#နဂါးနှလုံး၊ သွေးကြောလမ်းညွှန်ချက်#
Vol. 70 Ch. 991
ခုနှစ်ရောင်စုံအလင်းထဲတွင် အလွန်အမင်းလှုံ့ဆော်နေသည့် မြင်ကွင်းဟူ၍မရှိဘဲ အဖြူရောင်အဆင်းတစ်ခုတည်းသာရှိသည်။
ဒါ့အပြင် ရှောင်ဟိုင်ရှေ့တွင် ခုန်နေသည့် ဧရာမသွေးနီရောင်နှလုံးကြီးတစ်ခုလည်းရှိသည်။
နှလုံးက အပြင်းအထန်ခုန်ပေါက်နေပြီး နှလုံးခုန်ချက်တိုင်းတွင် ရှောင်ဟိုင်၏ နှလုံးခုန်သံကလည်း ဒီနှလုံးနှင့် စည်းချက်ညီနေပုံရသည်။ ဒါက မိုးကြိုးသံကဲ့သို့ပင်။
ဒီကမ္ဘာကြီးထဲကနေ နဂါးပုံရိပ်ယောင် ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် သိပ်သည်းနေသည့် သွေးအဆီအနှစ်တစ်စက်က နှလုံးထဲတွင် လွင့်မြောနေသည်။
သူ့နှလုံးကနေ အလွန်အမင်းထူထဲကာ သန့်စင်သည့် သွေးကြောအော်ရာတစ်ခုက အသက်၀င်လာသည့်အလား ပေါက်ကွဲသွား၏။
ဒီအော်ရာကို ခံစားကြည့်ရုံမျှနှင့် ဒါက နဂါးနှလုံးဆိုတာ ရှောင်ဟိုင်သိလိုက်သည်။
နဂါးများတွင် ရတနာသုံးခုရှိသည်။
တစ်ခုက ပြောင်းပြန်အကြေးခွံဖြစ်ပြီး နောက်တစ်ခုက သွေးအဆီအနှစ်ဖြစ်သည်။
ကျန်တစ်ခုတဖြစ်လဲ အရေးအကြီးဆုံးအရာက နှလုံးဖြစ်သည်။
နှလုံးက သက်ရှိတိုင်း၏ အရေးအပါဆုံး အစိတ်အပိုင်းပင်။
ဒါက အရေးကြီးလက္ခဏာရပ်များကို ထိန်းသိမ်းပေးထားသည့် အဓိကအင်္ဂါတစ်ခုလည်းဖြစ်သည်။
ထို့ကြောင့် ဒါက ပြောင်းပြန်အကြေးခွံထက် သာလွန်ပြီး ကောင်းကင်အဆင့်ရတနာတစ်ခုဖြစ်လာသည်မှာ သဘာ၀ကျပေသည်။
ဒါကိုတွေးမိသောအခါ ရှောင်ဟိုင် နှလုံးရှိရာသို့ တစ်လှမ်းပြီးတစ်လှမ်းလျှောက်သွားသည်။
ခြေလှမ်းတိုင်းက နဂါး၏နှလုံးခုန်သံတိုင်းနှင့် တွဲဖက်ကိုက်ညီနေသည်။
သူနဂါးနှလုံးနှင့်ပိုနီးလာလေလေ၊ ရှောင်ဟိုင်၏ နှလုံးခုန်နှုန်းက ပို၍လေးလာလေလေဖြစ်သည်။
သူလက်လမ်းမှီသည်အထိ ရှေ့ကို ရောက်လာသောအခါ ရှောင်ဟိုင်လက်ကို ဆန့်ထုတ်ပြီး နဂါးနှလုံးမျက်နှာပြင်အား ထိကြည့်လိုက်၏။
ဒီအခိုက်အတန့်၌ မရေမတွက်နိုင်လောက်သည့် ယှဉ်၍မရနိုင်သော သန့်စင်သည့် သွေးကြောများက နဂါးနှလုံးထဲကနေ သူ့လမ်းမောင်းတစ်လျှောက်မှတဆင့် ရှောင်ဟိုင်ကိုယ်ထဲသို့ လှိမ့်၀င်လာသည်။
