ကိုယ့်ကိုယ်ကို ဒုက္ခမပေးပါနဲ့
Vol. 7 Ch. 103
လင်းယန်သည် ဝမ်ကျင်းယန်နှင့် စကားပြောပြီးနောက် အောက်ထပ်ဆင်းရန် ပြင်ဆင်လိုက်သည်။ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်နှင့် ကျယ်လောင်သော ဆွဲဖြဲသံကို ကြားလိုက်ရသည်။ သူမ၏ ဂါဝန်မှာ အလွန်ရှည်လျားသောကြောင့် သူမဖိနပ်ဖြင့် ချိတ်မိကာ ပြဲသွားခဲ့သည်။
လင်းယန် ကျယ်လောင်စွာ ဆဲဆိုလိုက်သည်။
"ချီးပဲ…..ဒါ ငါ့ပိုင်ဆိုင်သမျှထဲမှာ အဈေးအကြီးဆုံး ဂါဝန်ဟာကို…"
ဝမ်ကျင်းယန်က သူ့နဖူးကို လက်ဖြင့်ဖိကာ စိတ်ပျက်စွာ ကြည့်လိုက်သည်။
"မဝတ်နိုင်ရင် မဝတ်ပါနဲ့။ ကိုယ့်ကိုယ်ကို ဒုက္ခမပေးနဲ့"
လင်းယန်က မေးစေ့ကို ပွတ်သပ်ကာ စဉ်းစားလိုက်သည်။
"ခွေးပေါက်လေး မင်းပြောတာ မှန်တယ်။ မုန်းတီးသူတွေသာ ငါ့ကို လိုက်နေရင် ဒီဂါဝန်နဲ့ ဘယ်လိုများ ပြေးနိုင်မှာလဲ"
ဝမ်ကျင်းယန်: “…”
လင်းယန်သည် သူမ၏အခန်းသို့ ပြန်သွားကာ သက်သောင့်သက်သာရှိသော အဝတ်အစားတစ်စုံကို ပြောင်းလဲဝတ်ဆင်လိုက်သည်။
ဤသည်မှာ လင်းယန် ပြန်လာပြီးနောက် ပထမဆုံး ထုတ်လုပ်မှုဖြစ်သည်။ ကျောက်ဟုန်လင်း ကိုယ်တိုင် ဒူအိုဒူအိုနှင့်အတူ သူမအား ထုတ်လုပ်ရေးနေရာသို့ လာရောက်ခေါ်ဆောင်ခဲ့သည်။
လင်းယန်သည် မျက်နှာဖုံးနှင့် ဦးထုပ်ဆောင်းကာ မိမိကိုယ်ကို ဖုံးကွယ်ပြီး ကားထဲသို့ ဝင်ရောက်လိုက်သည်။
"ဘာလို့ ဒါကို ဝတ်လာတာလဲ" ဟု ဒူအိုဒူအိုက သူမအား အကြည့်စူးစူးဖြင့် ကြည့်လိုက်သည်။
လင်းယန် သက်ပြင်းချလိုက်သည်။
"အစကတော့ ဂါဝန်ဝတ်ချင်တာ ဒါပေမဲ့ မတော်တဆ ဖိနပ်နဲ့ ချိတ်မိပြီး ပြဲသွားတယ်။ ဒါ့အပြင် ဂါဝန်ဝတ်တာနဲ့ တကယ် အကျင့်မဖြစ်ဘူး။ သည်းခံပေးပါ"
ဒူအိုဒူအို: “…”
"မင်း အပြင်မှာ ဒီလောက် မိန်းကလေးဆန်တာလည်းမရှိ။ ရိုင်းစိုင်းတာကို မင်းရဲ့ နူးညံ့သိမ်မွေ့တဲ့ ပုံရိပ်ကို ဘယ်လို ဖန်တီးခဲ့တာလဲ။"
"သူမ သင့်တော်အောင် ဝတ်ရင် ရပါပြီ။ ကျွန်မတို့ စောသေးတယ်။ ဒါကြောင့် နားနေလို့ ရပါပြီ" ဟု ကျောက်ဟုန်လင်း ကားမောင်းရင်း ပြောလိုက်သည်။
"မမလင်းက အကောင်းဆုံးပဲ" ဟု လင်းယန် ပျော်ရွှင်စွာ အော်ပြောလိုက်သည်။
သူမသည် စိတ်ပိုင်းဆိုင်ရာ အတားအဆီးများကို ကျော်လွှားပြီး ကားပြန်မောင်းတက်နေပြီဖြစ်သည်။ သို့သော် ကားဖြင့် သွားလာရန် လိုအပ်နေသေးသောကြောင့် ကြိုးစားရဦးမည်ပင်။ နေ့တိုင်း မမလင်းအား လာရောက်ခေါ်ခိုင်း၍ မဖြစ်နိုင်ပေ။
မကြာမီ ကားသည် ရိုက်ကူးရေးနေရာသို့ ရောက်ရှိလာသည်။
လင်းယန်သည် ပထမဆုံး ရောက်ရှိလာသည့် နာမည်ကြီးပုဂ္ဂိုလ်ဖြစ်သောကြောင့် ထုတ်လုပ်ရေးအဖွဲ့ဝင်များမှလွဲ၍ အခြားမည်သူ့ကိုမျှ မတွေ့ရပေ။ သူတို့အားလုံး အလုပ်များနေကြပြီး ပြင်ဆင်နေကြသည်။
