#မုဖူရှန်း၊ ဆရာဘယ်လိုလုပ် ကျိချန်းယောင်ကို ဆွနိုင်မှာလဲ#
Vol. 70 Ch. 985
နောက်ထပ်ခုနှစ်ရက်ကုန်ဆုံးသွားခဲ့သည်။ နဂါးသွေးကြောကနေ အတင်းတယ်လီပို့ခံရရန်အတွင် ငါးရက်သာကျန်တော့သည်။
ဒီကာလအတောအတွင်း ဂိုဏ်းငါးဂိုဏ်းက နဂါးလျှို့ဝှက်ရတနာများကို အရူးအမူး ရှာဖွေနေခဲ့ကြသည်။
ရွှေတောင်ပံဂဠုန်ကလန်တွင် မြေအဆင့်ရတနာကို ရပြီးနောက် ကျင်းဝူကျင်းနှင့် ကျန်နှစ်ယောက်တို့က ရှောင်ဟိုင်ကို ပေးခဲ့ကြသည်။
မည်သို့ပင်ဆိုစေကာမူ မြေအဆင့်လျှို့ဝှက်ရတနာကို ချောမွေ့စွာ ရယူနိုင်ရန်အတွက် ရှောင်ဟိုင်၏ ထောက်ပံ့မှုက မရှိမဖြစ် လိုအပ်ခဲ့သည် မဟုတ်ပေလော။
ရှောင်ဟိုင် ဒါကိုမငြင်းခဲ့ပေ။
သူ့ခွန်အားကို သူအလောတကြီးမြှင့်တင်ရန် လိုအပ်ပါသည်။
မြေအဆင့်ရတနာက ရှောက်ဟိုင်အတွက် အမှန်တကယ်ပင် အတော်လေးအသုံး၀င်ခဲ့ပြီး သူ့ကို နတ်ဘုရင်နယ်ပယ်တစ်၀က်အဆင့်သို့ တိုက်ရိုက်တက်လှမ်းသွားစေခဲ့သည်။
ဒီနေ့မှာပင် ရွှေတောင်ပံဂဠုန်ကလန်က လူလေးယောက်က နောက်ထပ် အနက်အဆင့်ရတနာတစ်ခုကို ရခဲ့ကြပြီး သူတို့၏ စုစုပေါင်းအမှတ်က ၂၅မှတ်ကိုပင် ရောက်လာခဲ့သည်။
သူတို့ဒီဆန်းကြယ်အဆင့်ပစ္စည်းကို ရသောအခါ ရုတ်တရက် မြောက်ဘက်ကနေ ခုနှစ်ရောင်စုံအလင်းတန်းတစ်ခု ကောင်းကင်ပေါ် ထိုးတက်သွား၏။
နဂါးချီက ချက်ချင်းဆိုသလိုကောင်းကင်နှင့် ထိုလေဟာနယ်အတွင်း ပြည့်နှက်သွားခဲ့သည်။
ကျင်းဝူကျင်းနှင့် ကျန်သုံးယောက် အထိတ်တလန့် လှည့်ကြည့်မိလိုက်ကြ၏။
"ကောင်းကင်အဆင့်ပစ္စည်းတစ်ခု ပေါ်လာပြီ"
"ကောင်းကင်အဆင့်ရှေးဟောင်းပစ္စည်းတစ်ခုကို မြင်ခဲ့တာတောင် အတော်လေးကြာသွားခဲ့ပြီ၊ ဒီတစ်ကြိမ် တစ်ယောက်ယောက် ကောင်းကင်အဆင့်ပစ္စည်းကို တကယ်ရှာတွေ့လိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး"
ကောင်းကင်အဆင့်ရတနာများက ပြောင်းပြန်အကြေးခွံထက်ပင် ပို၍ အဖိုးထိုက်တန်သည်။
