← Chapters

မျက်မြင်သက်သေကို သတ်လိုက်တာက ပိုပြီးတော့ အဆင်ပြေတယ်

Vol. 17 Ch. 241

မျက်မြင်သက်သေကို သတ်လိုက်တာက ပိုပြီးတော့ အဆင်ပြေတယ်

Vol. 17 Ch. 241

အခန်း (၂၄၁) : မျက်မြင်သက်သေကို သတ်လိုက်တာက ပိုပြီးတော့ အဆင်ပြေတယ်

ယဲ့ချန်းခန်က ခေါင်းညိတ်ကာ ပြောလိုက်သည်

“ မင်းလိုမျိုး လူငယ်လေးတစ်ယောက်က အကျိုးအမြတ် ရဖို့အခုလိုမျိုး နည်းလမ်းတွေ အများကြီး စဉ်းစားနိုင်တယ်ဆိုတာ တကယ်ရှားတယ်။ ပြဿနာ မရှိပါဘူး။ ဒါက သဘောတူညီချက်တစ်ခုပဲလေ။

ပါရမီရှင်တွေဆီက လောင်းကြေးအနေနဲ့ရတဲ့ ရတနာတွေကို ထျန်းအာနဲ့ ငါ ခွဲယူမယ်။ ကျန်တဲ့ အကျိုးအမြတ်တွေကတော့ မင်းတို့ရဲ့ အထွတ်အမြတ်မြေအတွက်ပဲ”

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်၏ ဂိုဏ်းချုပ်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ ဒါပေမဲ့ အားလုံးကို ကျွန်တော် ပြောစရာလေး တစ်ခု ရှိသေးတယ်။ ဒါက လုံးဝ မလိုအပ်ရင် ထျန်းအာက စစ်နတ်ဘုရားမျှော်နန်းဆောင်ရဲ့ ပိုင်ရှင်ဆိုတဲ့ သတင်းကို မဖြန့်တာ အကောင်းဆုံးပဲ”

တာအိုကိုယ်တော်ကြီးက သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်

“ ဘာလို့လဲ”

အံ့ဖွယ်မိုးကောင်းကင်၏ ဂိုဏ်းချုပ်က ကြာပြာကောင်းကင်အသျှင်ကို ငတုံးငအတစ်ယောက်လိုမျိုး သဘောထားကာ စိုက်ကြည့်ကာ အသံပျော့ပြောင်းစွာဖြင့် ပြောလိုက်သည်

“ အကြောင်းအရင်းက အရမ်းရိုးရှင်းပါတယ်။ လူတစ်ယောက်က တခြားသူတွေရဲ့ လောဘကြီးမှုကြောင့် ကိုယ့်ချမ်းသာမှုနဲ့ကိုယ် ပျက်စီးသွားတတ်တယ်တဲ့။ ထျန်းအာက အခုထိ လုံလုံလောက်လောက် စွမ်းအားမကြီးသေးဘူး။

ထျန်းအာက စစ်နတ်ဘုရား မျှော်နန်းဆောင်ရဲ့ပိုင်ရှင်ဆိုတာကို တခြားသူတွေ သိသွားမယ်ဆိုရင် သူတို့က သူနဲ့ မထိုက်တန်ဘူးဆိုပြီးတော့ မျှော်နန်းဆောင်ကို ခိုးယူဖို့ သူ့ကို မကောင်းကြံကြလိမ့်မယ်။

ပြီးတော့ အထွတ်အမြတ်မြေတွေကြားထဲမှာ အတွင်းပဋိပက္ခတွေနဲ့ စွမ်းအားပြိုင်ဆိုင်မှုတွေ အများကြီး ဖြစ်နေတာဆိုတော့ ငါတို့ဂိုဏ်းက ဖွံ့ဖြိုးတိုးတက်လာတာကို မြင်ရတာ ကျေနပ်ကြမှာ မဟုတ်ဘူး။

