#အရာတွေက ပိုဆိုးလာပုံပဲ#
Vol. 70 Ch. 989
နဂါး၏စကားလုံးများက ရှောင်ဟိုင်ကို ဝေခွဲမရဖြစ်သွားစေသည်။
သူနတ်ဆိုးဘုရင်ပိုင်နက်တွင်ရှိစဉ်က သူ့အထောက်မထားများက မရှင်းလင်းဖြစ်ခဲ့သော်လည်း မည်သူကမှ သူ့မွေးဖွားမှုအကြောင်းကို မပြောခဲ့ပေ။
ကြည့်ရသည်မှာ မည်သူမှ သူ့ရှေ့တွင် ဒါကို မပြောရဲကြပုံပင်။
ထိုအချိန်က ရှောင်ဟိုင်ဒီအကြောင်းကို အရမ်းကြီးမတွေးတောဘဲ သဘာ၀တရားအတိုင်းသာ သွားစေခဲ့သည်။
ယခုနဂါးပုံရိပ်ယောင်က ဒီကိစ္စကို ထပ်မံပြောဆိုလာသောအခါ သူ့တွင် သူ့အထောက်အထားအပေါ် သံသယ၀င်လာမိသည်။ ၎င်းက ပြောပြ၍မရနိုင်သည့် လျှို့ဝှက်ချက်တစ်ချို့ကို သိနိုင်သည်။
ဒါကရှောင်ဟိုင်ကို ဒီကိစ္စကို ထပ်မံသတိရစေသည်။
ဒီအကြောင်းကို တွေးပြီးနောက်တွင် နဂါးပုံရိပ်ယောင်၏ လေသံက အများကြီး ပြောင်းလဲသွားပုံရပြီး ရှောင်ဟိုင်၏ စိတ်ကို အလွန်ရှုပ်ထွေးသည့်အသံများဖြင့် ပဲ့တင်ထပ်စေခဲ့သည်။
"လက်ရှိမင်းက အားကောင်းတယ်ဆိုတာနဲ့ အရမ်းအလှမ်းဝေးနေသေးတယ်၊ မင်းအဲဒီနယ်ပယ်ကို ရောက်ပြီး ပိုမြင့်တဲ့တစ်ခုခုနဲ့ ထိတွေ့တဲ့အခါကျရင် မင်းသိဖို့လိုတာကို သိလာပါလိမ့်မယ်"
"ဒါပေမယ့် တကယ်လို့ ငါ့ပင်မခန္ဓာကသာ ဒီကမ္ဘာမှာ ရှိနေသေးပြီး မကြီးပြင်းလာသေးတဲ့ မင်းကိုရှာတွေ့မယ်ဆိုရင်တော့...." ဒီနေရာ၌ နဂါးပုံရိပ်ယောင်က ရှောင်ဟိုင်ကို ထိတ်လန့်မှု၊ ကြောက်ရွှံ့မှု၊ ရုန်းကန်မှုမပါဘဲ သတ်ဖြတ်ခြင်းဆန္ဒအပြည့်ဖြင့် စိုက်ကြည့်သည်။
သူရှောင်ဟိုင်ထံသို့ တစ်လုံးချင်းအသံပို့လိုက်သည်။
"ငါမင်းကိုတိုက်ရိုက်သတ်ပစ်ဖို့ကိုပဲ ရွေးချယ်ခဲ့မှာ"
"မင်းတည်ရှိမှုက ကမ္ဘာခြောက်ခုမှာ အကြီးမားဆုံးကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မယ်"
ရှောင်ဟိုင်မျက်မှောင်ကြုတ်သည်။
"ဒါပေမယ့် မင်းက သေမျိုးနယ်မြေမှာ အောင်မြင်စွာကြီးပြင်းလာပြီး မင်းသွေးကြောထဲမှာ အဲဒီသွေးအဆီအနှစ်တစ်စက်လည်း ရှိနေတာဆိုတော့ ကြည့်ရတာ မဟာစွမ်းအားတစ်ခုက မင်းကိုကူညီပြီး ကြီးထွားခြင်းကနေ ကာကွယ်ပေးထားပုံပဲ"
နဂါးအနည်းငယ်သက်ပြင်းချသည်။
"မင်းကြီးထွားလာမှုက ကံကြမ္မာတစ်ခု ဖြစ်လောက်တယ်၊ ကပ်ဘေးဖြစ်ဖြစ် ကမ္ဘာကြီးကို ကယ်တင်တာဖြစ်ဖြစ် ကံကြမ္မာအပေါ် မူတည်တယ်၊ လက်ရှိငါနဲ့ နဂါးမျိုးနွယ်စုက ဒီလိုအရာတွေကို မလုပ်နိုင်တော့ဘူး"
"မင်းကြီးထွားလာပြီး အဲဒီအဆင့်က အရာတွေနဲ့ ထိတွေ့လာပြီးတဲ့နောက်မှာ မင်းရဲ့ အထောက်အထားကြောင့် သက်ရောက်မခံရဘဲ လက်ရှိစိတ်နေသဘောထားကို ထိန်းသိမ်းထားနိုင်ဖို့ကိုပဲ ငါမျှော်လင့်ပါတယ်"
ရှောင်ဟိုင်မျက်မှောင်ကြုတ်ကာ အကြွင်းမဲ့သေချာစွာပြောသည်။
"ကျုပ်က ကျုပ်ပဲ၊ ဘယ်အရာကမှ ကျုပ်ကို ပြောင်းလဲအောင် မလုပ်နိုင်ဘူး"