ဒါကိုမြင်သော် ရှောင်ဟိုင်အနည်းငယ် ကြက်သေသေသွားသည်။
ဒီထူထဲသည့်သွေးကြောက သူ့သွေးကြောများကို ရုတ်တရက် တိုက်ခိုင်လာမည်ကို ကာကွယ်ရန်အတွက် ရှောင်ဟိုင် သွေးကြောစွမ်းအားကို ချက်ချင်းအသက်သွင်းလိုက်၏။
သို့စေကာမူ နဂါးနှလုံးက ထုတ်လွှတ်သည့် သွေးကြောစွမ်းအားက ရှောင်ဟိုင်၏ ခုခံမှုကို ဂရုစိုက်ပုံမရဘဲ သွေးကြောအော်ရာလှိုင်းများက သူ့ခြေလက်အင်္ဂါများနှင့် အရိုးများကို လှည့်ပတ်ရင်း ရှောင်ဟိုင်နှလုံးကို ဝိုင်းရံထားပြီး ၎င်းနှင့်ပေါင်းစပ်နေသည်။
ဘန်း..! ဘန်း.....! ဘန်း......!
ရှောင်ဟိုင်ကိုယ်ထဲတွင် မိုးကြိုးကဲ့သို့ ဟိန်းသံများက အဆက်မပြတ်မြည်ဟီးလာသည်။
ရှောင်ဟိုင်၏မျက်လုံးများက ပြူးကျယ်သွား၏။ သူနှလုံးကိုဖုံးရင်း ဒူးတစ်ဖက် ထောက်ကျသွားသည်။
ချွေးသီးချွေးပေါက်များက ရှောင်ဟိုင်မျက်နှာပေါ်၌ ချက်ချင်းပေါ်လာပြီး အောက်သို့ စီးကျလာသည်။
ရှောင်ဟိုင်၏ သွေးကြောကို လုချန်ရှန်း အားဖြည့်ပေးထားသော်လည်း ဒါက သူ့နှလုံးကိုလည်း အားဖြည့်ပေးထားသည်ဟု ဆိုလိုနေခြင်းမဟုတ်ပါ။
နှလုံးက အတော်လေးအထိမခံသည့်နေရာဖြစ်သည်။
လုချန်ရှန်းသွေးအဆီအနှစ်စွမ်းအားက အရမ်းအားကောင်းသည်။
သူလုံလောက်အောင် အားမကောင်းသေးခင် နှလုံးကိုအားဖြည့်ရန်အတွက် လုချန်ရှန်း၏ သွေးအဆီအနှစ်ကို သုံးပါက ချက်ချင်းပေါက်ကွဲသွားပေလိမ့်မည်။
သူ့နှလုံးက ယခုအချိန်တွင် နဂါးခြေသည်းကြောင့် ကုတ်ဖဲခံနေရပြီး အချိန်မရွေး သေဆုံးနိုင်သည့်အလား အလွန်အမင်း နာကျင်နေသော်လည်း တစ်ချိန်တည်းတွင် သူ့နှလုံးက မြင်နိုင်သည့်နှုန်းတစ်ခုဖြင့် ပိုပို၍ အားကောင်းလာတာကိုလည်း ရှောင်ဟိုင်ခံစားနိုင်ပါသည်။
နဂါးမျိုးနွယ်များ၏ သွေးကြောက အစွမ်းထက်ပြီး သူတို့ခန္ဓာများက ပြိုင်ဘက်ကင်းရသည့် အဓိကအကြောင်းရင်းတစ်ခုက သူတို့က အင်မတန်အစွမ်းထက်သည့် နှလုံးနှင့်အတူ မွေးဖွားလာခဲ့သောကြောင့်ပင်။
