← Chapters

#‌အပြစ်ဖျန်ဖြေသူပြန်ပေါ်လာခြင်း#

Vol. 70 Ch. 990

#‌အပြစ်ဖျန်ဖြေသူပြန်ပေါ်လာခြင်း#

Vol. 70 Ch. 990

"ငှက်ကလေးတွေက ငါ့ကိုပြုံးပြတယ်၊ ပန်းပွင့်လေးတွေက ချေးများနေကြတယ်"

"တပည့်တွေက ဒီမှာမရှိဘူး၊ အေးဆေးတဲ့ ဘ၀တစ်ခုကို ဖြတ်သန်းရတာက ဘယ်လောက်တောင် ကောင်းလိုက်သလဲ"

လုချန်ရှန်းတီးတိုးမြည်ဟီးရင်း ဥယျာဉ်ထဲက အပင်များကို ရေလောင်းသည်။ 

ရေစက်များက အရွက်နှင့်အမြစ်များပေါ်သို့ ဖြည်းဖြည်းချင်းစီးကျနေသည်။ 

အရွက်များက ရေစက်ကြောင့်ဖိသိပ်ခံထားရပြီး ၎င်းနောက်တွင် ရေစက်က ၎င်း၏ခန္ဓာကို ဆန့်ထုတ်ကာ တွန်းကန်ရင်း ခုန်ဆင်းသွားသည့်အလား ကျဆင်းသွား၏။ 

ဒါကိုမြင်သောအခါ လုချန်ရှန်း ပျော်ရွှင်စွာပင် ပြုံးနေသည်။ 

သာမန်အရာတစ်ခုခုဖြစ်နေသရွေ့ လုချန်ရှန်းစိတ်အေးချမ်းပြီး ပျော်ရွှင်မှုကို ခံစားနိုင်သည်ဟု ဆို၍ရသည်။ 

"ငါတို့သာ ဒီလိုဆက်နေနိုင်မယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ..."

ဒါကိုတွေးမိသောအခါ လုချန်ရှန်း ငါးဟင်းခွက်တစ်ခုထဲ နစ်မြှုပ်နေသည့်အလား မူးယစ်နေသည့်အပြုံးကို ပြသသည်။ သူက လှပသည့်စိတ်ကူးယဉ်ကမ္ဘာတွင်ဖြစ်သည်။ 

ဘေးက ဟွမ်ချင်း လက်ပိုက်ထားသော်လည်း သူမလက်များက ကြီးမားသည့် ရင်ဘတ်အစုံကို ဖုံးကွယ်မထားနိုင်တော့ပါ။ 

ဒီမြင်ကွင်းကိုမြင်သောအခါ သူမပြုံးလိုက်မိသည်။ 

"ဒါကနည်းနည်းခက်မှာကို ကျွန်မစိုးရိမ်မိတယ်...."

လုချန်ရှန်းပြန်ချေပရန် ပြင်နေစဉ်မှာပင် ကျောက်စိမ်းဆွဲသီးက စတင်လင်း၀င်းလာခဲ့သည်။ 

ကျောက်စိမ်းဆွဲသီးက ထုတ်လွှတ်သည့် မှိန်ဝါးဝါးအလင်းကို မြင်ရသောအခါ ဟွမ်ချင်းပြုံးလိုက်မိသည်။ 

လုချန်ရှန်း၏မျက်နှာက တောင့်တင်းသွား၏။ 

မဖြစ်နိုင်တာ.....!

မဖြစ်နိုင်ဘူးလေ၊ သူတို့ထွက်သွားရုံပဲ ရှိသေးတာမလား!

