဟုတ်ပေလော။
တခြားတစ်ဘက်တွင် ကောင်းကင်ဘုံစံအိမ်ဂိုဏ်းက နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်က မုဖူရှန်းကို ပုံရိပ်ယောင်ထဲကနေ ဆွဲထုတ်လိုက်၏။
ထို့နြော် တင်းကျန်းနှာခေါင်းရှုံ့သည်။
"ငါတို့တပည့်အသစ်ရဲ့ အချက်အလက်တွေကို မသိရသေးဘူး၊ ဝူဟင်၊ မင်းဝိဉာဉ်ရှာဖွေလိုက်ရုံပဲလေ၊ မင်းမလုပ်နိုင်ဘူးဆိုရင် ငါလုပ်မယ်"
ဝူဟင် ဖန်ချန်း၏ အမူအရာကို ကြည့်နေသည်။ သူက အနည်းငယ်သံသယဖြစ်ဖွယ် ကောင်းသော်လည်း ပုံရိပ်ယောင်အစီအရင်ထဲ အမှန်တကယ် ကျသွားခဲ့ရသည်။
ဒါ့အပြင် ဖန်ချန်း၏ခွန်အားအရ သူက အစီအရင်များ၌ အလွန်အမင်း အစွမ်းထက်သည့် ပါရမီကို ပြသခဲ့သည်။ သူက ကြက်သွေးရောင်မီးတောက်အစီအရင်ကို စူးစမ်းနေစဉ်မှာပင် တစ်ကြိမ်တည်းနှင့် တတိယအဆင့်ထိပင် ရောက်သွားခဲ့သည်။ သူ့ရလဒ်များက ဝူဟင်၏ ကနဦးရလဒ်များထက် အဆပေါင်းများစွာ ပိုအားကောင်းသည်။
သို့စေကာမူ အဆုံးသတ်တွင် သူတို့ မကြီးထွားလာခဲ့ပေ။
သူအစီအရင်များကို သိလျှင်ပင် မိမိတို့လို နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူများအပေါ် အစီအရင်ကို သုံးနိုင်ရန်ဟူသည် မဖြစ်နိုင်ပေ။ ဒါ့အပြင် သူတို့မလွတ်မြောက်ခင် ပုံရိပ်ယောင်အစီအရင်ထဲ၌ ငါးစက္ကန့်မျှသာ ရုန်းကန်ခဲ့ရခြင်းပင်။
ဒါကိုတွေးမိသောအခါ ဝူဟင်နှလုံးသားထဲက သံသယက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး တင်းကျန်းအား အေးစက်စွာကြည့်သည်။
"ဝိဉာဉ်ရှာဖွေမယ်၊ ဒါက ကျင့်ကြံသူရဲ့ ဝိဉာဉ်ကို ပြန်ပြောင်းမရနိုင်တဲ့ ပျက်စီးမှုတစ်ခုဖြစ်စေလိမ့်မယ်"
"အစီအရင်ဆရာတစ်ယောက်ကလည်း ဝိဉာဉ်စွမ်းအား လိုအပ်တယ်၊ မင်းငါတို့ ကြက်သွေးရောင်မီးတောက်အိမ်တော်ရဲ့ အစီအရင်ဆရာကို ဖျက်ဆီးချင်နေတာလား"
"တစ်ဘက်မှာတော့ မင်းတို့ ကောင်းကင်ဘုံစံအိမ်ဂိုဏ်းကလည်း တပည့်အသစ်တစ်ယောက် လက်ခံထားတာပဲလေ၊ သူလည်း ဖြစ်နိုင်တာပဲ"
တင်းကျန်း ဒေါသတကြီးရယ်မောသည်။
"သူကအဆောင်သခင်တစ်ယောက်ပဲ၊ ဝူဟင်၊ ဒါကိုဖုံးကွယ်ဖို့အတွက် မင်းစပြီး ထိတ်လန့်နေပြီပေါ့၊ သူ့ကို လွတ်မြောက်ဖို့အတွက် မင်းဒီလိုမျိုး ဆိုးရွားတဲ့ အကြောင်းပြချက်တစ်ခုကိုတောင် တွေးခဲ့တာလား"
ဂိုဏ်းနှစ်ဂိုဏ်းက ထပ်မံဓားသွားများပမာ ဖြစ်လာကြသည်။