စစ်နတ်ဘုရား မျှော်နန်းဆောင်က စွမ်းအားအကြီးဆုံး ရတနာတွေထဲကတစ်ခုပဲလေ။ အခု အဲဒါကို ထျန်းအာ ပိုင်ဆိုင်တယ်ဆိုတာကိုသာ သိသွားရင်တော့ သူတို့က သူ့ကို သတ်ဖို့ ကြိုးစားကြလိမ့်မယ်။

ထျန်းအာသာ ကျရှုံးသွားခဲ့ရင် စစ်နတ်ဘုရား မျှော်နန်းဆောင်က ဒီလောကကနေ ထွက်သွားလိမ့်မယ်”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က လူသားခံစားချက်နှင့် ဆန္ဒအားလုံးကို စွန့်လွှတ်ထားပြီးပြီဖြစ်သော်လည်း တခြားကျင့်ကြံသူများမှာ ရှိနိုင်မည့် မကောင်းသည့် ရည်ရွယ်ချက်များကို သူ နားလည်ဆဲ ဖြစ်၏။

ကျင့်ကြံရေးလောကက အချင်းချင်း ပြိုင်ဆိုင်တိုက်ခိုက်နေကြတာပဲလေ

တစ်ယောက်၏ ရာထူးမြင့်လေလေ တောအုပ်၏ ဥပဒေသက သူတို့အပေါ် လွှမ်းမိုးလေလေ ဖြစ်သည်။

လူတော်တော်များများက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနှင့် ပတ်သက်ပြီး မကောင်းသောစိတ်များ ရှိတတ်ကြသည်။

သူတို့သာ စစ်နတ်ဘုရား မျှော်နန်းဆောင်၏ ပိုင်ရှင်အစစ်အမှန်ကိုသာ ထုတ်ဖော်ပြောကြားလိုက်ပါက ရှန်ထျန်းအတွက် မလိုအပ်သော ဒုက္ခများ ယူဆောင်လာသလိုမျိုး ဖြစ်နေလိမ့်မည်။

ကြာပြာကောင်းကင်အသျှင်က နားလည်သွားသည့်ပုံစံဖြင့် ဝင်ပြောသည်

“ အော်…စစ်နတ်ဘုရား မျှော်နန်းဆောင်ကို သူ ပိုင်တယ်ဆိုတာ တခြားသူတွေ သိသွားခဲ့ရင် သူ အသတ်ခံရမယ်ဆိုတဲ့ သဘောပေါ့လေ။ ဒါဆိုရင် ငါ့ပါးစပ် ပိတ်အောင် လုပ်ဖို့အတွက် ငါ့ကို ဘယ်လောက်ပေးဖို့ ဆန္ဒရှိလဲ”

ကြာပြာကောင်းကင်အသျှင်က ယုတ်မာစွာ ပြုံးလိုက်သည်။

အံ့ဖွယ်မိုးကောင်းကင်၏ ဂိုဏ်းချုပ်က ကြာပြာကောင်းကင်အသျှင်ကို စိုက်ကြည့်ကာ ပြောလိုက်သည်

“ မျက်မြင်သက်သေကို သတ်လိုက်တာက ပိုပြီးတော့ အဆင်ပြေမယ်လို့ ထင်တယ်”

ကြာပြာကောင်းကင်အသျှင် ဘာပြန်ပြောရမယ်မှန်း မသိဖြစ်သွားသည်။

ကြာပြာကောင်းကင်အသျှင်က ရှင်းပြဖို့ ကြိုးစားလိုက်သည်

“ ညီလေး မင်း ငါ့ကို အထင်လွဲနေပြီထင်တယ်။ ငါက အခြေအနေကို တက်ကြွသွားအောင် လုပ်ဖို့ နောက်လိုက်တာပါ။ ငါက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ မွေးပြီး အဲဒီမှာပဲ ကြီးလာတာပါ။ ငါ သေတဲ့အထိ သစ္စာရှိသွားမှာပါ။ ငါ့ရဲ့အိမ်အပေါ်မှာ ဘယ်တော့မှ အခွင့်အကောင်း မယူပါဘူးကွာ။ ငါ့မှာလည်း ဂုဏ်သိက္ခာဆိုတာ ရှိပါသေးတယ်”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ကြာပြာကောင်းကင်အသျှင်ကို ကြည့်ပြီး သူ့ကို ယုံရမလား မယုံရဘူးလားဆိုတာကို သေချာ ဆုံးဖြတ်နေသည်။