"ငါလည်းဒီလိုပဲမျှော်လင့်ပါတယ်" နဂါး၀မ်းနည်းစွာပြုံးသည်။
"ငါလျှို့ဝှက်ရတနာကို မင်းလက်ထဲ ထားခဲ့မယ်"
"မင်းဒီမှာရှိနေပြီဆိုမှတော့ ကံကြမ္မာရဲ့ လက်တံတွေက အခုစနေစပြီးလည်ပတ်လာတော့မယ်၊ ကမ္ဘာကြီးက မင်းရဲ့ ကြီးထွားမှုကို မတားဆီးနိုင်တော့ဘူး"
ဒီနေရာတွင် နဂါးပုံရိပ်ယောက်၏ ကိုယ်ထည်အလယ်၌ ထူထဲသည့် သွေးကြောများကနေ ဖြစ်တည်လာသည့် နှလုံးထဲက သွေးတစ်စက်က လွင့်မြောလာခဲ့သည်။
သွေးစက်က အလွန်အမင်းလေးလံပုံရသည်။
လေဟာနယ်ထဲ လွင့်မြောလာရုံမျှနှင့် သွေးစက်ပတ်ပတ်လည်က လေဟာနယ်က စတင်ပြိုကွဲလာသည်။
ဒီမြင်ကွင်းကိုမြင်သောအခါ ယင်ချီနှင့် ကျန်သောသူများ၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
ဒီသွေးစက်ထဲတွင် စွမ်းအင်ပမာဏ ဘယ်လောက်များများပါ၀င်တယ်၊ သွေးကြောစွမ်းအားက ဘယ်လောက်ထိ အားကောင်းတယ်ဆိုတာကို သူတို့ခံစားနိုင်ပါသည်။
မည်သို့ပင်ဆိုစေကာမူ ဒါက နဂါးတစ်ကောင်၏ သွေးကြောစွမ်းအားအလုံးစုံကနေ သိပ်သည်းထားသည့် သွေးအဆီအနှစ်တစ်စက်ပင် မဟုတ်ပေလော။
ဒါကိုမြင်သော် ယင်ချီ၊ တင်းကျန်း၊ ဝူဟင်နှင့် ကျန်သောတပည့်များ၏ မျက်လုံးများ၌ လောဘများ ပေါ်ပေါက်လာသည်။
တစ်ယောက်ယောက်ကမူ ရှေ့ကိုပင် တက်လှမ်းလာသည်။
ထိုစဉ် ပိုးသားမျှင်တစ်စက ထိုလူရှေ့၌ ရောက်လာသည်။
၄င်းကအလွန်အမင်း နီးစပ်လွန်းသဖြင့် နောက်တစ်လှမ်းရှေ့တိုးလိုက်ပါက ဒီပိုးသားမျှင်ကြောင့် လည်ပင်းညှစ်သတ်ခံရပေလိမ့်မည်။
"ကျွန်မထပ်ပြောမယ်၊ သူ့ကိုနှောက်ယှက်ရဲတဲ့ ဘယ်သူ့ကိုမဆို ရက်စက်စွာသတ်ပစ်မယ်"
ကျိချန်းယောက်၏ အေးစက်သောအသံကို ကြားသောအခါ ယင်ချီ၏ အမူအရာက ကြည့်ရဆိုးသွားခဲ့သည်။
"သူတော်စင်မိန်းမပျိုကျိ၊ ကောင်းကင်အဆင့်ရတနာကို ဝေမျှတာကို အသေးစိတ် ဆုံးဖြတ်ရမယ်မလား၊ အခုသူ့ကို ဒီအတိုင်း ယူသွားခွင့်ပေးနေတာလား၊ ကျုပ်တို့မှာ ဝေစုတစ်ခွက်လေးတောင် မရှိသေးဘူး"
ကျိချန်းယောင်မပြောသေးခင်မှာပင် ကျင်းဝူကျင်း ကြားဖြတ်ကာ နှာခေါင်းရှုံ့သည်။
"မင်းဘာလုပ်ခဲ့လို့လဲ၊ ဒီနဂါးပုံရိပ်ယောင်ကို မင်းတို့အနိုင်ယူနိုင်တာက ရှောင်ဟိုင်ရဲ့ ကိုယ်ပိုင်စွမ်းရည်ကြောင့်ပဲ၊ သူသာမရှိဘူးဆိုရင် မင်းတို့ အသက်ရှင်ကျန်နေရင်တောင် အတော်ကံကောင်းနေပြီ"
တင်းကျန်းမျက်မှောင်ကြုတ်ပြီး သူ့အမူအရာက မည်းမှောင်နေသည်။
"သူတစ်ယောက်တည်း ရသွားတဲ့အခါကျရင် ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်နဲ့ ရွှေတောင်ပံဂဠုန်ကလန်တို့က ဒါကို ရယူဖို့ နည်းလမ်းတစ်ခု တွေးတောကြမှာပဲလေ"
ကျိချန်းယောင်ရော ကျင်းဝူကျင်းပါ ယုံကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်လိုက်ကြ၏။
"မတွေးဘူး"
လာနောက်နေတာလား!
