အနည်းငယ် အခက်တွေ့ခြင်း
Vol. 017 Ch. 1618
လေဟာနယ်ခန်းမအထက် လေထဲမှ ရိထျန်းယွီသည် နတ်လက်နက်တစ်ခုကို ရရှိထားပြီး ဖြစ်လေသည်။ ကောင်းကင်အာဏာစက်ဘုံတွင် ရန်ဟောင်အဆင့်တန်ခိုးရှင် ရှိသည့်အတွက် သူတို့အတွက် အရေးသာမှုအချို့ ရရှိထားလေသည်။
ဤနယ်မြေအတွင်း ရန်ဟောင် ငါးယောက်သာလျှင် ရှိပြီး ကောင်းကင်အာဏာစက်ပြည်ထောင်တွင် တစ်ယောက် ရှိပေသည်။
ထိုအချိန်တွင် ရိထျန်းယွီသည် နတ်လက်နက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ ထိုသည်မှာ ရန်ဟောင်အဆင့် စုတ်တံတစ်ခု ဖြစ်ပြီး သူ အသုံးပြုနေကြ ချန်းချိုးစုတ်တံနှင့် တူပေသည်။ ထိုသည်မှာ သူက မည်သည့်အတွက် ထိုနတ်လက်နက်ကို အထူးအာရုံစိုက်နေလဲဟူသည့် အကြောင်းရင်းပင် ဖြစ်သည်။ ရိထျန်းယွီ တင်းကျပ်စွာ ဆုပ်ကိုင်ထားသည့်အတိုင်း စုတ်တံသည် ကြောက်မက်ဖွယ် ရွှေရောင်နတ်အလင်းတို့ဖြင့် တောက်ပနေသည်။ တောက်ပသည့် နတ်အလင်းတို့က သူ့ခန္ဓာကိုယ်အတွင်းသို့ တစ်ဟုန်ထိုး အဆက်မပြတ်ပြေးဝင်နေပြီး ရိထျန်းယွီကို ရွှေရောင်တောက်ပနေစေသည်။
ထိုစုတ်တံအတွင်း၌ ကြွင်းကျန်သည့် စိတ်စွမ်းအား ရှိနေပြီး သူက ၎င်းကို သန့်စင်ကာ စုတ်တံအား ထိန်းချုပ်နိုင်အောင် လုပ်ရန် လိုအပ်ပေသည်။
ကောင်းကင်အာဏာစက် နတ်အလင်းတို့က တောက်ပနေပြီး ကောင်းကင်အာဏာစက် ပြည်ထောင်မှ ရန်ဟောင်က သူ့ဘေးတွင် ရပ်၍ ကာကွယ်ပေးရင်း စောင့်ကြည့်နေသည်။ သို့သော် ထိုအချိန်တွင် နတ်လက်နက်များသည် အခြားအရပ်မျက်နှာနှစ်ခုသို့ ထိုးထွက်သွားခဲ့ပြီး ကောင်းကင်အာဏာစက် ပြည်ထောင်မှ လူများ ရှိနေရာကို အာရုံစူးစိုက်မှု ပိုမိုများပြားလာပေသည်။
ကောင်းကင်အာဏာစက်ပြည်ထောင်မှ တန်ခိုးရှင်များသည် အပြင်သို့ ပျံသန်းထွက်ကာ နတ်လက်နက်များကို အောင်မြင်စွာ ဖမ်းယူနိုင်ခဲ့ကြသည်။
“ဘာတွေဖြစ်နေတာလဲ” ရိထျန်းယွီက သိချင်နေသည်။ လေဟာနယ်ခန်းမအတွင်းမှ နတ်လက်များ၏ ချိပ်စည်းက ဖြိုခွဲရန် အလွန်ခက်သော်လည်း သူတို့ထဲမှ အချို့က ကံကောင်းစွာနှင့် ချိပ်စည်းကို ဖွင့်လိုက်နိုင်ပုံရသည်။ သူက အခြေအနေကိုပင် မသုံးသပ်ရသေးခင်၌ နောက်ထပ် နတ်လက်နက်နှစ်ခုက တစ်ခုပြီးတစ်ခု တစ်ပြိုင်တည်း ထွက်ပေါ်လာလေသည်။
