ကောင်းသောညလေးပါ မစ္စလင်း
Vol. 7 Ch. 96
ချိန်မိုက ခရီးဆောင်အိတ်ကြီးနှစ်လုံးကို တွန်းပြီး ပေယွီထန် ဘေးနား ရပ်လိုက်သည်။
ပေယွီထန်က မလှုပ်မရှား ငြင်းဆန်နေသည်ကို မြင်သောအခါ ပေယွီချန်သည် သူ၏ ကိုယ်ရံတော်များကို အချက်ပြလိုက်သည်။ ကိုယ်ရံတော်နှစ်ဦး ခေါင်းညိတ်ကာ ရှေ့သို့ တိုးလာပြီး "တတိယသခင်လေး ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခက်ခဲအောင် မလုပ်ပါနဲ့..." ဟု ပြောဆိုလိုက်သည်။
ပေယွီထန်က အားအင်မရှိစွာ ကန့်ကွက်ရင်း "မဟုတ်ဘူး။ ငါ မသွားဘူး ငါ မသွားဘူး" ဟု ရုန်းကန်သည်။ ကိုယ်ရံတော်များသည် အချင်းချင်းကြည့်ကာ "စိတ်မရှိပါနဲ့" ဟုဆိုပြီး ပေယွီထန်ကို ဝိုင်းလိုက်ကြသည်။ သူတို့အားလုံး ပရော်ဖက်ရှင်နယ် သင်တန်းများ ရရှိထားကြသောကြောင့် ပေယွီထန်သည် ပြန်လည်တုံ့ပြန်နိုင်ခြင်း မရှိပေ။ ထို့အပြင် သူ့အစ်ကိုကြီး ရှိနေချိန်တွင် ထိုသို့လုပ်ဆောင်ရန် သတ္တိလည်း မရှိပေ။
"လခွမ်း ဖယ်စမ်း ငါ့ကို လွှတ်….လွှတ်..."
သူ့အား ကားဆီသို့ အတင်းအကြပ် ဆွဲခေါ်ရန် ပြုလုပ်နေစဉ် မိန်းကလေးတစ်ဦး၏ သိမ်မွေ့သောအသံ ထွက်ပေါ်လာသည်။
"ဟင်... အနှောင့်အယှက်ပေးမိလို့ စိတ်မရှိပါနဲ့..."
လင်းယန်သည် အခုမှပင် ရောက်ရှိလာခြင်းဖြစ်ပြီး ပေယွီထန်အား သာမန်လူနှစ်ဦးက သူ၏ခရီးဆောင်အိတ်များနှင့်အတူ ဆွဲခေါ်နေသည်ကို မြင်တွေ့လိုက်ရသည်။ ပေယွီထန်၏ အော်ဟစ်သံများနှင့် ကန့်ကွက်သံများက သူမကို လန့်သွားစေသည်။ ဖုန်းထဲတွင် ပေယွီထန်က ချဲ့ကားပြောဆိုခဲ့ခြင်း မဟုတ်သည်ကို သူမ သဘောပေါက်လိုက်သည်။
ပေယွီထန်သည် လင်းယန်ကို မြင်လိုက်သည့်အခိုက်အတန့်တွင် သူ၏ ဇီဝဗေဒဆိုင်ရာ ဖခင် ရောက်ရှိလာသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ကိုယ်ရံတော်များကို တွန်းဖယ်ကာ လင်းယန်ဆီသို့ ပြေးသွားပြီး "ဒယ်ဒီ…ဒယ်ဒီ နောက်ဆုံးတော့ ရောက်လာပြီ…." ဟု အော်လိုက်သည်။
ပေနန်ရှု ရှုပ်ထွေးသွားပြီး "ဒယ်ဒီ..." ဟု ရေရွတ်လိုက်သည်။ ပေယွီချန်လည်း စကားမပြောနိုင်ဖြစ်သွားသည်။ ကိုယ်ရံတော်နှစ်ဦးနှင့် လက်ထောက်များသည် ပေယွီထန်၏ စကားကို ကြားသောအခါ တုန်လှုပ်အံ့သြသွားကြသည်။
လင်းယန်သည် သူမ၏ ရည်းစားနှင့် သူမ idol ကို ခိုးကြောင်ခိုးဝှက် ကြည့်လိုက်သည်။ ထို့နောက် ပေယွီထန်ကို မျက်စောင်းထိုးပြီး အံကြိတ်ကာ "မင်း ဘာပြောလဲ သတိထားဦး..."