ကျိချန်းယောင် လုချန်ရှန်း၏ တည်ရှိမှုကို သိထားလေရာ သူ့တပည့်အပေါ် သူမတွင် ဘာအကြံမှမရှိပေ။
ကျင်းဝူကျင်းကရော!
ရွှေတောင်ပံဂဠုန်ကလန်၏ ပင်ကိုယ်စရိုက်ကို လျစ်လျူရှုထားပါက လက်ရှိရှောင်ဟိုင်တွင် သူတို့နှင့် ပူးပေါင်းဆောင်ရွက်ထားသည့် ဆက်ဆံရေးတစ်ခုရှိသည်။
သူတို့က အကောင်း၊ အဆိုး အရာအားလုံးအတွက် ချည်နှောင်ထားကြသည်။
သူပို၍အားကောင်းလာလေလေ၊ ရွှေတောင်ပံဂဠုန်ကလန်အတွက် ပို၍ အသုံး၀င်လာလေလေဖြစ်သည်။
ဒါ့အပြင် ယခင်နတ်ဆိုးသခင်၏ စရိုက်အရ ရှောင်ဟိုင် စကားလုံးများကို ရုပ်သိမ်းသွားမှာကို ကြောက်နေစရာမလိုပါ။
ဒါကိုကြားသောအခါ ဝူဟင်အနည်းငယ် ကြက်သေသေသွားသော်လည်း သူလက်မလျှော့ချင်သေးသဖြင့် အစီအစဉ်တစ်ခုနှင့် ရှေ့တိုးလာသည်။
"ဒီလိုဆိုရင်တောင် ငါတို့ဂိုဏ်းသုံးဂိုဏ်း ပူးပေါင်းသွားမှာကို မင်းတို့မကြောက်ဘူးလား"
ကျင်းဝူကျင်းနှာခေါင်းရှုံ့သည်။
"မင်းတို့ဂိုဏ်းသုံးဂိုဏ်းပူးပေါင်းမယ်ဆိုရင်လည်း ငါတို့ဂိုဏ်းနှစ်ဂိုဏ်းက မင်းတို့တိုက်ခိုက်မှုတွေကို ခုခံနိုင်တယ်"
"ငါတို့နောက်မှာ ဘယ်သူရှိသလဲဆိုတာ မင်းတို့မသိလို့လား"
ယင်ချီ၏ ဆန်းကြယ်သည့်စကားလုံးများကို ကြားသောအခါ ကျိချန်းယောင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
အရင်က သူတို့ နဂါးငွေ့တန်းကြယ်စင်စုထဲ ၀င်ရောက်ရန်အတွက် ဆန်းကြယ်သည့် ဂိုဏ်းတစ်ဂိုဏ်း၏ အကူအညီကို ရခဲ့ပုံပေါ်သည်။
မဟုတ်ပါက ဂိုဏ်းနှစ်ဂိုဏ်းပူးပေါင်းခြင်းဖြင့် အလွန်အမင်းခက်ခဲလျှင်ပင် သူတို့၏ တိုက်ခိုက်မှုကိုတော့ ခုခံနိုင်ပါသည်။
မည်သို့ပင်ဆိုစေကာမူ ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်နှင့် ရွှေတောင်ပံဂဠုန်ကလန်တို့က နဂါးငွေ့တန်းကြယ်စင်စု၏ ဒေသခံဂိုဏ်းများပင် မဟုတ်ပေလော။
သူတို့နေအိမ်များကို ကာကွယ်ခြင်းက မြို့များကိုတိုက်ခိုက်ပြီး မြေကိုလုယက်ခြင်းထက် အများကြီးပိုလွယ်ကူသည်။
ဒါပေမယ့် လုချန်ရှန်းသာ ရှိမယ်ဆိုရင် သူသေချာပေါက် သူ့တပည့်ကို တစ်ယောက်တည်း ထားခဲ့မှာတော့ မဟုတ်ဘူးမလား!