ကောင်းကင်အာဏာစက်ဘုံ၌ ထိုမျှ ကောင်းမွန်သည့်ကံတရား ရှိနေသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။ သူတို့က တစ်နေရာရာမှ ကြီးမားသည့် ကံကောင်းမှုကို ရရှိခဲ့သည်လား။
“မကောင်းတော့ဘူး” ရိထျန်းယွီက တွေးလိုက်သည်။ ထိုအချိန်တွင် နတ်လက်နက်တစ်ခု ထွက်ပေါ်လာခြင်းကပင် အခြားသူများကို မနာလို ဖြစ်နိုင်စေရာ ထိုသို့ နတ်လက်နက်သုံးခု အစဥ်လိုက် ထွက်ပေါ်လာခြင်းသည် ကံကောင်းခြင်း မဟုတ်ဘဲ ပျက်စီးစေမှုသာ ဖြစ်ပေလိမ့်မည်။
သေချာသလောက်ပင် ရိထျန်းယွီက တွေးလိုက်လျှင် ကြောက်မက်ဖွယ် ရန်ဟောင်စွမ်းအားက ကျဆင်းလာပြီး လေဟာနယ်ကို ဖုံးလွှမ်းသွားခဲ့သည်။ နတ်လက်နက်သုံးခုက အစဥ်လိုက်ထွက်ပေါ်လာခဲ့သည်ဖြစ်ရာ အခြား တန်ခိုးရှင်များက သည်းခံနိုင်ခြင်း မရှိတော့ပေ။
ဤကဲ့သို့သော အခြေအနေမျိုး၌ သူတို့က ထိုသူများကို မည်သို့ တွန်းလှန်နိုင်ပါမည်နည်း။
“သတိထား” ရိထျန်းယွီကို စောင့်ကြပ်ပေးနေသည့် ကောင်းကင်အာဏာစက် ပြည်ထောင်မှ ရန်ဟောင်က အော်လိုက်သည်။ သူသည် နောက်ထပ် ရန်ဟောင်အဆင့်မှ တန်ခိုးရှင်တစ်ဦးက ရန်ဟောင်အဆင့် လက်နက်အတွက် တိုက်ခိုက်ရန် ကောင်းကင်အာဏာစက် ပြည်ထောင် တန်ခိုးရှင်များထံ တစ်ဟုန်ထိုး ပြေားဝင်လာသည်အား မြင်တွေ့လိုက်ပေသည်။
သူတို့ မျိုးဆက်များထဲမှ တစ်ယောက်က ထိုအဆင့်တွင် ဖြစ်သည်။
အင်အားပြည့်ဝသော ဖျက်ဆီးခြင်းစွမ်းအားက ကျယ်ပြောလှသည့် လေဟာနယ်အတွင်း လွှမ်းခြုံလာကာ ကောင်းကင်အာဏာစက် ပြည်ထောင်မှ တန်ခိုးရှင်များသည်လည်း တစ်ခုခု မှားနေပြီကို ခံစားလိုက်ရသည်။ တခဏအတွင်း သူတို့သည် သူတို့အနီး လေဟာနယ်၌ မရေတွက်နိုင်သော အမှောင်စွမ်းအင်လှိုင်းတို့ ပေါ်ပေါက်လာသည်ကို မြင်တွေ့လိုက်ရကာ ငရဲမှ သေဆုံးခြင်းလှံများကဲ့သို့ သူတို့ကို တိုက်ခိုက်လာလေသည်။
“သွား...” အော်သံတစ်ခု ထွက်ပေါ်လာပြီး သူတို့သည် လေဟာနယ်ကို ဖြတ်သန်းရန် ကြိုးစားသည့်အခါ သူတို့အနီး လေဟာနယ်က ပိတ်ဆို့ခံထားရပြီး ဖြစ်သည်အား သိလိုက်ရသည်။ သူတို့၏ အနောက်ဘက် နေရာတွင် အနက်ရောင်တောင်တန်းတစ်ခုသဖွယ် ပေါ်ပေါက်လာသည်။ ယင်းသည် ကောင်းကင်ကို ဖြတ်သန်းတည်ရှိနေကာ ကောင်းကင်ကို ပိတ်ဆို့ကာဆီးထားသည်။ ထို့နောက် အဆုံးမဲ့ ဖျက်ဆီးခြင်း အနက်ရောင်လှံများက ကမ္ဘာကိုပင် ဖျက်ဆီးတော့မယောင် သူတို့ထံ တိုးဝင်လာသည်။
စွပ်...
