← Chapters

ငါ့မိတ်ဆွေရဲ့ မိခင်

Vol. 17 Ch. 248

ငါ့မိတ်ဆွေရဲ့ မိခင်

Vol. 17 Ch. 248

အခန်း (၂၄၈) : ငါ့မိတ်ဆွေရဲ့ မိခင်

ဝေါင်း…

အရှိန်အဝါပြင်းပြင်း သတ္တုဓာတ်ကျားဖြူများက ရွှေကြာ ကောင်းကင်အသျှင်ဆီသို့ ဦးတည်လာနေသည်။

ထိုကျားဖြူများက လေဟာပြင်ကို ထိုးဖောက်ကာ အရှိန်အဟုန်ပြင်းစွာ လာနေသည်။

ထိုပြင်းထန်သော အရှိန်အဝါက အဝေးရှိ အံ့ဖွယ်မိုးကောင်းကင် တပည့်များကိုပါ ကြောက်လန့်တုန်လှုပ်သွားစေသည်။

သတ္တုဓာတ်ကျားဖြူ၏ စွမ်းအားက အဆုံးစွန်အထိ ရောက်ရှိနေပြီး အရည်အချင်းအရှိဆုံးသော ပါရမီရှင်ပင် သူတို့အနားမှာ ရပ်တည်ဖို့ မထိုက်တန်ပေ။

ကျန်းယွင်ရှီး၊ ဖန်ချန်းနှင့် ကျန်းယွင်ထင်တို့က ဖြည်းဖြည်းချင်း နောက်ဆုတ်သွားကြသည်။ ရွှေကြာ ကောင်းကင်အသျှင်နှင့် ၅၀၀ မီတာ အကွာအဝေးသို့ ရောက်ရှိသွားသည့်အခါ တစ်ခါ ထပ်ထိုင်လိုက်ကြပြန်သည်။

ရွှေကြာ ကောင်းကင်အသျှင်က ထိုသတ္တုဓာတ်ကျားဖြူများနှင့် တိုက်ခိုက်ရန်အတွက် မိုးကြိုးပညာရပ်များကို ထုတ်သုံးလိုက်ပြီးနောက် မိုးကြိုးလှိုင်းအချင်းချင်း ပွတ်တိုက်မိသွားကြသည်။

ထိုသတ္တုဓာတ်နတ်မိုးကြိုးက အသန့်စင်ဆုံး အမျိုးအစားဖြစ်သည့်အတွက် ပြိုကွဲသွားသည့် လျှပ်စီးကြောင်းများကို သူတို့သုံးယောက်က အလျင်အမြန် စုပ်ယူလိုက်ကြသည်။

ရှန်ထျန်းကတော့ သူတို့သုံးယောက်လိုမျိုး နောက်မဆုတ်ခဲ့ပေ။

သူ့လုံယွမ်နတ်ချပ်ဝတ်တန်ဆာက မိုးကြိုးအလင်းတန်းများအောက်တွင် တောက်ပနေသည့်အတွက် သူရဲကောင်းတစ်ယောက် ပုံစံ ဖြစ်နေသည်။

တစ်ချိန်တည်းမှာပဲ ထိုပြိုကွဲသွားသော သတ္တုဓာတ်နတ်မိုးကြိုးကို ရှန်ထျန်းက အလျင်အမြန် စုပ်ယူလိုက်သည့်အတွက် မိုးကြိုးက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်းကာ လည်ပတ်သွားသည်။

သူ့နဖူးရှိ ဓာတ်နှောနတ်မိုးကြိုး စွမ်းအားအရင်းအမြစ်က သူ မိုးကြိုးများကို စုပ်ယူလိုက်တိုင်း စွမ်းအားပိုကြီးလာသည်ကို ရှန်ထျန်း ခံစားမိသည်။

အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးဧကရာဇ်က အရမ်းထူးချွန်သော ပါရမီရှင် ဖြစ်သည့်အတွက် သူ့ကို အမှန်တကယ် လေးစားဖို့ကောင်းလှသည်။

သူက မိုးကြိုးစမ်းသပ်ချက်၏ စွမ်းအားကို စုပ်ယူနိုင်ဖို့အတွက် ဤလျှို့ဝှက်ပညာရပ်ကို ဖန်တီးခဲ့ခြင်းဖြစ်သည်။

