သွေးပေါင်ကျခြင်းအခန်း ၉၈။ သွေးပေါင်ကျခြင်း
Vol. 7 Ch. 98
ပေယွီထန် ဆွံ့အသွားတော့သည်။ သူမသည် အခုလေးတင်ပင် သူတို့ ရင်းနှီးမှု မရှိကြောင်း ပြောဆိုခဲ့ခြင်း မဟုတ်ပါလား။ ပေယွီထန်အပြင် ကိုယ်ရံတော်နှစ်ဦးလည်း ထိတ်လန့်တကြား ဖြစ်သွားကြသည်။ ကိုယ်ရံတော်များသည် ပေါ့ပေါ့ပါးပါး ဝတ်စုံနှင့် မိန်းကလေးက သူတို့သူဌေးကို ပြေးဖက်သည်ကို ကြည့်နေကြသည်။ သူတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ သူမကို ဆွဲထုတ်ပြီး သူတို့သူဌေးကို ကာကွယ်ရန်ပင်။
ပေနန်ရှုသည် သူတို့အား အဓိပ္ပာယ်ပါသော အကြည့်နှင့် ကြည့်ကာ ရပ်တန့်ရန် လက်ဖြင့် အချက်ပြလိုက်သောအခါမှ ကိုယ်ရံတော်များက ရပ်တန့်လိုက်ကြသည်။
၎င်းသည် လင်းယန် ပေယွီချန်ကို ပထမဆုံးအကြိမ် ချဉ်းကပ်ဖူးခြင်း မဟုတ်သော်လည်း သူမ သတိရှိရှိဖြင့် ရင်းနှီးမှု စတင်ခြင်းမှာ ပထမဆုံးအကြိမ်ပင်ါာ
တခြားတစ်ကြိမ်တုန်းကတော့ ဆေးရုံတွင် သူ့ပေါ်လဲကျပြီး သူ့၏လက်ကို ထိခဲ့ဖူးသည်။ သူမသည် ပေယွီချန်ကို မည်သို့ မရိုမသေ နည်းလမ်းများဖြင့် စော်ကားခဲ့ဖူးသည်ကိုပင် မမှတ်မိတော့ပေ။
ထို့အပြင် ဤကဲ့သို့ ချွဲနွဲ့သော စကားလုံးများကို သူမ ပြောရမည်ဖြစ်သည်။ သူမ၏ မာနကို တကယ် စွန့်လွှတ်ခဲ့ရခြင်းပင်။
ပေယွီချန်သည် ပါးလွှာသော ရှပ်င်္အကျီကိုသာ ဝတ်ဆင်ထားသည်။ သူမသည် သူ၏ခန္ဓာကိုယ်ကို မထိအောင် ရှောင်ရှားရန် ကြိုးစားခဲ့သော်လည်း ကောင်းကောင်း ထိန်းနိုင်ခဲ့ခြင်း မရှိပေ။ သူမ၏ ကျန်လက်တစ်ဖက်က သူ၏ဗိုက်သားပေါ် ရောက်သွားပြီး အဝတ်အစားအောက်က ကြွက်သားများ၏ အထိအတွေ့ကို သူမ ခံစားမိသည်။
သူမ သရေကျလာသလိုပင်။
အယ်….တစ်ယောက်ယောက် လာကယ်ပါဦးဟ။
သရုပ်ဆောင်ပြီးသွားသော လင်းယန်က အလျင်အမြန် ထရန် ကြိုးစားလိုက်သည်။ နောက်ဆုံးတွင် သူမ ကြောက်လန့်တကြားဖြစ်နေရင်း လက်ချော်ကာ ထပ်လဲကျသွားသည်။ ဤတစ်ကြိမ်တော့ သူမ၏ လက်နှစ်ဖက်စလုံးက သူ၏ကိုယ်ပေါ်သို့ ခိုင်ခိုင်မာမာ ဖိမိသွားခြင်းပင်။
လင်းယန်က သူမ၏ မမှန်ကန်သော လက်များကြောင့် သူ၏ရှပ်အင်္ကျီပေါ်တွင် လိုင်းများ ဖြစ်ပေါ်နေသည်ကို မြင်သောအခါ နောင်တစိတ်ဖြင့် သူမရင်ဘတ်ထဲ စူးနစ်သွားသည်။
"စိတ်မရှိပါနဲ့ စိတ်မရှိပါနဲ့ ... ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး..."
လင်းယန် ကိုယ့်ဘာသာကိုယ် စိတ်ထဲမှ ဆုံးမလိုက်ပြီး ဤဟန်ဆောင်မှုကို ဆက်လက်လုပ်ဆောင်ကာ ချိုသာစွာ ပြောလိုက်သည်။
"အစ်ကိုကြီးရဲ့ မျက်ခုံးက သာမန်မျက်ခုံးတွေ မဟုတ်ဘူး။ အင်းအိုင်ထဲမှာ ရောင်ပြန်ဟပ်နေတဲ့ လလိုပဲ။ မျက်လုံးတွေကလည်း သာမန်မျက်လုံးတွေ မဟုတ်ဘူးရယ်။ ကြယ်တွေလို တောက်ပပြီး လှိုင်းလုံးတွေလို ခမ်းနားလှတယ်။ နှုတ်ခမ်းကလည်း ရိုးရိုးနှုတ်ခမ်း မဟုတ်ဘူး။ ကမ္ဘာပေါ်က နောက်ဆုံးပန်းနှင်းဆီလိုပဲ။ အရင်တုန်းက အစ်ကိုကြီးပေါ် တမင်တကာ လဲကျတာ မဟုတ်ပါဘူးလို့ ကျွန်မ ကျိန်ဆိုပါတယ်။ အစ်ကိုကြီးကို အကြာကြီး မတွေ့ရလို့ ကျွန်မ သွေးပေါင်ကျနေတာ..."