အချိန်တစ်ခုကြာပြီးနောက် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က တွေဝေစွာ ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ အစ်ကို အဲလိုပြောနေမှတော့ ခဏနေရင် မေ့ပျောက်ဆေးလုံးကို စားလိုက်ရင်ရပြီ။ အထွတ်အမြတ်မြေအတွက် ဒီလျှို့ဝှက်ချက်ကို ထိန်းသိမ်းဖို့အတွက် ဒီနေ့ ဘာတွေဖြစ်ခဲ့လဲဆိုတာကို မေ့ပစ်ဖို့ လိုအပ်တယ်”

နောက်ထပ် မေ့ပျောက်ဆေးလုံး စားရမယ်တဲ့လား။ မင်းက ငါ့ကို စိတ်ကျရောဂါ ဖြစ်နေတဲ့သူများ ထင်နေလား

အံ့ဖွယ်မိုးကောင်းကင်၏ ဂိုဏ်းချုပ်က ကြာဖြူကောင်းကင်အသျှင်နှင့် ရဲရဲနီကကြိုး ကောင်းကင်အသျှင်တို့ကို ကြည့်ကာ ပြောလိုက်သည်

“ ညီမလေးတို့ ဒီကိစ္စကို လျှို့ဝှက်ထားနော်။ မဖြန့်မိစေနဲ့”

အတွေးတစ်ခု ထပ်ပေါ်လာသည့်အတွက် ထပ်ပြောလိုက်သည်

“ အထူးသဖြင့် ညီမလေးကြာဖြူ … ယွင်ဖုန်းကို ဘာမှသွားမပြောမိစေနဲ့နော်”

ကြာဖြူ ကောင်းကင်အသျှင်က သေချာပြန်ဖြေလိုက်သည်

“ အစ်ကို စိတ်မပူပါနဲ့နော်။ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားပါ့မယ်”

ယခုမှ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် စိတ်အေးသွားရသည်။ သူက မိစ္ဆာဝိညာဉ်ဂိုဏ်းသားများကို လှည့်ကြည့်လိုက်သည်။

ထိုလူများကလည်း ရှန်ထျန်း၏ လျှို့ဝှက်ချက်ကို သိနေသော်လည်း သူတို့အနေဖြင့် သတင်းဖြန့်ဖို့ အခွင့်အရေး ရှိလာမည် မဟုတ်သည့်အတွက် သူ မစိုးရိမ်ပေ။

မိစ္ဆာဝိညာဉ်ဂိုဏ်းနှင့် အထွတ်အမြတ်မြေများက ကမ္ဘာ့ရန်ဘက်များ ဖြစ်ကြသည်။ အထွတ်အမြတ်မြေနှင့် ထိပ်တိုက်တွေ့သည့် မိစ္ဆာဝိညာဉ်ဂိုဏ်းသားအနေဖြင့် အနည်းဆုံး တစ်သက်တစ်ကျွန်း အကျဉ်းချခံရမည် ဖြစ်သည်။

သူတို့အများစုကို ပြင်းထန်သော စစ်ဆေးမှုပြီးသွားပါက အနီဝတ်ဂိုဏ်းသခင်ကဲ့သို့ အသတ်ခံရမည် ဖြစ်သည်။ ဂိုဏ်း၏ ခေါင်းဆောင်ထဲမှ တစ်ယောက်အနေဖြင့် သူတော်စင်အဆင့်သို့ ရောက်ရှိဖို့အတွက် မရေမတွက်နိုင်သော အပြစ်များကို ဝန်ခံရမည်ဖြစ်သည်။