သူယခုလေးတင် သူ့ဘ၀ကို နှစ်ခြိုက်နေပြီး ဟွမ်ချင်းကို ရင်ဆိုင်လိုခြင်းပင်။ 

လုချန်ရှန်းဒါကို ဘယ်လိုကိုင်တွယ်ရမည်နည်း။ 

သူပြန်မချေပနိုင်ခင်မှာပင် မျက်နှာကိုအရင် ရိုက်လိုက်မိသည်။ 

လုချန်ရှန်း၏ မျက်နှာက မီးသွေးကဲ့သို့ မည်းနက်နေသည်။ သူ့မျက်လုံးများက အားကိုးရာမဲ့မှုများနှင့် ကျိန်ဆဲလိုသည့် ဆန္ဒဖြင့် ပြည့်နှက်နေသည်။ ရောထွေးနေသည့် ခံစားချက်များနှင့်အတူ သူကျောက်စိမ်းဆွဲသီးကို အလျင်အမြန် ထုတ်ယူလိုက်၏။ 

မုဖူရှန်းစာပို့ထားသည်။ 

အသေးစိတ်အကြောင်းအရာများက:

ဆရာ၊ ကျွန်တော်တို့ထံမှာ ကြီးမားတဲ့ အရာတစ်ခုခုထပ်ပြီး ဖြစ်လာနိုင်ချေရှိတယ်!

နဂါးငွေ့တန်းကြယ်စင်စုမှာ အဓိကဂိုဏ်းသုံးဂိုဏ်းရှိတယ်၊ သူတို့က စီနီယာရှောင်ဟိုင်ရခဲ့တဲ့ နဂါးရတနာအတွက် သေချာပေါက် တိုက်ခိုက်ကြလိမ့်မယ်!

ဒါက စစ်ပွဲတစ်ခုကို စတင်စေလောက်တယ်၊ ပြီးတော့ ဒီအဓိကဂိုဏ်းသုံးဂိုဏ်းကို ကူညီထောက်ပံ့နေတဲ့ တခြားအင်အားစုတွေလည်း ရှိဦးမယ်!

ဒီအဓိကဂိုဏ်းသုံးဂိုဏ်းက ပထမတန်းစားဂိုဏ်းတွေပဲ၊ သူတို့နောက်ကွယ်မှာ နတ်သခင်အဆင့်ဂိုဏ်းတွေရဲ့ ထောက်ပံ့မှု ရှိလောက်တယ်!

ဒါကိုဖတ်ပြီးသောအခါ လုချန်ရှန်း၏ မျက်နှာက တင်းမာသွားခဲ့သည်။ 

မင်းတို့ အဆင့်မြင့်ကြယ်နယ်မြေကို လေ့ကျင့်ဖို့အတွက် သွားကြရုံပဲရှိသေးတာလေ၊ ချက်ချင်းပထမတန်းစားဂိုဏ်းတွေကို ထိပ်တိုက်တွေ့ခဲ့ကြတာလား!

ဒါ့အပြင် သူတို့က နတ်သခင်အဆင့်ဂိုဏ်းတွေနဲ့ ဆက်စပ်နေနိုင်သေးတာလား!

ဟေး၊ ဟေး၊ ဟေး၊ မင်းတို့ကောင်စုတ်လေးတွေ ပြဿာနာရှာမှာကို ငါနားလည်ပြီးသားဆိုပေမယ့် မင်းတို့အခက်အခဲကို နည်းနည်း လျှော့ချလို့ရမလား!

မုဖူရှန်း၏ခန့်မှန်းချက်က မမှားပေ။ ပထမတန်းစားဂိုဏ်းများတွင် တခြားနောက်ခံများရှိမည်သာ။ 

ထို့နောက် ဒီနောက်ခံများက ပထမတန်းစားဂိုဏ်းများထက် သေချာပေါက်ပိုမြင့်သည့် အဆင့်တစ်ခုတွင် ရှိနေပေလိမ့်မည်။ 

လက်ရှိဖြစ်နိုင်ချေရှိတာက နတ်သခင်အဆင့်ဂိုဏ်းများသာ။ 

ဒီအခိုက်အတန့်၌ ဟွမ်ချင်းစနောက်လိုက်၏။ 

"ရှင့်ပြန်သွားပြီး သူတို့အတွက် အမှိုက်တွေကို ရှင်းဖို့ကူညီပေးဦးမလား"

လုချန်ရှန်း ဟွမ်ချင်းကို မခံချိမခံသာဖြစ်နေသည့် အကြည့်တစ်ခုပို့လွှတ်ပြီးနောက် ပျောက်ကွယ်သွားသည်။ 

