#ကျိချန်းယောင် သုံးယောက်တစ်ယောက်တိုက်ခိုက်ခြင်း#
Vol. 70 Ch. 993
နဂါးသွေးကြောထဲကနေ အတင်းတယ်လီပို့ဆောင်ခံရရန်အတွက် ရက်တစ်၀က်ခန့်သာလျှင် ကျန်တော့သည်။
ရှောင်ဟိုင်၏ပြောင်းလဲမှုက ဆက်လက်ဖြစ်နေဆဲပင်။
သွေးအမျှင်စများက ရှောင်ဟိုင်ကိုယ်မျက်နှာပြင်၌ ဆက်လက်ပေါ်လာနေပြီး သွေးပြန်ကြောများက လိမ်ယှက်ကာ ရှောင်ဟိုင်ကိုယ်ပေါ်သို့ ဆက်လက်တွယ်တက်နေကြ၏။
သွေးကြောအော်ရာက အနီရင့်ရောင်ရှိပြီး ရှောင်ဟိုင်အား ရုပ်လုံးရှိသည့်အလား ဝိုင်းရံထားသည်။
သို့စေကာမူ ဒီတစ်ကြိမ်တွင် နတ်ဆိုးဘုရင်သွေးကြောတင်မဟုတ်ဘဲ ဒီနဂါးသွေးကြောအော်ရာအမျှင်စ၏ တည်ရှိမှုလည်းရှိသည်။
သို့သော် ပို၍ကြောက်မက်ဖွယ် ကောင်းသည့်အရာက ရှောင်ဟိုင်နှလုံးထဲတွင် ရွှေရောင်အလင်းက သေးငယ်သည့်တိုင် အနီရင့်ရောင်သွေးကြောအော်ရာ၏ ၀န်းရံခြင်းကို ခံထားရသည့်တိုင် ရပ်တည်နေခြင်းပင်။ သေးငယ်သည့် ရွှေရောင်အလင်းက နတ်ဆိုးဘုရင်သွေးကြောနှင့် နဂါးမျိုးနွယ်သွေးကြောပေါင်းစပ်မှုအောက်တွင် အဓိကနေရာကို သိမ်းပိုက်ထားနိုင်သည်။
ထုတ်လွှတ်နေသည့် ဆန်းကြယ်သည့်အော်ရာက သွေးကြောနှစ်ခုပေါင်းစပ်မှုကို ဖြည်းဖြည်းချင်း လွှမ်းမိုးသွား၏။
....
အောက်တွင် ယင်ချီ၊ ဝူဟင်နှင့် တင်းကျန်းတို့ ဒီမြင်ကွင်းကို စိတ်အားထက်သန်စွာ ကြည့်ရင်း သူတို့၏မျက်လုံးများက နီရဲနေကြ၏။
အကယ်၍ ဒီကောင်းကင်အဆင့်ပစ္စည်းကသာ သူတို့လက်ထဲကျလာပါက သူတို့ခွန်အားကို အကြီးအမားတိုးလာစေပြီး သူတို့ပါရမီ၏ အထက်အဆင့်အကန့်အသတ်ကို မြင့်မားစေလိမ့်မည်။
သူတို့အတွက် အနာဂတ်တွင် နတ်သခင်နယ်ပယ်ကိုပင် တက်လှမ်းရန်အတွက် ဖြစ်နိုင်ချေရှိသည်။
ဒါကို တွေးမိသောအခါ ယင်ချီ ကျိချန်းယောင်အား ကြည့်ပြီး သုံးပေရှည်ဓားကို ကိုင်ကာ ဖြည်းဖြည်းချင်း သုတ်လိုက်စဉ် အေးစက်လင်း၀င်းသည့် အလင်းတစ်ခုကို ထုတ်လွှတ်သည်။
"မင်းတကယ်ပဲ ငါ့ကိုခွင့်ပြုရမှာလဲ"
ကျိချန်းယောင်ပြန်မေးသည်။
"ဘာလို့ခွင့်ပြုရမှာလဲ"
ယင်ချီ မည်းမှောင်သည့်အမူအရာဖြင့် ခေါင်းညိတ်သည်။
"ဒီလိုဆိုမှတော့ ကျောက်စိမ်းရေကန် သူတော်စင်မိန်းမပျိုက ဘယ်လောက်ထိ အားကောင်းသလဲဆိုတာ ငါစမ်းသပ်ကြည့်ချင်တယ်"
ဘေးက ဝူဟင်ကလည်း ဓားကိုကိုင်ထားသည်။