တခြားအထွတ်အမြတ်မြေကသာ သူ့ကို ဖမ်းမိသွားပါက သူ သေပြီးနေလောက်ပြီဖြစ်သည်။ အထွတ်အမြတ်မြေများ၏ ဖမ်းဆီးခြင်းကို ခံရပါက သေခြင်းတရားအပြင် တခြားမရှိနိုင်ပေ။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ပြောလိုက်သည်

“ စစ်ဆေးမှု ပြီးသွားပြီ။ တခြားသူတွေကို အထိတ်တလန့်ဖြစ်တာကို ရှောင်ရှားနိုင်ဖို့အတွက် မိစ္ဆာဝိညာဉ်ဂိုဏ်းနဲ့ ပတ်သက်တဲ့ သတင်းကို မဖြန့်ဘူး”

သူက တည်ငြိမ်စွာ ဆက်ပြောလိုက်သည်

“ ဒီမိစ္ဆာဝိညာဉ် ဂိုဏ်းသားတွေကို စစ်ဆေးဖို့အတွက် အထွတ်အမြတ်မြေဆီ ခေါ်သွားလိုက်မယ်။ ညီမလေးတို့ ဒီစစ်ဆေးမှုအတွက် လူစုပေးပါဦး။ အရှေ့ပိုင်းလွင်ပြင်က ငြိမ်းချမ်းတာကို မွေ့လျော်နေခဲ့တာကြာနေပြီ။ အခုတော့ ဒီကြွက်တွေကို မောင်းထုတ်ဖို့ အချိန်တန်ပြီ ထင်တယ်”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါ တုန်လှုပ်နေသည်။ သူ့အသံက ပျော့ပြောင်းသော်လည်း သူ ထုတ်လွှတ်လိုက်သော ပြင်းထန်သည့် စွမ်းအားကို လူတိုင်း ခံစားလို့ရနိုင်သည်။

ဒါက ကောင်းကင်ဘုံရဲ့ အပြစ်ပေးချက်လိုပဲ

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ကြာပြာကောင်းကင်အသျှင်ကို ဆွဲခေါ်ကာ အာကာပြင်မုခ်ဝထဲ ဝင်သွားပြီး အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီသို့ ပြန်သွားသည်။

ထို့နောက် ရှန်ထျန်းက ကြာဖြူ ကောင်းကင်အသျှင်နှင့် ရဲရဲနီကကြိုး ကောင်းကင်အသျှင်တို့နှင့်အတူ မြို့လေးဆီ ပြန်လိုက်သွားသည်။ ကွေ့ကုန်းကုန်းနှင့် ကျန်လူများကလည်း သူတို့သုံးယောက် ပြန်လာတာကို မြင်ပြီးမှ စိတ်အေးသွားကြသည်။

“ အရှင့်သား နောက်ဆုံးတော့ ပြန်လာပြီပဲ။ ကျွန်တော်မျိုး အရမ်းစိတ်ပူနေတာ”

“ အစ်ကိုရှန် အဆင်ပြေရဲ့လားဟင်။ ဒဏ်ရာရသွားသေးလား”

“ အစ်ကိုရှန် ဒဏ်ရာမရဘဲ ပြန်လာနိုင်မယ်ဆိုတာကို သိနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုက ကံကောင်းတဲ့သူပဲ”

“ ဆရာကောင်းကင်ရဲ့ ပို့ဆောင်ရေးက ဒီတစ်ခါ မှားယွင်းသွားခဲ့တယ်။ ဆရာကောင်းကင် ထပ်ပြီးတော့ ကံအပြောင်းအလဲ အခွင့်အရေးကြုံ တွေ့ခဲ့ရတာပဲ ဖြစ်လိမ့်မယ်။ ဆရာကောင်းကင် ဂုဏ်ယူပါတယ်နော် …”

“ ဆရာကောင်းကင် မရှိတဲ့ တစ်ချိန်လုံး အရမ်း သေလောက်အောင် စိတ်ပူနေခဲ့တာ”

