#သွေးကြောပေါ်ပေါက်လာခြင်း၊ ကျိချန်းယောင်အံ့ဩသင့်သွားသည်#
Vol. 70 Ch. 986
မြေအဆင့်လျှို့ဝှက်ရတနာ၏ အစောင့်ပင်လျှင် နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်ကို ရောက်နေပြီဖြစ်သည်။
နဂါးကြီး၏ ပုံရိပါယောင်က ခုနှစ်ရောင်စုံအလင်းကနေ ဖြည်းဖြည်းချင်းသိပ်သည်းလာသည်။
သွေးနီသွေးကြောများက နဂါးပုံရိပ်ပေါ်၌ အဆက်မပြတ်တွားသွားနေပြီး တဖြည်းဖြည်း ကိုယ်တစ်ခုလုံး၌ သွားလာရင်း နောက်ဆုံးတွင် နှလုံးနေရာ၌ စုစည်းလာသည်။
သွေးကြောများက စတင်စုဆုံလာပြီး နှလုံးထဲသို့ တိုး၀င်လာကြ၏။
ဒန်.....!
ဒန်....!
နဂါးကြီး၏နှလုံးက မိုးကြိုးပမာခုန်ပေါက်နေသလို ၎င်း၏ နှလုံးခုန်သံနှင့်အတူ မြေကြီးတစ်ခုလုံးကလည်း စည်းချက်ကျကျ ခုန်ပေါက်နေသည်။
တိုင်တောင်တန်းကဲ့သို့ပင် ထင်ရသည့် နဂါးချီဖိအားက လေဟာနယ်ထဲတွင် ဆင်းသက်လာသည်။
လူတိုင်းဒီမြင်ကွင်းကို လေးနက်သည့် အမူအရာများဖြင့် ကြည့်နေကြပြီး ယှဉ်၍မရနိုင်သည့် အစွမ်းထက်ဖိအားကို ခုခံရန်အတွက် ဝိညာဉ်ချီကို အသုံးပြုနေကြသည်။ နဂါးပုံရိပ်ယောင်က ခုနှစ်ရောင်စုံအလင်းထဲကနေ ဖြည်းဖြည်းချင်းထွက်လာသည်။
ဧရာမပုံရိပ်ကြီးက ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သော်လည်း ၎င်းက ကောင်းကင်ကို ဖုံးထားပြီး ကောင်းကင်က နေရောင်ခြည်က မထွန်းလင်းနိုင်ပေ။ အရိပ်က လူတိုင်း၏ ခန္ဓာကို မည်သည့်အလင်းမှ မရရှိစေရန် ဝါးမြိုထားသည့်အသွင်။
နဂါးပါးစပ်ဟလိုက်သောအခါ ပူးပြင်းလှသည့် အသက်ရှုငွေ့များက ဖြူဖွေးသည့် အငွေ့များအဖြစ် ပြောင်းသွားပြီး ပါးစပ်ထဲကနေ ထွက်လာသည်။ ကြီးမားသည့် နဂါးဟိန်းသံက နဂါးသွေးကြောတစ်ခုလုံး၌ ပဲ့တင်ထပ်သွားသည်။
နဂါးဟိန်းသံ ပဲ့တင်ထပ်သွားသောအခါ လေပြင်းများကို ဖြစ်ပေါ်စေပြီး လူတိုင်းကို အဆက်မပြတ် နောက်ဆုတ်သွားစေသည်။
ကျိချန်းယောင်၊ ကျင်းဝူကျင်းနှင့် ယင်ချီတို့သာ မရွေ့လျားဘဲ ထိုနေရာ၌ ရပ်နိုင်သည်။
ဒါကိုမြင်သောအခါ တင်းကျန်းနှင့် ဝူဟင်တို့၏ အမူအရာများက မည်းမှောင်သွားကြ၏။
သူတို့နှစ်ယောက်စလုံးက နတ်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်ဖြစ်သည့်တိုင် တကယ့်ခြားနားချက်က အရမ်း ကြီးမားနေသေးသည်။