ဒီနဂါးနှလုံး၏ သက်ရောက်မှုက ရှောင်ဟိုင်၏နှလုံးကို အားဖြည့်ပေးနေပုံရသည်။
ရှောင်ဟိုင်သူ့ခန္ဓာကို လွှတ်ပေးလိုက်၏။
သူက သွေးကြောစွမ်းအင်အရူးအမူး စီးဆင်းတာကို မဟန့်တားတော့ဘဲ နှလုံးကို အားဖြည့်ပေးရန်အတွက် ကိုယ်ခန္ဓာထဲ ၀င်ရောက်ခွင့်ပြုလိုက်သည်။
သို့စေကာမူ ဒီလိုနာကျင်မှုမျိုးက သာမန်လူများအတွက် မတောင့်ခံနိုင်သည့် နာကျင်မှုမျိုးပေတည်း။
မရေမတွက်နိုင်လောက်သည့် နာကျင်လှသော ရုပ်ခန္ဓာပြုပြင်မှုများစွာကို တွေ့ကြုံခံစားခဲ့ရသည့် အားကောင်းသည့်ဆန္ဒရှိသော ရှောင်ဟိုင်ကဲ့သို့ သူတစ်ယောက်သာလျှင် နာကျင်မှုကို ခံနိုင်ပြီး နိုးထစေနိုင်သည်။
ဒီအခိုက်အတန့်၌ ရှောင်ဟိုင်၏ နှလုံးက အဆက်မပြတ် အားဖြည့်ခံနေရသည်။
ပထမတစ်ခုက ဗဟိုချက်ဖြစ်သည်။ နဂါးနှလုံး၏ သွေးကြောစွမ်းအင် တိုး၀င်လာပြီးနောက် ၎င်းက အဆက်မပြတ် ပြန်လည် တည်ဆောက်ကာ အားဖြည့်ပေးသည်။
ထို့နောက် နှလုံးကြွက်သားဖြစ်ပြီး ပင်မသွေးလွှတ်ကြောကို ရောက်လာသောအခါတွင်မူ ရှောင်ဟိုင်ရုတ်တရက် နာကျင်စွာ အော်ဟစ်လိုက်မိသည်။
ပင်မသွေးလွှတ်ကြောက အားဖြည့်ခံနေရစဉ် ရှောင်ဟိုင်၏ ခြေလက်အင်္ဂါများနှင့် အရိုးများထဲရှိ သွေးများက စုဆုံသွားပုံရပြီး နှလုံးရှိရာသို့ တိုက်ရိုက်တိုး၀င်လာကြ၏။
ပင်မသွေးလွှတ်ကြောက အဆက်မပြတ် ကျယ်ပြန့်နေပြီး သူ့နှလုံးခုန်သံက ရုတ်တရက်ရပ်သွားသည်။
ရှောင်ဟိုင်၏မျက်လုံးများက တဖြည်းဖြည်း အသက်မဲ့လာသည်။
သို့စေကာမူ သူ့၏လုပ်ဆောင်ချက်အမျိုးမျိုးက ပို၍အသက်၀င်နေခဲ့သည်။
နှလုံးကိုအားဖြည့်ခြင်းက နှစ်ရက်ကြာမြင့်ခဲ့သည်။
နှစ်ရက်အကြာတွင် နဂါးနှလုံးက ပျောက်ကွယ်သွား၏။
သို့စေကာမူ ရှောင်ဟိုင်၏ နာကျင်မှုက မပြီးသေးဘဲ ဆန့်ကျင်ဘက်ပင် အစသာရှိသေးသည်။
သူ့သွေးကြောထဲတွင် လုချန်ရှန်းပိုင်ဆိုင်သည့် ရွှေရောင်သွေးအဆီအနှစ်တစ်စက်မှ အော်ရာအမျှင်စတစ်ခု ခွဲထွက်ကာ နှလုံးရှိရာသို့ ဖြည်းဖြည်းချင်းရွေ့သွားသည်။
ဒုန်း......!
