← Chapters

#‌သွေးကြောလျှို့ဝှက်ချက်၊ ရှောင်ဟိုင်၏ သံသယ#

Vol. 70 Ch. 988

#‌သွေးကြောလျှို့ဝှက်ချက်၊ ရှောင်ဟိုင်၏ သံသယ#

Vol. 70 Ch. 988

နဂါးပုံရိပ်ကို နဂါးချီကနေ နဂါးခန္ဓာအဖြစ် သိပ်သည်းထားသည်။

၎င်း၏ကိုယ်ထဲတွင် ထူထဲသည့်သွေးကြောက နဂါးလှုပ်ရှားမှုများကို သေချာစေရန်အတွက် နှလုံး၌ သိပ်သည်းနေသည်။ 

ဒီသွေးကြောက နဂါးမျိုးနွယ်စု၏ သွေးကြောဖြစ်သည်။ 

နဂါးပုံရိပ်ယောင်က တိုက်ခိုက်မှုများကို ထုတ်လွှတ်နိုင်ပြီး ဖိအားနှင့် ပေါက်ကွဲသွားနိုင်သည့်အကြောင်းရင်းက သွေးကြောစွမ်းအားကြောင့်ဟု ဆိုနိုင်သည်။ 

၎င်း၏ခွန်အားကိုပင် ထူထဲသည့် သွေးကြောစွမ်းအားက ထောက်ပံ့ပေးထားသည်။ 

ထို့နောက် လုချန်ရှန်း၏ သွေးအဆီအနှစ်တစ်စက်ကို ပေါင်းထည့်လိုက်သောအခါတွင်မူ နဂါးမျိုးနွယ်စု၏ သွေးကြောပင်လျှင် ထိုနေရာ၌ ချက်ချင်းဖိနှိပ်ခံရသည်။ 

နဂါးပုံရိပ်ယောင်စတင်သိပ်သည်းလာသောအခါ သွေးကြောများက နှလုံးထဲတွင် စုစည်းနေတာကို ရှောင်ဟိုင်ကြည့်နေခဲ့သည်။ 

သူ့တွင်အတွေးတစ်ခုရှိသည်။ တစ်ဘက်လူ၏ ခွန်အားကို သွေးကြောစွမ်းအားက ထောက်ပံ့ပေးထားလေရာ ၎င်း၏ သွေးကြောစွမ်းအားကိုသာ ဖိနှိပ်လိုက်မည်ဆိုပါက ၎င်း၏ခွန်အားက ကျဆင်းသွားနိုင်သလို တိုက်ခိုက်ရေးခွန်အားကို တိုက်ရိုက် ဆုံးရှုံးသွားနိုင်ပေသည်။ 

ဒီအတွေးကို သူလက်တွေ့ကျင့်သုံးသောအခါ နဂါးက ပထမဆုံးတိုက်ခိုက်လာသည်နှင့် ရှောင်ဟိုင် တစ်ဘက်က တိုက်ခိုက်မှု၏ နောက်ဆက်တွဲလှိုင်းကို ဖိနှိပ်ရန်အတွက် သွေးကြောစွမ်းအားကို အသုံးပြုလိုက်၏။ 

ထို့နောက်တွင်သာ ဒီအကြံ၏ ဖြစ်နိုင်ချေကို သူနားလည် သဘောပေါက်လာခဲ့သည်။ 

ဒီအတွက်ကြောင့်လည်း ယခုလိုဖြစ်ပျက်လာခဲ့ခြင်းပင်။ 

ရှောင်ဟိုင် နတ်ဆိုးဘုရင်ပုံရိပ်ယောင်ကို သိပ်သည်းစေပြီး ရွှေရောင်ခြည်တန်းက ပုံရိပ်ယောင်ကို လွှမ်းခြုံထားသည်။ 

ရွှေရောင်အလင်းနှင့် လွှမ်းခြုံထားသည့် ဧရာမလက်မောင်းကြီးက နဂါးခန္ဓာကို ဖမ်းကိုင်ကာ တစ်ခဏကြာ မလှုပ်ရှားနိုင်အောင် လုပ်ပစ်ခဲ့သည်။ 