ဒီအခိုက်အတန့်၌ ယင်ချီ မျက်နှာပေါ်က အပြုံးကို ရုပ်သိမ်းပြီး လေးနက်စွာပြောသည်။
"သူတော်စင်မိန်းမပျိုကျီ၊ ကျင်းဝူကျင်း၊ ငါတို့ဘယ်လိုတိုက်ခိုက်ရမလဲ"
ကျင်းဝူကျင်းကလည်း မျက်မှောင်ကြုတ်ထားသည်။
"နောက်ဆုတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ကောင်းကင်အဆင့်ရတနာတစ်ခုကို ထားပြီး တိုက်ရိုက်ထွက်သွားတာက နှမျောစရာပဲ"
ကျိချန်းယောင်ခေါင်းညိတ်သည်။
"နဂါးချည်လက်စွပ်က ဒီအဆင့်နဂါးတစ်ကောင်စီမှာ နဂါးချီပ သိပ်သည်းထားတဲ့ ပုံရိပ်ယောင်တစ်ခုဖြစ်နေရင်တောင် အသုံးမ၀င်ဘူး"
"ငါတို့ အားနည်းချက်တွေကို မသိဘူးဆိုမှတော့ တိုက်ရိုက်ကြည့်မှ ရတော့မယ်"
နောက်ဘက်တွင် ယဲ့ချိုးပိုင် ဒီမြင်ကွင်းကို မြင်သောအခါ ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားကို ကိုင်ပြီး အနည်းငယ် မျက်မှောင်ကြုတ်ရင်း အသံပို့လိုက်၏။
"သူက နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်နေမှာကို ငါကြောက်နေမိတယ်၊ ဒီလိုဆိုရင် ဒီနဂါးပုံရိပ်ယောင်ကို သာမန်နည်းလမ်းတွေနဲ့ သတ်နိုင်တော့မှာ မဟုတ်ဘူး"
ဖန်ချန်းခေါင်းညိတ်သည်။
"ဒါ့အပြင် ကျွန်တော်တို့ ခွန်အားကို အရမ်းကြီးထုတ်ဖော်ပြသလို့မရဘူး၊ မဟုတ်ဘူးဆိုရင် ဒါက သံသယတွေကို အလွယ်တကူ နှိုးဆွသလို ဖြစ်သွားလိမ့်မယ်"
မည်သို့ပင်ဆိုစေကာမူ ဖန်ချန်းနှင့် မုဖူရှန်းတို့က ပြောင်းပြန်အကြေးခွံကို ခိုးယူခဲ့ကြသည် မဟုတ်ပေလော။
သူတို့သာ ခွန်အားအများကြီး ထုတ်ဖော်ပြပါက အရင်ကသရုပ်ဆောင်မှုက ချို့ယွင်းချက်များနှင့် ပြည့်နှက်သွားပေလိမ့်မည်။
ဒီလိုဆိုပါက သူတို့က ပြောင်းပြန်အကြေးခွံကို ခိုးယူခဲ့ကြသောသူများဆိုတာ ဝူဟင်နှင့် တင်းကျန်းတို့ သေချာပေါက် ရှာတွေ့သွားကြပေလိမ့်မည်။
မုဖူရှန်းအသံပို့လိုက်သည်။
"တကယ်ပဲ တခြားနည်းလမ်းမရှိတော့ဘူးဆိုရင် ကျွန်တော်တို့နောက်ကနေ မျဉ်းကို ထိန်းထားပြီး သူတို့ဘယ်လိုတိုက်ခိုက်သလဲဆိုတာကို စောင့်ကြည့်နေရုံပဲ တတ်နိုင်တယ်"
ထို့နောက် သူရှောင်ဟိုင်ကို စိုက်ကြည့်သည်။
ရှောင်ဟိုင်မည်သည့်စကားမှမဆိုပေ။ ယင်းအစား သူက နဂါးပုံရိပ်ယောင်၏ သွေးကြောများနှင့် ခုန်နေသည့် နှလုံးကို တစ်ခုခုတွေးနေသည့်အလား စိုက်ကြည့်နေသည်။
