← Chapters

ဒီကောင်းကင်တာအိုက တကယ်ကို မမျှတဘူး

Vol. 17 Ch. 247

ဒီကောင်းကင်တာအိုက တကယ်ကို မမျှတဘူး

Vol. 17 Ch. 247

အခန်း (၂၄၇) : ဒီကောင်းကင်တာအိုက တကယ်ကို မမျှတဘူး

ရွှေကြာ ကောင်းကင်အသျှင်က ငွေရောင် နတ်သတ္တုချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူမ၏ အဆင့်အမြင့်ဆုံး အခြေအနေသို့ ရောက်အောင် ပြင်ဆင်ထားသည်။

သူမက ကြာဖြူ ကောင်းကင်အသျှင် အထူးဖော်စပ်ထားသော ဆေးလုံးများကိုပင် အသုံးပြုထားသေးသည်။

ထိုဆေးလုံးများက ဝိညာဉ်ချီများနှင့် ပြည့်နှက်နေပြီး ရွှေကြာ ကောင်းကင်အသျှင်၏ ခန္ဓာကိုယ်ထဲတွင် လည်ပတ်နေသည့်အတွက် သူမ၏ စွမ်းအားများကိုလည်း ရုတ်တရက် တိုးသွားစေသည်။

မိုးကြိုးပစ်ချက်မှ ဖြစ်ပေါ်လာမည့် ပြင်းထန်သော ဒဏ်ရာများကိုလည်း လျှော့ချပေးနိုင်သည်။

လူသားကျင့်ကြံသူ တစ်ယောက်အနေဖြင့် ထိုကဲ့သို့သော စမ်းသပ်မှုမျိုး ခံယူဖို့ အမှန်တကယ် မလွယ်ကူပေ။ သို့သော် နတ်ဆိုးများနှင့် နှိုင်းယှဉ်လိုက်ပါက လူသားများတွင် များပြားသော အကျိုးရလဒ်များ ရှိသည်။

ယခုမှ စတင်သူများအတွက် ရွှေကြာ ကောင်းကင်အသျှင်၏ ကောင်းကင်မိုးကြိုး စမ်းသပ်ချက်က အံ့ဖွယ်ဝါးမျိုနွယ်ပင်၏ စမ်းသပ်ချက်လောက် မပြင်းထန်ပေ။ ထို့အပြင် သူမမှာ အထွတ်အမြတ်မြေ၏ ထောက်ပံ့မှုလည်း ရှိသေးသည်။ ရွှေကြာ ကောင်းကင်အသျှင်၏ အရည်အချင်းများနှင့် နှိုင်းယှဉ်လိုက်ပါက သူတော်စင်အဆင့်သို့ ရောက်ရှိရန်ကြိုးစားမှု အောင်မြင်နိုင်ချေ အရမ်းမြင့်မားသည်။

“ အံ့ဖွယ်မိုးကောင်းကင် တပည့်ရွှေကြာက သူတော်စင်အရှင် ဖြစ်ဖို့အတွက် စမ်းသပ်ချက်ကို ခံယူပါ့မယ်။ ကောင်းကင်တာအိုအနေနဲ့ ကျွန်မအပေါ် သက်ညှာဖို့အတွက် မျှော်လင့်ပါတယ်”

ရွှေကြာ ကောင်းကင်အသျှင်က လိပ်တက်နေသော ကောင်းကင်မိုးကြိုး တိမ်တိုက်များနှင့် မျက်နှာချင်းဆိုင်ပြီး လေးစားစွာ အရိုအသေ ပြုလိုက်သည်။

ထို့နောက် သူမ၏ လက်ထဲတွင် အံ့ဖွယ်သတ္တု ဓားတစ်လက် ပေါ်လာကာ အင်မတန် အားကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

မိုးကြိုးများက ကောင်းကင်မိုးကြိုး စမ်းသပ်ချက် တိမ်တိုက်များထဲတွင် သိပ်သည်းစွာ စုစည်းနေကြလေပြီ။