ဒီအော်ရာအမျှင်စက ပင်မသွေးလွှတ်ကြောကနေတဆင့် ၀မ်းဗိုက်ထဲသို့ ၀င်သွားစဉ် မိုးကြိုးကဲ့သို့ ကျယ်လောင်သည့် နှလုံးခုန်သံက လျှပ်စီးများကဲ့သို့စုပြုံးကာ အောက်သို့ ရိုက်ခတ်ရင်း ကမ္ဘာကြီးကို တုန်ခါသွားစေသည်။
ဒီအချိန်မှာပင် ကြီးမားသည့်နှလုံးခုန်သံကြောင့် ခုနှစ်ရောင်စုံအလင်းက ပြိုကွဲသွား၏။
သွေးကြောစွမ်းအင်နှင့် ပြည့်နှက်နေသည့် ရှောင်ဟိုင်၏ခန္ဓာတွင် ကျိချန်းယောင်နှင့် ကျန်သောသူများရှေ့၌ ဖြည်းဖြည်းချင်း ပေါ်လာခဲ့သည်။
ထွက်လာပြီ!
ယင်ချီ၊ တင်းကျန်းနှင့် ဝူဟင်တို့က သူတို့ရှေ့ကမြင်ကွင်းအား ကြည့်ရဆိုးသည့် အမူအရာများဖြင့် ကြည့်နေကြ၏။
ဒီသွေးကြောအော်ရာက အရင်ကထက် အများကြီးပိုအားကောင်းသည်။
ဒီကောင်းကင်အဆင့်လျှို့ဝှက်ရတနာက သွေးကြောကို တကယ်ပဲ ပစ်မှတ်ထားတာလား၊ ဒါက နဂါးမျိုးနွယ်စုဧကရာဇ်သွေးကြောများလား!
ယင်ချီအံကြိတ်ကာ တွေးတောရင်းပြောသည်။
"မင်းငါတို့ကို တကယ်ပဲတားချင်နေတာလား၊ ဒါက တကယ်ပဲ နဂါးဧကရာဇ်သွေးကြောဆိုရင်တော့ စစ်ပွဲတစ်ခုကို ဖြစ်စေလိမ့်မယ်"
ကျိချန်းယောင် ထူးမခြားနားစွာပြောသည်။
"အစကတည်းက ဒါကရှင်နဲ့မဆိုင်ဘူး၊ ရှင့်ဂိုဏ်းစစ်ပွဲတစ်ခုစချင်ရင်လည်း တိုက်ခိုက်ကြတာပေါ့"
"မင်းတို့ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်က နဂါးဧကရာဇ်သွေးကြောတစ်စိတ်တစ်ပိုင်းကို မဝေမျှချင်လို့်များလား၊ အခုဒီကောင်လေးကို ငါတို့သတ်ပစ်သရွေ့ သူ့သွေးကြောကို အညီအမျှခွဲဝေလို့ရပြီ"
ယခုနတ်ဆိုးသခင်၏ သွေးကြောနှင့် နဂါးဧကရာဇ်သွေးကြောစွမ်းအား!
ဒါက သူတို့အတွက် ဘယ်လောက်ပဲ ဆွဲဆောင်အား ကောင်းလေသနည်း!
ဒီအခိုက်အတန့်၌ မူလက ငွေနဂါးစံအိမ်ဘေး၌ ရှိပြီး ယင်ချီနောက်တွင် ရပ်နေသည့် ယဲ့ချိုးပိုင်ရုတ်တရက်ထွက်လာပြီး ယင်ချီနှင့် ဆန့်ကျင်ဘက်တွင် ရပ်လိုက်၏။
"အစ်ကိုကြီးတစ်ယောက်အနေနဲ့ ငါဒါကို မကြားသလိုမျိုးမနေနိုင်ဘူး"
ရှေးဟောင်းဓားအိမ်ပါဓားတစ်လက်က ရုတ်တရက် ယဲ့ချိုးပိုင်လက်ထဲတွင် ပေါ်လာခဲ့သည်။
အစ်ကိုကြီးလား!
