← Chapters

#‌ဂျူနီယာညီလေးဖန်က အတော်လေးအရှက်မဲ့တာပဲ#

Vol. 70 Ch. 992

#‌ဂျူနီယာညီလေးဖန်က အတော်လေးအရှက်မဲ့တာပဲ#

Vol. 70 Ch. 992

အမှန်ပြောရပါက ယဲ့ချိုးပိုင် ငွေနဂါးစံအိမ်ကို ၀င်တုန်းကဖြစ်‌စေ၊ မုဖူရှန်း ကောင်းကင်ဘုံစံအိမ်ကို ၀င်စဉ်ကဖြစ်စေ၊ ကြက်သွေးရောင်မီးတောက်အိမ်တော်ကို ၀င်ခဲ့သည့် ဖန်ချန်းဖြစ်စေ မည်သူမှ ဒီမြင်ကွင်းကို မမျှော်လင့်ထားခဲ့ကြပေ။ 

မည်သူကမှ သူတို့က အမှန်တကယ် ဂိုဏ်းတစ်ဂိုဏ်းတည်းက ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ 

ထိုအချိန်က ယဲ့ချိုးပိုင်၊ မုဖူရှန်းနှင့် ဖန်ချန်းတို့၏ ထပ်ပေါင်းဖြည့်ခြင်းက ဒီဂိုဏ်းသုံးဂိုဏ်းကို ထိတ်လန့်သွားစေခဲ့သည်။ 

ယဲ့ချိုးပိုင်က ငွေနဂါးစံအိမ်ကို ဆွဲဆောင်ခဲ့သည်။ ငွေနဂါးစံအိမ်၏ ရတနာက ငွေနဂါးစံအိမ်တည်ထောင်သူ၏ ဓားဖြစ်ပြီး ငွေနဂါးဓား၏ ပဲ့တင်သံကို ဆွဲဆောင်နိုင်ခဲ့သည်။ 

ဂိုဏ်း၏ တည်ထောင်သူအပြီးတွင် ငွေနဂါးစံအိမ်တစ်ခုလုံးက မည်သူမှ ငွေနဂါးဓား၏ ပဲ့တင်သံနှင့် တုံ့ပြန်မှုကို အစမပျိုးနိုင်ခဲ့ကြပါ။ 

သို့စေကာမူ ယဲ့ချိုးပိုင် ငွေနဂါးစံအိမ်ကို ၀င်လိုက်သည့် အခိုက်အတန့်၌ ငွေနဂါးဓားက လှုပ်ရှားလာခဲ့သည်။ 

ငွေနဂါးစံအိမ်တစ်ခုလုံးက ခမ်းနားသည့်ဓားဆန္ဒတစ်ခုထဲသို့ ကျသွားပြီး ဓားဟိန်းသံက ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့သည်။ 

မုဖူရှန်းကရော!

ကောင်းပင်ဘုံစံအိမ်ဂိုဏ်းကို ၀င်ခဲ့သည့် ဒီအဆောင်သခင်က ကောင်းကင်ဘုံစံအိမ်ဂိုဏ်းက အားအကောင်းဆုံးအဆောင်သခင်၏ တိုက်ရိုက်အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် သူနှင့်လည်း ဆွေးနွေးနိုင်ခဲ့သည်။ 

တကယ်တမ်းတွင် ကောင်းကင်ဘုံစံအိမ်ဂိုဏ်းက အဆောင်တာအိုသခင်က တာအိုအဆောင်တစ်ချို့ကို မုဖူရှန်းနှင့် ဆွေးနွေးတိုင်ပင်ရန်ပင် လိုအပ်ခဲ့သည်။ 

ဖန်ချန်းက ကြက်သွေးရောင်မီးတောက်စံအိမ်သမိုင်းရှိ အကောင်းဆုံးစံချိန်ကို ချိုးဖျက်ခဲ့သည်။ 

သူ ကြက်သွေးရောင်မီးတောက်အစီအရင်၏ တတိယအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး ဒါက ဂိုဏ်းကို အင်မတန်ပင် စိတ်မလှုပ်ရှားစေခဲ့သည်။ 