အစိမ်းရောင် လျှပ်စီးကြောင်းများက လေထဲတွင် နဂါးပုံသဏ္ဌာန်ဖော်နေကြသည်။

ထိုလျှပ်စီးကြောင်းများက သစ်သားဓာတ် နဂါးစိမ်း နတ်မိုးကြိုးဖြစ်သည့်အတွက် ကျန်းယွင်ထင်အတွက် အရမ်းအကျိုးရှိသည်။

ဂျိန်း…

နဂါးစိမ်းနတ်မိုးကြိုးက ကျယ်လောင်သောအသံနှင့်အတူ ရွှေကြာ ကောင်းကင်အသျှင်ဆီ ဦးတည်သွားနေသည်။ နတ်ဘုရားလောကမှ နဂါးစိမ်းတစ်ကောင် ဆင်းသက်လာသကဲ့သို့ အရှိန်အဝါက မယုံကြည်နိုင်လောက်အောင် စွမ်းအားကြီးလှသည်။

သို့သော် သတ္တုဓာတ် နတ်မိုးကြိုးပညာရပ်ကို အဓိကထား လေ့ကျင့်ထားသော ရွှေကြာ ကောင်းကင်အသျှင်အတွက် သတ္တုဓာတ် နဂါးစိမ်းနတ်မိုးကြိုးကို ကိုင်တွယ်ဖို့ မခက်ခဲပေ။ အဆင့်၇ အံ့ဖွယ်ရွှေကြာက သူမ၏ ဘယ်ဖက်လက်ထဲတွင် ပေါ်လာပြီး သူမ၏ နောက်တွင်ရှိသော ကျားဖြူပုံရိပ်သဏ္ဌာန်နှင့် တစ်သားတည်း ပေါင်းစည်းသွားသည်။

ဝေါင်း…

ကျားဟိန်းသံ ထွက်ပေါ်လာသည်။

ရွှေကြာ ကောင်းကင်အသျှင်က ကျားဖြူအဖြစ်သို့ ပြောင်းလဲကာ နဂါးစိမ်းနှင့် ကြမ်းတမ်းရက်စက်စွာ တိုက်ခိုက်တော့သည်။

သတ္တုဓာတ် နဂါးစိမ်းနတ်မိုးကြိုးက အစိတ်စိတ်အမြွာမြွာ ဖြစ်သွားသည်။ အစိမ်းရောင်မိုးကြိုးက အဘက်ဘက်သို့ ပျံ့နှံ့သွားကာ မိုင်အတော်အကွာအဝေးထိ လောင်ကျွမ်းသွားစေသည်။

ဖန်ချန်း၊ ကျန်းယွင်ထင်၊ ကျန်းယွင်ရှီးနှင့် ရှန်ထျန်းတို့က တိမ်တိုက်၏ အပြင်ဘက်စက်ဝန်းတွင် ရှိနေသည်။

သူတို့လေးယောက်လုံးက ရွှေအမြုတေအဆင့် သို့မဟုတ် ရွှေရောင်ကိုယ်ထည်အဆင့်တွင် ရှိကြပြီး အရှေ့ပိုင်းလွင်ပြင်တွင် ထိပ်သီးပါရမီရှင်များ ဖြစ်ကြသည်။

