← Chapters

ဤအလုပ်၏ အဓိပ္ပာယ်

Vol. 7 Ch. 92

ဤအလုပ်၏ အဓိပ္ပာယ်

Vol. 7 Ch. 92

ထိုအချိန်က သူမသည် လင်းရွှေယာက သတင်းထောက်များကို တိတ်တဆိတ် ဆက်သွယ်၍ သူမအကြောင်း မှားယွင်းသော သတင်းများ ရေးသားရန် လာဘ်ထိုးခဲ့သည်ကို မသိခဲ့ပေ။ ထို့ကြောင့် ဖျော်ဖြေပွဲသွားခြင်းနှင့် ပတ်သက်သည့် ရိုးရိုးရှင်းရှင်း Weibo အပ်ဒိတ်အကြောင်း ဘာမှ သံသယမဝင်ခဲ့ပေ။

သူမသာ ထို Weibo ပို့စ်ကို မမြင်ခဲ့ရပါက ပရိသတ်တစ်ဦးကို တစ်ချိန်က ကူညီခဲ့ဖူးသည်ကို သူမ မေ့သွားလိမ့်မည်...

ယခုအခိုက်အတန့်တွင် မှတ်ချက်များအားလုံးနှင့် သူမ၏ ပရိသတ်က သူမကို ကာကွယ်ပေးထားသော ပို့စ်ကို ဖတ်ပြီးနောက် လင်းယန်သည် ထူးဆန်းပြီး ဖော်ပြ၍မရသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

တစ်စုံတစ်ဦးက ယုံကြည်ပေးပြီး ကာကွယ်ပေးခြင်းသည်...

သူမ တစ်ယောက်တည်းတော့ မဟုတ်ပေ။ တစ်စုံတစ်ဦးကလည်း သူမကို ကာကွယ်ပေးဖို့ ကြိုးစားခဲ့ဖူးသည်။

အတိတ်တုန်းက သူမသည် ဤအလုပ်အကြောင်းကို သိပ်နားမလည်ခဲ့ပေ။ သူမသည် ဟန်ရီရွှမ် ကြောင့်သာ ဤလမ်းကြောင်းကို စတင်ရွေးချယ်ခဲ့ခြင်းပင်။ ဤအလုပ်ကို လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့သော်လည်း ငွေရှာချင်သောဆန္ဒတစ်ခုကြာင့်ပင်။

သို့သော် ယခုအခိုက်အတန့်တွင် သူမသည် ဤအလုပ်၏ အဓိပ္ပာယ်ကို ရုတ်တရက် ရှာဖွေတွေ့ရှိသွားတော့သည်။

...

လင်းယန်သည် ဝမ်ကျင်းယန်ကို ဖုန်းဆက်ကာ သူမအတွက် ကုန်ခြောက်နှင့် အစားအစာအချို့ ဝယ်ပေးရန် တောင်းဆိုခဲ့သည်။ ထို့နောက် သူမသည် အိမ်တွင်သာ ပိတ်လှောင်နေခဲ့သည်။

ညနှောင်းပိုင်းတွင် လင်းယန်သည် သရုပ်ဆောင်ခြင်းကို ထပ်ခါထပ်ခါ လေ့ကျင့်ခဲ့သည်။

သူမသည် သရုပ်ဆောင်ကျောင်းသို့ တက်ရောက်ခဲ့ခြင်းမရှိသလို ပညာရှင်အဆင့် လေ့ကျင့်မှုများကိုလည်း ခံယူခဲ့ခြင်းမရှိပေ။ သူမသည် ဤအသစ်အဆန်းဖြစ်သော နယ်ပယ်သစ်၌ ဖြည်းဖြည်းချင်း အောင်မြင်ရန် ကိုယ့်ဘာသာကိုယ်သာ အားကိုးနိုင်ခဲ့သည်...

တစ်ပတ်တာသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ လင်းယန်သည် သူမ၏ သရုပ်ဆောင်မှုနည်းစနစ်စာအုပ် တစ်အုပ်လုံးကို အလွတ်ကျက်မှတ်ခဲ့ပြီး သုတေသနအဖြစ် ရုပ်ရှင်များစွာကို ကြည့်ရှုခဲ့သည်။ ထို့နောက် ဇာတ်ကောင်များကို သရုပ်ဆောင်ရန်နှင့် အတုယူရန် ကြိုးစားခဲ့သည်။

သရုပ်ဆောင်အသစ်တစ်ဦးအတွက် အခက်ခဲဆုံးအရာမှာ ကင်မရာရှေ့တွင် သဘာဝအတိုင်းဖြစ်နေရန်ဖြစ်သည်။ မည်သည့် ပုံပျက်ပန်းပျက် သို့မဟုတ် သဘာဝမကျသော အပြုအမူမဆို မျက်နှာပြင်ပေါ်တွင် အဆတစ်ရာ ချဲ့ကားပြသခံရမည်ပင်။

ကံကောင်းစွာဖြင့် လင်းယန်သည် အသက် ၁၈ နှစ်ကတည်းက အဓိကပြိုင်ပွဲများတွင် ပရော်ဖက်ရှင်နယ် ကားပြိုင်ပွဲ အတွေ့အကြုံရှိခဲ့သည်။ ထို့ကြောင့် သူမသည် စိတ်ပိုင်းဆိုင်ရာ ခိုင်မာပြီး သူမကို နှောင့်ယှက်သော မည်သည့် အနှောင့်အယှက်များကိုမဆို ဖယ်ရှားရာတွင် ထူးချွန်သူပင်။