ဘယ်ဂိုဏ်းကများ ပါရမီရှင်များကို သဘောမကျဘဲ နေလေသနည်း။ 

ပါရမီရှင်များက ဂိုဏ်း၏အနာဂတ်၊ ဂိုဏ်း၏ မျိုးစေ့များပင်ဖြစ်သည်။ 

အစေ့များက အမြစ်တွယ်လာပြီး ပေါက်လာသောအခါ ဒီဂိုဏ်း၏အခြေခံအဖြစ် ဆောင်ရွက်နိုင်သော ဧရာမသစ်ပင်ကြီးတစ်ပင်ဖြစ်လာပြီး မကြုံစဖူးအမြင့်တစ်ခုကို ဆောင်ကြဉ်းပေးနိုင်ပါသည်။ 

ဒါကိုမြင်သောအခါ ကျိချန်းယောင် ရယ်ချင်လာရသည်။ 

နဂါးငွေ့တန်းကြယ်စင်စု၌ ရုတ်တရက် ပါရမီရှင်အများအပြား ပေါ်ပေါက်လာသည်မှာ အံ့ဩသင့်စရာမရှိတော့။ 

သူတို့အားလုံးက စီနီယာလု၏ တပည့်များဖြစ်နေကြသည်။ 

ထို့နောက် သူမကျင်းဝူကျင်းအား စိုက်ကြည့်ရင်းမေးသည်။ 

"ရှင်တို့ရွှေတောင်ပံဂဠုန်ကလန်က ဒါကို အစောကြီးကတည်းက သိသင့်တာမလား၊ ရှင့်ဘယ်လိုထင်လဲ"

ကျိချန်းယောင်ဆိုလိုနေတာက ရှောင်ဟိုင် ရွှေတောင်ပံဂဠုန်ကလန်ကို ၀င်လာတာက သေချာပေါက် ယာယီအတွက်သာဖြစ်သလို နဂါးသွေးကြောအတွက်သာဖြစ်သည်ကို ပြောနေခြင်းပင်။ 

ဒါက ရွှေတောင်ပံဂဠုန်ကလန်အတွက် အရမ်းကြီးတော့ အကျိုးမရှိပေ။ 

ကျင်းဝူကျင်းပြုံးကာလက်ဝှေ့ယမ်းသည်။ 

"သေချာပေါက်ငါသိတာပေါ့၊ ငါတို့ရွှေတောင်ပံဂဠုန်ကလန်က ငွေနဂါးစံအိမ်နဲ့ မတူးဘူး"

"အိုး" ကျိချန်းယောင် သူမ၏ လှပသော မျက်ခုံးလေးများအား ပင့်လိုက်မိသည်။

"ဘာလို့ဒီလိုပြောရတာလဲ"

"အရင်နတ်ဆိုးသခင်က အရမ်းအစွမ်းထက်တယ်၊ အခုသူက ပိုကြီးကျယ်တဲ့ပါရမီနဲ့ ပြန်လာပြီဆိုတော့ သူက ပူးပေါင်းဆောင်ရွက်တာက သဘာ၀ကျတယ်လေ"

ကျိချန်းယောင်နားလည်စွာ ခေါင်းညိတ်သည်။ 

"ရှင့်တို့ ရွှေတောင်ပံဂဠုန်ကလန်က သစ်ပင်ကြီးတစ်ပင်ပေါ် တွယ်တက်ခဲ့တာပဲ"

ကျင်းဝူကျင်းပြုံးသည်။ 

"ငါတို့သူကြီးထွားလာပြီး နတ်ဆိုးဘုရင်ပိုင်နက်ကို ပြန်လည်ရယူမှာကို စောင့်နေတုန်းပါပဲ"

ဒါကိုကြားသော် ကျင်းဝူကျင်းနားလည်မှုလွဲသွားတာကို ကျိချန်းယောင်သိလိုက်သည်။ 

သူမရည်ညွှန်းခဲ့သည့် သစ်ပင်ကြီးဆိုတာက ရှောင်ဟိုင်နှင့် နတ်ဆိုးဘုရင်ပိုင်နက်မဟုတ်ဘဲ သူ့နောက်က လူပေတည်း။ 