ထိုသို့ဆိုလျှင်ပင် ဖန်ချန်း၊ ကျန်းယွင်ထင်နှင့် ကျန်းယွင်ရှီးတို့က သစ်သားဓာတ် နတ်မိုးကြိုး အကြွင်းအကျန်ကြောင့် စိတ်ဖိစီးသွားရသည်။ အဘယ်ကြောင့်ဆိုသော် ထိုမိုးကြိုးက သူတော်စင်အဆင့်သို့ တက်ရောက်မည့် ထိပ်သီးဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူအတွက် ရည်ရွယ်ထားသည့်အတွက် ဖြစ်သည်။ အကြွင်းအကျန် လျှပ်စီးကြောင်းပင် ပြင်းထန်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ကျန်းယွင်ထင်က သတ္တုဓာတ် မိုးကြိုးဝိညာဉ်ဖွဲ့စည်းပုံကို အသုံးပြုကာ ပြိုကွဲသွားသော နဂါးစိမ်းနတ်မိုးကြိုးကို စုပ်ယူနိုင်ရန်အတွက် ကပ်ဘေးတစ်ဖန် ပညာရပ်ကို ဆက်လက်ကျင့်ကြံနေဆဲ ဖြစ်သည်။

သူ့မျက်ခုံးနှစ်ခုကြားတွင် ရွှေအမြုတေတစ်ခု ပေါ်လာသည်။

ဤရွှေအမြုတေက နတ်သင်္ကေတ ခုနစ်ခု ရှိခဲ့ပေမဲ့ အမြုတေ၏ မျက်နှာပြင်မှာ ယခုလက်ရှိတွင် အက်ကြောင်းများဖြင့် ပြည့်နှက်နေသည်။

ထို့နောက် ကျန်းယွင်ထင်က သူ့ ရွှေအမြုတေမျက်နှာပြင် ပွင့်ထွက်သွားသည်အထိ သစ်သားဓာတ် နဂါးစိမ်းနတ်မိုးကြိုးကို ပိုပိုပြီး ဆက်လက်စုပ်ယူနေသည်။

နတ်သင်္ကေတရှစ်ခု ပါဝင်သော ရွှေအမြုတေတစ်ခု ပေါ်လာသည်။ သူက ၈ ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်း ကျင့်ကြံသူတစ်ယောက် အောင်မြင်စွာ ဖြစ်သွားပြီ ဖြစ်သည်။ ဖန်ချန်းဆီမှာ မီးဓာတ်ရှိသည့်အတွက် မီးမြေဓာတ်နှစ်သွယ် မိုးကြိုးဝိညာဉ်ဖွဲ့စည်းပုံကို ပိုင်ဆိုင်ထားသည်။

သစ်သားက မီးဓာတ်ကို လောင်ကျွမ်းစေတယ်။ မီးဓာတ်က မြေကြီးကို ထုတ်ပေးတယ် …

သစ်သားဓာတ် နတ်မိုးကြိုးက သူ့အတွက်လည်း အင်မတန် အကျိုးထူးစေသည်။

သစ်သားဓာတ် နဂါးစိမ်းနတ်မိုးကြိုးက သူ့ခန္ဓာကိုယ်တစ်ခုလုံးထဲသို့ လည်ပတ်သွားပြီးနောက် သူ့ ချီလင်ပုံရိပ်သဏ္ဌာန်က ယခင်ကနှင့်မတူညီစွာ တောက်ပနေသည်။ အဆုံးစွန်သောအဆင့်ကို ကိုယ်စားပြုသည့် ၉ ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်း အမြုတေက သူ့ခေါင်းပေါ်တွင် အဆက်မပြတ် လည်ပတ်နေသည်။

သူတို့က ဒီနေရာမှ အကျိုးအမြတ် ရရှိသွားသော်လည်း ဖန်ချန်းနှင့် ကျန်းယွင်ထင်တို့ နှစ်ယောက်လုံး မသပ်မရပ် ဖြစ်နေကြသည်။ လျှပ်စီးကြောင့် သူတို့၏ ဆံပင်များ ထောင်နေပြီး ခန္ဓာကိုယ်မှ မီးခိုးငွေ့များထွက်နေသည့်အတွက် သူတို့ကို ကြည့်ရတာ သနားစရာကောင်းသည့်ပုံ ပေါ်သည်။