လူတိုင်း ဒီမြင်ကွင်းကိုကြည့်ရင်း သူတို့၏ မျက်သူငယ်အိမ်များက တုန်ယင်သွားကြပြီး မယုံနိုင်မှုများနှင့် ပြည့်နှက်သွားကြ၏။ 

ယခင်နတ်ဆိုးသခင်ဟောင်း၏ သွေးကြောက အလွန်အမင်းအစွမ်းထက်တာကို သူတို့အားလုံးသိကြသည်။ 

သူ့သွေးကြောက နတ်ဆိုးဘုရင်ပိုင်နက်က လူတိုင်းနှင့်ယှဉ်ပါက ပို၍ထူးခြားကာ ကောင်းကင်ဘုံကို ဆန့်ကျင်နေသည်။ 

သို့စေကာမူ သူ့သွေးကြောက နဂါးမျိုးနွယ်စု၏ သွေးကြောကိုပင် ဖိနှိပ်နိုင်သည်အထိ ကောင်းကင်ကို ဖီဆန်နိုင်စွမ်းရှိလိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြပေ။ 

အစက နဂါးစွမ်းအားက ကောင်းကင်၌ ပြည့်နှက်နေပြီး လူတိုင်းအပေါ် ဖိနှိပ်ကျဆင်းကာ သူတို့အား အသက်ရှုရန်ပင် ခက်ခဲသည့် အခြေအနေတစ်ခုကို ကျဆင်းသွားစေသည်။ 

ယခုတွင်မူ ဒီနဂါးစွမ်းအားက အမှန်ပင် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး အလွန်အမင်း နတ်ဘုရားဆန်ပြီး အရာအားလုံးပါ၀င်သော သွေးကြောစွမ်းအားဖြင့် အစားထိုးခံရသည်။ 

ဒီကမ္ဘာကြီးထဲက တာအိုနိယာမအားလုံးကို ဒီစွမ်းအားဖြင့် ထိန်းချုပ်နိုင်သည့်အလားပင်။ 

သို့မဟုတ် ဒီစွမ်းအားက မဟာတာအို၃၀၀၀၏ ဘိုးဘေးဟုဆိုပါက ပိုမှန်ပေလိမ့်မည်။ စည်းမျဉ်းအားလုံးက စွမ်းအားကနေ ဆင်းသက်လာခြင်းဖြစ်သည်။ 

ဒါက ဖော်ပြ၍မရနိုင်သည့်စွမ်းအားတစ်ခုပင်။ 

သူတို့နက်ရှိုင်းမှုကို လုံး၀မခံစားနိုင်သလို လုံး၀ဖိနှိပ်ခံရခြင်းမရှိသော်လည်း ဒီသွေးကြောစွမ်းအားက ဘယ်လောက်ထိ ထူးခြားသလဲဆိုတာ သူတို့သိကြသည်။ 

သူတို့ကအဆင့်တူမဟုတ်သည့်အလား။ သူတို့က တူညီသည့်ရှုထောင့်တစ်ခုထဲတွင် ရှိမနေတော့သည့်အလားပင်။ 

ဒါက ဒီအဆင့်မြင့်ကြယ်နယ်မြေ၏ သွေးကြောစွမ်းအားများနှင့် လုံး၀မသက်ဆိုင်တော့သည့်အသွင်။ 

ရှောင်ဟိုင်၏ အမူအရာကအေးစက်နေသည်။ သူ့မျက်လုံးနက်များ၌ ရွှေရောင်အစက်အပျောက်များရှိနေသည်။ 

သူနတ်ဆိုးဘုရင်ပုံရိပ်ယောင်ကို ထိန်းချုပ်ရင်း နဂါးကိုယ်ထည်ကို တင်းကျပ်စွာ ကိုင်ထားသည်။ 