ကောင်းကင်အဆင့်ပစ္စည်းတစ်ခုက ဘယ်လောက်ပင် ကောင်းကင်ကို ဆန့်ကျင်နိုင်သလဲဆိုတာ ပုံဖော်ကြည့်၍ရသည်။
နောက်ဆုံးတစ်ကြိမ် သူတို့ကောင်းကင်အဆင့်ရတနာကို ရခဲ့တာက သူတို့၏ ရွှေတောင်ပံဂဠုန်ကလန်ကဖြစ်သည်။
ယခုတွင်မူ ကောင်းကင်အဆင့်ရတနာကို ရခဲ့သောသူက ရွှေသစ်ရွက်စစ်တပ်၏ လက်ရှိတပ်မှူးခေါင်းဆောင်ပင် ဖြစ်နေလေပြီ။
ဒီကောင်းကင်အဆင့်ရတနာကြောင့်ပင် ရွှေသစ်ရွက်စစ်တပ်၏ တပ်မှူးက သူ့လက်ရှိရာထူးကို တည်ငြိမ်အောင် လုပ်ထားနိုင်ခြင်းပင်။
အထက်အဆင့်အကန့်အသတ်ကပင် အတော်လေးမြင့်မားပြီး ဒီအရာအားလုံးကို ကောင်းကင်အဆင့်ပစ္စည်းများက ယူကြဉ်းလာခဲ့သည်။
ကျင်းဝူကျင်းပြောသည်။
"ဂိုဏ်းတစ်ဂိုဏ်းတည်းက ကောင်းကင်အဆင့်ရတနာတစ်ခုရဲ့ မွေးဖွားမှုကို စားသုံးနိုင်မှာ မဟုတ်ဘူး၊ မြန်မြန်သွားကြရအောင်"
ထို့နောက် သူရှောင်ဟိုင်နှင့် ကျန်နှစ်ယောက်ကို အမြန်ဆုံးမြောက်ဘက်သို့ ဦးဆောင်ခေါ်သွားသည်။
ကျန်သောဂိုဏ်းများကလည်း သူတို့လုပ်နေသည့်အရာများကို ချက်ချင်းချထားပြီး ခုနှစ်ရောင်စဉ်အလင်း ပေါက်ကွဲသွားသည့် နေရာသို့ ဦးတည်လိုက်ကြ၏။
ကောင်းကင်အဆင့်ပစ္စည်းတစ်ခုက ဘယ်အရာထက်မဆို တန်ဖိုးရှိပါသည်။
......
ဒီအခိုက်အတန့်၌ တခြားဂိုဏ်းလေးဂိုဏ်းက ခုနှစ်ရောင်စုံအလင်းပေါက်ကွဲသွားသည့်နေရာသို့ တစ်ဂိုဏ်းပြီးတစ်ဂိုဏ်း ရောက်လာကြသည်။
သူတို့ရောက်လာသောအခါ ငွေနဂါးစံအိမ်က လူလေးယောက်က ဒီနေရာ၌ အချိန်အတော်ကြာ စောင့်နေတာကို သဘောပေါက်လိုက်ကြ၏။
ကျင်းဝူကျင်းထရပ်ကာမေးသည်။
"နဂါးရတနာက ဘာလဲဆိုတာမင်းသိလား"
ငွေနဂါးစံအိမ်ကခေါင်းဆောင် ယင်ချီ ခေါင်းခါယမ်းသည်။
"ငါလည်းမသိဘူး၊ နဂါးရတနာက ခုနှစ်ရောင်စုံအလင်းထဲမှာ ရှိပုံပဲ"
ကောင်းကင်ဘုံစံအိမ်ဂိုဏ်းနှင့် ကြက်သွေးရောင်မီးတောက်အိမ်တော်တို့ကလည်း ယင်ချီဘေးတွင် ဆင်းသက်လာကြသည်။
တင်းကျန်း လေးနက်သည့်အမူအရာဖြင့် ပြောသည်။
"လျှို့ဝှက်ရတနာအစောင့်ရဲ့ခွန်အားက ငါတို့စိတ်ကူးထားတာထက် ပိုနေမှာကို ငါတကယ်ကြောက်မိတယ်"