တစ်ဖက်ရှိ ရှန်ထျန်းနှင့် ကျန်းယွင်ရှီးတို့က လုံးဝကွဲပြားနေသည်။

သူတို့နှစ်ယောက်လုံးက ယခင်ကတည်းက အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြားကို ရရှိထားပြီး ထိုဆွဲပြားမှ ဓာတ်နှော နတ်မိုးကြိုး စွမ်းအားအရင်းအမြစ်ကို အတော်လေး စုပ်ယူထားခဲ့သည်။

သတ္တုဓာတ် နတ်မိုးကြိုး သူတို့ဆီ ဦးတည်လာသည့်အခါ ချောမွေ့စွာ စုပ်ယူသွားနိုင်ခဲ့သည်။

ထို့ကြောင့် သူတို့နှစ်ယောက်လုံး မိုးကြိုးဖြင့် လွှမ်းခြုံခြင်းကို ခံခဲ့ရသော်လည်း မိုးကြိုးပစ်ခံရသည်ဆိုသော အရိပ်အယောင်ကို မတွေ့ရပေ။

အထူးသဖြင့် ရှန်ထျန်း…

သူက ဓာတ်နှော နတ်မိုးကြိုးအရင်းအမြစ်ဖြင့် သတ္တုဓာတ် နဂါးစိမ်းနတ်မိုးကြိုးကို စုပ်ယူထားရုံသာမက ယဲ့ချန်းခန်၏ ညွှန်ကြားချက်များအရ မိုးကြိုးကို အသုံးပြုကာ သူ့ခန္ဓာကိုယ်အတွက် ကျင့်ကြံခဲ့သေးသည်။

တင်ပျဉ်ခွေထိုင်နေရင်း သူ့အရိုးများ၊ ကြွက်သားများ၊ အပေါ်ယံအလွှာနှင့် ကိုယ်တွင်းအင်္ဂါများကို စစ်နတ်ဘုရား မီးစာကျမ်းဖြင့် ကျင့်ကြံခဲ့သည်။

သူ့ခန္ဓာကိုယ်မှာ ညည်းသံများဖြစ်သော ဒရမ်နှင့်မောင်းသံများ၊ မြစ်ရေစီးသံများ၊ မိုးခြိမ်းသံများကို ကြားနေရသည်။ ရှန်ထျန်း၏ လုံယွမ် နတ်ချပ်ဝတ်တန်ဆာအပေါ်တွင် လည်ပတ်နေသည့် မရေတွက်နိုင်သော လျှပ်စီးကြောင်းများကလည်း သူ့ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်ကလည်း အလျင်အမြန် ပိုမိုတောက်ပလာသည်။

သူ့ ရွှေရောင်တောင်ပံများကလည်း တစ်ဖန်ပြန်လည်အသက်ဝင်လာသကဲ့သို့ ယခင်ကထက်ပိုပြီး တောက်ပလာသည့်အတွက် အဝေးမှ ကြည့်နေသော တပည့်များကို မျက်စိကျိန်းသွားစေသည်။

မိုးကြိုးက သူ့အပေါ် လွှမ်းခြုံသွားပြီးနောက် သူ့ခန္ဓာကိုယ်က ပိုမိုသန်မာလာကာ စွမ်းအားကြီးလာပြီး ဒုတိယအဆင့် ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်ကို ရောက်ဖို့ သိပ်မလိုတော့ဘူးဟု ရှန်ထျန်း ခံစားလာမိသည်။

“ မဆိုးပါဘူး။ မင်းရဲ့ ဖွဲ့စည်းပုံက မီးစာကျမ်းအတွက် အရမ်းသင့်တော်တယ်” ယဲ့ချန်းခန်၏ အသံက ရှန်ထျန်းနောက်မှ ထွက်လာသည်။

