ပြောစရာ အရေးကြီးတာတစ်ခု ရှိတယ်
Vol. 7 Ch. 97
ပေယွီထန်သည် အသက်ကယ်ကောက်ရိုးကို ဆုပ်ကိုင်ထားသလို သူမကို ဆုပ်ကိုင်ထားလိုက်သည်။
"ကျွန်တော် ဂရုမစိုက်ဘူး။ ဒယ်ဒီ… ဒယ်ဒီ ကျွန်တော့်ကို ကယ်ရမယ်နော်။ သူတို့ ကျွန်တော့်ကို နိုင်ငံခြားပို့တာကို ဒယ်ဒီကြည့်နေလို့ မရဘူး။ ကျွန်တော်က သနားစရာကောင်းပြီး အားနည်းပြီး အားကိုးရာမဲ့နေတာ... ဒယ်ဒီရော အဲဒီလို လုပ်ရက်နိုင်လို့လား။"
လင်းယန်က ဟစ်အော်လိုက်သည်။
"ငါကတော့ လုပ်ရက်နိုင်တယ်..."
သူသာ ကားပြိုင်သမား မဖြစ်နိုင်ရင် ဘီလျံပေါင်းများစွာတန်ဖိုးရှိတဲ့ မိသားစုလုပ်ငန်းကို ပြန်လာပြီး အမွေခံရမှာပဲဟာ။ သူ တကယ်ကို သနားစရာကောင်းပြီး အားနည်းပြီး အားကိုးရာမဲ့နေတာမှ မဟုတ်တဲ့ဟာ။
ငါ့လို ဆင်းရဲတဲ့သူရဲ့ မျက်စိကို ဆူးအောင် ထိုးနေသလိုပဲ။
ပေယွီထန်က အော်ပြောလိုက်သည်။
"ဒါပေမဲ့ ဒယ်ဒီ ကျွန်တော့်ရဲ့ အန်ပေါင်းတွေကို လက်ခံခဲ့တာပဲဟာ"
ပေယွီထန် စကားပြောလိုက်သည်နှင့် လင်းယန် နောင်တရသွားပြီး "ကျွန်မ..."
ဘာဖြစ်လို့ အဲ့တာကို ငါလက်ခံခဲ့ရတာလဲ။
ထိုလူငယ်လေးက အလွန် ရက်ရောသည်။ အန်ပေါင်းတစ်ထုပ်စီတွင် ယွမ် ၁၈၈ တန်ဖိုးရှိသည်။
ငါ့ရဲ့လက်တွေကို ငါဘာဖြစ်လို့မထိန်းချုပ်နိုင်ခဲ့ရတာလဲ။
လင်းယန် မျက်တောင်ခတ်လိုက်ပြီး သူမရင်ဘတ် နာကျင်နေသကဲ့သို့ အသံနှင့် မေးလိုက်သည်။ "အခု ပြန်ပေးရင် မနောက်ကျသေးဘူး မဟုတ်လား"
ပေယွီထန်၏ ရင်ဘတ်က ပို၍ပင် နာကျင်လာသည်။
"နောက်ကျသွားပြီ။ ကျွန်တော့်ဖုန်းက သိမ်းခံလိုက်ရပြီ။ အစ်မကြီး အားလုံး ပြန်ပေးရင်တောင် အသုံးမဝင်ဘူး"
လင်းယန် ဆွံမသွားသည်။
သူမရဲ့ ဒီလောဘကြီးတဲ့ လက်တွေကို ဘာဖြစ်လို့ မတားနိုင်ခဲ့ရတာလဲ။
ဘာဖြစ်လို့ အဲ့ဒီအန်ပေါင်းတွေကို လက်ခံခဲ့ရတာလဲ။
ပေယွီချန်သည် တီးတိုးပြောဆိုနေသော ထိုသူနှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီး "မစ္စလင်း မင်း ငါ့ကို ရှာနေတာလား" ဟု မေးလိုက်သည်။
ပေယွီထန်က လင်းယန်ကို တွန်းတိုက်လိုက်ပြီး "မြန်မြန်လုပ် ကျွန်တော့်အစ်ကို မင်းနဲ့ စကားပြောနေတယ်" ဟု ပြောသည်။
"မင်းက တကယ့်ကိုအကျင့်မကောင်းတဲ့ကောင်"
လင်းယန်က ပေယွီထန်ကို ဒေါသတကြီး မျက်စောင်းထိုးပြီး အံကြိတ်လိုက်သည်။ ထို့နောက် ပေယွီချန်ကို မျက်နှာပျက်ပျက်နှင့် လှည့်ကြည့်လိုက်သည်။
"ကျွန်မ... ကျွန်မ ရှင့်ကို ရှာနေတာ... ပြောစရာ….အရေးကြီးတာတစ်ခု ရှိတယ်..."
မေ့လိုက်တော့...