ဝူဟင်ခေါင်းညိတ်သည်။
"ဒီနေရာမှာ ပြည့်နှက်နေတဲ့နဂါးချီက အရမ်းသိပ်သည်းလွန်းတယ်၊ ဒါက မြေအဆင့်လျှို့ဝှက်ရတနာထက် အဆပေါင်းများစွာ ပိုအားကောင်းတယ်"
အဆုံးတွင် အမျိုးသမီးလေးဦး ဘေးသို့ မိုးမခပန်းပွင်ပလေးများပမာ ညင်သာစွာ ဆင်းသက်လာကြ၏။
လူတိုင်း ရှေ့ဆုံးက ဦးဆောင်နေသည့် အမျိုးသမီးကို စိတ်၀င်တစားကြည့်လိုက်ကြသည်။
သူမက ကျောက်စိမ်းရေကန်သူတော်စင်မိန်းမပျို ကျိချန်းယောင်ပေတည်း။
သူမက အဆင့်မြင့်ကြယ်နယ်မြေ၌ နံပါတ်တစ်အလှပဂေးအဖြစ် ကျော်ကြားလေရာ လူတိုင်းနီးပါး ကျိချန်းယောင်ကို လိုချင်ကြသည်။
ဒီအကြည့်များကို မြင်ရသောအခါ ကျိချန်းယောင် မကျေမနပ်ဖြစ်သွားသော်လည်း သူမ သူတို့ကို လျစ်လျုရှုဟန် ဆောင်လိုက်၏။
မည်သို့ပင်ဆိုစေကာမူ နှစ်များစွာကြာလာသောအခါ ဒီလိုအကြည့်များကို သူမကျင့်သားရနေပြီဖြစ်သည်။
ကျိချန်းယောင်မေးသည်။
"အင်အားစုတွေပူးပေါင်းပြီး နောက်ပိုင်းပြန်ခွဲဝေမယ်ဆိုရင်ရော"
ယင်ချီ ကျိချန်းယောင်အား ပြုံးပြရင်း ခေါင်းညိတ်သည်။
"သေချာတာပေါ့၊ ဒါပေမယ့် သူတော်စင်မိန်းမပျိုကျိ၊ တိုက်ခိုက်ဖို့ အစီအစဉ်တွေကိုရော ဘယ်လိုတွေးတောထားလဲ"
ကျိချန်းယောင် ခေါင်းခါယမ်းရင်း အေးစက်စွာပြောသည်။
"ငါတို့ လျှို့ဝှက်ရတနာအစောင့်ကို မမြင်ရသေးခင်မှာ ကြုံသလိုတိုက်ခိုက်ရုံပဲပေါ့"
တင်းကျန်း ကျယ်လောင်စွာရယ်မောသည်။
"တကယ်လို့ ငါတို့ကောင်းကင်ဘုံစံအိမ်ဂိုဏ်းကသာ ဒီကောင်းကင်အဆင့် ရတနာတစ်ခုကို ရခဲ့မယ်ဆိုရင် ငါတို့ သူတော်စင်မိန်းမပျိုကျိကို လက်နှစ်ဖက်နဲ့ ပေးဆောင်ပါမယ်၊ သူတော်စင်မိန်းမပျိုကျိ ငါ့ရဲ့ တာအိုလက်တွဲဖော်ဖြစ်ချင်သလားဆိုတာ ငါသိချင်မိတယ်"
ကျိချန်းယောင်၏ အေးစက်သောအကြည့်က တင်းကျန်းပေါ်ကျရောက်သွား၏။
"ဒီလိုမျိုးမစနောက်ပါနဲ့၊ ချန်းယောင်ရဲ့ နှလုံးသားထဲမှာ တစ်ယောက်ယောက် ရှိနေပြီးသားပါ"