“ နောက်ထပ် စုပ်ယူလိုက်ဦး။ ဒီလို မိုးကြိုးစမ်းသပ်ချက်က ကောင်းကင်ကပေးတဲ့ အကောင်းဆုံးလက်ဆောင်ပဲ။ ဒီကနေ အကျိုးအမြတ် မရယူရင် ဖြုန်းတီးသလို ဖြစ်သွားလိမ့်မယ်။”

ရှန်ထျန်းက ယဲ့ချန်းခန်၏ အမှုမဲ့အမှတ်မဲ့ စကားကြောင့် ဘာပြန်ပြောရမယ်မှန်းမသိဖြစ်သွားသည်။

ဒါပေမဲ့လည်း သူ ပြောတာ မှန်ပါတယ်

အသက်ပြင်းပြင်းရှူသွင်းပြီးနောက် သူ့နဖူးအလယ်ရှိ ဓာတ်နှောနတ်မိုးကြိုးစွမ်းအင်က စုပ်ယူအားဖြင့် တောက်ပလာပြီး ယခင်ကထက် ပိုပြီး စွမ်းအားကြီးလာသည်။ ရုတ်တရက် ရှန်ထျန်းဘေးတွင် ရှိနေသော အစိမ်းရောင် နတ်မိုးကြိုးကလည်း သူ့ခန္ဓာကိုယ်ထဲ ဆက်လက် ထိုးဖောက်ဝင်ရောက်သွားသည်။

အား…

ခံစားချက် အရမ်းကောင်းတာပဲ

အံ့ဩစရာကောင်းလောက်အောင် ထုံသွားသော်လည်း သက်တောင့်သက်သာ ဖြစ်သော ခံစားချက်က ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်ပျံ့နှံ့သွားသည်။

ကျင့်ကြံရေးက တကယ်ကို ကောင်းတယ်လို့ ခံစားရတယ်

လူတွေအများကြီးက နှစ်ပေါင်းရာချီပြီး ကျင့်ကြံကြတာ မဆန်းပါဘူး။ ကြိုက်တယ်

ရှန်ထျန်းက ရွှေကြာ ကောင်းကင်အသျှင်၏ မိုးကြိုးစမ်းသပ်ချက်အပေါ်တွင် အကျိုးအမြတ် ရယူနေသည်။

သို့သော် ရွှေကြာ ကောင်းကင်အသျှင်ကိုယ်တိုင် အတွက်တော့ တခြားသူတွေ ထင်ထားသလိုမျိုး လွယ်ကူသော အချိန်ကို ဖြတ်သန်းနေရခြင်းမျိုး မဟုတ်ပေ။ စမ်းသပ်ချက်ကို ဖြတ်ကျော်ပြီး သူတော်စင်အဆင့်သို့ ရောက်ရှိရန် မလွယ်ကူပေ။

ရွှေကြာ ကောင်းကင်အသျှင်က သစ်သားဓာတ် နတ်မိုးကြိုးကို အောင်မြင်စွာ သိမ်းပိုက်နိုင်လိုက်သော်လည်း သူမအတွက် ပြင်းထန်ခဲ့၏။

သူမက နဂါးစိမ်းမိုးကြိုးကို အချိန်တိုအတွင်း ရှင်းထုတ်နိုင်ရန် လျှို့ဝှက်ပညာရပ်ကို အသုံးချခဲ့ရသည့်အတွက် မျက်နှာက အရမ်းဖြူဖပ်ဖြူလျော်ဖြစ်နေသည်။

“ သူတော်စင်အရှင် ဖြစ်သွားတဲ့အခါ လုံးဝ ပြန်ပြီးတော့ နုပျိုလာလိမ့်မယ်။ ငါ ပိုလှလာပြီးတော့ ဆွဲဆောင်မှု ရှိလာမှာ သေချာတယ်”

ရွှေကြာ ကောင်းကင်အသျှင် ရေရွတ်လိုက်သည်

“ ယဲ့လန်ယွိ… ငါ သေချာပေါက် နင့်ထက်ပိုပြီးတော့ လှပလာရမယ်။ ငါ သေချာပေါက် သူတော်စင်အရှင် ဖြစ်လာရမယ်”