နဂါးပုံရိပ်ယောင်၏ အမြီးက လှုပ်ယမ်းနေပြီး ၎င်း၏ နဂါးပါးစပ်က ‌ဒေါသတကြီး ဟိန်းနေကာ မျက်လုံးများကမူ မယုံနိုင်မှုနှင့် အကြောက်တရားများဖြင့် ပြည့်နှက်နေသည်။ 

သို့စေကာမူ နဂါးက မည်မျှပင်ရုန်းကန်စေကာမူ ရှောင်ဟိုင်၏ ထိန်းချုပ်မှုထဲကနေ လွတ်မြောက်နိုင်စွမ်းမရှိပါ။ 

ဒီအချိန်မှာပင် ရှောင်ဟိုင်မေးသည်။ 

"အထဲမှာဘာရှိလဲ"

ဒီစာသားက နဂါးပုံရိပ်ယောင်ကို မေးနေသည်မှာ သိသာထင်ရှားနေသည်။ 

နဂါးပုံရိပ်ယောင်က ကိုယ်ပိုင်အသိစိတ် သို့မဟုတ် အကြွင်းအကျန် အသိစိတ် အရိပ်အယောင်တစ်ခု ရှိနေသည့်အလား ကျယ်လောင်စွာပြောသည်။ 

"မင်းဘယ်သူလဲ၊ မင်းဘာလို့ ဒီသေမျိုးနယ်မြေမှာ ရှိနေရတာလဲ"

၎င်းကရှောင်ဟိုင်၏ အဖြေကိုမဖြေဘဲ ယင်းအစား ရှောင်ဟိုင်ကိုပင် မေးလိုက်သေးသည်။ 

ဒီမေးခွန်းများက ပို၍ပင် အရေးကြီးပုံပင်။ 

ရှောင်ဟိုင်ပြောသည်။ 

"ကျုပ်လား၊ ကျုပ်က ဒီသေမျိုးနယ်မြေမှာ မွေးဖွားလာခဲ့တာ"

"မဖြစ်နိုင်တာ"

နဂါးပုံရိပ်ယောင်က ဧရာမနဂါးခေါင်းကို ခါယမ်းရင်း ပြင်းထန်စွာပြောသည်။ 

"ဒီလိုသွေးကြောမျိုးက သေမျိုးနယ်မြေမှာ ပေါ်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး"

သို့စေကာမူ ရှောင်ဟိုင်မျက်မှောင်ကြုတ်သည်။ 

"ကျုပ်သွေးကြောစွမ်းအားကို ကျုပ်ဆရာကျုပ်ကို ပေးခဲ့တာ"

"မဟုတ်ဘူး၊ ငါအဲဒီ‌ရွှေရောင်သွေးကြောစွမ်းအားကို ပြောနေတာမဟုတ်ဘူး၊ အဲဒီသွေးကြောစွမ်းအားက နယ်မြေခြောက်ခုက ပိုင်ဆိုင်နိုင်တဲ့ အရာတစ်ခု မဟုတ်တော့ဘူး"

နဂါးပုံရိပ်ယောင်၏အသံက ရုတ်တရက် သူ့စိတ်ထဲတွင် ပေါ်လာခဲ့သည်။ 

သူနောက်ထပ်ပြောသည့်အရာကမူ အပြင်လူများ မကြားနိုင်သည့် လျှို့ဝှက်ချက်တစ်ခုဆိုတာ ရှင်းနေသည်။ 

"ငါမင်းရဲ့ကိုယ်ပိုင်သွေးကြောစွမ်းအားကို ပြောနေတာ"

ငါ့ရဲ့ကိုယ်ပိုင်သွေးကြောစွမ်းအားလား!

နတ်ဆိုးဘုရင်သွေးကြော!