ကျိချန်းယောင်၏ စကားလုံးများကို ကြားသောအခါ တင်းကျန်းအပါအ၀င် ကျန်သောသူအားလုံး ထိတ်လန့်သွား၏။
"သူတော်စင်မိန်းမပျိုကျိ ဘယ်သူလဲဆိုတာ ပြောပြနိုင်မလားသိချင်မိတယ်၊ ဒါ့အပြင် သူက ထိုက်တန်သလားဆိုတာကိုလည်း ငါမသိရသေးဘူးလေ"
"သူငါ့လောက် အားမကောင်းတာလည်း ဖြစ်နိုင်တာပဲ"
ကျိချန်းယောင် ဘာမှထပ်မပြောတော့ပါ။
ဒါက သူမစကားမပြောချင်သောကြောငါ့ မဟုတ်ဘဲ ဘာတစ်ခုမှ ပြောစရာမလိုသောကြောင့်ပင်။
ဒါက မထီမဲ့မြင်ပြုသည့်ပုံစံတစ်ခုပင်။
သူမနှလုံးသားထဲတွင် သူမဘာပဲတွေးနေပါစေ သို့မဟုတ် အမှန်တရားက ဘာပဲဖြစ်နေပါစေ သူတို့က လုချန်ရှန်း၏ ဖိနပ်ကို ကိုင်ရန်ပင် အရည်အချင်းမရှိပါ။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကလည်း တစ်ဦးကိုတစ်ဦး အသံပို့နေကြ၏။
ဖန်ချန်းသက်ပြင်းချသည်။
"ဒီသူတော်စင်မိန်းမပျိုကျိက အင်မော်တယ်ကျောက်စိမ်းမိန်းမပျိုခုနှစ်ဦးထဲမှာ တကယ်ထူးခြားတာပဲ၊ ဘယ်သူအကျိုးအမြတ် ရယူနိုင်မလဲဆိုတာ ကျွန်တော်တကယ်သိချင်မိတယ်"
ယဲ့ချိုးပိုင်ပြုံးသည်။
"ဘာလို့လဲ၊ ဂျူနီယာညီလေးဖန် သူ့ကို သဘောကျတာလား"
ဖန်ချန်းခေါင်းခါယမ်းရင်း ပြုံးသည်။
"ကျွန်တော့်စိတ်ထဲမှာ ဒီအတွက် အချိန်မရှိသေးဘူး၊ ကျင့်ကြံခြင်းက ပိုပြီးအရေးကြီးတယ်"
မုဖူရှန်း သူ့ကိုစည်းရုံးရန် အကောင်းဆုံးကြိုးစားပြီး မိခင်တစ်ယောက်ပမာ သတိပေးသည်။
"အစ်ကိုကြီးပြောတာကို နားမထောင်နဲ့၊ သူ့လိုအမျိုးသမီးတွေက သွေးဆောင်တတ်တဲ့ အမျိုးသမီးတွေချည်းပဲ၊ မင်းသူတို့ကို ဆွမိသွားမယ်ဆိုရင် အဆုံးမဲ့ပြဿာနာတွေ သေချာပေါက် ဖြစ်လာလိမ့်မယ်"
"ကြည့်၊ သူရဲ့ မြတ်နိုးသူကိုတောင် မဖော်ထုတ်ရသေးပေမယ့် အဲလူတွေက မုန်းတီးနေကြပြီ၊ အနာဂတ်မှာ ဘယ်လို ဖြစ်လာမလဲ"
"ဒါကြောင့် ကောင်းကောင်းကျင့်ကြံတာက ပိုကောင်းတယ်"
ဒါကိုကြားသော် ရှောင်ဟိုင်ကြားဖြတ်ပြောသည်။
"ဂျူနီယာညီလေးမုက ဆရာကိုစိတ်စွဲနေပြီ"
မုဖူရှန်း "....."