သူက ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ရဲ့ တရားမဝင်သား ဖြစ်မယ်ထင်တယ်

သူ့ခန္ဓာကိုယ်ကို မိုးကြိုးဖြင့်သန့်စင်ပြီး ပြောင်းလဲနေသည်ဟု ရှန်ထျန်း ခံစားနေမိသည်။

သူ့ခန္ဓာကိုယ်ထဲရှိ ထူးခြားအံ့ဖွယ် ပစ္စည်းငါးမျိုး၏ စွမ်းအားကလည်း သူနှင့်အတူ အဆက်မပြတ် လည်ပတ်နေရင်း ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မြှင့်တင်ပေးနေသည်။

ထိုအချိန်တွင် စွမ်းအင်ဗဟိုချက်ထဲရှိ မိုးကြိုးငါးပါး ပုံရိပ်က ကောင်းကင်မိုးကြိုး စမ်းသပ်ချက်၏ စွမ်းအားကို စုပ်ယူပြီးနောက် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားသည်။

ရှန်ထျန်းက သူ ကြိုက်သည့်အချိန်တွင် ရွှေအမြုတေအဆင့်သို့ တက်လှမ်းဖို့အတွက် ယုံကြည်ချက် ရှိသော်လည်း ယခုတက်လှမ်းဖို့အတွက် မရွေးချယ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ပြိုင်ဘက်ကင်း အုတ်မြစ်ကိုရရှိရန်အတွက်….

ဟုတ်ပြီ

ဒါက ပြိုင်ဘက်ကင်းအုတ်မြစ် ရတာ မရတာနဲ့ ဘာမှမဆိုင်ဘူး။ အဓိကအကြောင်းအရင်းက ဒီနေ့ ရွှေကြာ ကောင်းကင်အသျှင်က စမ်းသပ်ချက် ခံယူတဲ့နေ့ဆိုတော့ သူမက အဓိကဇာတ်ကောင်ပဲလေ

သူက ဒီစီနီယာရဲ့ ကောင်းကင်မိုးကြိုး စမ်းသပ်ချက်အပေါ်မှာလည်း အခွင့်ကောင်း ယူထားသေးတယ်။ အခု ရုတ်တရက်ကြီး အဆင့်တက်သွားမယ်ဆိုရင် ရဲတင်းလွန်းတဲ့ဧည့်သည်က အဓိကဇာတ်ကောင်ဆီကနေ နေရာလုယူလိုက်သလို ဖြစ်သွားလိမ့်မယ် …

 ဆရာဒေါ်လေးရွှေကြာ မကျေမနပ်ဖြစ်သွားတာ ဒါမှမဟုတ် ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ရဲ့ အာရုံကို မတော်တဆ ဖမ်းစားလိုက်တယ်ဆိုရင် ကိုယ့်သေတွင်းကို တူးသလို ဖြစ်သွားလိမ့်မယ်

ထို့ကြောင့် ရှန်ထျန်းက လူမသိ သူမသိလေး ဆက်နေနေသည်။

ထိုအချိန်တွင် ရွှေကြာ ကောင်းကင်အသျှင်က သတ္တုဓာတ်ကျားဖြူများနှင့်တိုက်ခိုက်ရင်း ဒဏ်ရာပြင်းပြင်း ရရှိသွားသည်။

သူမ၏ ငွေရောင်ချပ်ဝတ်တန်ဆာလည်း အစိတ်စိတ်အမြွာမြွာ ဖြစ်သွားသည်။ အံ့ဖွယ်အလင်းတန်းအလွှာသာ မရှိပါက သူမ ကိုယ်လုံးတီး ဖြစ်သွားနိုင်သည်။ ကောင်းကင်မိုးကြိုး စမ်းသပ်ချက်က အဆုံးသတ်ခါနီး ဖြစ်နေသော်လည်း နောက်ဆုံးအချိန်က သူမအတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်နေသည်။

ရွှေကြာ ကောင်းကင်အသျှင်အတွက် အရေးကြီးသောအချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

“ ဟင်း…အဆုံးသတ်သွားပြီလို့ မထင်နဲ့။ အဲဒီလူငယ်လေးကို အကြွေးပြန်ဆပ်စရာ ရှိသေးတယ်” ရွှေကြာ ကောင်းကင်အသျှင်က သက်ပြင်းချကာ ပုလင်းငယ်လေးတစ်ခုကို ဖြည်းဖြည်းချင်း ထုတ်ယူလိုက်သည်။