လူတစ်ထောင်၏ မျက်လုံးများက သူမကို ကြည့်နေပါစေ၊ သူမသည် ငြိမ်သက်တည်ငြိမ်စွာ ရှိနေနိုင်သေးသည်။ ဤသည်မှာ သူမ၏ အကြီးမားဆုံး အားသာချက်ပင်။

ယခုအခါ သူမ လုပ်ဆောင်ရန် လိုအပ်သည်မှာ သရုပ်ဆောင်စွမ်းရည်နှင့် နည်းစနစ်များကို တတ်မြောက်ရန်၊ သူမ သရုပ်ဆောင်ရမည့် ဇာတ်ရုပ်၏ အနှစ်သာရကို နားလည်ရန်သာ ဖြစ်သည်။

သူမသည် သရုပ်ဆောင်စွမ်းရည်နှင့် နည်းစနစ်များ၏ အခြေခံများကို နားလည်အောင် စီမံနိုင်ခဲ့သည်။ သူမ၏ ဇာတ်ရုပ်အတွက်မူ ပေယွီထန်ပို့ပေးထားသည့် ဗီဒီယိုများကို ကြည့်ရှုပြီး ပေယွီချန်၏ လှုပ်ရှားမှုနှင့် မျက်နှာအမူအရာတိုင်း၊ အသံနေအသံထားတို့ကို ခွဲခြမ်းစိတ်ဖြာရန် ကြိုးစားခဲ့သည်။

ပေယွီချန်၏ ဟန်ပန်အနည်းငယ်ကိုသာ ပိုင်ဆိုင်နိုင်ခဲ့မည်ဆိုလျှင် သူမသည် အာဏာရှိသော ဥက္ကဌ၏ ဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်မည်ဟု ယုံကြည်စိတ်ချထားသည်။

လင်းယန်သည် မှန်ကို ကြည့်ကာ မျက်လုံးအမူအရာ ပြောင်းလဲခြင်းကို ထပ်ခါထပ်ခါ လေ့ကျင့်နေခဲ့သည်။

သူမ ရူးတော့မလိုပင်။

"အား... အရမ်းပင်ပန်းတာပဲ။ ခဏလောက် နားရမယ်..."

လင်းယန်သည် သူမ၏ မှန်တင်ခုံပေါ်သို့ လဲကျသွားပြီး အော်လိုက်သည်။

အာဏာရှိသော ဥက္ကဌ၏ ဇာတ်ရုပ်သည် သရုပ်ဆောင်ရန် လွယ်ကူလှသည် မဟုတ်ပေ။ သူမ သဘာဝအတိုင်း မလုပ်ဆောင်နိုင်ပါက လူရူးတစ်ယောက် သို့မဟုတ် မိုက်မဲသူတစ်ယောက်ကဲ့သို့ အလွယ်တကူ ထင်ခွရမည်မှာ သေချာပေါက်ပင်။

လင်းယန် ကိုယ့်ဘာသာကိုယ် သက်ပြင်းချလိုက်ပြီး အတွေးတစ်ခု ဝင်လာသောအခါ ရုတ်တရက် တောင့်ခနဲ ဖြစ်သွားသည်။

သူမ ရုတ်တရက် သဘောပေါက်သွားသည်မှာ... ပေယွီချန်၏ အိမ်ကြီးတွင် ကံကြမ္မာဆုံဆည်းခဲ့သည့် ထိုအချိန်မှစ၍ သူ သူမကို လာမရှာတော့သည်မှာ တစ်ပတ်ပင် ရှိသွားပြီဖြစ်သည်။

လင်းယန်သည် အမြဲတစေ အလုပ်များနေတတ်ပြီး အရာအားလုံးကို အားစိုက်ထုတ်ကာ အာရုံစိုက်တတ်သူဖြစ်ရာ ကမ္ဘာလောကကို မေ့တတ်သည့် အလေ့အကျင့်ရှိသည်။ သူမသည် သူမ၏ သရုပ်ဆောင်စွမ်းရည်များကို တိုးတက်အောင် မနားမနေ လုပ်ဆောင်နေရင်း သူမ၏ ရည်းစားအကြောင်းကို မေ့သွားခဲ့သည်။

ဟာကွာ…. သောက်ကျိုးနည်း….

ဒီအချိန်ကိုက်ဗုံးအကြောင်းကို သူမ ဘယ်လိုများ မေ့သွားရတာလဲ။

ပေယွီချန် အခု ဘာလုပ်နေလောက်မလဲ။

သူမသည် အချစ်ရေးကို နားမလည်သော သံမဏိအမျိုးသမီးတစ်ဦး ဖြစ်သော်လည်း သူမ အရင်က ရည်းစားထားဖူးသည်။ ၎င်းသည် ပုံမှန်ဆက်ဆံရေးတစ်ခု ဖြစ်မည်ဆိုပါက အချင်းချင်း ဖုန်းပင် မခေါ်ကြသည်မှာ အလွန်အမင်း ထူးဆန်းလွန်းသည် မဟုတ်ပါလား။

ပေယွီချန်သည်လည်း သူမကဲ့သို့ပင် အရာအားလုံးကို မေ့သွားခဲ့ပြီလား။

All Chapters