"သူတော်စင်မိန်းမပျိုကျိ ငါတို့ကို တားဆီးချင်တယ်ဆိုမှတော့ သူ့ကိုဖျက်ဆီးပစ်တဲ့အတွက် ငါတို့ကိုအပြစ်မတင်ပါနဲ့"
တင်းကျန်း နှာခေါင်းရှုံ့သည်။
"သူကမိန်းမတစ်ယောက်ပဲလေ၊ မင်းတို့ ကောင်းကင်အဆင့်ရတနာနဲ့ ပြောင်းပြန်အကြေးခွံကို ရပြီး ခွန်အားက တိုးလာမယ်ဆိုရင် ဘာမရနိုင်တာရှိလို့လဲ"
ကျင်းဝူကျင်း လက်ကောက်၀တ်ကို ချိုးလိုက်၏။
"ဟေး၊ ဟေး၊ မင်းတို့ ငါ့ကို အလေးအနက် မမှတ်ယူကြတာလား"
ယင်ချီနှင့် ကျန်သောသူများ၏ အမူအရာများက ကြည့်ရဆိုးသွားကြ၏။
သူတို့သုံးယောက်က ရှေးဦးမူလခရီးချီဖြင့် နတ်အင်ပါယာနယ်ပယ်ကို ယာယီတက်လှမ်းသွားခဲ့သည့် ကျိချန်းယောင်ကို တိုက်ခိုက်ကောင်း တိုက်ခိုက်နိုင်သော်လည်း ကျင်းဝူကျင်းသာ ပါ၀င်လာမည်ဆိုပါက အနိုင်ရရန် အခွင့်အလမ်းမရှိလောက်ပါ။
ကျင်းဝူကျင်း၏ ခွန်အားကိုလည်း လျှော့တွက်၍မရပေ။
မည်သို့ပင်ဆိုစေကာမူ သူက ရွှေတောင်ပံဂဠုန်သွေးကြောကို ပြီးပြည့်စုံစွာ အမွေရထားသည် မဟုတ်ပေလော။
သို့စေကာမူ ကျိချန်းယောင် လက်ဝှေ့ယမ်းသည်။
"ရှင့်ဘာမှလုပ်စရာမလိုပါဘူး၊ တိုက်ဆိုင်စွာပင် ကျွန်မဘယ်လောက်ထိ ကျွမ်းကျင်လာပြီး ဘယ်လောက်ဝေးဝေးသွားနိုင်မလဲဆိုတာ သိချင်မိတယ်"
သူမဘယ်လောက်ထိ ဖမ်းဆုပ်နိုင်မလဲဆိုတာက ရှေးဦးမူလခရမ်းချီကို သူမဘယ်လောက်ထိ ဖမ်းဆုပ်နိုင်မလဲဆိုတာကို ရည်ညွှန်းနေခြင်းပင်။
ဒါကိုကြားသော် ကျင်းဝူကျင်း လက်အစုံကို ဖြန့်လိုက်သည်။
"ဒီလိုဆိုမှတော့ ငါဘေးကနေ ကြည့်နေရတော့မှာပေါ့"
ယင်ချီနှာခေါင်းရှုံ့သည်။
"မင်းကနည်းနည်းမောက်မာသားပဲ"
သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ရပ်နေသည့်နေရာ၌ အေးစက်သည့် အလင်းတန်းတစ်ချက် ဖြတ်သန်းသွားပြီးနောက် ပျောက်ကွက်သွား၏။
အေးစက်သည့်အလင်း ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် ဒါကိုဖြစ်စေသည့် ပုံရိပ်ကလည်း တစ်ချိန်တည်းတွင် ပျောက်ကွယ်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း သူကျိချန်းယောင်ရှေ့တွင် ပေါ်လာပြီး လက်ထဲက သုံးပေရှည်ဓားနှင့် ထိုးစိုက်ပစ်သည်။
ထို့နောက်သူဒေါသတကြီးအော်ဟစ်သည်။
"ဓားအေးစက်အလင်းဖိနှိပ်ခြင်း"
