#သွေးအဆီအနှစ်စွမ်းအား၊ နဂါးစွမ်းအင်ကို ဖိနှိပ်ခြင်း#
Vol. 70 Ch. 987
လူတိုင်း၏အော်ရာနှင့် သွေးကြောစွမ်းအားက ကွဲပြားကြသည်။
တူညီသည့်သွေးကြော သို့မဟုတ် မိသားစု၊ မျိုးနွယ်စုတစ်ခုက အမွေဆက်ခံထားသည့် သွေးကြောကို မတူညီသည့်လူများအပေါ် ထားရှိလျှင်ပင် မရေမတွက်နိုင်လောက်သည့် ပြောင်းလဲမှုများရှိနေဆဲပင်။
ကျိချန်းယောင်အတွက် သူမလုချန်ရှန်း ပြသခဲ့သည့် အော်ရာကို မှတ်ထားပြီးဖြစ်သည်။
ရှောင်ဟိုင်၏ သွေးကြောစွမ်းအား ပေါက်ကွဲထွက်လာသောအခါ လုချန်ရှန်း၏ အော်ရာနှင့် အတိအကျဆင်တူသည့် သွေးကြောအော်ရာအမျှင်စတစ်ခုက သူ့အော်ရာထဲတွင် ပါရှိနေခဲ့သည်။
ထို့ကြောင့် တစ်ခုတည်းသောရှင်းလင်းချက်က ရှောင်ဟိုင်သွေးကြောထဲတွင် လုချန်ရှန်း၏ သွေးကြောစွမ်းအားအမျှင်စတစ်ခု ရှိနေခြင်းပင်။
ဒါက မွေးရာပါအမွေရယူထားခြင်းမဟုတ်ဘဲ ရရှိခဲ့ခြင်းသာဖြစ်သည်။
ဒီအကြောင်းကိုတွေးမိသောအခါ ကျိချန်းယောင်ပြုံးလိုက်မိသည်။
ဒီနတ်ဆိုးသခင်တွင် လုချန်ရှန်းနှင့် ခွဲ၍မရနိုင်သည့် ဆက်ဆံရေးတစ်ခုရှိနေတာကို ကျိချန်းယောင် ပို၍ပင် သေချာလာသည်။
ဒါကိုတွေးမိသောအခါ ကျိချန်းယောင် ရှောင်ဟိုင်ကို ကြည့်ရင်း မေးလိုက်၏။
"စီနီယာလုက ရှင်နဲ့ဘယ်လိုပတ်သက်တာလဲ"
ကျိချန်းယောင်၏ စကားလုံးများကို ကြားသည့်အပေါ် တင်းကျန်းအပါအ၀င် ကျန်သောသူများ ထိတ်လန့်သွားကြသည်။
ယဲ့ချိုးပိုင်ဖြစ်စေ၊ မုဖူရှန်း၊ ဖန်ချန်း သို့မဟုတ် ရှောင်ဟိုင်ဖြစ်စေ သူတို့ကလည်း အနည်းငယ် ကြက်သေသေနေကြ၏။
ဖန်ချန်း မုဖူရှန်းကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။
သူက သူ့စီနီယာအစ်ကိုမုကို 'ဆရာက ဒီလိုလှည့်ဖျားတတ်တဲ့ အမျိုးသမီးတွေကို ဆွပေးမှာမဟုတ်ဘူးလို့ အစ်ကိုပြောခဲ့တာမလား' ဟုမေးနေသယောင်။
မုဖူရှန်း ဖန်ချန်း၏အကြည့်ကိုမြင်သဖြင့် ဘာကိုဆိုလိုနေသလဲဆိုတာကို ချက်ချင်းခန့်မှန်းမိသည့်အပေါ် လက်အစုံကို အကူအညီမဲ့စွာ ဖြန့်လိုက်မိသည်။
သူဘယ်လိုလုပ်သိမည်နည်း။ သူ့ဆရာက အပြင်ပကမ္ဘာ၌ အမှန်တကယ် ဆော့ကစားခဲ့လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ဒါက ကြောင်မတစ်ကောင်က သံမဏိပင်တစ်ပင်ကို တိုက်မိပြီး သံမဏိပင် ပွင့်လန်းလာသလိုမျိုး ဖြစ်မနေဘူးလား!