အသံတစ်ခု ထွက်ပေါ်လာပြီး အနက်ရောင် အလင်းတန်းက ကောင်းကင်အာဏာစက် ပြည်ထောင်မှ လိုက်ပါလာသည့် တန်ခိုးရှင်များကို ထိုးဖောက်သွားပြီး သတ်ဖြတ်လိုက်သည်။ သူတို့၏ နာကျင်စွာ အော်ဟစ်သံတို့က စိတ်မချမ်းမြေ့ဖွယ် ထွက်ပေါ်လာ၏။ တစ်ချိန်တည်းမှာပင် တတိယနတ်လက်နက် ထွက်ပေါ်လာရာ နေရာ၌ အလားတူ အဆုံးသတ်မျိုး ဖြစ်ပွားသွားခဲ့ပေသည်။
ကောင်းကင်အာဏာစက် ပြည်ထောင်သည် တစ်ချိန်တည်း၌ များပြားလှသော တန်ခိုးရှင်များ၏ တိုက်ခိုက်မှုကို ခံနေရပြီး အချို့သော ရန်ဟောင်များပင် သူတို့ကို တိုက်ခိုက်လာကြသည်။
ဤပြဿနာများကြား၌ ကောင်းကင်အာဏာစက် ပြည်ထောင်သည် ချက်ချင်းပင် အားလုံး၏ ပစ်မှတ် ဖြစ်သွားရတော့သည်။
အရာအားလုံးက လျင်မြန်စွာ ဖြစ်ပျက်သွားသည်ဖြစ်ရာ ဂရုတစိုက် တွေးတောရန်ပင် အချိန်မမီလိုက်ပေ။ နတ်လက်နက်များ ထွက်ပေါ်လာသည်နှင့် လူတိုင်းသည် ထိုလက်နက်များကို လက်ဝယ် ပိုင်ဆိုင်နိုင်ရန်သာ တွေးကြတော့သည်။ အထက်ကိုးဘုံမှ အချို့သော အင်အားစုအနည်းငယ်သာ ထိုသို့သော နတ်လက်နက်မျိုးကို ပိုင်ဆိုင်နိုင်သည်။ အချို့ကတော့ တစ်ခုနှစ်ခု ပိုင်ရလျှင်ပင် ကံကောင်းသည်ဟု ဆိုရပေမည်။
ထိုသို့သော အခြေအနေအောက်တွင် မည်သူက သူတို့၏ ဆန္ဒကို လွန်ဆန်နိုင်ပါမည်နည်း။
နတ်လက်နက်များက ကောင်းကင်အာဏာစက် ပြည်ထောင်တန်ခိုးရှင်များရှေ့ ပေါ်ပေါက်လာသည့်အခါ သူတို့က ပိုင်ဆိုင်နိုင်ရန် အခွင့်အရေး ရလာပြီ ဖြစ်၍ မည်သို့ လက်လွတ်ခံနိုင်ပါမည်နည်း။
သူတို့ရှေ့မှ ဤကြောက်မက်ဖွယ် မြင်ကွင်းက ရလဒ်ပင် ဖြစ်လေသည်။ တစ်ခဏလေးအတွင်း၌ ကောင်းကင်အာဏာစက် ပြည်ထောင်မှ တန်ခိုးရှင်အများအပြား သတ်ဖြတ်ခံလိုက်ရသည်။ မည်သူကမှ သက်ညှာမပေးခဲ့ပေ။ ရန်ဟောင်နှစ်ပါးနှင့် အခြားသော အစွမ်းထက် တန်ခိုးရှင်များ ပါဝင်လာရာ သူတို့အတွက် မည်သည့်အခွင့်အရေးမှ မရှိတော့ပေ။
ဘုန်း...