"စီနီယာအစ်ကို"
မုဖူရှန်း၏အော်သံက ရှောင်ဟိုင်ကို နိုးထသွားစေသည်။
"ကျွန်တော့်မှာ နည်းလမ်းတစ်ခုရှိနိုင်ပေမယ့် တကယ့်တိုက်ပွဲမှာ စမ်းသပ်ကြည့်ဖို့ လိုသေးတယ်"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"ဒီလိုဆိုရင် ဂရုစိုက်ပါ"
ဒီအခိုက်အတန့်၌ ကျင်းဝူကျင်းအော်ဟစ်သည်။
"သူရောက်လာပြီ"
နဂါးပုံရိပ်ယောင်က ၎င်း၏ နဂါးအမြီးကို လွှဲယမ်းလိုက်လေရာ လေပြင်းကဲ့သို့ တဟူးဟူးမြည်သံများက မြေကြီးကို ဖြတ်ကာ လူတိုင်းအား တိုက်ခတ်သည်။
ဒါကိုမြင်သောအခါ မည်သူမှ မထိန်ချန်ထားရဲကြတော့ပါ။
ကျင်းဝူကျင်း ရွှေတောင်ပံဂဠုန်သွေးကြောကို တိုက်ရိုက်အသက်သွင်းသည်။ သူ့တစ်ကိုယ်လုံးကို ရွှေငှက်မွှေးများလွှမ်းခြုံသွားပြီး သူ့ခြေထောက်များပင်လျှင် ဧရာမငှက်ခြေထောက်အလား ပြောင်းသွားသည်။
ယင်ချီ တောက်ပအေးစက်သည့် အလင်းတစ်ခုကို ထုတ်လွှတ်နေသည့် သုံးပေရှည် ဓားရှည်ကို ဆွဲထုတ်လိုက်သည်။ သူဓားကို ဝှေ့ယမ်းလိုက်စဉ် ရှည်လျားသည့် ဓားကိုးလက်က သူ့ပတ်လည်၌ ကြောက်မက်ဖွယ်ကောင်းစွာ ပေါ်လာသည်။
တင်းကျန်းနှင့် ဝူဟင်တို့ကလည်း တစ်ချိန်တည်းမှာပင် အစွမ်းထက်ဆုံး တိုက်ခိုက်မှုများကို ထုတ်လွှတ်ကြသည်။
ကျိချန်းယောင် ပိုးသားမျှင်တစ်မျှင် ထုတ်ယူသည်။ ပိုးသားမျှင်၌ လှည့်ပတ်နေသည့် ခရမ်းရောင်ခြည်စက်၀န်းတစ်ခုရှိသည်။ ၎င်းတွင် ရာစုနှစ်များစွာကို ဖိနှိပ်ထားခဲ့သည့် မဟာတာအိုသုံးထောင်အော်ရာရှိသည်။
တစ်ချိန်တည်းမှာပင် ဂိုဏ်းအသီးသီးက တပည့်များကလည်း ဒီအတိုင်းမနေကြပေ။ သူတို့နဂါးအမြီးကြောင့် သေသည်အထိ သုတ်သင်ခံရမည်ကို ကြောက်သဖြင့် လုံး၀ ထိန်ချန်မထားရဲကြပါ။
မရေမတွက်နိုင်လောက်သည့် အော်ရာများနှင့် တာအိုနိယာမများက နဂါးအမြီးကို ဒိတဒင်္ဂမှာပင် ၀င်ရောက်ကြဲချပစ်သည်။
ယဲ့ချိုးပိုင် ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားကို ကိုင်ထားပြီး သူ့ဓားပိုင်နက်က မြှင့်တက်လာခဲ့သည်။ အင်မော်တယ်ဓား ဓားဆန္ဒက မရေမတွက်နိုင်လောက်သည့် ဓားများအဖြစ် သိပ်သည်းသွားပြီး နဂါးအမြီးကို ဘက်ပေါင်းစုံကနေ ပိုင်းဖြတ်သည်။
ရှောင်ဟိုင်ကရော!
နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်က သူ့တစ်ကိုယ်လုံးကို ချက်ချင်းဖုံးသွားပြီး နတ်ဆိုးနက်ချီက နတ်ဆိုးဘုရင်ပုံရိပ်ယောင်အဖြစ် သိပ်သည်းသွားကာ သူ့ရုပ်ခွန်အားကလည်း အဆမတန်တိုးလာခဲ့သည်။
တစ်ခဏအကြာတွင် သူက ထိုနတ်ဘုရင်နယ်ပယ်ထိပ်သီးအဆင့်ကျွမ်းကျင်သူများထက် အားမနည်းတော့ပါ။
တခြားဂိုဏ်းများက ရှောင်ဟိုင်ကို အထိတ်တလန့် ကြည့်လိုက်ကြ၏။
နတ်ဘုရင်နယ်ပယ် တစ်၀က်အဆင့်တစ်ယောက်က ဒီလိုစွမ်းအားမျိုးကို ထုတ်လွှတ်နိုင်တာလား!
ဒါ့အပြင် သူထုတ်ဖော်သည့် နတ်ဆိုးနက်ချီက သူက နတ်ဆိုးဘုရင်ပိုင်နက်ကဆိုတာ လူတိုင်းအား ယုံကြည်သွားစေသည်။
ဤသည်သာမက သူ၀တ်ဆင်ထားသည့် ချပ်၀တ်နက်ကိုပါ ပေါင်းစပ်ပါက မကြာသေးခင်က ကြားခဲ့ရသည့် သတင်းအချက်အလက်များအရ သံသယမရှိတော့ပါ။
ဒီလူက နာမည်ကြီးနတ်ဆိုးသခင်ပေတည်း။
သူ့တွင် ယခုလိုခွန်အားမျိုးရှိသည်မှာ အံ့ဩသင့်စရာမရှိတော့။ ဒါကနားလည်၍ ရပါသည်။
ရှောင်ဟိုင် လူတိုင်း၏တိုက်ခိုက်မှုကို ဖြတ်ကျော်ကာ ကျင်းဝူကျင်းနှင့်အတူ နဂါးအမြီးရှေ့သို့ ရောက်သွားခဲ့သည်။
ဒါကိုမြင်သောအခါ ကျင်းဝူကျင်းပြုံးသည်။
"ဒဏ္ဍာရီလာနတ်ဆိုးသခင်နဲ့ ဘေးချင်းယှဉ်ပြီး တိုက်ခိုက်ခွင့်ရတာ ကျုပ်အတွက် ဂုဏ်ယူစရာတစ်ခုပါ"
နတ်ဆိုးသခင်၏ လုပ်ရပ်များက ရွှေတောင်ပံဂဠုန်ကလန်အတွက် အလေးထားခံရဆုံးဖြစ်သည်။
ရှောင်ဟိုင်မည်သည့်စကားမှမဆိုဘဲ ဧရာမနဂါးအမြီးဆီသို့ လက်သီးချက်တစ်ချက် ပစ်လွှတ်လိုက်၏။
သူ့နောက်က နတ်ဆိုးဘုရင်ပုံရိပ်ယောင်ကလည်း နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်ကို ၀တ်ဆင်ထားပြီး လက်သီးထိုးလိုက်သည်။
ကျင်းဝူကျင်းကလည်း ဒီအတိုင်းမနေဘဲ ဧရာမအတောင်ပံများကို ယပ်ခတ်ရင်း ခြေကိုဆန့်ထုတ်ကာ နဂါးကြီး၏ ဧရာမအမြီးဆီသို့ ပြေးသွားသည်။
ဂျုန်း.......!