ရှောင်ဟိုင်ကြက်သေသေသွားသည်။ 

"ကျုပ်က အစကတည်းက နတ်ဆိုးဘုရင်ပိုင်နက်ကပဲ၊ ကျုပ်သွေးကြောစွမ်းအားက ဘယ်လိုလုပ် သေမျိုးနယ်မြေက မဟုတ်ရမှာလဲ"

သို့သော် နဂါးပုံရိပ်ယောင်က ခေါင်းခါယမ်းသည်။ 

"တစ်ခုကတော့ သေချာတယ်၊ မင်းသွေးကြောစွမ်းအားက သေမျိုးနယ်မြေနဲ့ မသက်ဆိုင်တာ သေချာတယ်၊ ဘာလို့လဲဆိုတော့ ဒါက အဲဒီမျိုးနွယ်စုရဲ့ ထူးခြားတဲ့ သွေးကြောဖြစ်နေလို့ပဲ၊ ဒါ့အပြင် မင်းသွေးကြောစွမ်းအားက အဲဒီမျိုးနွယ်စုက ထိပ်တန်းသွေးကြောဆိုတာ ရှင်းနေတာပဲ"

ရှောင်ဟိုင်မျက်မှောင်ကြုတ်သည်။ 

"ဘယ်မျိုးနွယ်စုလဲ"

နဂါးကချက်ချင်းအဖြေမပေးဘဲ ယင်းအစား ရှောင်ဟိုင်ကိုသာ စိုက်ကြည့်နေသည်။ 

အမျိုးအမည်မသိရသည့် အချိန်ကာလတစ်ခုအကြာတွင် ကျိချန်းယောင်နှင့် ကျန်သောသူများပင်လျှင် ဒီမြင်ကွင်းကြောင့် ပဟေဠိဖြစ်လာရသည်။ ဘာလို့နဂါးပုံရိပ်ယောင်က ရုန်းကန်နေတာကို ရပ်လိုက်ရတာလဲ၊ ဘာလို့ ရှောင်ဟိုင်တိုက်ခိုက်နေတာကို ရပ်လိုက်တာလဲ!

ဒါက တိုက်ခိုက်ဖို့အတွက် အကောင်းဆုံး အခွင့်အရေးဆိုတာ ရှင်းနေတာပဲလေ!

ယင်ချီမျက်မှောင်ကြုတ်သည်။ 

"ငါတို့နှောင့်နှေးနေလို့မရတော့ဘူး၊ ငါတို့သာ နှောင့်နှေးနေမယ်ဆိုရင် တစ်ခုခုဖြစ်ပျက်လာလိမ့်မယ်၊ နဂါးပုံရိပ်ယောင်ရဲ့ ခွန်အား အကြီးအကျယ်ဖိနှိပ်ခံထားရတာကို အခွင့်ကောင်းယူပြီး ငါတို့သူ့ကို သတ်ဖို့ အကောင်းဆုံးတိုက်ခိုက်မှုကို အသုံးပြုရမယ်"

ယဲ့ချိုးပိုင်အနည်းငယ် မျက်မှောင်ကြုတ်ကာ သူ့ကိုတားရန်ပြင်လိုက်စဉ် ကျိချန်းယောင် အေးစက်စွာအော်ဟစ်သည်။ 

"ခဏလေး၊ သူတို့က ညှိနှိုင်းနေပုံရတယ်၊ မဆင်မခြင်မလုပ်နဲ့"

ကျိချန်းယောင်၏ စကားလုံးများကို ကြားသောအခါ ယဲ့ချိုးပိုင်၊ ဖန်ချန်းနှင့် မုဖူရှန်းတို့ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြ၏။ 

ဒီလိုဆိုပါက သူတို့၏ကိုယ်ပိုင် အထောက်အထားကို ကြိုတင်ဖော်ထုတ်စရာမလိုတော့ပါ။ 

တင်းကျန်း၏အမူအရာက ကြည့်ရဆိုးနေသည်။ 

"မြန်မြန်နဂါးကိုသတ်ကြ"