ကောင်းကင်အာဏာစက်ဘုံမှ ရန်ဟောင်က အလွန် ဒေါသထွက်နေခဲ့သည်။ သူတို့သည် ခဏလေးအတွင်းမှာပင် ကြီးစွာသော ဆုံးရှုံးမှုကို ရရှိခဲ့ကြသည်။ သူ၏ မျက်စိရှေ့မှာပင် သူတို့၏ မျိုးဆက်များက ရက်စက်စွာ အသတ်ဖြတ်ခံရလေသည်။ သူ၏ ဒေါသကို ဖော်ပြ၍ပင် မရနိုင်ပေ။
ရန်ဟောင်စွမ်းအားက ပေါက်ကွဲထွက်လာသည်။ သူက ရှေ့သို့ လှမ်းကာ လက်ချောင်းကို မြှောက်လိုက်သည်။ ပြင်းထန်သည့် သတ်ဖြတ်ခြင်းစွမ်းအားများ ပါဝင်နေသော ချန်းချိုးစုတ်တံက ထွက်ပေါ်လာသည်။ ရန်ဟောင်စုတ်တံမှ ကျဆင်းလာသော သေဆုံးခြင်းအလင်းတို့က လောကတစ်ခွင်ကို ပျံ့နှံ့ကာ သူ၏ မျိုးဆက်များကို သတ်ဖြတ်သူများထံ ဦးတည်သွားခဲ့သည်။
လျှို့ဝှက်နယ်မြေဘုံမှ အားအကောင်းဆုံး ရန်ဟောင်တန်ခိုးရှင်က ပြန်၍ တိုက်ခိုက်လိုက်သည်။ သူသည် ရန်ဟောင်စုတ်တံမှ တိုက်ခိုက်မှု ကျရောက်လာသည်ကို မြင်သည့်အခါ လက်နှစ်ဖက်ကို ယှက်လိုက်ပြီး သူ၏ တစ်ကိုယ်လုံးကို ထက်ရှသည့်ဓားသွားများစွာဖြင့် ကာကွယ်လိုက်သည်။ ထိုအနက်ရောင်ဓားသွားများက အလွန် ထက်ရှပြီး မရေတွက်နိုင်သည့် အနက်ရောင်လှံများကဲ့သို့ ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားလောက်အောင် ကျယ်ပြန့်လာခဲ့သည်။ ဓားသွားတစ်ခုချင်းစီသည် ထူထဲထက်ရှကာ တောင်ထိပ်ဖျားကဲ့သို့ ချွန်မြနေပြီး ရိထျန်းယွီ နှင့် သူ့အဖွဲ့သားများအပြင် အခြားသူများထံသို့ပင် ရိုက်ခတ်လာခဲ့သည်။
အခြားသော တန်ခိုးရှင်များသည် နတ်လက်နက်များထံ တစ်ဟုန်ထိုး ပြေးလွှားနေကြပြီး ဤနေရာမှ တိုက်ပွဲကို ဂရုစိုက်ရန်မှာ သူတို့အတွက် အလွန် အလုပ်များနေခဲ့သည်။
နတ်လက်နက်သုံးခု ပေါ်ပေါက်လာသည့် တစ်ချိန်တည်းမှာပင် ပရမ်းပတာမြင်ကွင်းက လေထုအတွင်း ဖြစ်ပေါ်လာပြီး အရှုပ်အထွေးတို့ ဖြစ်လာစေ၏။
ရိထျန်းယွီ၏ မျက်နှာက အလွန် ခက်ထန်နေပြီး သူသည် နတ်လက်နက်ကို ထိန်းချုပ်ရန် ကြိုးစားနေစဥ်မှာပင် တိုက်ခိုက်ခံခဲ့ရသည်။ အခြားသော နတ်လက်နက်နှစ်ခု ထွက်ပေါ်လာသည့်အခါ ကောင်းကင်အာဏာစက် ပြည်ထောင်မှ တန်ခိုးရှင်များသည် သူတို့ကို အခြားသူများ တိုက်ခိုက်ရန် ခွင့်မပြုခဲ့သင့်ပေ။
သူတို့သည် အရင်ဆုံး စတင်လှုပ်ရှားခဲ့ပြီး အခြားသူများ၏ ပစ်မှတ်များ ဖြစ်လာခဲ့ကာ သူတို့၏ အသက်များက အလဟဿ ဆုံးရှုံးခဲ့ရသည်။ ဤတစ်ခေါက်၌ သူတို့သည် ကောင်းကင်အာဏာစက် ပြည်ထောင်၏ သူ့မျိုးဆက်မှ တန်ခိုးရှင်များအားလုံးကို ခေါ်ဆောင်လာခဲ့သည်။ ခဏလေးအတွင်းမှာပင် သူတို့သည် ကြီးမားသည့် ဆုံးရှုံးမှုကို ခံစားခဲ့ရပြီး သူတို့၏ အတောက်ပဆုံးသော မျိုးဆက်များကို နေရာမှာပင် ချက်ချင်း ဆုံးရှုံးခဲ့ရပေသည်။
ဘုန်း...