ဝင်ပေါက်သို့ ရောက်ရှိသည်နှင့် သူမအား ရန်လိုသော အကြည့်များနှင့် တီးတိုးပြောဆိုသံများက ကြိုဆိုနေသည်။
"ဟေး ကြည့်စမ်း။ လင်းယန် လာပြီ။ လင်းယန် ရောက်လာပြီ"
"ဘာလဲဟ... တကယ်ကို သူမပဲ။ သူမက နေ့တိုင်း အဖြူရောင် ဝတ်ရတာ ကြိုက်တော့ ကန်ထဲက ပေါ်လာတဲ့ ကြည်လင်ဖြူစင်တဲ့ ကြာပန်းလေးလိုပဲ ထင်ခဲ့တာ။ ဒီနေ့ ဝတ်ထားတဲ့ပုံစံကြောင့် သူမကိုတောင် မမှတ်မိတော့မလို ဖြစ်သွားပြီ"
"လူတွေ မှတ်မိပြီး ရိုက်နှက်ခံရမှာစိုးလို့ အသွင်သဏ္ဌာန်အသစ်ကို ရွေးချယ်ခဲ့တာ ဖြစ်ရမယ်။ ဒီလောကထဲမှာ ဒီလောက်ကြာအောင် နေလာပြီးမှ ဒီလောက် စက်ဆုပ်စရာကောင်းတဲ့ မိန်းမမျိုးကို ကျွန်တော် ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ သူမ လုပ်နိုင်တာက နူးညံ့သိမ်မွေ့ပြီး နတ်သမီးလေးလို ဟန်ဆောင်ရင်း တခြားသူတွေကို အသုံးချပြီး သူ့နာမည်ကို မြှင့်တင်တာပဲ"
"အတိအကျပဲ။ သူမက အထက်တန်းကျောင်းတောင် မအောင်တဲ့ ကျောင်းထွက်တစ်ယောက်၊ D-list မင်းသမီးတစ်ယောက်။ ရှန်းချောင်းမူနဲ့ ကျန်တဲ့ မင်းသားတွေကို ဘယ်လိုများ အသုံးချရဲတာလဲ၊ ဟန်ရီရွှမ်ရဲ့ ရည်းစားလို့တောင် ပြောရဲတာလား။ သူမ ရူးနေတာပဲ"
"ဒီထုတ်လုပ်ရေးထဲကို ဘယ်လို နည်းလမ်းတွေနဲ့ ရောက်လာလဲဆိုတာ ဘယ်သူသိလဲ။ ဒီတစ်ခါတော့ ကျွန်တော်တို့ရဲ့ ဆုရမင်းသားလေး ပေနန်ရှုကို ပစ်မှတ်ထားတာ ဖြစ်ရမယ်။ သူမက ဖားတစ်ကောင်က ဟင်္သာကို လိုချင်နေသလိုပဲ"
ဒူအိုဒူအိုက ကောလဟာလများ ပိုမိုကျယ်လောင်ပြီး ဆိုးရွားလာသည်ကို သတိထားမိတော့ လင်းယန်၏ လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။
"မင်း ဒေါသထွက်နေရင်တောင် ဒါကို သည်းခံရမယ်။ ဘာမှ မကြားသလို ဟန်ဆောင်ထား။ ဒီထုတ်လုပ်ရေးမှာ မင်းက အနိမ့်ဆုံး အဆင့်အတန်းရှိသူပဲ။ သူတို့က အမှန်တရားကိုပဲ ပြောနေတာ"
လင်းယန်က "မင်း တကယ်ပဲ ငါ့လက်ထောက်လား" ဟု မေးလိုက်သည်။
ကျောက်ဟုန်လင်းက "အခုအချိန်မှာ ဘာပဲဖြစ်ဖြစ် နိမ့်ကျနေဖို့က အကောင်းဆုံးပါပဲ။ ဘာမှ မတုံ့ပြန်ပါနဲ့" ဟု ရွှတ်နောက်နောက် ပြောလိုက်သည်။
ကျောက်ဟုန်လင်းက လင်းယန် မည်ကဲ့သို့ အကျပ်အတည်းများနှင့် ကောလဟာလများကို ကိုင်တွယ်မည်ကို စိုးရိမ်နေသည်။ ထို့ကြောင့် အလွယ်ဆုံးနည်းလမ်းမှာ သူမအား တိတ်ဆိတ်နေရန် ပြောဆိုခြင်းပင်။
လင်းယန်က အမိန့်ကို နာခံစွာဖြင့် "နားလည်ပါပြီ။ နောက်မှာ ကစားဖို့ ဂိမ်းတွေတောင် ဒေါင်းထားပြီးပြီ" ဟု ပြောလိုက်သည်။
ဒူအိုဒူအိုက ကျယ်လောင်စွာ နှာမှုတ်လိုက်သည်။
"မင်း တကယ်ပဲ ဒီလောက် နာခံမယ်ဆိုရင် ငါ ဘုရားသခင်ကို ကျေးဇူးတင်ရမှာပဲ"