တစ်ချိန်တည်းမှာပင် တင်းကျန်းနှင့် ဝူဟင်တို့ကလည်း ကျိချန်းယောင်၏ ဘေးနှစ်ဘက်တွင် ပေါ်လာကြပြီး အားအကောင်းဆုံး တိုက်ခိုက်မှုများကို ထုတ်လွှတ်ကာ ကျိချန်းယောင် ရှောင်ရှားမည့်နေရာအား ပိတ်ဆို့ပစ်သည်။
ယင်ချီ အကြည့်ကျရောက်လာတိုင်း သူ့ရှေ့တွင် အေးစက်သည့်အလင်းများရှိပြီး အလင်းတိုင်က အဆုံးမဲ့အင်မော်တယ်ဓားဆန္ဒများကို သယ်ဆောင်ထားကာ အလွန်အမင်းထက်ရှသည်။
ဘယ်ဘက်ကို တစ်ချက်စိုက်ကြည့်လိုက်စဉ် တင်းကျန်းက လှံကိုကိုင်ပြီး ကျိချန်းယောင်ကို အပေါ်ကနေ အောက်ထိ ထိုးစိုက်သည်။
၎င်းတွင် ကမ္ဘာကြီးကို ဖျက်ဆီးနိုင်သည့် စွမ်းအားပါရှိသည်။ လှံတစ်ချောင်းနှင့် အရာရာတိုင်းက ဖျက်ဆီးခံရသည်။
ညာဘက်ရှိ ဝူဟင်၏ဓားကမူ ယင်ချီ၏ ဓားလမ်းစဉ်နှင့် လုံး၀မတူပေ။
ယင်ချီက မြန်ဆန်ကာထက်ရှပြီး တခြားတစ်ဘက်တွင် ဝူဟင်ကမူ အားမာန်တက်ကြွသည်။
အဖျက်မီးတောက်များက ဓားကိုရစ်ပတ်ထားပြီး ဓားတစ်ချက်ဝှေ့ယမ်းစဉ် မီးပင်လယ်တစ်ခုပမာ ဆင်းသက်လာကာ ဖြတ်သန်းသွားသည့်နေရာတိုင်းက လောင်ကျွမ်းသွား၏။
သူတို့သုံးယောက်စလုံးက ပထမတန်းစားဂိုဏ်းများမှ ပါရမီရှင်များဖြစ်သည်။
သူတို့ပါရမီနှင့် ခွန်အားကို ထည့်ပြောနေစရာပင်မလိုပေ။
သို့စေကာမူ လက်ရှိကျိချန်းယောင်က မည်သည့်ဖိအားကိုမှ ခံစားနေရပုံမပေါ်ဘဲ သူမ၏ ကြယ်ပုံသဏ္ဍာန်မျက်လုံးများက တည်ငြိမ်နေသည်။
အစိမ်းရောင်မျက်နှာဖုံးနှင့် ဖုံးထားသည့် သူမ၏မျက်နှာက မလှုပ်မယှက်ရှိနေဆဲပင်။
ကျိချန်းယောင် လက်ချောင်းလေးကို လှုပ်ယမ်းသောအခါ ရုတ်ချည်းဆိုသလို သူမ၀န်းကျင်က ပိုးသားမျှင်က နတ်ဆိုးအုပ်စုတစ်စုပမာ ကခုန်ရင်း သုံးယောက်စလုံး၏ တိုက်ခိုက်မှုကို ဆီးကြိုနေသည်။
စိတ်ကူးကြည့်၍ပင် မရနိုင်တာက ကမ္ဘာကြီး၏ အမြင်ထဲတွင် ဒါက ပေါ့ပါးပြီး အထိမခံနိုင်ခြင်းပင်။
ဒီအခိုက်အတန့်၌ ဒါက ကျိချန်းယောင် လက်ထဲတွင် အထက်ရှဆုံးသတ်ဖြတ်ခြင်း လက်နက်အဖြစ် ပြောင်းလဲသွားပုံရပြီး ရှေးဦးမူလခရမ်းချီက ဒါကို လွှမ်းခြုံသွား၏။
သူတို့သုံးယောက် ပို၍ပင် ထိတ်လန့်သွားပြီး သူတို့၏ အမူအရာများက တဖြည်းဖြည်း ထိတ်လန့်မှုအဖြစ် ကူးပြောင်းသွားခဲ့သည်။
အရင်က သူတို့ ပိုးသားမျှင်စွမ်းအားကို မခံစားဖူးပေ။
ယခုထိပ်တိုက်ရင်ဆိုင်သောအခါ သူတို့ တကယ့်စင်စစ်ဖိအားကို ခံစားနေရသည်။