ပြင်းထန်သည့် ဖျက်ဆီးခြင်း စွမ်းအားတို့က သူတို့ဆီသို့ ရောက်ရှိလာသည်။ လျှို့ဝှက်နယ်မြေဘုံမှ ရန်ဟောင်သည် သူ့ဘေးမှ ရန်ဟောင်နှင့် တိုက်ပွဲဆင်နွှဲနေသည်။ အခြားသော တန်ခိုးရှင်များက ရိထျန်းယွီ ထံ လျှောက်သွားကြသည်။ သူတို့သည် ရိထျန်းယွီ လက်ထဲ၌ ရန်ဟောင်အဆင့် နတ်လက်နက်ကို ဆုပ်ကိုင်ထားသည်အား သတိရသွားကြပုံပေါ်သည်။
ထိုအချိန်၌ နှင်းနတ်ပြည်ထောင်မှ တန်ခိုးရှင်များ ဆင်းသက်လာသည်။ ယဲ့မန်နှင့် အခြားသူများက ရိထျန်းယွီဘေးသို့ ရောက်လာကြသည်။ သူမ၏ အကြည့်တို့က အေးစက်နေပြီး သူတို့ကို ဝန်းရံထားသူများအား ကြည့်လိုက်သည်။
ဝုန်း...
ရိထျန်းယွီ ကိုင်ဆောင်ထားသော ရန်ဟောင်စုတ်တံမှ နတ်အလင်းတို့ ပေါက်ကွဲထွက်လာကာ သူ၏ လက်ဖဝါးထဲသို့ စီးဝင်သွားသည်။ သူ၏ အသက်ဓာတ်က မြင့်တက်လာသည်။ နောက်ဆုံး၌ သူသည် ဤရန်ဟောင်အဆင့် နတ်လက်နက်ကို အောင်မြင်စွာ ထိန်းချုပ်နိုင်ပြီ ဖြစ်သော်လည်းသူ့အနီးမှ ထိုသူတို့ကို မြင်သည့်အခါ သူက ထိုနတ်လက်နက်ကို ထိန်းသိမ်းရန် လွယ်ကူမည်မဟုတ်သည်ကို သိလိုက်ရသည်။
ယခင်က သူတို့သည် ဤနတ်လက်နက်တစ်ခုတည်းကို အာရုံစိုက်ကာ ရယူချင်နေလျှင် ပြဿနာကြီးမည် မဟုတ်သော်လည်း ယခုတွင် လူတိုင်းက သူ့လက်ထဲမှ အရာကို လိုချင်နေကြပြီ ဖြစ်သည်။
“ကောင်းကင်အာဏာစက် ပြည်ထောင်က ချိပ်စည်းတွေကို ချိုးဖျက်ပြီး နတ်လက်နက်သုံးခုကို ထွက်ပေါ်လာစေခဲ့တယ်။ မင်းတို့ ဘယ်လို လုပ်ခဲ့တာလဲ။” အသံတစ်ခု ထွက်ပေါ်လာသည်။ မည်သူက ပြောလိုက်သည် မသိသော်လည်း အားလုံး၏ မျက်လုံးများက ရိထျန်းယွီအပေါ်တွင် စူးရှစွာ ကျရောက်နေခဲ့သည
အလွန်များပြားလှသော တန်ခိုးရှင်များသည် တစ်ခုကို ရရှိရန်ပင် ခက်ခဲစွာ ကြိုးစားနေရသော်လည်း ကောင်းကင်အာဏာစက် ပြည်ထောင်သည် ချိပ်စည်းသုံးခုကို တစ်ခုပြီးတစ်ခု အစဥ်လိုက် ချိုးဖျက်နိုင်ခဲ့သည်ကို ကြည့်လျှင် သူတို့က ချိပ်စည်းဖွင့်ရသည့် နည်းလမ်းအား တွေ့ရှိသွားခြင်း ဖြစ်နိုင်ပေသည်။
လူတိုင်း၏ မျက်နှာထက်မှ အကြည့်တို့ကို ရိထျန်းယွီ မြင်သည့်အခါ အရာအားလုံးက ဆိုးဝါးစွာ ဖြစ်ပျက်တော့မည်ကို သိလိုက်ရသည်။ ချိပ်စည်းအား မည်သို့ ဖွင့်ရသည်ကို သူက မည်သို့ သိရှိပါမည်နည်း။