ရှန်ထျန်း သူမကို ပေးခဲ့သော နိဗာနတော်ဝင်ရေစင်ပုလင်း ဖြစ်သည်။

ယခင်တစ်ခေါက်တုန်းက ရှန်ထျန်းက ချင်ယွင်တိကို ကူညီခိုင်းကာ ရွှေကြာ ကောင်းကင်အသျှင်ဆီမှ အံ့ဖွယ်မိုးကောင်းကင် ကာကွယ်ရေးအစီအရင်ကို နိဗာနတော်ဝင်ရေစင်ဖြင့် လဲလှယ်ခိုင်းလိုက်သည်။

ရှန်ထျန်းက ထိုအစီအရင်တွင် အရမ်းစိတ်ဝင်စားခြင်း မရှိသည့်အတွက် သူ့အတွက် ကောင်းမွန်သော အပေးအယူ တစ်ခု မဟုတ်ပေ။ သူက ဆရာဒေါ်လေးရွှေကြာကို ပိုပြီး စိတ်ဝင်စားမိသည်။

ရွှေကြာ ကောင်းကင်အသျှင်က ဆွဲဆောင်မှုရှိပြီး ငြင်းဆိုမရနိုင်လောက်အောင် အန္တရာယ်ရှိတာကြောင့် မဟုတ်ဘူးနော်… လုံးဝ မဟုတ်ဘူး

အဘယ်ကြောင့်ဆိုသော် ရွှေကြာ ကောင်းကင်အသျှင်က လက်မှုပညာနှင့် ပစ္စည်းများသန့်စင်ခြင်းတွင် အကျွမ်းကျင်ဆုံးသော အံ့ဖွယ်မိုးကောင်းကင်၏  အကြီးအကဲတစ်ယောက် ဖြစ်သောကြောင့် ဖြစ်သည်။ သူမ ယင်ယန်မိုးကြိုးဖောက်ခွဲရေး အဆောင်ကို ဖန်တီးသည့်နေရာမှာလည်း ကူညီပေးခဲ့သည်။

ထိုကဲ့သို့သော စွမ်းအားကြီးပြီး အရည်အချင်းရှိသော အကြီးအကဲတစ်ယောက်နှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်နိုင်ပါက သူ့အတွက် အကျိုးရှိလာလိမ့်မည်။

ဂိုဏ်း၏ အထက်ပိုင်းလူကြီးများနှင့် မိတ်ဆွေဖြစ်ထားပြီး အပြန်အလှန် စိတ်ဝင်စားမှုရှိပါက ရန်သူမရှိဘဲ အမှန်အကန် ပြိုင်ဘက်ကင်း ဖြစ်လာနိုင်သည်။

သူမက သူ့မိတ်ဆွေရဲ့ မိခင် ဖြစ်တယ်ဆိုတဲ့ အချက်နဲ့ ဘာမှမဆိုင်ပါဘူး

ရွှေကြာ ကောင်းကင်အသျှင်က ပုလင်းအသေးလေးကို သူ့နှုတ်ခမ်းပေါ်တင်ထားကာ ဖြည်းဖြည်းချင်း ခွဲလိုက်သည်။ ငွေရောင်အရည်က သူမ၏ အနီရောင်နှုတ်ခမ်းပါးပါးလေးကို ဖြတ်သန်းပြီး ပါးစပ်ထဲသို့ စီးဝင်သွားသည်။

ရွှေကြာကောင်းကင်အသျှင် ညှို့ယူသွေးဆောင် ပညာရပ်တွင် အရမ်းအဆင့်မြင့်သည်ဟု ဆိုနိုင်သည်။

ရိုးရိုးရှင်းရှင်း အပြုအမူလေးတစ်ခုကိုပင် ဆွဲဆောင်မှုရှိအောင် လုပ်တတ်သည်။

ရွှေကြာ ကောင်းကင်အသျှင် နိဗာနတော်ဝင်ရေစင်ကို ကုန်အောင်သောက်ပြီးသွားသည့်အခါ စွမ်းအားများ တဟုန်တိုး မြင့်တက်လာသည်။ နှုတ်ခမ်းထောင့်ရှိ နောက်ဆုံးကျန်နေသည့် ရေစက်လေးကို လျှာဖြင့် သပ်ယူလိုက်သည်။