လုချန်ရှန်းထွက်သွားပြီးနောက်တွင် လျိုကျိယု တစ်ခုခုကို တွေးမိနေပုံရသည်။ 

"နဂါးငွေ့တန်းကြယ်ဒေသလား၊ အဲဒါက ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်ရှိတဲ့ ကြယ်ဒေသမလား"

ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်က ကျိချန်းယောင်ရှိသည့် ဂိုဏ်းဖြစ်သည်။ 

အမှောင်ပိုင်နက်၏ ကြယ်ငါးပွင့်ကွပ်မျက်သူတစ်ဖြစ်လဲ ကျိချန်းယောင်တွင် ရင်နှစ်သည်းချာရှိနေတာကို လျိုကျိယုသိသည်။ 

တစ်ချိန်တည်းမှာပင် လုချန်ရှန်းအရင်က လုပ်ခဲ့တာကို သူသတိရသွား၏။ 

ယခုခန့်မှန်းကြည့်ရန် လွယ်ကူသွားလေပြီ။

"စီနီယာလုရဲ့ခေါင်းကတော့ ဒီတစ်ကြိမ် နာကျင်ရတော့မယ်ထင်တယ်...."

ဟွမ်ချင်း ဒါကိုကြားရသောအခါ သူမတိတ်တ်တ်ကလေး ရယ်မောနေသည့် လျိုကျိယုအား စိုက်ကြည့်ရင်း တည်ငြိမ်စွာပြောသည်။ 

"သူပြန်လာတဲ့အခါကျရင် နင့်ကိုဘယ်လိုဆက်ဆံမလဲဆိုတာကိုပဲ တွေးသင့်တယ်'

"နင်သူ့ကိုသတိမပေးခဲ့ဘူး၊ သူပြန်လာတာနဲ့ခေါင်းကိုက်လာမှာ ကျိန်းသေတယ်၊ အဲဒီအချိန်ကျရင် သူ့ဒေါသကို နင့်အပေါ် ဖွင့်ထုတ်လိမ့်မယ်"

ဒါကိုကြားသော် လျိုကျိယု ချက်ချင်းရယ်နေတာကိုရပ်ပြီး သူ့အမူအရာက အေးခဲသွား၏။ 

မှန်ပေသည်။ ဒါကအဓိပ္ပာယ်ရှိသည်။ 

လျိုကျိယု ခွန်အားအပြည့်လှည့်ပတ်ကာ နဂါးငွေ့တန်းကြယ်ဒေသသို့ ပြေးသွားပြီး နောက်ဘက်တွင် ထာ၀ရသက်တမ်းကမ္ဘာတစ်ခုလုံးကို ပဲ့တင်ထပ်သွားစေသည့် စိတ်မချမ်းမြေ့ဖွယ်ရာအော်ရာသံတစ်ခုကို ချန်ထားခဲ့သည်။ 

"စီနီယာလု၊ ကျွန်တော့်ကိုစောင့်ဦး၊ ကျွန်တော့်မှာ အရေးကြီးပြောစရာတစ်ခုရှိတယ်"

ဟွမ်ချင်းခေါင်းကိုဖုံးကာ ခေါင်းခါယမ်းမိသည်။ 

"အမှောင်ပိုင်နက်ရဲ့ ကြယ်ငါးပွင့်ကွပ်မျက်သူလား၊ ဒီဦးနှောက်နဲ့...နင့်ခွန်အားအရဆိုရင် သူ့ကိုဘယ်လိုအမီလိုက်နိုင်မှာလဲ"

....

နဂါးငွေ့တန်းကြယ်ဒေသ၊ နဂါးသွေးကြောအပြင်ဘက်တွင် ကောင်းကင်ဘုံစံအိမ်ဂိုဏ်းချုပ်ပြုံးသည်။ 

"ဒီတစ်ကြိမ် ဘယ်ဂိုဏ်းကအနိုင်ရမလဲဆိုတာ ငါသိချင်နေမိတယ်"

ကြက်သွေးရောင်မီးတောက်အိမ်တော်သခင်ကလည်း ပြုံးသည်။ 

"နောက်ဆုံးတစ်ကြိမ်က မင်းရဲ့ကောင်းကင်ဘုံစံအိမ်ဂိုဏ်းမလား၊ ဒီတစ်ခါတော့ ဒါကိုပြောင်းဖို့ အချိန်ကျပြီ"