သူသည် ထိုချိပ်စည်းများ ပွင့်သွားခြင်းမှာ မတော်တဆ ကံကောင်းခြင်းလား မသိခဲ့ပေ။ အခြားသော နှစ်ခုအတွက်နှင့်ဆိုလျှင် သူက ယခု ဖြစ်ပျက်နေသကဲ့သို့ အမှုပတ်ခံလိမ့်မည် မဟုတ်ပေ။
သူ့ကို မည်သူက ရှင်းပြပေးနိုင်မည်နည်း။
ကောင်းကင်အာဏာစက်ဘုံက ကံကောင်းခဲ့သည်ဆိုလျှင်ပင် ဤသို့သော အခြေအနေမျိုး၌ အကောင်းထက် အဆိုးဖြစ်ရန် ပိုများနေပေသည်။
သို့သော် ထိုအချိန်၌ အဆုံးမဲ့လေဟာနယ်စွမ်းအားများဖြင့် ဖန်တီးထားသော ခန်းမအတွင်းတွင် ရီဖူရှင်းနှင့် အခြားသူများသည် အပြင်ဘက်မှ ရှုပ်ထွေးလှသည့် တိုက်ပွဲကို စောင့်ကြည့်နေကြသည်။
ချင်းဟယ်၏ လှပသော မျက်လုံးများအတွင်း သံသယအကြည့်တို့ ရှိနေခဲ့သည်။ သူမ၏ အကြည့်များကို ကောင်းကင်မှ ဖယ်ခွာလိုက်ကာ ရီဖူရှင်းကို ကြည့်လိုက်၏။ သူမသည် ဤဖြစ်ရပ်များကို သူ ဖန်တီးလိုက်သည်လားဟု သိချင်နေသည်။
“သွားကြည့်ရအောင်” ရီဖူရှင်း၏ ခန္ဓာကိုယ်က အပြင်ဘက်သို့ လျင်မြန်စွာ ရောက်ရှိသွားပြီး အခြားသူများလည်း လိုက်ပါလာသည်။
“မင်း အဲဒါတွေကို ချိပ်မဖွင့်တော့ဘူးလား။” သောကျောက်က သူ့ကို ကြည့်ကာ မေးလိုက်သည်။
သူတို့အဖွဲ့က အပြင်သို့ ရောက်လာခဲ့သည်။ ရီဖူရှင်းက သောကျောက်ကို ကြည့်ကာ ပြောလိုက်၏။ “အလျင်မလိုနဲ့။ အဲဒီချိပ်တွေက ဖွင့်ရလွယ်တယ်။ တစ်ချက်လောက် တွေးလိုက်ရုံနဲ့ ဖြေရှင်းနိုင်တဲ့ ကိစ္စပဲ။ ငါတို့တွေ အဲဒါတွေကို အနှေးနဲ့အမြန် ရလာမှာ။ ငါတို့ဘက်က အရမ်းသိသာနေရင် သူတို့တွေလိုမျိုး လူတိုင်းရဲ့ ပစ်မှတ်အဖြစ် အဆုံးသတ်သွားလိမ့်မယ်။”
ရီဖူရှင်း၏ အသံက လူတိုင်း ကြားနိုင်လောက်အောင် ကျယ်ပေသည်။ လူအများက ဆွံ့အသွားကြရသည်။ သူတို့သည် ဤလူက အတော်လေး အရှက်ကင်းမဲ့လှသည်ကို မြင်တွေ့နိုင်ပေသည်။
ချိပ်စည်းက တစ်ချက်လောက်တွေးလိုက်ရုံနှင့် ချိုးဖျက်နိုင်သည်လား။ တကယ်ကြီးလား။
“ဒါဆို ငါ့အတွက် တစ်ခုလောက် အရင်ဆုံး ချိပ်ဖွင့်ပြ” သောကျောက်သည် ရီဖူရှင်းကို ထိတ်လန့်အံ့သြစွာဖြင့် ကြည့်လိုက်သည်။
“မင်း ငါ့ကို မယုံဘူးလား။” ရီဖူရှင်းက သောကျောက်ကို ကြည့်ကာ ပြောလိုက်၏။ သူက အမှန်ကို ပြောသည့်အခါတိုင်း မည်သူကမှ မယုံရသနည်း။ ထိုသည်က အမှန်တကယ်ပင် တစ်ချက်တွေးလိုက်ရုံနှင့် ရနိုင်ပေသည်။