ဒါကသူတို့ကိုယ်ထဲက တာအိုနိယာမစွမ်းအားကို ဖိနှိပ်ထားပြီး ပိုးသားမျှင်က လွင့်မြောနေကာ သတ်ဖြတ်လိုသည့်ပုံပေါ်သည်။
သို့စေကာမူ သူတို့သုံးယောက်၏ တိုက်ခိုက်မှုများက တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့သည်။
ယခုအချိန်တွင် ရှေးဦးမူလခရမ်းချီဖြင့် ဖုံးထားသည့် ပိုးသားမျှင်က ရပ်မသွားဘဲ ယင်းအစား ၎င်း၏စွမ်းအားကို ပြန်လည်စုစည်းပြီး သူတို့သုံးယောက်အား တိုက်ခိုက်လာသည်။
ဒါကိုမြင်သော် ယင်ချီနှင့်ကျန်နှစ်ယောက်တွင် ထိတ်လန့်နေသည့်အမူအရာများ ရှိနေကြသည်။
သူတို့ရဲ့အားအကောင်းဆုံးတိုက်ခိုက်မှုက အလွယ်တကူ ချိုးဖျက်ခံလိုက်ရလေသလား!
ဒါ့အပြင် ကျိချန်းယောင်က ဘာမှပင် မဖြစ်ခဲ့ပုံပေါ်ပြီး သူမ၏အော်ရာက လုံး၀မပြောင်းလဲဘဲ တည်ငြိမ်နေဆဲပင်။
သူတို့ နီးသထက်ပိုနီးကပ်လာသည့် ပိုးသားမျှင်ကို ကြည့်လိုက်ကြသည်။
အထဲကစွမ်းအားကို ခံစားမိသောအခါ ဘယ်လိုပင်ဖြစ်နေပါစေ ခုခံရန်အတွက် ဖြစ်နိုင်ချေမရှိတာကို သူတို့သဘောပေါက်သွားကြ၏။
အကယ်၍ သူတို့သာ အတင်းခုခံမည်ဆိုပါက သူတို့တိုက်ရိုက်မသေလျှင်ပင် အပြင်းအထန် ဒဏ်ရာရပြီး အချိန်အတော်ကြာ သက်သာနိုင်တော့မည်မဟုတ်။
သူတို့သုံးယောက် နဂါးသွေးကြော ကျောက်စိမ်းဆွဲသီးကို တစ်ချိန်တည်းတွင် ထုတ်ယူလိုက်ကြပြီး ချေမွကာ နဂါးသွေးကြောအပြင်ဘက်သို့ တယ်လီပို့လိုက်ကြ၏။
ငွေနဂါးစံအိမ်၊ ကောင်းကင်ဘုံစံအိမ်ဂိုဏ်းနှင့် ကြက်သွေးရောင်မီးတောက်အိမ်တော်မှ တပည့်များမှာ အကူအညီမဲ့စွာကြည့်ရင်း ကျောက်စိမ်းဆွဲသီးကို ချေမွလိုက်ကြ၏။
ဒီလိုနှင့် မဟာဂိုဏ်းသုံးဂိုဏ်းက ဖယ်ထုတ်ခံလိုက်ရသည်။
သူတို့အဓိကဂိုဏ်းသုံးဂိုဏ်းမှ ရထားသည့်အမှတ်များကလည်း ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်ဆီသို့ တိုက်ရိုက်ရောက်သွားကြ၏။
ကျင်းဝူကျင်း ဒီမြင်ကွင်းကိုကြည့်ရင်း သူ့မျက်လုံးများက ပြူးကျယ်စွာပွင့်နေသည်။
"ကြည့်ရတာ ငါတို့ရဲ့ရွှေတောင်ပံဂဠုန်ကလန်က ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်ရဲ့ အမှတ်တွေကို မကျော်လွှားနိုင်တော့တဲ့ပုံပဲ"
ကျိချန်းယောင် ကျင်းဝူကျင်းအား အေးစက်စွာကြည့်သည်။
"ဘာလို့လုယူဖို့ မကြိုးစားရတာလဲ"
ငါကြိုးစားရင် သေသွားမှာပေါ့ဟ!