သူ့၏ထူးခြားလွန်းသော စီနီယာအစ်ကိုများအပေါ် သူတကယ်ဆွံအနေသည်။
ဒီအချိန်တွင် ကျိချန်းယောင် ဘယ်သူ့ကို တွေးနေသလဲဆိုတာ ကျင်းဝူကျင်းကလည်း သိသဖြင့် အကူအညီမဲ့စွာပြောသည်။
"ကောင်းပြီ၊ ကျိချန်းယောင်ရဲ့ချစ်ရသူကို ဘာမှကောက်ချက်ချမနေကြနဲ့တော့၊ မင်းတို့ အင်အားစုတွေပူးပေါင်းပြီး အစွမ်းကုန် တိုက်ခိုက်မယ်ဆိုရင်တောင် အဲလူရဲ့ ပြိုင်ဘက်မဟုတ်ဘူး"
"ငါ့အဖေတောင် သူ့ခွန်အားကို မမြင်နိုင်ဘူး"
"အဲဒီလူရဲ့ခွန်အားက ကြယ်ပင်လယ်တစ်ခုလိုပဲ အဆုံးမဲ့တယ်"
ကျင်း၀ူကျင်း၏ စကားလုံးများကို ကြားရသောအခါ ယဲ့ချိုးပိုင် ရုတ်တရက် ခေါင်းမော့လိုက်မိသည်။
"သူ့အသံက ငါတို့ဆရာကို ပြောနေတာနဲ့ ဆင်တူနေတာကို မင်းတို့သတိထားမိကြလား"
မုဖူရှန်းနှာခေါင်းရှုံ့သည်။
"ကျွန်တော်တို့ဆရာကို အစ်ကိုကြီးဘယ်သူလို့ ထင်နေတာလဲ၊ သူကဘယ်လိုလုပ် အပြင်မှာ ပြဿာနာဖန်တီးမှာလဲ၊ ဒီအဆင့် အမျိုးသမီးတစ်ယောက်ကို တွေ့ရမယ်ဆိုရင် ဆရာချက်ချင်းအဝေးကို ပြေးသွားလိမ့်မယ်"
သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် အဝေးတစ်နေရာက ထာ၀ရသက်တမ်းကမ္ဘာ၌ လုချန်ရှန်းဝိုင်သောက်နေသည်။
အဆုံးတွင် သူနှာချေမိသဖြင့် ဝိုင်အားလုံးကို နှာခေါင်းနှင့်ပါးစပ်ကနေ ထွေးထုတ်လိုက်မိသည်။
"ဘယ်ကောင်စုတ်လေးက ငါ့ကို ကြိမ်းမောင်းနေတာတုန်း"
.....
ကျင်းဝူကျင်း၏ စကားလုံးများကို ကြားသောအခါ လူတိုင်းကြက်သေသေသွားကြသည်။
မောက်မာသည့်ကျင်းဝူကျင်းပင်လျှင် ယခုလိုအရာများကို ပြောလာလေရာ ဒါက သေချာပေါက် အမှန်တရားဖြစ်ရပေမည်။
သူတို့ထဲက တစ်ချို့က ဘာစကားမှ မပြောတော့ဘဲ ယင်းအစား ခုနှစ်ရောင်စုံအလင်းကို ကြည့်လိုက်ကြသည်။
ကျင်းဝူကျင်းရှေ့တစ်လှမ်းတိုးပြီး လေးနက်စွာပြောသည်။
"အတူတူတိုက်ခိုက်ကြပြီး အစောင့်ကို အရင်အတင်းထွက်လာအောင် လုပ်ကြရအောင်"
သူတို့ထဲကအနည်းငယ် ခေါင်းညိတ်ကြသည်။
ထို့နောက် ကျင်းဝူကျင်း၊ ကျိချန်းယောင်နှင့် ကျန်သောသူများက ခုနှစ်ရောင်စုံအလင်းဆီသို့ တစ်ချိန်တည်းတွင် တိုက်ခိုက်မှုများကို ထုတ်လွှတ်လိုက်ကြ၏။
သူတို့တိုက်ခိုက်မှုများက ခုနှစ်ရောင်စုံအလင်းပေါ်သို့ ကျရောက်လာသည့် အခိုက်အတန့်၌ နဂါးချီကနေ သိပ်သည်းနေသည့် ဧရာမနဂါးခေါင်းတစ်ခေါင်းက တိုက်လိုက်မှုများကို မျိုချပစ်သည်။
ထို့နောက် နဂါးချီက စတင်သိပ်သည်းကျစ်လျစ်ကာ ဧရာမနဂါးကြီးတစ်ကောင်၏ ပုံရိပ်က ဖြည်းဖြည်းချင်း စတင်ရုပ်လုံးပေါ်လာသည်။
အပိုင်း(986) coming။