← Chapters

လမ်းခွဲနည်းဗျူဟာ

Vol. 7 Ch. 93

လမ်းခွဲနည်းဗျူဟာ

Vol. 7 Ch. 93

လင်းယန် အချိန်အကြာကြီး စဉ်းစားပြီးနောက် ဖြစ်နိုင်ခြေတစ်ခုတည်းကိုသာ တွေ့ရှိခဲ့သည်။ ပေယွီချန်သည် ထူးခြားသည့် အဆင့်အတန်းနှင့် ကြွယ်ဝချမ်းသာမှုရှိသူဖြစ်သည်။ ထို့ကြောင့် ရည်းစားထည်လဲတွဲခြင်းသည် သူအတွက် ပုံမှန်ကိစ္စပင်။

သူသည် ထိုအချိန်က သူမကို စိတ်ဝင်စားဖွယ်တွေ့ရှိခဲ့ပြီး လွယ်လွယ်ကူကူ သဘောတူခဲ့ခြင်းဖြစ်နိုင်သည်။ သို့သော် မကြာမီတွင် သူမကို လုံးဝမေ့သွားခဲ့ခြင်းပင်။

ပေယွီချန်လို လူတစ်ယောက်က သူမလို သာမန်အရေးမပါသော အမျိုးသမီးတစ်ဦးကို ဘယ်လိုများ မှတ်မိနိုင်ပါ့မလဲ။

အကောင်းဆုံးအနေဖြင့် သူမသည် ပေယွီချန်ကို သဘောကျသူ သန်းပေါင်းများစွာထဲမှ တစ်ဦးသာ ဖြစ်နိုင်သည်။

လင်းယန်သည် အရာအားလုံးကို အခုမှ နားလည်သွားသလို ခံစားလိုက်ရပြီး သက်ပြင်းချလိုက်သည်။

တကယ်တော့ ၎င်းသည် သူမ ခန့်မှန်းထားသည့်အတိုင်းပင်။ လင်းယန်အား ပိုမိုဝမ်းသာစေသည်မှာ အိမ်တွင်းပိတ်လှောင်နေသည့် ကာလအတွင်း သူမ၏ 'နောက်ထပ် ကိုယ်ပိုင်လက္ခဏာ' ပေါ်ထွက်မလာခြင်းပင်။

အရာအားလုံး ချောမွေ့နေပုံရသဖြင့် လင်းယန်သည် စတင်လမ်းခွဲရန် စီစဉ်နိုင်ပြီဟု ခံစားခဲ့ရသည်။

သို့သော်...

ဒီခေါင်းစဉ်ကို သူမ ဘယ်လိုစပြောရမလဲ။

ဒီအတွက် ထူးခြားတဲ့ နည်းစနစ်တွေ လိုအပ်တယ်။

အထူးသဖြင့် ပေယွီချန်က တစ်ဖက်လူ ဖြစ်နေတဲ့အခါမှာပေါ့။ ဘယ်လိုအကြောင်းပြချက်မျိုးပြပြီး လမ်းခွဲရမလဲ။

လင်းယန်သည် သူမ၏ လက်ပ်တော့ပ်ကို ဖွင့်ကာ ရှာဖွေမှုပြုလုပ်ခဲ့သည်။ သူမသည် 'ရည်းစားကို ဘယ်လိုမျိုး လိမ္မာပါးနပ်စွာနဲ့ လမ်းခွဲရမလဲ' ဟု ရိုက်ထည့်လိုက်သည်။ အွန်လိုင်း၌ အဖြေများစွာ ရှိနေခဲ့သည်။

တစ်ဦးက အကြံပြုထားသည်မှာ “စိတ်တိုဒေါသထွက်တာကို နေ့တိုင်းလုပ်ကြည့်။ သူ မခံနိုင်ရင် မင်းနဲ့ လမ်းခွဲလိမ့်မယ်” ဟူ၍ ဖြစ်သည်။

၎င်းသည် အလုပ်ဖြစ်မည်မဟုတ်ပေ။ ထို့အပြင် သူမ ဤသို့လုပ်ဆောင်ရန် မရဲဝံ့ပေ။ ပေယွီချန်ကဲ့သို့သော လူတစ်ဦးအနီးတွင် သူမ ဘယ်လိုလုပ် စိတ်တိုဒေါသထွက်နိုင်ပါ့မလဲ။

သူ့ကို မြင်လိုက်သည်နှင့် သူမ၏ ဒေါသများ ပျောက်ကွယ်သွားမှာ အသေအချာပင်။

နောက်တစ်ဦးက အကြံပြုထားသည်မှာ 'မိန်းမတစ်ယောက်ကို ငှားပြီး သူ့ကို ဖျားယောင်းခိုင်းပြီးတော့ မင်းကို လှည့်စားတယ်လို့ စွပ်စွဲလိုက်ပါ။ သူ မင်းကို သေချာပေါက် လမ်းခွဲပေးလိမ့်မယ်’ ဟူ၍ ဖြစ်သည်။

၎င်းသည်လည်း အလုပ်ဖြစ်မည်မဟုတ်ပေ။ မိန်းမတစ်ဦးကို ငှားရန် ငွေသုံးစွဲရဦးမည် မဟုတ်ပါလား။

နောက်တစ်ဦးကမူ 'လွယ်ပါတယ်။ စာတွေလည်း မပြန်နဲ့။ ဖုန်းမဖြေနဲ့ ဒါမှမဟုတ် စရိုက်မတူလို့ ဒါမှမဟုတ် အကျိုးစီးပွားချင်း မကိုက်ညီလို့ စတာတွေ ပြောလိုက်ပါ! ဘယ်အကြောင်းပြချက်ပဲ ဖြစ်ဖြစ် ရတယ်!'