မဟုတ်လျှင် နတ်လက်နက်သုံးခုက မည်သို့ ထွက်ပေါ်လာပါမည်နည်း။
“ငါ မယုံဘူး။” သောကျောက်က ရိုးသားစွာ ပြောလိုက်သည်။
ရီဖူရှင်းသည် လေထဲမှ ရိထျန်းယွီကို ညွှန်ပြကာ ပြောလိုက်သည်။ “အဲဒီလူက ရိထျန်းယွီ၊ ကောင်းကင်အာဏာစက် ပြည်ထောင်ရဲ့ အိမ်ရှေ့စံ။ သူက အထွတ်အထိပ်မှာ ရပ်တည်ဖို့ မွေးဖွားလာတယ်လို့ ကျော်ကြားတယ်။ သူက ကောင်းကင်အာဏာစက်ဘုံမှာ အရမ်း ကျော်ကြားပေမယ့် ငါ့ကိုတော့ မမီဘူး။ အဲဒီ ရိထျန်းယွီတောင်မှ ချိပ်စည်းသုံးခုကို ဖွင့်နိုင်ရန် ငါက ပိုပြီး လုပ်နိုင်စွမ်းရှိတာပေါ့။”
“...” သောကျောက်သည် ထိုစကားများကို ကြားပြီးနောက် ထပ်၍ ပြောချင်စိတ် မရှိတော့ပေ။
ရီဖူရှင်းက လေထဲသို့ မော့ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။ “ညီနောင်ရိ၊ ခင်ဗျား ကောင်းကင်အာဏာစက်ဘုံမှာတုန်း အရှင်မင်းကြီးက ခင်ဗျားကို လောကမှာ ပြိုင်ဘက်ကင်းလို့ ပြောခဲ့တယ်။ ခင်ဗျားရဲ့ ပါရမီက ပြိုင်ဘက်ကင်းပဲ။ ခင်ဗျား မဖြေရှင်းနိုင်တာ ဘာမှမရှိဘူး။ ဒီနေ့မှာ ခင်ဗျားက ချိပ်စည်းသုံးခုကိုတောင် ဆက်တိုက် ဖွင့်နိုင်ခဲ့ပြီး ခင်ဗျားရဲ့ ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံဆိုတဲ့ ဂုဏ်ပုဒ်ကို တောက်ပစေခဲ့တယ်။ တကယ်လို့ အရှင်မင်းကြီးသာ သိရင် ခင်ဗျားအတွက် ဂုဏ်ယူမဆုံး ဖြစ်နေတော့မှာပဲ။”
ရီဖူရှင်း၏ စကားကို ကြားသည့်အခါ ရိထျန်းယွီကို ဝန်းရံထားသူများက လေးနက်သွားသည်။ သူတို့သည် ရိထျန်းယွီ၏ ဂုဏ်သတင်းက ကောင်းကင်အာဏာစက်ဘုံ၌ လောကပြိုင်ဘက်ကင်းဟုပင် ခေါ်ရလောက်အောင် ကျော်ကြားမည်ဟု မထင်ထားခဲ့ကြပေ။ သူတို့သည် ကောင်းကင်အာဏာစက်ဘုံ၏ ပြိုင်ဘက်ကင်းက မည်မျှ အားကောင်းမည်ကို မြင်တွေ့လိုသွားကြပေသည်။
ရိထျန်းယွီ၏ မျက်နှာက မည်းမှောင်သွားသည်။ ဤလူယုတ်မာကောင်က သူ့ကို သတ်ရန် ကြိုးစားနေသည်လား။
သူသည် ဤဖြစ်ရပ်ကို ရီဖူရှင်း ဖန်တီးသည်ဟု သံသယမဝင်ခဲ့ပေ။ ရီဖူရှင်းသည် သူတို့ အနီးကိုပင် ရောက်မလာခဲ့ပေ။ သူသည် အဝေးမှ ချိပ်စည်းကို ဖွင့်နိုင်သည်လား။ မည်သို့ အောင်မြင်နိုင်ပါမည်နည်း။ သူက ရီဖူရှင်း၌ ထိုကဲ့သို့သော အလွန် ထူးခြားသာလွန်သည့် စွမ်းရည်မျိုး ရှိနေခြင်းကို ယုံကြည်ရန် ဆန္ဒ မရှိပေ။