ယင်ချီ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
"မင်းဘာကိုဆိုလိုတာလဲ"
ယဲ့ချိုးပိုင်ပြုံးသည်။
"ရိုးရှင်းပါတယ်၊ ရှောင်ဟိုင်က ငါ့ရဲ့ဂျူနီယာညီလေးပဲ၊ စီနီယာအစ်ကိုတစ်ယောက်အနေနဲ့ မင်းငါ့ရဲ့ဂျူနီယာညီလေးကို သတ်ချင်နေတဲ့အချိန်မှာ ငါအားကိုးရာမဲ့စွာ ကြည့်နေလို့မရဘူးလေ"
ဒါကိုကြားသောအခါ ငွေနဂါးဓားစံအိမ်က တပည့်အားလုံး၏ အမူအရာများက အလွန်အမင်း ကြည့်ရဆိုးသွားကြ၏။
ဒီလူက တကယ်ပဲ အရင်နတ်ဆိုးသခင်နဲ့ တစ်ဘက်တည်းမှာလား!
ကျိချန်းယောင် ယဲ့ချိုးပိုင်ကို အံ့ဩသင့်တကြီး ကြည့်လိုက်သည်။
ကျင်းဝူကျင်း ဒီမြင်ကွင်းကို စိတ်၀င်တစား ကြည့်နေသည်။
ဒီအချိန်မှာပင် ဖန်ချန်းနှင့် မုဖူရှန်းတို့ကလည်း ကြက်သွေးရောင်မီးတောက်အိမ်တော်နှင့် ကောင်းကင်ဘုံစံအိမ်ဂိုဏ်းတို့မှ အသီးသီးထွက်လာကြပြီး ယဲ့ချိုးပိုင်နှင့် ဘေးချင်းယှဉ်ကာ ရပ်လိုက်ကြ၏။
သူတို့ဘာတစ်ခုမှ မပြောကြသော်လည်း သူတို့က ဂိုဏ်းတစ်ဂိုဏ်းတည်းက လာကြတယ်ဆိုတာကို နားလည်ရန် လုံလောက်နေလေပြီ။
မည်သို့ပင်ဆိုစေကာမူ ရှောင်ဟိုင်က သူတို့နှင့် အခင်းဖြစ်ပြီးသားပင်။
သူတို့ဆရာကလည်း လာနေပြီဖြစ်လေရာ သူတို့ပန်းတိုင်ကို အောင်မြင်နေပြီဖြစ်သဖြင့် ဆက်လက်သရုပ်ဆောင်နေစရာ မလိုတော့ပါ။
ယဲ့ချိုးပိုင် အရင်ဆုံးကျိချန်းယောင်အား ကျေးဇူးတင်ရန်အတွက် အနည်းငယ် ခေါင်းညိတ်ပြပြီးနောက် ယင်ချီနှင့် ကျန်သောသူများအား ကြည့်ပြီး သူ့အမူအရာက ဖြည်းဖြည်းချင်းအေးစက်သွားသည်။
"ငါတို့ခွန်အားက မင်းတို့ကို မခုခံနိုင်ဘူးဆိုပေမယ့် မင်းတို့ငါ့ရဲ့ဂျူနီယာညီလေးကို တိုက်ခိုက်ချင်တယ်ဆိုရင်တော့ ငါ့အသက်ကိုရင်းပြီး မင်းတို့ကို ငရဲကို ခေါ်သွားနိုင်တယ်ဆိုတာ ယုံလား"
ဒီနေရာ၌ ယဲ့ချိုးပိုင်၏လက်က တိမ်ပြာဓားအိမ်ကို ကိုင်ထားပြီးဖြစ်သည်။
အပိုင်း(992) coming။