သူမဆီ ဦးတည်လာနေသော ကျားဖြူအနည်းငယ်ကို ရင်ဆိုင်ရသည့်အခါ သူမ၏ အရှိန်အဝါတို့ ထိုးဖောက်ထွက်လာသည်။

“ သတ္တုဓာတ်လား… ကျားဖြူတွေလား... အကုန်အသေပဲ”

ဝေါင်း…

သူမနောက်ရှိ ကျားဖြူပုံရိပ်သဏ္ဌာန်၏ အရှိန်အဝါက ရုတ်တရက် အဆပေါင်းစွာ တိုးမြင့်သွားသည်။

ရွှေကြာ ကောင်းကင်အသျှင်က သူမ၏ လက်ထဲရှိ ဓားနှင့်ပေါင်းစပ်သွားကာ ငွေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။

ချွင်…

ဓားအလင်းတန်း ပျောက်ကွယ်သွားသည့်အခါ ရွှေကြာ ကောင်းကင်အသျှင်က အားလုံး၏ မျက်လုံးရှေ့တွင် ပြန်ပေါ်လာသည်။ သူမ၏ နတ်ဓားအလင်းတန်း မှေးမှိန်သွားကာ ဓားသွားပေါ်တွင် အက်ကြောင်းများကို မြင်နိုင်သည်။ သို့သော် လုံးဝကျိုးသွားတာမျိုးလည်း မဟုတ်ပေ။

သူမနောက်တွင် သတ္တုဓာတ်ကျားဖြူများ ပေါက်ကွဲသွားကာ ပြိုကွဲသော လျှပ်စီးကြောင်းများအဖြစ် ပြောင်းလဲပြီး ပျံ့နှံ့သွားသည်။

ကောင်းကင်မိုးကြိုး စမ်းသပ်ချက်တိမ်တိုက်များလည်း လွင့်ပြယ်သွားသည်။

အားကောင်းသော စိတ်အားထက်သန်မှု၏ သိမ်သိမ်မွေ့မွေ့ အာရုံခံစားမှုလည်း ပျက်ပြယ်သွားသည်။ ကျန်ရှိသည်က နတ်မိုးကြိုးများ အခြေခံအကျဆုံးသော စွမ်းအင်လေးများအဖြစ် ကွဲသွားသည်သာ ကျန်တော့သည်။ ရွှေကြာ ကောင်းကင်အသျှင်လည်း စိတ်အေးသွားပြီး သူမ နယ်ပယ်အဆင့်အသစ်တစ်ခုသို့ ရောက်သွားသည်ကို သေချာခံစားလိုက်ရသည်။

သူမ တွေ့ကြုံဖူးခဲ့သောအရာများ သို့မဟုတ် သူမ စိတ်ကူးယဉ်ထားတာထက် ပိုပြီး စွမ်းအားကြီးသော နယ်ပယ်အဆင့်တစ်ခု ဖြစ်သည်။

သို့သော် ရွှေကြာ ကောင်းကင်အသျှင်အတွက် အရေးမကြီးပေ။

သူမ မှန်ကို ဖြည်းဖြည်းချင်း ထုတ်ယူကာ ကိုယ့်ကိုယ်ကို လေ့လာဆန်းစစ်လိုက်သည်။

“ ငါ့ကို ကြည့်ရတာ အရမ်းဖြူဖပ်ဖြူလျော် ဖြစ်နေပြီ။ သူတော်စင်အရှင် ဖြစ်လာရင် ပိုပြီးတော့ လှလာမယ်လို့ ပြောကြတယ် မဟုတ်လား။ ငါ့ကို ကြည့်ရတာ ဘာလို့ အရမ်းမျက်တွင်းကျနေရတာလဲ”

ရွှေကြာ ကောင်းကင်အသျှင်က ရေရွတ်လိုက်သည်။ ထို့နောက် လှည့်ကြည့်လိုက်သည့်အခါ သူမကို စိုက်ကြည့်နေသော အံ့ဖွယ်မိုးကောင်းကင် တပည့်အုပ်စုကြီးကို တွေ့လိုက်ရသည်။