ကျင်းဝူကျင်း ကျယ်လောင်စွာ ချောင်းဟန့်ရင်း လက်ဝှေ့ယမ်းသည်။
"ဒီတိုက်ပွဲအပြီး မင်းပင်ပန်းနေမှာပဲလေ၊ ငါဒါကို အသုံးချမှာမဟုတ်ပါဘူး"
ကျိချန်းယောင် ကျင်းဝူကျင်း၏ မုသားစကားကို မဖော်ထုတ်ခဲ့ပါ။
သို့စေကာမူ သူမတကယ်တမ်းတွင်လည်း အကန့်အသတ်ကို ရောက်နေခဲ့သည်။
ရှေးဦးမူလခရမ်းချီကို အချိန်အတော်ကြာ ထိန်းသိမ်းထားခြင်းက သူမကိုယ်ခန္ဓာပေါ်သို့ ကြီးမားသည့် ၀န်ထုပ်၀န်ပိုးတစ်ခုကို ဖြစ်စေသည်။
မည်သို့ပင်ဆိုစေကာမူ ကျိချန်းယောင် ရှေးဦးမူလခရမ်းချီကို လုံး၀မကျွမ်းကျင်သေးပါ။
သူမခွန်အားကို တိုးလာစေရန်အတွက် ဒါကို အတင်းသုံးခြင်းက စွမ်းအင်အများကြီး ကုန်ဆုံးစေသည်။
မကြာမီ သူမ ရှေးဦးမူလခရမ်းချီကို ဖယ်ရှားလိုက်သောအခါ သူမ၏ အော်ရာက ချက်ချင်းဆိုသလို နတ်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်သွားခဲ့သည်။
ယဲ့ချိုးပိုင်နှင့် ကျန်နှစ်ယောက် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။
ဒီကျောက်စိမ်းရေကန် သူတော်စင်မိန်းမပျိုက အတော်လေးအစွမ်းထက်ပုံပင်။
ဆရာနဲ့ ဆက်နွှယ်နေတဲ့ အမျိုးသမီးဆိုတဲ့အတိုင်းပါပဲ!
ဒီအခိုက်အတန့်၌ ကျင်းဝူကျင်းသတိပေးသည်။
"ကောင်းပြီ၊ သူတို့အရင်ထွက်သွားကြပြီဆိုတော့ သူတို့ ဂိုဏ်းတွေကို ဒီမှာဖြစ်ပျက်ခဲ့တာတွေကို ပြောပြမှာပဲ၊ အဲဒီအချိန်ကျရင် သူတို့ကြိုတင်ပြင်ဆင်ပြီး မျှော်လင့်မထားတဲ့ အချိန်မှာရောက်လာနိုင်တယ်...."
ကျိချန်းယောင် အနည်းငယ်ခေါင်းညိတ်သည်။
"ဆရာနဲ့ တခြားသူတွေ ဒါကိုအာရုံခံနိုင်ဖို့ပဲ မျှော်လင့်ပါတယ်...."
သူတို့က ဘာမှထူးထူးခြားခြား မခံစားရပါက ဒါက အတော်လေးပြဿာနာဖြစ်လာစေလိမ့်မည်။