ဆရာက အမျိုးသမီးတစ်ယောက်ကို တကယ်လှုံ့ဆော်ခဲ့တာလား!
ရှောင်ဟိုင် ကျိချန်းယောင်ကိုကြည့်ရင်း သိချင်စိတ်ဖြင့်မေးလိုက်၏။
"ခင်ဗျားကဘယ်သူလဲ"
သူ့ဆရာစရိုက်ကို သူကောင်းကောင်းသိပါသည်။ သူ့ဆရာက သူ့ကိုယ်ပိုင်အထောက်အထားကို ဖော်ထုတ်ရတာကို မကြိုက်ပေ။
ကျိချန်းယောင် ဒါကိုကြားသောအခါ သူမ၏ နှုတ်ခမ်းထောင့်စွန်းက မျက်နှာဖုံးအောက်၌ ပန်းတစ်ရာပွင့်လန်းလာသည့်ပမာ ကွေးညွတ်သွားခဲ့သည်။
"စီနီယာလု အရင်က ကျွန်မကို ကူညီပေးခဲ့တယ်၊ မစိုးရိမ်ပါနဲ့၊ ကျွန်မမှာ မကောင်းတဲ့ ရည်ရွယ်ချက်မရှိပါဘူး"
သူမလုချန်ရှန်းအကြောင်း ပြောဆိုသောအခါ ကျိချန်းယောင်၏ မျက်လုံးများ၌ အရူးအမူးချစ်နေသည့် အကြည့်တစ်ခုကို ပြသသည်။ သူမ၏ မျက်လုံးကြီးများက လခြမ်းကွေ့အလားထင်ရသည်။
ကျိချန်းယောင် ယခုလိုအမူအရာမျိုးကို ထုတ်ဖော်သည်ကို အားလုံးနီးပါးမမြင်ဖူးပါ။
ဒါကရင်သပ်ရှုမောဖွယ်ရာကောင်းသလို စိတ်လှုပ်ရှားစရာလည်း ကောင်းသည်။
ယင်ချီ၊ တင်းကျန်းနှင့် ဝူဟင်တို့အားလုံးပင် သေခြင်းရှင်ခြင်းအကျပ်အတည်းကို ရင်ဆိုင်နေရလျှင်ပင် အရူးအမူးဖြစ်သွားသည်အထိ ဆွဲဆောင်နိုင်ပေသည်။
မုဖူရှန်း နှလုံးသားထဲကနေ သက်ပြင်းချသည်။
ဆရာ၊ ဆရာပြောင်းလဲသွားပြီ!
ဆရာကိုယ်တိုင်ပဲ အပြင်မှာ ဟန်ဆောင်လှည့်ပတ်ပြီး လှည့်စားတတ်တဲ့အမျိုးသမီးတွေနဲ့ မပတ်သက်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်းပြောခဲ့တာမလား!
အလှလေးတွေက ကျင့်ကြံခြင်းကို သက်ရောက်စေပြီး ကံတရားကို ပိုပြီး ရှုပ်ထွေးစေမယ်လို့ပဲ ပြောခဲ့တယ်လေ၊ ဒါက ရှင်သန်မှုနဲ့ ပြဿာနာကိုပဲ တိုးစေတာမလား!
ဆရာ့ရဲ့ကိုယ်ပိုင်စည်းမျဉ်းကို ဆရာအရင် ချိုးဖောက်လိမ့်မယ်လို့ ကျွန်တော်မထင်ထားခဲ့ဘူး!