ရွှေကြာ ကောင်းကင်အသျှင်၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားကာ ပြောလိုက်သည်

“ သူတော်စင်အဆင့်ကို ရောက်ရှိသွားပြီဆိုပေမဲ့ ဒီအဆင့်အသစ်ကို သေချာနားလည်နိုင်ဖို့အတွက် သီးသန့်ကျင့်ကြံဖို့ လိုအပ်တယ်။

နောက်ထပ် ရက်အနည်းငယ်အတွက် ရွှေကြာတောင်ရဲ့ တာဝန်ရှိသူက ယွင်တိပဲ။ မလိုအပ်ပဲနဲ့ ဘယ်သူမှ ငါ့ကို မနှောင့်ယှက်ကြနဲ့”

ရွှေကြာ ကောင်းကင်အသျှင်က ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ပျံသန်းသွားသည်။

“ ဖြုန်းတီးလိုက်တာပဲ… ဖြုန်းတီးလိုက်တာ”

ယဲ့ချန်းခန်၏ အသံကို ရှန်ထျန်း စိတ်ထဲမှ ကြားလိုက်ရသည်

“ ကောင်းကင်တာအိုရဲ့ နတ်ဘုရားအသိစိတ်က နဂိုကတည်းက ပျံ့နှံ့နေပြီ။ စွမ်းအားကြီးတဲ့ မိုးကြိုးစွမ်းအင် အကြွင်းအကျန်တွေ ရှိနေပေမဲ့ ဘယ်သူမှ ယူမဲ့သူ မရှိဘူး။

အဲဒီငတုံးအမျိုးသမီးက အကုန်လုံးကို စုပ်ယူမှာ မဟုတ်ဘူး။ သူမသာ ငါ့တပည့် ဖြစ်မယ်ဆိုရင် အသေရိုက်ပစ်မယ်။

ထျန်းအာ မင်း အဲဒီအမျိုးသမီးကို ဥပမာယူပြီး သေချာမှတ်ထားရမယ်။ ဘယ်လောက်တောင် ရှက်ဖို့ကောင်းတဲ့ ဖြုန်းတီးခြင်းမျိုးလဲ။

သူမ မလိုချင်မှတော့ ငါတို့ စုပ်ယူလိုက်ရအောင်လေ”

ထို့နောက် ရှန်ထျန်း၏ စွမ်းအင်ဗဟိုချက်မှ စွမ်းအားပြင်းသော အလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်သည်။

ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲမှ လက်ဖဝါးအရွယ်အစားရှိသော မျှော်နန်းဆောင်က ခဏအတွင်းမှာပဲ ကြီးမားသော မျှော်နန်းဆောင်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုမျှော်နန်းဆောင်ကို ခရမ်းရောင် အရှိန်အဝါများဖြင့် လွှမ်းခြုံထားသည့်အတွက် အဆုံးမဲ့သော ခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။

ထူးဆန်းသော အရာတစ်ခုက မျှော်နန်းဆောင်တစ်ခုလုံးကို သွေးနီရောင် အက်ကြောင်းများ ရှိနေခြင်း ဖြစ်သည်။

ထိုအက်ကြောင်းများက သွေးနီရောင် ပင့်ကူအိမ်များကဲ့သို့ ဖြစ်နေသည့်အတွက် ကြည့်ရသူကို ကြောက်လန့်စေသည်။

မျှော်နန်းဆောင်ရှိ ခေါင်းလောင်းကလည်း လေယူရာသို့ တိမ်းညွှတ်နေသည်။

နတ်ဘုရားများက နတ်ဆိုးများနှင့်တိုက်ခိုက်ပြီး လက်နက်များ၏ ပွတ်တိုက်သံများ ထွက်လာသလို လေထဲတွင် သွေးညှီနံ့ကိုလည်း ရရှိလာသည်။

မျှော်နန်းဆောင် ထွက်ပေါ်လာသည့်အချိန် အံ့ဖွယ်မိုးကောင်းကင် တပည့်များ၏ အာရုံစိုက်မှုကို အပြည့်အဝ ဖမ်းစားလိုက်သည်။

ပြိုင်ဘက်ကင်း စစ်နတ်ဘုရား မျှော်နန်းဆောင်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေပေါ်သို့ တရားဝင် ဆင်းသက်သွားလေပြီ။

All Chapters