ဝူဟင်ကလည်း ဓားကိုဆွဲထုတ်ရင်း ခေါင်းညိတ်သည်။ 

ယင်ချီကလည်း လှုပ်ရှားရန်အတွက် ပြင်ဆင်သည်။ 

ဒါကိုမြင်သော် ကျိချန်းယောင် မျက်မှောင်ကြုတ်ရင်း လက်ကို ဆန့်ထုတ်သောအခါ ရှေးဦးမူလခရမ်းချီဖြင့် ရစ်ပတ်ထားသည့် ထောင်ချီသော ပိုးသားမျှင်များက သူတို့ရှေ့တွင် ကျဆင်းလာသည်။ 

"ရှင့်တို့ရဲ့ ရည်ရွယ်ချက်ကို ကျွန်မသိတယ်၊ သူအရင်ဆုံးလုယူသွားမှာကို ရှင်တို့ ကြောက်နေကြတာမလား"

"ရှင်တို့သူ့ကို နှောင့်ယှက်ရဲတယ်ဆိုရင် ကျွန်မကို အရင်အနိုင်ယူကြ"

ရှောင်ဟိုင်က စီနီယာလု၏ တပည့်ဖြစ်လေရာ သူမက သူ့ကို ကောင်းကင်အဆင့် ရတနာတစ်ခုပေးလိုက်ပါကရော ဘာအရေးနည်း။ 

တစ်ယောက်ယောက်က လျှို့ဝှက်စွာ တိုက်ခိုက်လိုပါက ကျိချန်းယောင် သေချာပေါက် သူ့တို့ကို တားမည်သာ။ 

ကျင်းဝူကျင်း ကျယ်လောင်စွာ ရယ်မောရင်း အတောင်ပံများကို ဖြန့်ကြက်ကာ သူတို့ရှေ့၌ ပျံသန်းသွားပြီး ပြုံးသည်။ 

"သူကငါတို့ ရွှေတောင်ပံဂဠုန်ကလန်နဲ့ ရွှေသစ်ရွက်စစ်တပ်တို့ရဲ့ လက်ထောက်တပ်မှူးပဲ၊ မင်းတို့သူ့ကို ကြံစည်ချင်တယ်ဆိုရင် ငါတို့ရွှေတောင်ပံဂဠုန်ကလန်က သဘောတူမယသလားဆိုတာကို မေးဖို့လိုတယ်"

"မင်း...." ယင်ချီ၊ ဝူဟင်၊ တင်းကျန်းနှင့် ကျန်သောသူများ၏ အမူအရာများက ကြည့်ရဆိုးသွားကြ၏။ 

ကျင်းဝူကျင်းက အဆင်ပြေသေးပြီး ကိုင်တွယ်၍ ရပါသေးသည်။ 

သို့သော် ကျိချန်းယောင်ကရော!

ကျိချန်းယောင်၏ လက်ရှိခွန်အားအရ သူမသာ အစွမ်းကုန်ထုတ်သုံးပါက သူတို့သူမကို ဘာတစ်ခုမှ လုပ်နိုင်မည်မဟုတ်။ 

ဒီအခိုက်အတန့်၌ ရှောင်ဟိုင်စိတ်ထဲတွင် နဂါးက သဘောပေါက်သွားပြီး အံ့ဩသင့်တကြီး ရေရွတ်ရင်း ရှောင်ဟိုင်အား ရှုပ်ထွေးနေသည့် အကြည့်ဖြင့် ကြည့်လိုက်၏။ 

"ငါနားလည်သွားပြီ"

"ခင်ဗျားဘာကိုသိတာလဲ" ရှောင်ဟိုင် ဝေခွဲမရဖြစ်နေသည်။ 

"လက်ရှိမင်းက ဒါတွေကို မသိနိုင်သေးဘူး"

ရှောင်ဟိုင် ရုတ်တရက် ဒီနဂါးအိုက သတ်ပစ်ချင်လာသည်။ 

ခင်ဗျားမပြောနိုင်ဘူးဆိုရင် ကျုပ်ကို ဘာလို့ ဒါတွေလာပြောနေရတာတုန်း!

ခင်ဗျားဘာလို့ ဒီလောက်စိတ်တိုဖို့ ကောင်းရတာလဲ!

အပိုင်း(989) coming။ 

All Chapters