“ခန်းမထဲမှာ နတ်လက်နက်တွေ အများကြီး ရှိသေးတယ်။ လူတိုင်း သူတို့နဲ့ သင့်တော်တာ ရွေးချယ်လို့ရအောင် ချိပ်စည်းဖွင့်နည်းကို ဘာလို့ လွှဲမပေးရတာလဲ။ ဒါက နှစ်ဖက်လုံးအကျိုးရှိမယ့် အခြေအနေပဲ။ ပြီးတော့ ဘယ်သူကမှ ဒီလက်နက်တွေ အားလုံးကို လက်ဝါးကြီးအုပ်ဖို့ ဆန္ဒ မရှိကြပါဘူး။” တစ်ယောက်က ပြောလိုက်သည်။
“ခင်ဗျားတို့ ယုံယုံ မယုံယုံ အရင်က ဖြစ်ခဲ့တာ အဲဒါ တိုက်ဆိုင်တာပဲ။” ရိထျန်းယွီက ပြောလိုက်သည်။
“ညီနောင်ရိက လောကမှာ ပြိုင်ဘက်ကင်းပါပဲ။ သူက အထက်ဘုံကိုးခုရဲ့ ပါရမီရှင်တွေကိုတောင် မကြောက်ဘူး။ ကောင်းကင်အာဏာစပ်ဘုံကို အုပ်စိုးခဲ့တဲ့ တစ်ချိန်က ကောင်းကင်အာဏာစက် ပြည်ထောင်ရဲ့ အိပ်မက်ကိုတောင် သတိရလာမိတယ်။ နတ်ဘုရားအမွေအနှစ် နယ်မြေက ဒီနတ်လက်နက်တွေကိုသာ ရရှိခဲ့ရင် ကောင်းကင်အာဏာစက် ပြည်ထောင်လည်း အချိန်တိုအတွင်း ပြန်ပြီး နာလန်ထူလာနိုင်လိမ့်မယ်။ ကောင်းကင်အာဏာစက် ပြည်ထောင် အဓွန့်ရှည်ပါစေ...” ရီဖူရှင်းက ဆက်ပြောလိုက်သည်။ ရိထျန်းယွီ၏ မျက်လုံးများက အလွန် အေးစက်နေပြီး သူသည် ရီဖူရှင်းအား နေရာ၌ပင် သတ်ပစ်ရန် ဆန္ဒ ရှိနေသည်။
“နင့် ပါးစပ်ကို ပိတ်ထား...” နှင်းနတ်ပြည်ထောင်မှ မင်းသမီး ယဲ့မန်က ရီဖူရှင်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ သူသည် ရိထျန်းယွီအပေါ် မြေနိမ့်ရာ လှံစိုက်နေပြီး အများ၏ ပစ်မှတ်ဖြစ်လာစေရန် လုပ်ဆောင်နေသည်။
“နတ်ဘုရားနန်းတော်မှာ ကျင့်ကြံနေပြီး အထက်ကောင်းကင်ဘုံက နှင်းနတ်ပြည်ထောင် မင်းသမီးရဲ့ အရေးပေးမှုကိုတောင်ရထားပြီး သူက ခင်ဗျားနောက်ကို လိုက်ဖို့ ဆန္ဒရှိတာ။ တကယ် လေးစားမိပါတယ်ဗျာ။” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။ ကောင်းကင်အာဏာစက် ပြည်ထောင်အတွက် ရန်သူများစွာ ရှာဖွေပေးရန်မှာ လွယ်ကူလှသည်တော့ မဟုတ်ပေ။
သို့သော် ဤနေရာ၌ တန်ခိုးရှင်များစွာ ရှိနေရာ မည်သူက ခန်းမမှ လက်ဗလာနှင့် ပြန်သွားလိုပါမည်နည်း။
ကြည့်ရသည်မှာ အနည်းငယ် အခက်တွေ့စရာအချို့ ရှိနေပုံပေါ်သည်။
***