သို့စေကာမူ ကျိချန်းယောင်မရှင်းပြပေ။ 

ရှောင်ဟိုင်က စီနီယာလုတပည့်ဖြစ်နေတာကို သိသွားချိန်တွင် ကျင်းဝူကျင်း၏ အမူအရာ ဘယ်လိုဖြစ်သွားမလဲဆိုတာကို သူမမြင်ချင်ပါသေးသည်။ 

အရင်က သေမျိုးကျေးရွာတွင် လုချန်ရှန်း၏ နည်းစနစ်များကို ကျင်းဝူကျင်းလည်း မြင်တွေ့ခဲ့ရသည်။ 

.....

ဒီအခိုက်အတန့်၌ မုဖူရှန်း သိုလှောင်လက်စွပ်ထဲကနေ မရေမတွက်နိုင်လောက်သည့် အဆောင်များကို အားကိုးရာမဲ့စွာ ထုတ်ရင်း ယဲ့ချိုးပိုင်ဘေးတွင်ရပ်ကာ ယဲ့ချိုးပိုင် တိမ်ပြာဓားလက်ကိုင်ကို ထိနေတာကို ကြည့်နေသည်။ 

အဆောင်များက ဘက်ပေါင်းစုံသို့ လွင့်မြောသွားကြပြီး မုဖူရှန်းပတ်လည်က လည်ပတ်ရင်း သူ့ကို မုန်တိုင်းမျက်လုံးအဖြစ် သုံးကာ အ‌ဆောင်များကနေတဆင့် သိပ်သည်းပြီး မုန်တိုင်းတစ်ခုဖန်တီးသည်။ 

အဆောင်ကနေ အဖျက်မိုးကြိုးစွမ်းအားကို အဆက်မပြတ် ထုတ်လွှတ်နေသည်။ 

တစ်ခဏအကြာတွင် ကမ္ဘာကြီးတစ်ခုလုံးက မှောင်မိုက်သွားပုံရပြီး မိုးကြိုးများက ကောင်းကင်၌ လိမ့်တက်လာကြ၏။ 

"အစ်ကိုကြီး၊ နောက်တစ်ခါ ဒီလိုစိတ်လှုပ်ရှားစရာအရာတစ်ခုခုကို လုပ်တဲ့အခါကျရင် ကျွန်တော့်ကို ကြိုတင်သတိပေးလို့ရမလား"

မုဖူရှန်းအကူအညီမဲ့စွာပြောသည်။ 

"ဒီလိုကစားရတာက ကျွန်တော့်နှလုံးသားကို တကယ်မကောင်းသလို ခံစား‌ရစေတယ်"

ဖန်ချန်း စံအိမ်တော်ကို ၀င်သည်မှာ ခေတ္တခဏကြာမြင့်နေပြီဖြစ်သလို အစ်ကိုကြီး၊ မုဖူရှန်းနှင့် ရှောင်ဟိုင်နောက်က လိုက်လာခဲ့သဖြင့် ယဲ့ချိုးပိုင်၏ စရိုက်ကို တဖြည်းဖြည်းနားလည်လာပြီဖြစ်သည်။ 

သူပြုံးလိုက်၏။ 

"တစ်ခါတစ်လေ ဒီလိုအရာမျိုးတွေက ရှောင်လွှဲလို့မရဘူး၊ စီနီယာအစ်ကိုမု ဒါကို အရင်ကတည်းက ကျင့်သားရခဲ့သင့်တာ"

သူစကားပြောနေစဉ် ဖန်ချန်း မြင့်မြတ်အစီအရင် အကျဉ်းထောင်ခန္ဓာကျင့်စဉ်နှင့် အစီအရင်ဝိဉာဉ်ဖန်တီးခြင်း ခန္ဓာတို့ကို အသက်သွင်းလိုက်၏။ 

အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်နှင့် အင်မော်တယ်တွေ့ဆုံခြင်း ပုံရိပ်ယောင်အစီအရင်တို့က စတင်သိပ်သည်းလာကြသည်။ 