ဒါကိုမြင်သောအခါ ကျိချန်းယောင်တွင် သူ့ဆရာနှင့် ဖော်မပြနိုင်သည့် ဆက်ဆံရေးတစ်ခု အမှန်တကယ်ရှိပုံရတာကို ရှောင်ဟိုင် အတည်ပြုနိုင်ခဲ့သဖြင့် အသံပို့လိုက်သည်။
"သူက ကျုပ်ဆရာပါ"
ရှောင်ဟိုင်၏ အသံပို့လွှတ်မှုကိုကြားသော် ကျိချန်းယောင်၀မ်းသာသွားသော်လည်း အနည်းငယ်တော့ စိတ်လှုပ်ရှားသွားသည်။ နောက်ဆုံးတွင် လုချန်ရှန်းနှင့် ဆက်စပ်နေသည့်သူတစ်ယောက်ကို တွေ့ခဲ့သဖြင့် သူမ၀မ်းသာရခြင်းဖြစ်သည်။
တစ်ဘက်က နတ်ဆိုးသခင်ပင်လျှင် လုချန်ရှန်း၏ တပည့်ဖြစ်လာခဲ့သည်။
ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်း၏ ပါရမီရှင်တစ်ဦးတဖြစ်လဲ ရှောင်ဟိုင်က သူမခေတ်နှင့် မသက်ဆိုင်ခဲ့သော်လည်း သူမဘယ်လိုလုပ် မကြားဖူးဘဲ နေမည်နည်း။
ဒီလူက နတ်သခင်အဆင့်ဂိုဏ်းနှစ်ဂိုဏ်းကို တစ်ယောက်တည်း ခုခံရင်ဆိုင်နိုင်သော သူတစ်ယောက်ပင်။
ကျိချန်းယောင် နှလုံးသားထဲက သက်ပြင်းချမိသည်။
မျှော်လင့်ထားတဲ့အတိုင်းပဲ ငါနဲ့စီနီယာလုကြားက ကွာဟချက်က ကြီးမားနေဆဲပဲ!
"ကျွန်မတို့ ဒီအကြောင်းနောက်မှ ပြောကြရအောင်" ကျိချန်းယောင် နဂါးပုံရိပ်ယောင်ကို ကြည့်ရင်း သူမ၏အမူအရာက တဖြည်းဖြည်း လေးနက်သွား၏။
"ရှင့် ကျွန်မတို့ကို သူ့ကို ချုပ်တည်းထားစေချင်တာလား"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
ဒါကိုမြင်သော် ကျိချန်းယောင် တခြားမည်သည့်စကားမှမဆိုတော့ဘဲ ယင်းအစား သူမနောက်က ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်မှ တပည့်သုံးဦးကို ကြည့်ရင်း အေးစက်စွာပြောသည်။
"အစွမ်းကုန်တိုက်ခိုက်ကြ"
တပည့်သုံးယောက်ခေါင်းညိတ်ကြသည်။
ကျိချန်းယောင်စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် လက်အစုံကိုဖြန့်လိုက်စဉ် အလင်းပိုးသားစတစ်စ လွင့်မြောနေပြီး ပိုသားချည်အမျှင်စများက ကျိချန်းယောင်ပတ်လည်၌ အရူးအမူးကခုန်နေကြ၏။
ဒီအချိန်မှာပင် ကျိချန်းယောင်၏ မျက်လုံးများက ခရမ်းရောင်ပြောင်းသွားပြီး ခရမ်းရောင်အလင်းက ကျိချန်းယောင်ကိုယ်ထဲကနေ ချက်ချင်းပေါက်ကွဲလာခဲ့သည်။
ဒီအော်ရာက ရှိနေသောသူတိုင်းကို ထိတ်လန့်သွားစေသည်။ သူတို့ကျင့်ကြံသည့် တာအိုနိယာမများက ဒီခရမ်းရောင်အော်ရာကြောင့် လုံး၀ဖိနှိပ်ခံလိုက်ရသည့်အသွင်။