ဒါကိုမြင်သောအခါ မုဖူရှန်းနှင့် ဖန်ချန်းတို့မှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြ၏။
ကြည့်ရသည်မှာ အချိန်တစ်ခုအထိတော့ သူတို့သံသယ၀င်ခံရမည်မဟုတ်ပေ။
ဒီအချိန်မှာပင် နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ပြောသည်။
"နောက်ဂိုဏ်းတစ်ဂိုဏ်းများလား"
"သူတို့က အနီးအနားမှာ အချိန်အကြာကြီး ပုန်းနေခဲ့ပြီး အချိန်အတော်ကြာ ပုံရိပ်ယောင်အစီအရင်ကို ဖန်တီးနေခဲ့တယ်၊ သူတို့ ငါတို့ ရေနဂါးကို သတ်ပစ်တာကို စောင့်နေတာပဲ"
နောက်တစ်ယောက်ခေါင်းညိတ်သည်။
"ဒါမဖြစ်နိုင်တာတော့ မဟုတ်ဘူး"
ကြက်သွေးရောင်မီးတောက်အိမ်တော်က နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူတစ်ဦး မျက်မှောင်ကြုတ်သည်။
"ဒီအကြောင်းကို အခုငြင်းခုံနေတာက ဘာအဓိပ္ပာယ်မှမရှိဘူး၊ ပိုအရေးကြီးတာက ငါတို့ ဒီလူကို အမြန်ဆုံးရှာဖွေရမယ်"
တင်းကျန်းနှင့် ဝူဟင်တို့ ဒါကိုကြားသောအခါ နှာခေါင်းရှုံ့လိုက်ကြ၏။
"ဒါကိုလုပ်ခဲ့တာသာ မင်းတို့ရဲ့ကြက်သွေးရောင်မီးတောက်အိမ်တော်က ဆိုတာကို ငါရှာတွေ့ခဲ့မယ်ဆိုရင် အကျိုးဆက်တွေကို မင်းနားလည်မှာပါ" တင်းကျန်း ဝူဟင်ကို စိုက်ကြည့်သည်။
ဝူဟင်ကလည်း အငြိမ်မခံပေ။
"မင်းဆိုတဲ့တင်းကျန်းမှာ နည်းလမ်းတွေနဲ့ အစွမ်းရှိတာကို ပြောမနေတော့ဘူး၊ မင်းတို့ ကောင်းကင်ဘုံစံအိမ်ဂိုဏ်းကသာ ပြဿာနာကို ဖြစ်စေတယ်ဆိုတာကိုသာ ငါရှာတွေ့သွားခဲ့မယ်ဆိုရင် ငါတို့ကြက်သွေးရောင်မီးတောက်အိမ်တော်ကို ရိုင်းပျတဲ့အတွက် အပြစ်မတင်နဲ့"
နှစ်ဘက်စလုံးက အဆိုပါကြမ်းတမ်းသည့် စကားလုံးများကို ဆိုပြီးနောက် လမ်းကြောင်းနှစ်ခုသို့ ထွက်သွားကြတောာ့သည်။
အမှတ်များအတွက်မူ ပြောင်းပြန်အကြေးခွံကို ရပြီး နဂါးချီကို ကျောက်စိမ်းဆွဲသီးထဲ ထည့်သွင်းမှသာ ကျောက်စိမ်းဆွဲသီးက အမှတ်များကို ရေတွက်မည်ဖြစ်သည်။
ထို့ကြောင့် သူတို့နှစ်ဘက်စလုံး နဂါးလျှို့ဝှက်ရတနာကို မရခဲ့သည်သာမက အမှတ်များကိုလည်း မရခဲ့ပေ။
သူတို့ရေနဂါးကို အကြောင်းမဲ့သတ်ပစ်ခဲ့ခြင်းသာ။
ဖန်ချန်း မထွက်သွားခင် မုဖူရှန်းအား နှုတ်ခမ်းထောင့်တစ်ချက် ကွေးညွတ်ကာ ပြုံးပြလိုက်သည်။
မုဖူရှန်းသူ့ကို လှည့်ပင်မကြည့်ဘဲ ချက်ချင်းလှည့်ကာ ထွက်သွားလေတော့သည်။
ဟေး၊ ဟေး၊ ဟေး!