မရေမတွက်နိုင်လောက်သည့် တိုက်ခိုက်မှုများက ဧရာမနဂါးအမြီးဆီသို့ ကျရောက်လာသော်လည်း ခွန်အားအရာ၌ ကွာခြားချက်က အရမ်းကြီးမားသည်။
ရှောင်ဟိုင်ဖြစ်စေ ကျင်းဝူကျင်းဖြစ်စေ သူတို့က အနက်ရောင်အရိပ်များအဖြစ် ပြောင်းသွားပြီး နောက်သို့ အမြောက်ဆံများပမာ လွင့်စင်သွားကာ မြေကြီးအား တိုက်ဆောင့်မိကြသည်။
ကျန်သောနတ်ဘုရင်နယ်ပယ် ကျွမ်းကျင်သူများကမူ ညည်းညူရင်း ဒဏ်ရာအမျိုးမျိုးရသွားကြသည်။
တင်းကျန်းအလွန်အမင်း ကြည့်ရဆိုးသည့် အမူအရာဖြင့် ပြောသည်။
"ငါတို့လက်လျှော့ရုံပဲရှိတော့တယ်...."
ဝူဟင် သူ့အပြုံးကို ထိန်းချုပ်ထားသည်။
"ခွန်အားအရာမှာ ကွာခြားချက်က အရမ်းကြီးလွန်းတယ်...."
ယင်ချီပင်လျှင် လေးနက်စွာ မျက်မှောင်ကြုတ်သည်။
သူတို့၏လက်ရှိခွန်အားအရ သူတို့ ကောင်းကင်အဆင့်ပစ္စည်းကို မယူနိုင်သေးတာ ဖြစ်နိုင်ပါသည်။
သို့စေကာမူ ဒီအခိုက်အတန့်မှာပင် ရှောင်ဟိုင် ပြိုကျနေသည့် အုတ်ကျိုးများကနေ ထွက်လာခဲ့ပြီး သူ့ဒဏ်ရာများကနေ အဆက်မပြတ် ကောင်းမွန်လာသည်။
တစ်ချိန်တည်းမှာပင် သူ့သွေးကြောစွမ်းအားက ရှောင်ဟိုင်တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။
"ကျုပ်မှာအကြံတစ်ခုရှိတယ်၊ အားလုံးပဲ၊ ကျုပ်ညွှန်ကြားချက်တွေကို နားထောင်ကြပါ"
လူတိုင်း အထိတ်တလန့် ကြည့်ကြသည်။
မင်းမှာအကြံရှိတာလား!
မင်းက အဲဒီနတ်ဆိုးသခင်ပြန်လည်မွေးဖွားလာတာဆိုရင်တောင် ဒီလို ကျင့်ကြံခြင်းနယ်ပယ်က ကွာဟချက်အောက်မှာ ဖြေရှင်းနည်းတစ်ခုရှိဖို့ဆိုတာက မဖြစ်နိုင်ဘူးမလား!
ဒီအခိုက်အတန့်၌ လူတိုင်း၏ စောင့်ကြည့်နေသည့် မျက်လုံးများအောက်တွင် ရွှေရောင်အလင်း အမျှင်စတစ်ခုပါ၀င်သည့် အနက်နီရောင်အလင်းတစ်ခု ရှောင်ဟိုင်ကိုယ်ကနေ ပေါက်ကွဲသွားခဲ့ပြီး သူ့သွေးကြောစွမ်းအားက အစွမ်းကုန် ပွင့်ထွက်လာခဲ့သည်။
ကောင်းကင်ပေါ်က ဖိနှိပ်နေသည့် နဂါးစွမ်းအားက ဒီအခိုက်အတန့်၌ လုံး၀ပျောက်ကွယ်သွားသည့်အလားပင်။
လူတိုင်းထိတ်လန့်သွားကြ၏။
သို့စေကာမူ ကျိချန်းယောင်ကတော့ အလွန်အမင်းအံ့ဩသင့်နေသည်။
ကျိချန်းယောင် ဒီမြင်ကွင်းကို မိန်းမောတွေဝေစွာ ကြည့်ရင်း ညည်းတွားလိုက်မိသည်။
"ဘာလို့ ဒီအော်ရာက သူ့ရဲ့ အဲဒီသွေးကြောစွမ်းအားနဲ့ အရမ်းဆင်တူနေရတာလဲ...."
အပိုင်း(987) coming။