မုဖူရှန်းမျက်လုံးလိမ့်လိုက်မိသည်။ 

"ဒီလိုအရာမျိုးတွေနဲ့ ငါကျင့်သားမရနိုင်ဘူး"

ဒီလိုအရာမျိုးနှင့် သူကျင့်သားမရချင်ပေ။ 

မုဖူရှန်းတွင် ဘ၀ပန်းတိုင်တစ်ခုရှိပြီး ဒါက အစ်ကိုကြီးနှင့် အစ်ကိုရှောင်ဟိုင်တို့၏ လက်ရှိရဲရဲတင်းတင်းပြုမူတတ်သည့် အကျင့်များကို ပြောင်းပေးရန်ပင်။ 

ကံဆိုးစွာပင် ဒီပန်းတိုင်က အိပ်မက်တစ်ခုဟုသာ ဆုံးဖြတ်၍ရနိုင်သည့်အသွင်။ 

ဒါကအဝေးကြီးတွင် ရှိနေသည်ဟုပင် မဆိုနိုင်ဘဲ လုံး၀မဖြစ်နိုင်ခြင်းဖြစ်သည်။ 

ဖန်ချန်း အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်နှင့် အင်မော်တယ်တွေ့ဆုံခြင်း ပုံရိပ်ယောင်အစီအရင်ကို သိပ်သည်းစေသောအခါ ကောင်းကင်ဘုံစံအိမ်ဂိုဏ်းနှင့် ကြက်သွေးရောင်မီးတောက် အိမ်တော်က လူတိုင်း ကြက်သေသေသွားကြ၏။ 

ထို့နောက် သူတို့တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား သူတို့အမူအရာများက အကြီးအကျယ်ပြောင်းလဲသွားကြသည်။ 

ဝူဟင်အော်ဟစ်သည်။ 

"မင်းက အဲတုန်းက နဂါးပြောင်းပြန်အကြေးခွံကို ခိုးခဲ့သူမလား"

တင်းကျန်း၏ အမူအရာကလည်း အလွန်အမင်း ကြည့်ရဆိုးနေပြီး ဒေါသတကြီးအော်ဟစ်သည်။ 

"ပြောင်းပြန်အကြေးခွံဘယ်မှာလဲ၊ မြန်မြန်ပြန်ပေးစမ်း"

သူတို့က အင်မော်တယ်တွေ့ဆုံခြင်း ပုံရိပ်ယောင်အစီအရင်ရဲ့အော်ရာနှင့် အတော်လေးရင်းနှီးကြသည်။ 

ပြောင်းပြန်အကြေးခွံ အခိုးခံရပြီးနောက် အင်မော်တယ်တွေ့ဆုံခြင်း ပုံရိပ်ယောင်အစီအရင်၏ အော်ရာက သူတို့စိတ်ထဲတွင် နင်နက်ရှိုင်းရှိုင်း ထွင်းထုခံလိုက်ရသည်။ 

နဂါးသွေးကြောပြီးသွားသောအခါ သူဒီအကြောင်းကို ဂိုဏ်းကိုအစီရင်ခံတင်ပြပြီး ဂိုဏ်းက အဆင့်မြင့်လူများကို ထိုလူများအား ရှာဖွေရန်အတွက် စုရုံးရန်ပင် တွေးတောခဲ့သည်။ 

သို့စေကာမူ ရာဇ၀တ်သားက ယခုသူတို့ရှေ့တွင် ရှိနေသည်။ 

ဖန်ချန်းဒီအတွက်ကြောင့် အံ့ဩသင့်သွားခြင်းမရှိဘဲ ယင်းအစားတည်ငြိမ်စွာ ပြန်ဖြေသည်။ 

"ရတနာဆိုတာ တတ်စွမ်းနိုင်သူရဲ့ ပိုင်ဆိုင်မှုဖြစ်မှာပဲ၊ မင်းတို့မျက်စိအောက်မှာ ပြောင်းပြန်အကြေးခွံကို ငါတို့ လုယူတာက ပြဿာနာရှိလို့လား"

ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့လှည့်ကာ ဖန်ချန်းအား နက်ရှိုင်းစွာ စိုက်ကြည့်လိုက်၏။ 

ဂျူနီယာညီလေးဖန်က အတော်လေးအရှက်မဲ့လှသည်ဟု သူတို့ရုတ်တရက် နားလည်သွားကြသည်။ 

ဒီနေရာတွင် မုဖူရှန်းခေါင်းကိုကိုင်ပြီး သက်ပြင်းချရင်း ဖန်ချန်း၏ စကားလုံးများအတိုင်း ပြောလိုက်သည်။ 

"ဒါကမင်းတို့ဆီကနေ အကြာကြီးဖုံးကွယ်ထားဖို့ ငါ့မှာရည်ရွယ်ချက်မရှိဘူးဆိုပေမယ့် မင်းတို့က ပြောင်းပြန်အကြေးခွံကို မပေးနိုင်ဘူး၊ ဘယ်လိုပဲဆိုဆို ငါတို့က ရန်သူတွေ ဖြစ်လာကြပြီပဲလေ"

"ဟမ့်" ဝူဟင်နှာခေါင်းရှုံ့ရင်း ဓားရှည်ကို ဆွဲထုတ်လိုက်၏။ နတ်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်အော်ရာက ပေါက်ကွဲထွက်လာခဲ့သည်။ 

"ဒီလိုဆိုမှတော့ ငါမင်းတို့ကိုဖမ်းပြီး ပြောင်းပြန်အကြေးခွံဘယ်မှာလဲဆိုတာကို သိရဖို့အတွက် ဝိဉာဉ်ရှာဖွေနည်းကို သုံးရတော့မှာပေါ့"

တင်းကျန်း လှံကိုတင်းတင်းကိုင်ထားပြီး ကျိချန်းယောင်အား ကြည့်ကာမေးသည်။ 

"မင်းအခုငါတို့ကို ထပ်ပြီး မတားဆီးတော့ဘူးမလား"

သို့စေကာမူ ကျိချန်းယောင် စိတ်ရှုပ်ထွေးနေသည့်အမူအရာတစ်ခုကို ဖော်ထုတ်ပြသရင်း အနည်းကယ်ခေါင်းငဲ့ကာမေးသည်။ 

"ဘာလို့ကျွန်မက မတားဆီးရမှာလဲ၊ သူတို့ပြဿာနာရှိနေသရွေ့ မှန်၊ မမှန် ကျွန်မ အစွမ်းကုန်ကူညီမှာပဲ"

ကျိချန်းယောင်၏ စကားလုံးများကို ကြားသောအခါ တင်းကျန်း သွေးအန်လုနီးပါးပင်ဖြစ်သွားခဲ့သည်။ 

ကျင်းဝူကျင်းကလည်း ကြက်သေသေသွားပြီးနောက် မေးသည်။ 

"သူတို့က တကယ်ပဲမင်းနဲ့ဘယ်လို သက်ဆိုင်တာလဲ၊ ဘာလို့မင်းက သူတို့ကို ကလေးတွေလို ဒီလောက်ကာကွယ်ပေးနေရတာလဲ"

ကျိချန်းယောင်တည်ငြိမ်စွာပြောသည်။ 

"အချိန်တန်ရင် ရှင့်သိလာမှာပါ"

မုဖူရှန်း ကျိချန်းယောင်ကို အထိတ်တလန့် ကြည့်ရင်း တွေးလိုက်မိသည်။ 

ဆရာဘာလုပ်ခဲ့တာလဲ!

ကျောက်စိမ်းရေကန် အင်မော်တယ်နန်းတော်ရဲ့ သူတော်စင်မိန်းမပျိုကို သူ့ကို ဒီလောက်ထိ ချစ်မြတ်နိုးလာအောင် ဆရာ ဘယ်လိုစွပ်ပြုတ်မျိုးတိုက်ပြီး ညို့ယူဖမ်းစားခဲ့တာလဲ!

အပိုင်း(993) coming။ 

အပိုင်း(994) coming။ 

All Chapters