ရွှေကြာ ကောင်းကင်အသျှင်က ကောင်းကင်မိုးကြိုး စမ်းသပ်ချက် တိမ်တိုက်ကို စိုက်ကြည့်ရင်း ဒုတိယမိုးကြိုးချက်ကို စောင့်နေသည်။

ဒုတိယ မိုးကြိုးလှိုင်း မကြာခင်လာတော့မည်ဖြစ်သည့်အတွက် ကောင်းကင်မိုးကြိုး စမ်းသပ်ချက် တိမ်တိုက်က စိတ်မပျက်သွားစေပေ။

ဒီတစ်ခေါက် မိုးကြိုးလှိုင်းက အဝါရောင်ဖြစ်ပြီး များပြားသော မြေဓာတ်ချီလင်များကို ဖန်တီးနေသည်။

ထို့ကြောင့် ဒုတိယတစ်ခေါက် မိုးကြိုးစမ်းသပ်ချက်က မြေဓာတ် ချီလင်နတ်မိုးကြိုး ဖြစ်မှာ သေချာသွားသည်။

ရွှေကြာ ကောင်းကင်အသျှင်လည်း သက်ပြင်းချလိုက်မိသည်။

ဘယ်လိုပဲဖြစ်ဖြစ် မြေကြီးက သတ္တုကို မွေးထုတ်ပေးတာပဲ

သူမ မြေဓာတ် နတ်မိုးကြိုးကိုလည်း သေချာပေါက် ဖြတ်ကျော်နိုင်တယ်

မြေဓာတ် ချီလင်နတ်မိုးကြိုးနှင့် ရင်ဆိုင်ရသည့်အခါ ရွှေကြာ ကောင်းကင်အသျှင်က တည်ငြိမ်ပေါ့ပါးနေသည်။

မိုးကြိုးများက ပြိုကွဲကာ အဘက်ဘက်သို့ ပျံ့နှံ့သွားသည့်အတွက် အနီးအနားရှိ သူတော်စင်၊ သူတော်စင်မ ဖြစ်သော တပည့်နှစ်ယောက်ကို များပြားသော လျှပ်စီးများ စုပ်ယူနိုင်အောင် လုပ်ပေးသလို ဖြစ်နေသည်။

ရွှေကြာ ကောင်းကင်အသျှင်၏ ကောင်းကင်မိုးကြိုး စမ်းသပ်ချက်က အစီအစဉ်အတိုင်း ဆက်လက်ဖြစ်နေသည်။

ရုတ်တရက် အတွေးတစ်ခု ရှန်ထျန်း၏ ခေါင်းထဲသို့ ဝင်လာသည်။

ဒီကောင်းကင်တာအိုက တကယ်ကို မတရားဘူး

တစ်ယောက်ယောက်က အံ့ဖွယ်ဝါးမျိုနွယ်ပင် စမ်းသပ်ချက်ကို ခံယူတုန်းကတော့ ပထမတစ်ခေါက်မှာ သတ္တုဓာတ် ကျားဖြူနတ်မိုးကြိုးဖြစ်ပြီးတော့ သူမကို လုံးဝ ဖိနှိပ်ထားခဲ့တာ

ဒုတိယတစ်ခေါက်ကျတော့ မီးဓာတ် ကြက်သွေးရောင်ဇာမဏီတဲ့။ အဲဒါကလည်း လုံးဝ ဖိနှိပ်ထားပြန်ရောဆိုတော့ အဲဒီတစ်ယောက်ကတော့ လုံးဝ ရှုံးနိမ့်သွားတာပေါ့