"ဒီတော့ဘာဖြစ်လဲ" ဒါကိုတွေးမိသောအခါ ကျိချန်းယောင် တည်ငြိမ်စွာပြောသည်။
"ရှင်တို့စစ်ပွဲစရဲသရွေ့ ကျွန်မတို့ အဆင်ပြေတယ်"
ကျင်းဝူကျင်းကြက်သေသေသွားသည်။
ဒီမိန်းမက အရမ်းကြမ်းတာလား!
ကျိချန်းယောင်၏ စကားလုံးများကို ကြားသောအခါ ယင်ချီနှင့် ကျန်နှစ်ယောက်က မည်သည့်စကားမှမဆိုဘဲ တစ်ဦးကိုတစ်ဦးကြည့်ကာ ခေါင်းညိတ်ပြလိုက်ကြ၏။
ယဲ့ချိုးပိုင်၊ ဖန်ချန်းနှင့် မုဖူရှန်းတို့ကလည်း ဒီမြင်ကွင်းကိုမြင်ကြပါသည်။
ယဲ့ချိုးပိုင်ပြုံးရင်း အသံပို့လိုက်သည်။
"ကြည့်ရတာ ငါတို့ဒီအရာတွေကို ထပ်ဖောက်ခွဲမိတော့မယ့်ပုံပဲ"
ဖန်ချန်းခေါင်းညိတ်သည်။
"ဒါကသာမန်မဟုတ်ဘူး၊ ဂိုဏ်းအများအပြားက အစ်ကိုကြီးရှောင်ဟိုင်အတွက် တိုက်ခိုက်ကြတော့မယ့်ပုံပဲ"
မုဖူရှန်းခေါင်းကိုဖုံးရင်း သူအရမ်းပင်ပန်းနေတာကို ပြသနေသည်။
ထို့နောက် သူအသံလွှင့်ကျောက်စိမ်းဆွဲသီးကို အသာလေးထုတ်ယူလိုက်၏။
"ဆရာကိုအရင်အသိပေးကြရအောင်၊ အနည်းဆုံးတော့ သူ့ကိုပြင်ဆင်ချိန် နည်းနည်းပေးကြတာပေါ့၊ ဒီလိုဆိုမှ သူကျွန်တော်တို့ကို ဆူပူကြိမ်းမောင်းပြီး အပြစ်ပေးတဲ့အခါကျရင် ပိုပေါ့ပါးသွားတာပေါ့...."
.....
ဒီအခိုက်အတန့်၌ သွေးအဆီအနှစ်က ခုနှစ်ရောင်အလင်းထဲသို့ လွင့်မြောသွားပြီး ချက်ချင်းဆိုသလို ခုနှစ်ရောင်စုံအလင်းထဲတွင် အပေါက်တစ်ပေါက်ပွင့်လာသည်။
နဂါး၏ပိုပို၍ ဝေဝါးသွားသည့် ပုံရိပ်ကို ကြည့်ရင်း ရှောင်ဟိုင်စိတ်ရှုပ်ထွေးနေသည်။
ထိုစဉ်နဂါး၏အသံထွက်လာသည်။
"သွားတော့၊ မင်းလိုချင်တာက ဒီအလင်းထဲမှာ မင်းကိုကူညီပေးလိမ့်မယ်"
ဒါကိုကြားသော် ရှောင်ဟိုင်ခေါင်းညိတ်ရင်း လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။
"ကျေးဇူးပါစီနီယာ"
နဂါးပြုံးသည်။
"မင်းရဲ့လက်ရှိအသွင်အပြင်ကို မင်းထိန်းသိမ်းထားနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်၊ ဒါကငါ့အတွက် အကောင်းဆုံး ကျေးဇူးတင်တဲ့လက်ဆောင်ပဲ"
ရှောင်ဟိုင်လေးနက်စွာခေါင်းညိတ်သည်။
ဒီအချိန်မှာပင် နဂါးပုံရိပ်ယောင်ကလည်း လုံး၀ပျောက်ကွယ်သွားလေတော့သည်။
ဒါကိုမြင်သောအခါ ယင်ချီနှင့် ကျန်သောသူများ၏ နီရဲနေသည့်မျက်လုံးများအောက်တွင် ရှောင်ဟိုင် ခုနှစ်ရောင်စုံအလင်းထဲသို့ ခြေချလိုက်သည်။
အလင်း၀င်ပေါက်တွင် ရှောင်ဟိုင်၀င်လိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းက လုံး၀ပိတ်သွားသည်။
အပိုင်း(990) coming။