ငွေနဂါးစံအိမ်သခင်ကကလည်း မုတ်ဆိတ်ကို ပွတ်သပ်ရင်း ရယ်မောသည်။ 

"ဒီတစ်ကြိမ် ငါ့ရဲ့ငွေနဂါးစံအိမ်ကတော့ ယုံကြည်မှုအပြည့်ရှိနေတာန်းပဲ"

"ကလန်ခေါင်းဆောင်ကျင်း၊ ဂိုဏ်းချုပ်ကျိ၊ မင်းတို့က နှစ်များစွာကြာအောင် အနိုင်မရခဲ့ကြသေးဘူးမလား"

မှန်ပေသည်။ရွှေတောင်ပံဂဠုန်ကလန်က လွန်ခဲ့သောနှစ်များစွာအကြာက ကောင်းကင်အဆင့်ရတနာကို ရခဲ့ပြီး တခြားဂိုဏ်းများထက် အမှတ်သာခဲ့သည့် လက်ရှိ ရွှေသစ်ရွက်စစ်တပ်ခေါင်းဆောင်ကို မှီခိုအားကိုးခြင်းကလွဲ၍ တစ်ခါမှ နဂါးသွေးကြောအနိုင်ဆုကို မရခဲ့ပေ။ 

ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်က ပိုဆိုးသည်။ သူတို့ဒါကို တစ်ခါမှ မကြုံကြိုက်ခဲ့ရဖူးပါ။ 

အဓိကဂိုဏ်းသုံးဂိုဏ်းက ကျောက်စိမ်းရေကန် အင်မော်တယ်နန်းတော်နှင့် ရွှေတောင်ပံဂဠုန်ကလန်တို့ကို လှောင်ပြောင်နေသည်မှာ ရှင်းနေသည်။ 

ကျိလျိုချီ၏ အမူအရာကတည်ငြိမ်နေပြီး သူမဘာတစ်ခုမှ မပြောပေ။ 

သူမယခုဘာပဲပြောပြော အသုံးမ၀င်ပါ။ 

ရလဒ်က အားအကောင်းဆုံးပါးစပ်အပြောသာရှိပေလိမ့်မည်။ 

မည်သို့ပင်ဆိုစေကာမူ ကျိချန်းယောင်က လေ့ကျင့်မှုကို အစောကြီးအောင်မြင်ခဲ့ပြီး ရှေးဦးမူလခရမ်းချီကိုပင် သုံးနိုင်နေလေပြီ။ 

နတ်ဘုရင်နယ်ပယ်၌ သူမနှင့် ယှဉ်နိုင်သူမရှိသလောက်ရှားသည်။ 

ကလန်ခေါင်းဆောင်ကျင်း နှာခေါင်းရှုံ့ရင်း ဘာတစ်ခုမှမပြောပေ။ 

ဒါကိုမြင်သော် သူတို့ပြုံးရုံသာပြုံးရင်း ပခုံးတွန့်ကာ လျစ်လျူရှုထားလိုက်တော့သည်။ 

......

တခြားတစ်ဘက်တွင် နဂါးသွေးကြော၌ ခုနှစ်ရောင်စုံအလင်းက လေဟာနယ်ထဲတွင် ပြည့်နှက်နေသည်။ 

မျှော်လင့်ချက်မြင့်မားသည့် ယင်ချီ၊ တင်းကျန်းနှင့် ဝူဟင်တို့မှာ ခုနှစ်ရောင်စုံအလင်းကို ကြည့်ရဆိုးနေသည့် အမူအရာများဖြင့် ကြည့်ရုံသာ တတ်နိုင်ကြ၏။ 

သူတို့အကူအညီမဲ့နေကြသည်။ 

ကျင်းဝူကျင်းနှင့် ကျိချန်းယောင်တို့က သူတို့သုံးယောက်ကို စိုက်ကြည့်ရင်း ရှောင်ဟိုင်ကို စောင့်ကြပ်ပေးနေကြသည်။ 

ဖန်ချန်း မုဖူရှန်းကိုကြည့်ရင်း အသံပို့လိုက်၏။ 

"စီနီယာအစ်ကိုမု၊ ဆရာ့ဆီကို သတင်းပို့ပြီးပြီလား"

မုဖူရှန်းအားကိုးရာမဲ့စွာခေါင်းညိတ်သည်။ 

"ငါဆရာကိုပြောခဲ့တာပေါ့၊ ဒါပေမယ့်...."