ဒါပေမဲ့ ရွှေကြာ ကောင်းကင်အသျှင်အတွက်ကျတော့ သူမက သတ္တုဓာတ်ဖြစ်တော့ ပထမတစ်ခေါက်မှာ သစ်သားဓာတ် နဂါးစိမ်းတဲ့။ သတ္တုက သစ်သားကို ဖိနှိပ်ဖို့အတွက် အကောင်းဆုံး ဓာတ်ပဲလေ

ဒုတိယတစ်ခေါက်က မြေဓာတ်ချီလင်တဲ့။ မြေကြီးကနေ သတ္တုကို မွေးဖွားပေးတဲ့အတွက် ရွှေကြာ ကောင်းကင်အသျှင်က သေချာပေါက် ဖြတ်ကျော်နိုင်မှာပဲလေ။ အဲလိုမျိုးခွဲခြားဆက်ဆံတာက မိထွေးအချစ်နဲ့ အမေရင်း အချစ်ကို ယှဉ်ပြထားတဲ့အတိုင်းပဲ

အဲဒီစွမ်းအားကြီးနတ်ဆိုးတွေက အမြဲတမ်း ကောင်းကင်ဘုံက လူသားမျိုးနွယ်ကို ပိုပြီးဦးစားပေးတယ်လို့ ပြောတာလည်း မဆန်းတော့ပါဘူး

နဂါးမျိုးနွယ်နဲ့ ဒေါင်းမျိုးနွယ်က ပါရမီရှင်တွေတောင် လူသားနဲ့ စာချုပ်ချုပ်ချင်နေကြတာလည်း မဆန်းဘူး

ကျင့်ကြံရေးမှာ လူသားတွေက ကောင်းကင်ရဲ့ ဦးစားပေး ဆက်ဆံခံနေရတာကို ကျေနပ်သဘောကျနေတာပဲ

ရှန်ထျန်း သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

ဒီလို ကောင်းကင်တာအိုရဲ့ မမျှမတ ဆက်ဆံမှုက တကယ်ကို…အရမ်းအံ့ဩဖို့ကောင်းတာပဲ

အချိန်တစ်ခုသို့ ရောက်သွားသည့်အခါ ရွှေကြာ ကောင်းကင်အသျှင်က မြေဓာတ် ချီလင်မိုးကြိုးစမ်းသပ်ချက်ကို ကျော်ဖြတ်နိုင်သွားလေပြီ။

တတိယတစ်ခေါက် စတင်ခါနီးတွင် ငွေရောင်မိုးကြိုးလှိုင်းများ ထွက်ပေါ်လာပြီး အင်မတန်ပြင်းထန်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

မိုးကြိုးမှ ဖြစ်ပေါ်လာသော ကျားဖြူများ လေထဲတွင် ထွက်ပေါ်လာပြီး သူတို့၏ ဟိန်းဟောက်သံများက မြေကြီးကို တုန်လှုပ်သွားစေသည်။

တတိယ မိုးကြိုးစမ်းသပ်ချက်က ရွှေကြာ ကောင်းကင်အသျှင်နှင့် ဓာတ်တူညီသော သတ္တုဓာတ် နတ်မိုးကြိုးဖြူ ဖြစ်သည်။

တတိယတစ်ခေါက် ရင်ဆိုင်ရသည့်အခါ ရွှေကြာ ကောင်းကင်အသျှင်အနေဖြင့် ဓာတ်လွှမ်းမိုးမှု မရှိနိုင်တော့ပေ။

ဒီထက်ပိုပြီး အရေးကြီးသည်က ပထမနှစ်ခေါက်ကို ကိုင်တွယ်နိုင်ဖို့အတွက် စွမ်းအင်အနည်းငယ်ကို အသုံးပြုထားခဲ့သည်။

ထို့ကြောင့် စမ်းသပ်ချက်ကို ကြည့်နေကြသော အံ့ဖွယ်မိုးကောင်းကင်တပည့်များက ရွှေကြာ ကောင်းကင်အသျှင်အတွက် စိတ်ပူနေကြသည်။

All Chapters