၎င်းက... ဖြစ်နိုင်ခြေရှိပုံရသည်။

ဤအကြံပြုချက်များကို ဖတ်ရှုပြီးနောက် လင်းယန်တစ်ယောက် အလင်းရရှိသွားခဲ့သည်။ နည်းလမ်းများစွာ ရှိသည် မဟုတ်ပါလား။

လင်းယန် လေ့ကျင့်နေစဉ် ဖုန်းမြည်လာသည်။ သူမ ဖုန်းကို ကောက်ကိုင်လိုက်ရာ မျက်နှာပြင်ကို နှိပ်လိုက်သည်နှင့် ပေယွီထန်၏ ထိတ်လန့်တကြား ကြောက်လန့်နေသည့် အသံကို ကြားလိုက်ရသည်။

"အစ်မကြီး ကျွန်တော့်ကို ကယ်ပါဦးဗျာ"

လင်းယန် ထိတ်လန့်သွားသည်။

"တတိယမြောက် မောင်လေး ဘာဖြစ်တာလဲ"

"ကျွန်တော်... ကျွန်တော် ဒုက္ခရောက်နေပြီ... ဒီတစ်ခါတော့ တကယ်ကို ပြီးပြီ... အစ်မကြီး... အစ်မကြီးကလွဲရင်... ဘယ်သူမှ ကျွန်တော့်ကို မကယ်နိုင်တော့ဘူး..."

ပေယွီထန်က ရှေ့နောက်မညီဘဲ ပြောဆိုနေသဖြင့် တကယ်ပင် ဆိုးရွားသည့် ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့သကဲ့သို့ ထင်ရသည်။

"ဘာတွေဖြစ်နေတာလဲ။ ဖြည်းဖြည်းချင်းနဲ့ ရှင်းရှင်းလင်းလင်းပြောပါဦး။"

လင်းယန်၏ စိတ်ထဲ၌ ပေယွီထန်သည် ရဲရင့်ပြီး ကြောက်စိတ်မရှိသည့် ကောင်လေးတစ်ဦးဟု ထင်မှတ်ထားခဲ့သည်။ မည်သည့်အရာက သူ့အား ဤမျှအထိ ကြောက်လန့်စေသည်ကို သူမ မသိခဲ့ပေ။

ပေယွီထန်က စိုးရိမ်တကြီး ပြောဆိုလိုက်သည်။

"ကျွန်တော် အရမ်းအသောက်လွန်ပြီး ဆုန်းယောင်နန်နဲ့ ရန်ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ ရန်ဖြစ်ပြီး ရဲစခန်းရောက်သွားတယ်။ ဒုတိယအစ်ကို့ကို ဖုန်းခေါ်တော့ သူက အာမခံနဲ့ ထုတ်ပေးခဲ့တယ်..."

လင်းယန် သက်ပြင်းချလိုက်သည်။

"ဒါဆို အားလုံး အဆင်ပြေသွားပြီ မဟုတ်ဘူးလား။"

သူမသည် အသက်နှင့်သေခြင်း ကိစ္စဟု ထင်မှတ်ထားခဲ့သဖြင့် တကယ်ပင် ကြောက်ခဲ့ရသည်။ ပေယွီထန်သည် အလွန်ပင် အပြစ်ကင်းပြီး စိတ်ရိုးဖြောင့်သည့် ကောင်လေးတစ်ဦးဖြစ်သော်လည်း သူသည် စိတ်ခံစားမူ မြန်ဆန်လွန်းသည်။ သူ ရန်ဖြစ်ခဲ့သည်ကို သူမ အံ့ဩခြင်းမရှိပေ။

ပေယွီထန် ဖုန်းထဲမှ အော်ပြောလိုက်သည်။

"အစတုန်းကတော့ ကျွန်တော် အဆင်ပြေတယ်။ ပြဿနာက အစ်ကိုကြီးက ဒီကိစ္စကို သိသွားတာဗျ။ ကျွန်တော် သေပြီပဲ။

အစ်ကိုကြီးက ကျွန်တော့်ကို ကားပြိုင်သမား ဖြစ်ခွင့်ပြုခဲ့တယ်၊ ဒါပေမဲ့ အခြေအနေ နှစ်ခု သတ်မှတ်ခဲ့တယ်။ ပထမ ဒီကာလအတွင်း ပြဿနာ မဖြစ်ရဘူး။ ဒုတိယက မိသားစုဆီက အကူအညီ မတောင်းရဘူး။ အခု ကျွန်တော် စည်းကမ်းချိုးဖောက်မိပြီ။

ဒီည ကျွန်တော့်ကို Y နိုင်ငံက ကျောင်းတစ်ကျောင်းကို ပို့လိုက်တော့မယ်တဲ့။ ပြီးရင် ၂၄ နာရီလုံးလုံး စောင့်ကြည့်ခံရတော့မယ်။ ကျွန်တော် အပေါ့ပဲသွားသွား၊ အစားပဲစားစား လူတစ်ယောက်က ကျွန်တော့်နဲ့ အတူရှိနေမယ်။ ကျွန်တော် မလုပ်နိုင်ရင် အစ်ကိုက ကျွန်တော့်ကို အဲဒီမှာ ထာဝရနေခိုင်းတော့မယ်။ ဒါက အရမ်းကြောက်စရာကောင်းတယ်။ ကျွန်တော် အဲဒီနေရာကို ရောက်သွားရင် လွတ်လပ်ခွင့်တွေ အကုန် ဆုံးရှုံးသွားလိမ့်မယ်"

All Chapters