ငါဘာဖြစ်လို့ ဒီလောက်အထိ ကူညီပေးတက်ရတာလဲ။
အချစ်အတွက်၊ တရားမျှတမှုအတွက်၊ လူငယ်တစ်ယောက်၏ အိပ်မက်အတွက် သူမ အစွမ်းကုန် ကြိုးစားရမည်။
အခြေအနေကို ခွဲခြမ်းစိတ်ဖြာကြည့်သောအခါ သူမက သူ့ကိုယ်စား တောင်းပန်ပါက သူမလည်း ပါဝင်ပတ်သက်သွားနိုင်သည်ကို သဘောပေါက်သွားသည်။ ထို့ကြောင့် သူမက ပေယွီထန်အတွက် တောင်းပန်ရန် ရောက်လာသည်ဟု မပြောသင့်ပေ။ သူမသည် သူ့ကို တစ်ပတ်လုံး ဆက်သွယ်မလာခဲ့ဘဲ အခုမှ တခြားသူတစ်ယောက်အတွက် တောင်းပန်ရန် သူ့ကို လာရှာသည်။
ထိုအကြောင်းအရာက လုံးဝ ကျိုးကြောင်းမဆီလျော်ပေ။
သူမ၏ ပုံရိပ် ပျက်စီးသွားလိမ့်မည်။
ထို့ကြောင့် သူမ တောင်းပန်ခြင်းမပြုမီ၊ သူမ၏ ပုံရိပ် ဘေးကင်းကြောင်း သေချာစေရန် လိုအပ်သည်။
ဟုတ်ပြီ…ပုံရိပ်… ပုံရိပ်…
သူမသည် ပေယွီချန်ကို အလွန်ချစ်ပြီး အရူးအမူး ကြိုးစားခဲ့သည်။ သူတို့ ဆက်ဆံရေး အသစ်မစတင်မီတွင် သူမသည် နောက်ယောင်ခံလိုက်သူတစ်ယောက်လို ဖြစ်နေခဲ့သည်။ ၎င်းသည် တစ်ပတ်အတွင်း သူတို့ ပထမဆုံးအကြိမ် ပြန်တွေ့ခြင်းဖြစ်သည်။
ရုတ်တရက် မဖြစ်အောင် ငါဘယ်လိုတုန့်ပြန်ရမလဲ။
ပေယွီချန် သူမဘက်သို့ လှည့်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"အဲဒီလိုလား"
"ဟုတ်..."
လင်းယန်၏ စိတ်ထဲတွင် အတွေးများ လျင်မြန်စွာ ပြေးလွှားနေပြီး သူမ မကြာသေးခင်က သင်ယူထားသည့် ဇာတ်ကောင်အမျိုးမျိုး ဖန်တီးနည်းကို အသုံးချရန် ဆုံးဖြတ်လိုက်သည်။ သူမသည် မြှူဆွယ်သော ပုံရိပ်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ တစ်စက္ကန့်အကြာတွင် လင်းယန် သတ္တိကို မွေးပြီး သူမမျက်လုံးများကို မှိတ်လိုက်သည်။ ကျည်ဆန်ရထားကဲ့သို့ပင် သူမက ပေယွီချန်ဆီ တည့်တည့်တိုးဝင်သွားလိုက်သည်။
ပြီးနောက်... သူမသည် ပေယွီချန်၏ ရင်ဘတ်နှင့် တိုက်မိသွားသည်။ အရင်တုန်းက သူမသည် ပေယွီချန်ကို အတင်းအကျပ် အခွင့်အရေးယူခဲ့ရသည်။ အခုတော့ သူမ၏ ပုံရိပ်ကို ထိန်းသိမ်းရန်အတွက် ဆက်လုပ်ရတော့မည်ဖြစ်သည်။ သူမ တကယ်ပင် ကြီးမားသော အပြစ်တစ်ခု ကျူးလွန်မိသလို ခံစားလိုက်ရသည်။
ပေယွီချန် တုံ့ပြန်နိုင်ချိန်တွင် လန်းဆန်းသော ခေါင်းလျှော်ရည်နံ့ သင်းနေသော မိန်းကလေး၏ ခန္ဓာကိုယ်က သူ၏ရင်ခွင်ထဲ အပြည့်အဝ ရောက်ရှိနေပြီဖြစ်သည်။ မှောင်မိုက်သော ရေကန်ကဲ့သို့ လည်နေသော သူမ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ မိန်းကလေး၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် သူ၏ခန္ဓာကိုယ်မှာ အနည်းငယ် ယိုင်သွားသည်။ သူသည် သူ့လက်ကို မြှောက်ပြီး မိန်းကလေး၏ ခါးပေါ် တင်လိုက်သည်။
လင်းယန်သည် သူမ မကြာသေးခင်က လေ့ကျင့်ထားသော သရုပ်ဆောင်စွမ်းရည်များကို အသုံးပြုပြီး ချစ်မိနေသော မိန်းကလေးငယ်တစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ သို့သော် တကယ်တမ်းကျတော့ သူမသည် သူ့ကို ဖက်ရန် စတင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာတွင် သူမ တကယ်တမ်း သရုပ်ဆောင်စရာပင် မလိုတော့ပေ။
"ကျွန်မ... အရေးကြီးတာက... ကျွန်မ ခင်ဗျားကို လွမ်းနေခဲ့တာ..."
မိန်းကလေး၏ နူးညံ့ချိုသာသော အသံက သူ၏နားထဲသို့ ရောက်လာခဲ့သည်။