ဒီခရမ်းချီက မဟာတာအိုသုံးထောင်၏ မူလဇစ်မြစ်အလားထင်ရသည်။
ရှေးဦးမူလခရမ်းချီက လုချန်ရှန်း ကျိချန်းယောင်ကို ပေးခဲ့သောအရာတစ်ခုပေတည်း။
ယခုဒါကို အဆက်မပြတ်မွမ်းမံသန့်စင်ပြီး ကျွမ်းကျင်လာသောအခါ ရှေးဦးမူလချီအပေါ် ကျိချန်းယောင်၏ ကျွမ်းကျင်မှုက တကယ့်တိုက်ပွဲ၌ ပြီးပြည့်စုံစွာ အသုံးပြုနိုင်လေပြီ။
ရှေးဦးမူလခရမ်းချီ၏ အားဖြည့်မှုနှင့်အတူ ကျိချန်းယောင်၏ နယ်ပယ်က အတားအဆီးများကို အမှန်တကယ်ချိုးဖျက်ကာ နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်ကို ရောက်သွားခဲ့သည်။
ခရမ်းချီက ပိုးသားမျှင်အား ရစ်ပတ်ထားသည်။
ကျင်းဝူကျင်းဖြစ်စေ ယင်ချီ သို့မဟုတ် တခြားသူများဖြစ်စေ သူတို့အားလုံး ထိတ်လန့်နေကြ၏။
ကျိချန်းယောင်က တကယ်ပဲ ဒီအဆင့်ကို ရောက်နေပြီလား!
ယခုအချိန်တွင် သူတို့ထဲကမည်သူမှ ကျိချန်းယောင်၏ ပြိုင်ဘက်မဟုတ်တော့ပါ။
နဂါးပုံရိပ်ယောင်က အန္တရာယ်ကို ခံစားမိသည့်အလား ပါးစပ်ဟပြီး နဂါးဟိန်းသံတစ်သံကို ထုတ်လွှတ်သည်။
ဧရာမနဂါးကိုယ်ထည်၌ ထူထဲသည့် သွေးကြောများက အရူးအမူးစီးဆင်းနေတာကို မြင်နိုင်ပြီး နဂါးပါးစပ်ထဲတွင် စုစည်းနေကြ၏။
ဟူးး......ဟူး......ဟူး....!
အပူလှိုင်းများက အာကာသထဲတွင် ထွက်ပေါ်လာပြီး မီးတောက်စများက နဂါးပါးစပ်ထဲတွင် စတင်သိပ်သည်းနေသည်။
များမကြာမီမှာပင် နဂါးကအန်ထုတ်လိုက်စဉ် မီးတောက်ရဲရဲနဂါးအသက်ရှူသည့် အငွေ့က လွှမ်းမိုးနေသည့်မီးပင်လယ်တစ်ခု အဖြစ် ပြောင်းလဲသွားပြီး လူတိုင်းထံ ၀င်ရောက်သွား၏။
လမ်းတစ်လျှောက်၌ နဂါးသွေးကြောထဲက သစ်ပင်ကြီးများက မီးပင်လယ်ကြောင့် ဖုံးလွှမ်းခံလိုက်ရသောအခါ ပြိုကျကာ ပြာများအဖြစ် ပြောင်းသွားသည်။
လက်ရှိက ငရဲတမျှ အခြေအနေတစ်ခုထဲ ကျရောက်နေသည့်အလားထင်ရသည်။
ဒါကိုမြင်သောအခါ ကျိချန်းယောင် လက်ချောင်းကို လှုပ်ရှားလိုက်၏။
ရှေးဦးမူလခရမ်းချီဖြင့် ၀န်းရံထားသည့် ပိုးသားမျှင်က သူမအားရစ်ပတ်ရင်း မီးပင်လယ်ဆီသို့ လွင့်မြောသွား၏။
ထို့နောက် ပိုးသားမျှင်က မီးပင်လယ်လမ်းကြောင်းတစ်လျှောက် အဆက်မပြတ် ထုံးဖွဲ့လာပြီး လေထဲတွင် ကန့်လန့်ဖြတ်ကာ ထိုးဖောက်၍ မရနိုင်သည့် နံရံတစ်ခုကို ဖန်တီးသည်။
လေဟာနယ်က နှစ်ပိုင်းခွဲခံလိုက်ရသည့်အလား ထင်ရပြီး မီးပင်လယ်က ပိုးသားမျှင်နံရံကို ၀င်တိုက်သည်။
ဂျုန်း.......!