“ ကျွန်တော်တို့ အားလုံး အရမ်းစိတ်ပူနေကြတာ။ ဘာမှမဖြစ်လို့ တော်သေးတာပေါ့”

သူ့မိတ်ဆွေများ၏ ရင်တွင်းဖြစ်စကားများကြောင့် ရှန်ထျန်း၏ နှလုံးသားလည်း နွေးထွေးသွားရသည်

“ အားလုံးကို စိတ်ပူရအောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်နော်”

ရဲရဲနီကကြိုး ကောင်းကင်အသျှင်က ပြုံးကာ ပြောလိုက်သည်

“ ဘာထိခိုက်မှုမှ မရှိဘူး။ ပို့ဆောင်ရေးက မှားသွားတာလေးပါပဲ။ မင်း အဆင်ပြေတယ်ဆိုတော့ ငါတို့လည်း ဝမ်းသာပါတယ်။

အခု အားလုံးစုံပြီဆိုတော့ ဂိုဏ်းအသီးသီးရဲ့ အကြီးအကဲတွေက တပည့်တွေရဲ့ ရမှတ်တွေကို တွက်ချက်ပေးလိမ့်မယ်။ ဒီစစ်ဆေးမှုရဲ့ နောက်ဆုံးရလဒ်ကို တစ်နာရီအတွင်း ကြေညာလိမ့်မယ်။ တပည့်တူလေး ရှန်ထျန်း … မင်း သတ်ခဲ့တဲ့ ဝိညာဉ်မဲ့သတ္တဝါကို လက်လွှဲပေးလိုက်ပါ။ ဒါပြီးရင် မင်း အနားယူလို့ရပြီ”

ငါးနှစ်တစ်ခါ ကျင်းပသော ဤပူးပေါင်းလေ့ကျင့်မှုက ဂိုဏ်းအသီးသီးအဖို့ ဝိညာဉ်မဲ့သတ္တဝါများကို အမဲလိုက်ဖို့အတွက် အခွင့်အရေးတစ်ခု ဖြစ်သည်။

ထိုဝိညာဉ်မဲ့သတ္တဝါများ၏ အရိုးများ၊ သွေးနှင့် အမှောင်စွမ်းအင်များကို သန့်စင်ပြီး ကျင့်ကြံသူတို့ အသုံးပြုကြသည်။

ဂိုဏ်းက တပည့်များ ခက်ခဲစွာရရှိလာသော အရာများကို ခေါင်းပုံဖြတ်ပြီး ယူတာမျိုး မလုပ်ကြပေ။

ဂိုဏ်းများက ထိုရတနာများကို တပည့်များဆီမှ ပေါက်ဈေး ပေးကာ ဝယ်ယူသည့်အပြင် သူတို့ကို အပိုဆုပါ ပေးသေးသည်။

ရှန်ထျန်းက ခေါင်းညိတ်ပြကာ ခန်းမင်လက်စွပ်ထဲရှိ အရိုးအားလုံးကို ထုတ်ယူလိုက်သည်။

စွမ်းအားကြီးသော အရှိန်အဝါများကို ထုတ်လွှတ်နေသည့် မရေမတွက်နိုင်သော အရိုးများ ရဲရဲနီကကြိုး ကောင်းကင်အသျှင်ရှေ့သို့ ရောက်ရှိလာသည်။

ရွှေအမြုတေအဆင့် အရိုးနတ်ဆိုးရဲ့ အရိုးစုပဲ

ရွှေအမြုတေအဆင့် သွေးနတ်ဆိုးဆီက သွေးအဆီအနှစ်ပုလဲ

ရွှေအမြုတေအဆင့် အရိုးနတ်ဆိုးရဲ့ အရိုးစု

ရွှေအမြုတေအဆင့် ရက်စက်ကြမ်းကြုတ်တဲ့နတ်ဆိုးရဲ့ ဦးခေါင်း

နောက်ထပ် ရွှေအမြုတေအဆင့် အရိုးနတ်ဆိုးရဲ့ အရိုးစု

ဝိညာဉ်မဲ့သတ္တဝါ တစ်ကောင်းချင်းစီ၏ ရုပ်ကြွင်းမှ ထုတ်လွှတ်နေသော အရှိန်အဝါက အတော်လေး ပြင်းထန်သည်။ ရဲရဲနီကကြိုး ကောင်းကင်အသျှင်နှင့် ကြာဖြူကောင်းကင်အသျှင်တို့ပင် ကြောင်အသွားသည်။