သူမကို ဒယ်ဒီလို့ ခေါ်ရင် ပေယွီချန်နဲ့ ပေနန်ရှုနဲ့ သူမရဲ့ ဆက်ဆံရေးက ဘာဖြစ်သွားမလဲ။
ပေယွီထန်က ခံပြင်းစွာ ထစ်အော်လိုက်သည်။
"အစ်မကြီး ကျွန်တော် Y နိုင်ငံမှာရှိတဲ့ ဘောလုံးကွင်းလောက် ကျယ်တဲ့ အဲဒီအိမ်ကြီးထဲမှာ မနေချင်ဘူး။ မင်းသားလေးတွေ မင်းသမီးလေးတွေနဲ့ ပြည့်နေတဲ့ အဲဒီ မင်းမျိုးမင်းနွယ်ကျောင်းကို မသွားချင်ဘူး... ဘီလျံပေါင်းများစွာ တန်ဖိုးရှိတဲ့ ကျွန်တော်တို့ မိသားစုလုပ်ငန်းနဲ့ ပိုင်ဆိုင်မှုတွေကို အမွေမခံချင်ဘူး... ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်ပါဦး"
လင်းယန်သည် သူ၏စကားကို ကြားသောအခါ စိတ်တိုပြီး စိတ်ပျက်အားငယ်သွားသည်။
သူ့စကားကို ကြားရသည်နှင့် သူ့ကို ရိုက်ပစ်ချင်စိတ် ဖြစ်ပေါ်လာတာ ဘာလို့လဲ။
ပေယွီချန်သည် တစ်ပတ်လုံး မတွေ့ရသေးသော သူ၏ရည်းစားကို မြင်သောအခါ လျစ်လျူရှုပြီး ဂရုမစိုက်သည့် ပုံစံ ပေါက်နေသည်။ ပြတင်းပေါက်မှ လရောင်များက သူ၏မျက်နှာတစ်ခြမ်းကို ထွန်းလင်းနေချိန်တွင် အခန်းတွင်းမှ အလင်းရောင်က ကျန်တစ်ခြမ်းကို ထွန်းလင်းနေသည်။ မှန်ဘီလူးနောက်က သူ၏မျက်လုံးတစ်စုံသည် ခပ်လှမ်းလှမ်းမှ နက်ရှိုင်းပြီး နက်နဲသော သမုဒ္ဒရာနှင့် တူနေသည်။
ပေယွီချန်၏ ရည်းစားအဖြစ် သူမ၏ အဆင့်အတန်းအသစ်ကို တကယ်ပင် အကျင့်မဖြစ်သေးသော လင်းယန်သည် ရုတ်တရက် အံအားသင့်သွားသည်။ သူမ ဘာပြောရမည်ကိုပင် မသိတော့ပေ။ မည်သို့ပင်ဖြစ်စေ၊ သူမက သူ့ကို စွဲလမ်းနေပြီး ချစ်နေသည်ဟု လိမ်ပြောခဲ့ခြင်းပင်။
ပေယွီချန်သည် သူမ သုံးကြိမ်သာ တွေ့ဖူးသော လူစိမ်းတစ်ယောက်သာ ဖြစ်သည်။ ထို့အပြင် သူသည် သူမကဲ့သို့ သာမန်လူများအတွက် လက်လှမ်းမမီသောသူတစ်ယောက်ပင်။
လင်းယန် ပေယွီထန်ကို မျက်စောင်းလှန်ထိုးကာ သူ့ကို ဘေးသို့ တွန်းဖယ်လိုက်သည်။ သူမက ပေယွီချန်ကို နှုတ်ဆက်လိုက်သည်။
"အဟွတ်... အဟမ်း... မစ္စတာပေ မင်္ဂလာပါ..."
ပေယွီချန်သည် သူ၏စီးကရက်တိုလေးကို ငြှိမ်းသတ်ပြီး သူ၏ အကြည့်များက သူမမျက်နှာဆီ ရောက်လာသည်။
"မဂ်လာညချမ်းလေးပါ မစ္စလင်း။"
လင်းယန်သည် ပေယွီထန်ကို ဘေးတစောင်းကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
"တွေ့လား။ ငါ မင်းရဲ့ အစ်ကိုကြီးနဲ့ မရင်းနှီးဘူးလို့ ပြောပြီးပြီ။ သူ့ကို ဘာပြောရမယ်ဆိုတာတောင် မသိဘူး၊ ဒါတောင် မင်းက သူ့ကို ကိုယ်စားတောင်းပန်ခိုင်းနေသေးတယ်..."
ပေယွီချန်၏ ခပ်အေးအေး သဘောထားကြောင့် သူမ အဲ့ဒီနေ့က ဖြစ်ပျက်ခဲ့သည်များ သူမစိတ်ကူးထဲကသာ ဖြစ်နေသလားဟု သံသယဝင်သွားသည်။ ပေယွီချန်နှင့် လင်းယန်တို့ ဘာဖြစ်လို့ ဝေးကွာနေတယ်လို့ ငါထင်နေရတာလဲ။
ပေယွီထန်လည်း အံအားသင့်သွားသည်။