အပူလှိုင်းများရှေ့သို့ ပြေးလွှားကာ ကမ္ဘာကြီးအား ထိုးဖောက်ပစ်သော်လည်း လက်ရှိအခိုက်အတန့်၌ မီးတောက်တစ်စလေးပင် ပိုးသားမျှင်နံရံကို မထိုးဖောက်နိုင်ပေ။
တခြားတစ်ဘက်တွင် ကျင်းဝူကျင်းကလည်း ဒီအတိုင်းမနေဘဲ သူ့သွေးကြောက ပေါက်ကွဲသွားပြီး သူ အစစ်အမှန် ရွှေတောင်ပံဂဠုန်တစ်ကောင်အဖြစ် ပြောင်းလဲသွားပုံရသည်။ သူကောင်းကင်ပေါ် ပျံသန်းသွားပြီး နဂါးပုံရိပ်ယောင်၏ ခေါင်းကို ရုတ်တရက် တိုက်ခိုက်သည်။
ယင်ချီနှင့် ကျန်သောသူများကလည်း တိုက်ခိုက်ကြသည်။
နောက်ဘက်တွင် ရှောင်ဟိုင်၀န်းကျင်က သွေးကြောစွမ်းအားနှင့် ရွှေရောင်အလင်းတန်းတို့က ပတ်၀န်းကျင်ကို တဖြည်းဖြည်း စတင်ပြည့်နှက်လာစေပြီး နောက်က နတ်ဆိုးဘုရင်ပုံရိပ်ယောင်တွင် စုစည်းလာကြ၏။
ရွှေရောင်အလင်းများ စုစည်းလာစဉ် နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်ထဲက နတ်ဆိုးဘုရင်ပုံရိပ်ယောင်က ရွှေရောင်အလင်းဖြင့် စတင်လင်း၀င်းလာသည်။
ရွှေရောင်အလင်း သိပ်သည်းလာသောအခါ ရှောင်ဟိုင်အေးစက်စွာအော်ဟစ်သည်။
"လုံလောက်ပြီ"
ဒါကိုကြားသောအခါ ကျင်းဝူကျင်းနှင့် ကျန်သောသူများ အလျင်အမြန် နောက်ဆုတ်ကြ၏။
ကျိချန်းယောင်ကလည်း လက်ချောင်းများကို အနည်းငယ်ဖြေလျှော့လိုက်သည်။ နံရံက ပိုးသားမျှင်များအဖြစ် ပြိုကွဲသွားပြီး နဂါး၀န်းကျင်၌ ရစ်ပတ်ထားစေသည့် တိုက်ခိုက်မှုအဖြစ် ပြောင်းသွားသည်။
ရှောင်ဟိုင်တစ်ချက်လင်းသွားပြီး နဂါးပုံရိပ်ယောင်ရှေ့သို့ရောက်သွားစဉ် လက်ကိုဆန့်ကာ လက်သီးဆုပ်လိုက်သည်။
သူ့နောက်က နတ်ဆိုးဘုရင်ပုံရိပ်ယောင်ကလည်း အလားတူလုပ်ဆောင်သည်။
ရွှေရောင်အလင်းနှင့် လက်မောင်ကြီးက နဂါးပုံရိပ်ယောင်ကိုယ်ထည်ကို ဖမ်းယူပစ်သည်။
ဘန်း......!
ရွှေရောင်အလင်းသွေးကြော!
ဒီအခိုက်အတန့်၌ လုချန်ရှန်း၏ သွေးအဆီအနှစ်တစ်စက်က စွမ်းအားအပြည့်ဖြင့် ပေါက်ကွဲသွားပြီး နဂါးသွေးစွမ်းအင်က ချက်ချင်းဆိုသလို ဖိနှိပ်ခံလိုက်ရသည်။
အပိုင်း(988) coming။