ကမ္ဘာဦးတိုက်ပွဲနယ်မြေသို့ လာရောက်သူအားလုံး၏ ကျင့်ကြံဆင့်များကို အခြေတည်အဆင့်သို့ ချခံထားရသည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ရွှေအမြုတေအဆင့် သတ္တဝါဆန်းကို သတ်နိုင်ခြင်းက ကြီးမြတ်သော အောင်မြင်မှုဟုပင်။

ဒါပေမဲ့ ရှန်ထျန်းက…အဲလိုသတ္တဝါတွေကို အကောင်အရေအတွက် ရာချီပြီးတော့ သတ်နိုင်ခဲ့တယ်တဲ့လား

ဝိုး…

ဒါက ရွှေအမြုတေအဆင့် သတ္တဝါဆန်းတွေဆိုတာ သေချာပါတယ်နော်။ သူ လမ်းဘေးကနေ ကောက်လာတဲ့ ပေါင်းပင်တွေတော့ မဟုတ်ပါဘူးနော်

ထို့နောက် ရှန်ထျန်းက ခန်းမင်လက်စွပ်ထဲမှ တောက်တောက်ပပ အနီရောင်ပုလဲများစွာ ထွက်ကျလာသည်။

ကနဦးဝိညာဉ်အဆင့် သွေးအဆီအနှစ် ပုလဲတွေေ

တစ်…နှစ်…သုံး…လေး…ငါး…

ပုလဲငါးလုံး ထွက်ပေါ်လာသည့်အခါ ရဲရဲနီကကြိုး ကောင်းကင်အသျှင်နှင့် ကြာဖြူ ကောင်းကင်အသျှင်တို့ အံ့ဩမှင်သက်သွားရသည်။

ဒီပုလဲတွေက ကနဦးဝိညာဉ်အဆင့်တွေဆိုပေမဲ့ ဒီထက်ပိုပြီးကောင်းတဲ့ စွမးအားတွေကို ပိုင်ဆိုင်ထားတယ်။ အထူးသဖြင့် ကောင်းကင်အသျှင်တွေအပေါ်မှာ အဓိကသက်ရောက်မှု ရှိတယ်

ရှန်ထျန်းက ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲမှာ ကနဦးဝိညာဉ်အဆင့် သွေးနတ်ဆိုးငါးကောင်ကို ဘယ်လိုလုပ်ပြီးတော့ သတ်နိုင်ခဲ့တာလဲ

သူက အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ဆိုပေမဲ့ ကနဦးဝိညာဉ်အဆင့် နတ်ဆိုးငါးကောင်ကို သတ်ဖို့အတွက် အဆင့်နှစ်ဆင့်တောင် ကျော်နိုင်ခဲ့တာလား

ကောင်းကင်အသျှင်နှစ်ယောက်က ရှန်ထျန်းကို စိုက်ကြည့်လိုက်ပြီး စစ်နတ်ဘုရား မျှော်နန်းဆောင်က သူ့ကို ဘာလို့ ပိုင်ရှင်အဖြစ် အသိအမှတ်ပြုခဲ့လဲဆိုတာကို ရုတ်တရက် နားလည်သွားသည်။

သူတို့ရဲ့ တပည့်တူလေးက တကယ်ကို စစ်မှန်တဲ့ အထွတ်အထိပ်အဆင့် ပါရမီရှင်ပဲ

သူနဲ့ယှဉ်လိုက်ရင် တခြားပါရမီရှင်တွေက ဘာမှမဟုတ်တော့ဘူး

All Chapters