မင်းကိုအခုရှာတွေ့သွားမယ်ဆိုရင် ပိုကြောက်စရာမကောင်းသွားဘူးလား၊ မင်းငါ့ဆီကနေ သင်ယူပြီး နည်းနည်းသတိပိုထားလို့ မရဘူးလား!
သူတို့ဒီနေရာက ထွက်သွားသောအခါတွင် ဖန်ချန်းကို သီးသန့်သင်ခန်းစာတစ်ခု သေချာပေါက် ပေးရန် မုဖူရှန်း ဆုံးဖြတ်လိုက်၏။
အစ်ကိုကြီးနဲ့ အစ်ကိုရှောင်ဟိုင်တို့ကတော့ မျှော်လင့်ချက်မရှိတော့ဘူး!
ဖန်ချန်းက စံအိမ်တော်ကို ဝင်လာတာ မကြာသေးဘူးဆိုတော့ အစ်ကိုကြီးနဲ့ ကျန်တဲ့သူတွေ သူ့ကို တဖြည်းဖြည်းဦးဆောင်သွားမှာကို ငါခွင့်ပြုလို့်မရဘူး!
ငါသူ့ကိုအမှန်ပြင်ပေးရမယ်!
မဟုတ်ဘူးဆိုရင် အနာဂတ်မှာ နောက်ထပ် ပြဿာနာဖန်တီးသူတစ်ယောက် ပေါ်လာလိမ့်မယ်!
ဒီလိုဆို ငါပိုပြီးခေါင်းကိုက်ရလိမ့်မယ်!
....
ကောင်းကင်ဘုံစံအိမ်ဂိုဏ်းနှင့် ကြက်သွေးရောင်မီးတောက်အိမ်တော်တို့က အမှတ်များမရခဲ့သော်လည်း ငွေနဂါးစံအိမ်ကမူ အနက်ရောင်အဆင့်နဂါးရတနာတစ်ခုကို ရခဲ့ပြီး အမှတ်ငါးမှတ်ရခဲ့သည်။
လွန်ခဲ့သည့်သုံးရက်အတွင်း ရွှေတောင်ပံဂဠုန်ကလန်ကလည်း မြေအဆင့်နဂါးရတနာတစ်ခုကို ရခဲ့သဖြင့် နဂါးချီကို ဖိနှိပ်နိုင်သည့် ရှောင်ဟိုင်၏ အထူးသွေးကြောနှင့်အတူ အမှတ်ဆယ်မှတ်ကို ရခဲ့သည်။
သူတို့ထဲတွင် အထင်ရှားဆုံးက ကျောက်စိမ်းရေကန် အင်မော်တယ်နန်းတော်ပင်။ သူတို့က အနက်အဆင့်နှင့် မြေအဆင့်ရတနာတစ်ခုစီကို ရခဲ့ကြသဖြင့် အမှတ်၁၅မှတ်ရခဲ့ကြသည်။
ဒါက ကျိချန်းယောင်၏ ထူးခြားသော လုပ်ဆောင်ချက်များကြောင့်ပင်။
ဒီအချက်က သူမနှစ်များစွာအတွင်း အလွန်အမင်း ခက်ခဲစွာ ကျင့်ကြံခဲ့ခြင်းကြောင့်တင် မဟုတ်ဘဲ ရှေးဦးမူလချီ၌ သူမ၏ ကျွမ်းကျင်မှုအပြင် နဂါးငွေ့တန်းကြယ်ဒေသက ပါရမီရှင်အားလုံးထဲတွင် သူမက အကောင်းဆုံးဖြစ်နေသောကြောင့်ပေတည်း။
အပိုင်း(985) coming။