ဒီနေရာ၌ မုဖူရှန်းအကြောင်းအရာကို ပြောင်းပစ်ပြီး တိတ်ဆိတ်နေသည့် ယဲ့ချိုးပိုင်ကို ကြည့်ရင်း အသံပို့ကာပြုံးသည်။ 

"အစ်ကိုကြီး ထပ်ပြီး တောင်ကိုရှင်းလင်းရင်း အပြစ်ပေးခံရလိမ့်မယ်"

ယဲ့ချိုးပိုင်ကြက်သေသေသွားသည်။ 

"ငါဘာလုပ်ခဲ့လို့လဲ၊ မင်းငါ့ကို ထပ်ပြီး အပြစ်ခံယူစေချင်တာလား"

ဖန်ချန်းပြောသည်။ 

"ဟုတ်တယ်၊ အစ်ကိုကြီးက ဒီပြဿာနာကို မဖြစ်စေခဲ့ဘူးလေ၊ စီနီယာအစ်ကို ရှောင်ဟိုင်ဖြစ်သင့်တာမလား"

မုဖူရှန်း ဖန်ချန်း၏ ရိုးသားသည့်အမူအရာကို ကြည့်ရင်း ခေါင်းခါယမ်းသည်။ 

"ဂျူနီယာညီလေးဖန်၊ မင်းကအရမ်းရိုးစင်းနေတုန်းပဲ၊ ငါတို့စံအိမ်တော်မှာ ဘယ်သူပဲ ပြဿာနာဖန်တီးပါစေ အစ်ကိုကြီးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ နောက်ဆုံးမှာ အစ်ကိုကြီးကိုပဲ တာ၀န်ယူခိုင်စေပြီး သူ့ကိုပဲ အပြစ်တင်ရမယ်"

ထို့နောက် သူဆက်ပြောသည်။ 

"သူ့ကို အစ်ကိုကြီးဖြစ်လာဖို့ ဘယ်သူတောင်းဆိုခဲ့လို့လဲ၊ အစ်ကိုကြီး၊ အစ်ကိုကြီးရော ဒီလိုမထင်ဘူးလား"

ယဲ့ချိုးပိုင်၏ မျက်နှာက အိုးအောက်ခြေက မီးသွေးအလား မည်းမှောင်သွားခဲ့သည်။ 

သူဒါကို၀န်မခံချင်သည့်တိုင် နောက်ထပ်စကားမပြောချင်တော့ပါ။ သို့သော် မုဖူရှန်းပြောတာကတော့ အမှန်တရားဖြစ်သည်။ 

ဒါကိုတွေးမိသောအခါ ယဲ့ချိုးပိုင် ကောင်းကင်ကို မော့ကြည့်ရင်း သက်ပြင်းချလိုက်၏။ 

ငါဘယ်အချိန်မှာများ သူအပြစ်ဖျန်ဖြေသူရာထူးကနေ ဖယ်ရှောင်နေနိုင်မှာလဲ!

မုဖူဂှန်း သူ့စိတ်ကို ဖတ်နေသည့်အလား ယဲ့ချိုးပိုင်၏ အတွေးများကို ချက်ချင်းဖယ်ရှားစေသည်။ 

"ဒီအကြောင်းကို တွေးတောင်မတွေးနဲ့၊ အစ်ကိုကြီး၊ ဒါကို ဖယ်ရှောင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ အစ်ကိုကြီးရဲ့ကံကြမ္မာကို လက်ခံလိုက်ပါ"

ယဲ့ချိုးပိုင် "....."

ငါတစ်ယောက်တည်းဖြစ်ချင်လိုက်တာ...!

အပိုင်း(991) coming။ 

All Chapters