ပေယွီထန်:………
ပေနန်ရှု: …….
ကိုယ်ရံတော်များ: …….
သူတို့အားလုံး လင်းယန်ကို ပါးစပ်အဟောင်းသားဖြင့် အံ့သြစွာ ကြည့်နေကြပြီး သူမ၏ စကားလုံးများကို တစ်ချက်ချင်း နားထောင်နေကြသည်။ သူတို့အားလုံး သူမကို လေးစားမိသွားသည်။
ပေယွီချန်လည်း ခဏတာ မှင်တက်သွားပုံရသည်။ သူက မျက်တောင်ခတ်လိုက်ပြီး ညင်သာစွာ ရယ်လိုက်သည်။ ချယ်လိုတူရိယာကဲ့သို့ နက်ရှိုင်းသော အသံဖြင့် "သွေးပေါင်ကျနေတာလား" ဟု ပြောလိုက်သည်။
လင်းယန်က ချောင်းဟန့်လိုက်သည်။
"အဟမ်း... ဟုတ်... ဟုတ်ကဲ့။"
အား ဒါက အရမ်းရှက်စရာကောင်းလိုက်တာ…
သူမ အချစ်နဲ့ တရားမျှတမှုအတွက် အရာအားလုံးကို စွန့်လွှတ်ခဲ့ရတာပဲ။
ပေယွီချန်၏ မျက်လုံးများက လှိုင်များလှုပ်ခတ်နေသလို ခဏအတွင်းပြန်လည်ငြိမ်သက်သွားသည်။ သူမ လဲကျမသွားစေရန် မိန်းကလေး၏ ခါးတွင် ပေါ့ပေါ့ပါးပါး တင်ထားသော သူ၏လက်ကို ပြန်ရုပ်လိုက်သည်။ တစ်စက္ကန့်အကြာတွင် သူသည် သူ၏ မျက်မှန်ကို ချွတ်လိုက်သည်။
လင်းယန်: ….
သူ၏မျက်လုံးများကို ဖုံးအုပ်ထားသော မျက်မှန်မရှိတော့သည့်အခါ တောင်တန်းလေပြေက မြူခိုးများကို မှုတ်ထုတ်လိုက်သလို ခံစားရသည်။ လူတစ်ဦး၏ နှလုံးခုန်နှုန်းကို မြန်စေနိုင်သော ဆွဲဆောင်မှုရှိသည့် ကြည်နူးဖွယ် မျက်လုံးများက သူမရှေ့တွင် ပေါ်လာခဲ့သည်။
လင်းယန်၏ နှလုံးသားက တစ်ခဏချင်း အပြင်းအထန် ခုန်လာခဲ့သည်။
ပေယွီချန်သည် ရုတ်တရက် မျက်မှန်ကို ချွတ်လိုက်သောအခါ အလွန်အမင်း ဆွဲဆောင်မှုရှိပြီး စိတ်လှုပ်ရှားဖွယ် ကောင်းနေပုံရသည်။
သူသည် မိန်းကလေးတစ်ယောင်ကို ရာဇဝတ်မှုကျူးလွန်ချင်စိတ် ပေါက်အောင် လုပ်နိုင်သည်။
လင်းယန်၏ နှလုံးသားနှင့် စိတ်သည် ပြင်းထန်သော တိုက်ခိုက်ခြင်းကို ခံစားနေရစဉ်မှာပင် ထိုလူက သူမ၏ ခေါင်းနောက်ဘက်ကို ညင်သာစွာ ဖိလိုက်သည်။
တစ်ခဏအကြာတွင် ကွင်းပြင်တစ်လျှောက် မှုတ်ထုတ်ခံရသော ဒုဓလီပန်းပွင့်ကဲ့သို့ ပေါ့ပါးပြီး မြစ်ရေပြင်ကို လှိုင်းထန်စေသော လေညှင်းကဲ့သို့ ညင်သာသော အနမ်းတစ်ခုက သူမ၏ နှုတ်ခမ်းပေါ်သို့ ကျရောက်လာသည်။
ထိုလူက မေးလိုက်ချိန်တွင် သူ၏ အသက်ရှူသံကို သူမ ခံစားနေရဆဲပင်။
"မင်းရဲ့ သွေးပေါင်ချိန် နည်းနေတုန်းပဲလား"
လင်းယန် ဆွံ့အသွားတော့သည်။
ငါ ဘယ်သူလဲ။ ငါ အခု ဘယ်ရောက်နေတာလဲ။ ငါ ဘာလုပ်နေတာလဲ။